Htoot May

Htoot May

Share

"ရက္ခိုင့်ပုံရိပ်နှင့်ရက္ခိုင့်ဂုဏ်သိက္ခာကို မြှင့်တင်မည်" - ဒေါ်ထုမေ

Photos from Htoot May's post 30/05/2026

အာရက္ခတပြည်လုံးဟိ မြို့ပြစည်ပင်သာယာရီးနန့် စနစ်တကျတိုးတက်ဖွံ့ဖြိုးရီးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၁၄) ရက်
၂၀၂၆ ခုနှစ်၊ မေလ (၂၉) ရက်

Photos from Htoot May's post 12/05/2026

အပြည်ပြည်ဆိုင်ရာ သူနာပြုများနိ
ဂုဏ်ပြုသဝဏ်လွှာ

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ မေလ (၁၂) ရက်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ( ULA/AA) မှ ဦးဆောင်၍ ရက္ခိတလမ်းစဉ်အကောင်အထည် ဖော်နိုင်ရီးအတွက် အာရက္ခအမျိုးသားတော်လှန်ရီးတရပ်ကိုဆင်နွှဲနီစဉ်ကာလအတွင်း အာရက္ခပြည်သူပြည်သားရို့သည် ကရို့ရောက်ဟိနီသောနီရာ၌ ကရို့တတ်မြောက်ထားသော ပညာ၊ ကာယ၊ ဉာဏ အစဟိသဖြင့် ပုံစံတမျိုးမျိုးဖြင့်ပူးပေါင်းပါဝင်ကတ်သည်။

လက်ဟိအချိန်သည်လည်း တော်လှန်ရီးကာလကိုဖြတ်သန်းနီစဉ်ကာလဖြစ်သည်နန့်အညီ အာရက္ခပြည်သူပြည်သားထဲမှပေါက်ဖွားကြီးပြင်းလာပြီး အာရက္ခဒေသအတွက် စစ်မှုတာဝန်ထမ်းဆောင်နီကတ်သော အာရက္ခစစ်သည်တော်များအပြင် အရပ်ဖက်-စစ်ဖက် အာရက္ခ ဆီးဖက်ဆိုင်ရာဝန်ထမ်းများ၊ သူနာပြုများသည်လည်း ရှိတန်းစစ်မျက်နှာပြင်များနန့် အရပ်
ဖက် ဆီးရုံ၊ဆီးခန်းများ၌ ကျန်းမာရီးဝန်ဆောင်မှုလုပ်ငန်းများကို ရန်သူ ၏ လက်နက်ကြီး၊ လီကြောင်းတိုက်ခိုက်မှုအောက်တွင် ရဲရင့်ပြောင်မြောက်စွာ တာဝန်ထမ်းရွက်လျက်ဟိကတ်ပါသည်။

၂၀၂၆ ခုနှစ်၊ မေလ(၁၂) ရက်၊ ဂနိသည် "အပြည်
ပြည်ဆိုင်ရာသူနာပြုများနိ" ဖြစ်သောကြောင့် အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရီးဌာနအနီနန့် အာရက္ခပြည်သူပြည်သားများနန့် အနီးကပ်ဆုံးရှိတန်းစစ်မျက်နှာပြင်များတွင် ကျန်းမာရီးဝန်ဆောင်မှုများအား ကိုယ်ကျိုးစွန့် အနစ်နာခံ တာဝန်ထမ်းဆောင်နီကတ်သော အာရက္ခသူနာပြုများ၊ နွီဦးတော်လှန်ရီးထဲမှ သူနာပြုများ၊ ကမ္ဘာနန့်မြန်မာ အရပ်ရပ်ဟိသူနာပြုများအားလုံးကို အထူးဂုဏ်ပြုမှတ်တမ်းတင်ဟိအပ်ပါသည်။ ထို့အတူ တော်လှန်ရီးကာလအတွင်း အသက်၊ ခန္ဓာပီးဆပ်စွန့်လွှတ် အနစ်နာခံကတ်သောသူနာပြုများအားလုံးကို ဂါရဝပြုအပ်ပါသည်။

အာရက္ခသူနာပြုများသည် ကရို့အာရက္ခပြည်သူ့ကျန်းမာရီးကဏ္ဍ၏ အဓိကမဏ္ဍိုင်ကြီးတရပ်ဖြစ်သည့်အလျောက် အနာဂတ် အာရက္ခကျန်းမာရီးစနစ် တိုးတက်ရန် အဂယောင့် ဧရာမ အရေးကြီးသောအစိတ်အပိုင်းတခု ဖြစ်ပါသည်။အခက်အခဲပေါင်းစုံကြားထဲမှ ကရို့၏ အာရက္ခပြည်သူ့ကျန်းမာရီးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတိကို ရဲဝံ့သတ္တိဟိဟိနန့် ပြည်သူလူထုများအား စေတနာ၊ ကရုဏာ၊ သူနာပြုစိတ်ထားအပြည့်ဖြင့်ပြုစုစောင့်ယှောက်မှုများကြောင့် အာရက္ခပြည်သူပြည်သားများ ၏အသက်ပေါင်းများစွာကို ကုသ၊ ကယ်တင်နိုင်ခပြီး ဖြစ်ပါသည်။

အေဂုနှစ်ဆောင်ပုဒ်ဖြစ်သော "Our Nurses. Our Future. Empowered Nurses Save Lives"ဟူသည့်အတိုင်း သူနာပြုများသည် ကရို့အားလုံး ၏အနာဂတ်ဖြစ်သည်သာမက လူသားများ ၏အသက်ကိုကယ်တင်ပီးနီကတ်သော စွမ်းဆောင်ရည်ပြည့်ဝသောသူများဖြစ်ကတ်သည်။

အာရက္ခပြည်သူ့ကျန်းမာရီးဌာနအနီနန့်လည်း အာရက္ခ သူနာပြုများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစီရန်
နန့် လုပ်ငန်းခွင် ဖီးကင်းလုံခြုံမှုဟိစီရန် ဆက်လက် ပံ့ပိုးကူညီလားမည် ဖြစ်ပါသည်။အာရက္ခသူနာပြုများအားလုံး ကျန်းမာချမ်းသာစွာဖြင့်အာရက္ခ ပြည်သူ့အကျိုးကို ဆက်လက်သယ်ပိုးနိုင်ကတ်ပါစီကြောင်း၊ အာရက္ခနိုက်တင်ဂေးလ်များထွက်ပေါ်နိုင်ပါစီကြောင်း ဆုမွန်ကောင်းတောင်းယင်း ဒေ ဂုဏ်ပြု သဝဏ်လွှာကို ပီးပို့အပ်ပါသည်။

အာရက္ခပြည်သူ့ကျန်းမာရီးဌာန

Photos from Htoot May's post 12/05/2026

International Nurses Day Commemorative Message
Date: May 12, 2026
Led by the United League of Arakan/Arakan Army (ULA/AA), during the period of waging an Arakan national revolution to realize “the Way of Rakhita”, the people of Arakan have participated and contributed in various ways using their knowledge, physical strength, and intellect, wherever they find themselves.
In line with the current challenging revolutionary period, besides the Arakanese soldiers who have grown up among the Arakan people and are performing military duties for the Arakan region, there are also civilian-military Arakan administrative staff and nurses. They are courageously and brilliantly carrying out health service duties on the frontlines and in civilian hospitals and clinics, all under the threat of enemy heavy weapons and sniper attacks.
May 12, 2026, is "International Nurses Day." Therefore, on behalf of the Arakkha People's Revolutionary Government and the Arakkha Health Department, as well as the Arakkha people, we wish to specially honor and record our gratitude to the Arakkha nurses who are selflessly sacrificing and performing their duties in the closest frontline areas, to the nurses within the young revolutionary movement, and to all nurses from Myanmar and around the world. Likewise, we pay our respects to all nurses who have sacrificed their live during the revolutionary period.
Arakkha nurses are one of the main pillars of our Arakan’s health sector. Therefore, they are an extremely important component for the future development of the Arakkha health system. Despite numerous difficulties, because of their courageous and brave service in Arakan People's health sector work, and because they care for the public with full dedication, compassion, and a nursing spirit, they have been able to treat and save countless lives of the Arakan people.
In line with this year's theme, "Our Nurses. Our Future. Empowered Nurses Save Lives," nurses are not only our future, but they are also fully capable individuals who are saving human lives.
The Arakkha Health Department will continue to support Arakkha nurses to enhance their capabilities and to ensure workplace safety and security. We express our best wishes that all Arakkha nurses may continue to carry the responsibilities for the welfare of the Arakan people in good health and well-being, and that Nightingales of Arakan may emerge. We hereby send this commemorative message.
Arakkha Health Department

19/04/2026

ဝက်သက်ရောဂါကြိုတင်ကာကွယ်ရီး
ပြည်သူများက ပူးပေါင်းဆောင်ရွက်ပီး

****

(ဝက်သက်ရောဂါ အထူးသတိပြုဖို့ တိုက်တွန်းနှိုးဆော်ချက်)

အာရက္ခဒေသနန့် နယ်စပ်ချင်းထိကပ်နီရေဘင်္ဂလားဒေ့ချ်နိုင်ငံဖက်မာ ဝက်သက် (Measles) ရောဂါ ကူးစက်ပျံ့နှံ့မှုတိ ဖြစ်ပေါ်နီစွာ တပတ်ကျော်ဟိလာဗျာယ်ဖြစ်တေ။ ကူးစက်ခံရရေလူနာတိထဲက သီဆုံးရေလူတိဟိလာရေအပြင် ကူးစက်ပျံ့ပွားနီတုန်းဖြစ်တေ။ ယေဇု,နယ်စပ်ချင်း ထိစပ်နီရေ အာရက္ခပြည်၊ အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အပါအဝင် ရသေ့တောင်၊ ပေါက်တောမြို့အတွင်းက ဒေသခံပြည်သူတိ နန့် ပလက်ဝဒေသဖက်က ပြည်သူရို့အနီနန့် အထူးသတိပြုကတ်ရဖို့ဖြစ်ပါရေ။

📍ဇာပိုင် ကူးစက်တေလေး
ဝက်သက်ရောဂါဆိုစွာ လီထဲကတဆင့် (ခြောင်းဆိုး၊ နှာချီစွာကတဆင့်) အလွန်တရာ ကူးစက်ယင်ရေ ရောဂါတမျိုး ဖြစ်ပါရေ။ အသက်အရွယ်မရွီး ကူးစက်နိုင်ကေလေ့ အထူးသဖြင့် ကာကွယ်ဆီး မထိုးရသိမ့်ရေ အချေသူငယ်တိမာ အသက်အန္တရာယ် ပီးနိုင်ရေအထိ ပြင်းထန်တတ်ပါရေ။ ကကောင်းဆိုးခကေ အသက်ဆုံးပါးတတ်ပါရေ။

🔴 ဇာလက္ခဏာတိ ပြတတ်တေလေး
အောက်ပါလက္ခဏာတိထဲက တခုခုဖြစ်လာခကေ အထူးသတိထားကတ်ပါ-
• အဖျားကြီးစွာ
• ခြောင်းဆိုးစွာ၊ နှာရည်ယိုစွာ
• မျက်စိနီစွာ၊ မျက်ရည်ပူကျစွာ
• ဖျားပြီးကေ (၃) ရက် (၄) ရက်လောက်မာ ခန္ဓာကိုယ်အနှံ့အပြား အနီစက်/ အနီကွက်တိ၊ အဖုအပိမ့်တိ ထွက်ပေါ်ခြင်း
ပါးစောင်အတွင်းပိုင်းမာ အဖြူရောင်အစက်ချေတိ ပေါ်ပေါက်ခြင်း(Koplik's Spots)

🛡️ ဇာပိုင် ကာကွယ်ကတ်ဖို့လေး
• ဝက်သက်ရောဂါ ကာကွယ်ဆီးထိုးနှံခြင်း ဝက်သက်ရောဂါပိုးဟိသူ၊ ဝက်သက်ပေါက်နီသူ၊ ဝက်သက်ရောဂါ သံသယဟိသူ ရို့နန့် ထိတွိဆက်ဆံခြင်းကို ယှောင်ကြဉ်ပါ။ လူစုလူဝေး၊ လူထူထပ်တေ နီရာများသို့ လားလာစွာတိကို ယှောင်ကြဉ်ပါ။
• အပြင်က ပြန်လာတိုင်း၊ အစာမစားခင်တိုင်းမာလက်ကို သပုန်နန့် စင်ပါအောင် ဆီးပါ။ နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။

🚨 သံသယလက္ခဏာ တွိကေ ဇာလုပ်ရဖို့လေး
• ကရို့ အချေသူငယ်တိစွာ အဖျားကြီးပနာ တခန္ဓာလုံး အနီစက်/အနီကွက်၊ အဖုအပိမ့်တိ ထွက်လာရေ ဆိုပနာ ဝက်သက် သံသယလက္ခဏာ တွိလာကေ အိမ်မာ ကိုယ့်သဘောနန့် ဆီးမကုဘဲ အပါးအစပ် ဆီးရုံ၊ ဆီးခန်း၊ ကျေးလက်ကျန်းမာရီးဌာနတိကို အယင်ဆုံး လားရောက် ပြသကတ်ပါ။
• ရောဂါဖြစ်နီရေ အချေသူငယ်တိကို တခြားအချေသူငယ်တိနန့် လားရောက်ကဇတ်စွာ၊ စာသင်ကျောင်း လွှတ်စွာတိ လုံးဝ မလုပ်ဘဲ သီးသန့် ခွဲထားပီးပါ။

🗣️ ပူးပေါင်းပါဝင်ကတ်ပါ
အာရက္ခပြည်တွင်း နီထိုင်ကတ်တေ မိဖပြည်သူရို့အနီနန့် ကရို့ ပတ်ဝန်းကျင်မာ ဝက်သက် သံသယလူနာတိ တွိဟိလာကေ သက်ဆိုင်ရာ နန့် နီးစပ်ရာ အာရက္ခပြည်သူ့ကျန်းမာရီးဌာနကို ချက်ချင်း သတင်းပီးပို့ကတ်ပါလို့ မိတ္တာရပ်ခံ တိုက်တွန်းအပ်ပါရေ။

အာရက္ခပြည်သူ့ကျန်းမာရီးဌာန

၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၁၉) ရက်

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon