Yan Naing Soe
လူတိုင်းက DOBကို သိကြပေမဲ့ DODကိုတော့ဘယ်သူမှမသိနိူင်ကြဘူးလေ။
22/09/2024
👵အမေကြီး(အဖွား)ရဲ့ ဆုံးမစကား
===================
ကျွန်တော်ငယ်ငယ်တုန်းက ဆောင်းရာသီ မီးပုံဘေးမှာ အမေကြီးပြောတဲ့စကားကိုအခုထိမှတ်မိသေးတယ် ငါ့မြေး မင်းကြီးလာရင် လူတွေကို ကူညီနိူင်တဲ့အလုပ်ပဲလုပ်ပါတဲ့ သူတစ်ပါးဒုက္ခရောက်နေတာကို ထိုင်ကြည့်မနေပါနဲ့တဲ့
အဲဒီစကားကို ငယ်ငယ်တုန်းက ထင်ခဲ့တာက အကူအညီပေးရမယ်ဆိုတော့ ရွာထဲမှာရှိတဲ့သူတွေကို တတ်နိူင်သလောက် အလုပ်တွေကူညီလုပ်ပေးခဲ့တယ် ပြီးတော့ ဒုက္ခရောက်ပြီး ထမင်းမစားရသေးတဲ့ ဆုတောင်းသား(သူတောင်းသား)ကိုလည်း ကိုယ်စားမဲ့ထမင်းတွေကို အကုန်ပေးခဲ့ဖူးတော့ အမေကြီးပြောတာတွေ ကျွန်တော်အကုန်လုပ်နိူင်တယ်လို့ ထင်ခဲ့မိတယ်
ဒါပေမဲ့ အခုအချိန်ရောက်လာတော့ အမေကြီးပြောတဲ့ စကားက ယခုကျွန်တော်လက်ရှိလုပ်နေတဲ့ အလုပ်နဲ့က ကွက်တိလာဖြစ်နေတယ်။လူတွေကို ကူညီရမယ်ပြီးတော့ ဒုက္ခရောက်နေတာကိုထိုင်ကြည့်မနေရဘူးဆိုတော့ လုံးဝ ကွတ်တိပဲ။
ကျွန်တော်နဲ့သိတဲ့ အသိထဲက တစ်ယောက် မြွေးပွေးကိုက်ခံရလို့ ဆေးရုံတက်ရတယ်၊အိမ်ကရှိတဲ့ လက်ဝတ်လက်စားအပါအဝင်၊ယာခင်း နှစ်ခင်းပါ ကုန်သွားတယ်၊ မန္တလေးမှာကုတယ် သို့ပေမဲ့ ဆုံးသွားတယ်။ ပိုက်ဆံတွေလည်းကုန် လူလည်းဆုံးဆိုတော့ အဲဒီမိသာစုရဲ့ အဖြစ်အပျက်ကို မြင်ယောင်ကြည့်ရင် ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ?(တကယ်အဖြစ်အပျက်ပါ)
အဲဒီနေရာမှာ ကျွန်တော်သာ သူတို့ကို ကျန်းမာရေးအာမခံနဲ့ အသက်အာမခံ အကြောင်းတွေပြောခဲ့မိရင် ကောင်းသားလို့ တွေးခဲ့မိတယ်။ သို့ပေမဲ့ အချိန်နှောင်းသွားခဲ့ပြီးလေ
ကျွန်တော်မြန်မာလူမျိုးတွေကလဲလေ အသက်အာမခံ နဲ့ ကျန်းမာရေး အာမခံ အကြောင်းများ ပြောရင် သရဲ၊သဘက် များဝင်လာသလိုပဲ ဖက်ဖက် မပြောကောင်း မဆိုကောင်းတာတွေ မပြောရဘူးတဲ့။
ကျွန်တော်အခုရောက်နေတဲ့ ဂျပန်နိူင်ငံမှာဆိုရင် ကမ္ဘာကြီး ရဲ့ ဘယ်နိူင်ငံသားပဲဖြစ်ဖြစ် ၊သူတို့ဆီမှာ အလုပ်လုပ်ရင်ကို မဖြစ်မနေ ကျန်းမာရေး အာမခံ၊အလုပ်အာမခံ၊ပင်စင်ခွန် စတဲ့ အာမခံကြေး အခွန်အခတွေကို လစာထဲကနေအစိုးရက တစ်ခါတည်းဖြတ်ထားလိုက်တယ်။ကျန်းမာရေး ကိစ္စတစ်ခုခုဖြစ်ရင်တောင် ကြိုတင်ပြင်ဆင်ထားပြီးသားပဲ။ဒါတောင် ကိုယ်ဘက်ကလည်းပိုက်ဆံ ထပ် စိုက်ရသေးတယ်နော်။
မြန်မာပြည်မှာရော အဲလိုကြိုတင်ပြင်ဆင်ထားရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အခုတော့ အသက်အာမခံဆိုတာ အသက်သေမှရမှာပါတို့ ကျန်းမာရေး အာမခံဆိုတာ နေမကောင်းဖြစ်မှလျော်ကြေးရမှာပါဆိုတဲ့ အယူအဆ အစွဲတွေကို မချွတ်နိူင်သေးတော့ ပြောရတာ ခက်သားလားဗျ။ အကောင်းဘက်က မတွေးပဲ အဆိုးဘက်ကပဲ တွေးနေတော့ အဆိုးတွေကြည့်ပဲ ဖြစ်နေမှာပေါ့ဗျာ
ဥပမာ -
အသက်အာမခံဆိုတာ ကိုယ်ချစ်ရတဲ့ မိသာစုအတွက် ၊ကိုယ်ရဲ့နောင်ရေးအတွက် သေချာတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခု
ကျန်းမာရေးအာမခံဆိုတာလဲ ကိုယ်နဲ့ ကိုယ်မိသားစုရဲ့ ကျန်းမာရေး ကျန်းကျန်းမာမာဖြစ်နေစေဖို့အတွက် ကြိုတင်ကာကွယ်ထားသင့်တဲ့ရင်နှီးမြုပ်နှံမှုတစ်ခု ဆိုပြီး အကောင်းဘက်ကနေ တွေးကြည့်ရင် မလိုလားအပ်တဲ့ ငွေကြေးဆုံးရှုံးမှုတွေကနေ ကာကွယ်ပြီးသာဖြစ်သွားမယ်။ အိမ်တစ်အိမ်ရဲ့ Money Generator လို့ ခေါ်တဲ့ ပိုက်ဆံရှာနိူင်တဲ့ သူတစ်ယောက် ဆုံးရှုံးသွားရင် အဲဒီအိမ်မှာ သုခဆိုတာထက် မခေါ်ပဲလာတတ်တဲ့ ဒုက္ခနဲ့ အပေါင်းအပါတွေအားလုံး ရောက်လာတတ်စမြဲပါပဲ။
ကမ္ဘာပေါ်မှာ စျေးအကြီး ကုတင်ဟာ ဆေးရုံပေါ်က ကုတင်ပဲဖြစ်တယ်ဆိုတာကို ပြောပြရင်းနဲ့ ယခုလိုအဆုံးထိ ဖတ်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ဗျာ။
05/09/2024
🏥ကျန်းမာရေးအာမခံဝယ်ယူဖို့ အရေးကြီးသလား❗
ကျွန်တော်တို့ မြန်မာလူမျိုးတွေအများစုက ကျန်းမာရေး အာမခံလို့ ပြောလိုက်ရင် နေမကောင်းဖြစ်မှ၊ ထိခိုက်ဒဏ်ရာရမှ လျော်ကြေးရမှာဖြစ်တဲ့အတွက် ဒါက မင်္ဂလာမရှိဘူးလို့ ယူဆထားကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အာမခံဝယ်ယူတယ်ဆိုတာ အနာဂတ်အတွက် သေချာတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ ဖြစ်ပါတယ်။
အာမခံဝယ်တာတွေက ခုခေတ်မှာ ခေတ်စားလာပါပြီ။ ကျန်းမာရေး အာမခံဆိုတာက နေမကောင်းဖြစ်မှ တလုံးတခဲတည်း ငွေကုန်ခံမယ့်အစား ပရီမီယံကြေးအနည်းငယ်သာ သွင်းပြီး မိမိကျန်းမာရေးရဲ့ နောင်ရေးအတွက် စိတ်အေးရတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပါ။ ကျန်းမာရေးပြဿနာဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကြုံရမှာပါ။ ငွေကြေးအခက်အခဲရှိလို့ ဆေးမကုသလိုက်ရတာမျိုး မဖြစ်လေအောင် ကျန်းမာရေးအာမခံကို ကြိုတင်ဝယ်ယူထားသင့်ပါတယ်။
မြန်မာနိူင်ငံမှာ အင်တာနေရှင်နယ် ဆေးရုံးကြီးတွေရှိပေမဲ့ ငွေကြေးမတတ်နိူင်လို့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ သူတွေလည်းများစွာရှိပါတယ်။ မကျန်းမာလို့ဆေးကုသရတဲ့အခါ ဝင်ငွေဆုံးရှုံးမှုတွေသာမက ကိုယ်ရှာထားသမျှ ပိုက်ဆံတွေဟာ ဆေးကုဖို့အတွက် ရှိတာရောင်းပြီး ကုသလိုက်ရတာတွေလည်း ကြုံဖူးကြမှာပါ။ ဒါတွေဟာ တကယ်အဖြစ်အပျက်တွေပါ။ယခုနောက်ပိုင်းမှာဆိုရင် (၉၆)ပါးသော ရောဂါတွေအပြင် ကြောက်စရာကောင်းတဲ့ ရောဂါတွေဟာလည်း တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပေါ်နေတာပါ။(ဥပမာ- Covid-19(၂၀၁၉ကနေ ၂၀၂၃အထိ) ယခု -မျောက်ကျောက်ရောဂါ- ကင်ဆာ စသဖြင့်)
ကင်ဆာဖြစ်လို့ ဆေးကုလိုက်တာ ရှိသမျှ စည်းစိမ်အကုန်အပြုတ်ပဲဆိုတာတွေကိုရော ရွာထဲ ၊ ရပ်ကွက်တွေထဲမှာ ကြားဖူးမှာပါ။ကင်ဆာဖြစ်လို့ ဆေးကုရပြီဆိုရင် သိန်းရာချီ၊ထောင်ချီပြီးကုန်ကျပါတယ်။ ရောဂါဆိုတာက သူကတော့ သူဌေးမို့၊သူကတော့ လူလတ်တန်းစားမို့၊သူကတော့ ဘယ်သူမို့၊ဘယ်ဝါမို့ဆိုပြီး မခွဲခြားပဲ အချိန်မရွေးထဖြစ်နိူင်တာမို့လို့ စေတနာနဲ့ ပြောတာပါ။အကယ်၍ ယခုစာဖတ်နေသူက အမျိုးသမီးဖြစ်ပြီး အသက်(၄၀)ကျော်ပတ်ဝန်းကျင်ဖြစ်နေပြီဆိုရင် သင့်ကျန်းမာရေးအတွက် ဆေးစစ်သင့်တဲ့အရွယ်ရောက်နေပါပြီ။ဘာကြောင့်လည်းဆိုတော့ ဒီမှာဖတ်ကြည့်ပါ့👇
https://www.drmyanmar.com/news/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8/%E1%80%9E%E1%80%84%E1%80%BA%E1%80%9F%E1%80%AC-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%84%E1%81%80-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%A6%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%B7-%E1%80%92%E1%80%AE%E1%80%85%E1%80%AC%E1%80%85%E1%80%AF%E1%80%9C%E1%80%B1%E1%80%B8%E1%80%80%E1%80%AD%E1%80%AF
ဒါကြောင့်မို့ ကျန်းမာရေးအာမခံကိုကြိုတင်ဝယ်ထားခြင်းက သင့်နဲ့သင့်မိသာစုကျန်းမာရေး အတွက် စိတ်ချရဆုံးသော ရင်းနှီးမြှပ်နှံမှုတစ်ခုပါ။
🏥အကယ်၍ ကံမကောင်း အကြောင်းမလှလို့ မမျှော်လင့်ပဲ ဆေးရုံတက်ဖို့ ကြုံလာတဲ့အခါ .........
💁♂️သင့်နှင့်သင့်မိသားစုအတွက် ပြီးပြည့်စုံသော ကျန်းမာရေးအလုံးစုံ အာမခံ အကြောင်း အသေးစိပ်သိရှိလိုပါက
👨💼Yan Naing Soe
👨💻 Financial services Consult
💳 IA-(N)LI-13040
📧[email protected]
☎️+959408100003(WhatsApp & Viber)
🏢22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township, Yangon, Myanma
hello
Click here to claim your Sponsored Listing.
Category
Contact the business
Address
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon
11141
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |