ATHA Yoga Corner
ATHA YOGA NUSASSANAM
စိတ်နဲ့ခန္ဓာ ကိုသင်ကိုယ်တိုင်တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင် YOGA စလေ့ကျင့်လို့ရပါပြီ
13/06/2026
သင့်ခန္ဓာကိုယ်က Yoga လေ့ကျင့်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ (၅) ချက်
ကျွန်တော်တို့ အများစုက ခန္ဓာကိုယ်နာကျင်လာမှ ဂရုစိုက်ဖို့ စဉ်းစားတတ်ကြပါတယ်။
ဒါပေမဲ့ ခန္ဓာကိုယ်က အဲဒီမတိုင်ခင်ကတည်းက အချက်ပြနေတတ်ပါတယ်။
၁။ ခန္ဓာကိုယ်တောင့်တင်းနေတယ်
မတ်တပ်ရပ်ပြီး လက်ကိုမြှောက်ရတာ၊ ကုန်းပြီးပစ္စည်းကောက်ရတာတွေ အရင်ကလို မလွယ်တော့ဘူးလား။
ပခုံး၊ ခါး၊ တင်ပါးတွေ အမြဲတမ်း တင်းကျပ်နေသလို ခံစားရတယ်ဆိုရင် Yoga လေ့ကျင့်ဖို့ လိုအပ်နေနိုင်ပါတယ်။
၂။ အနားယူပြီးလည်း ပင်ပန်းနေတယ်
အိပ်ရေးဝဝအိပ်ပြီးသော်လည်း ပင်ပန်းနွမ်းနယ်နေသေးတာမျိုး ဖြစ်ဖူးပါသလား။
ခန္ဓာကိုယ်တင်းမာမှုနဲ့ စိတ်ဖိစီးမှုတွေက ကိုယ့်ရဲ့စွမ်းအင်ကို လျော့နည်းစေနိုင်ပါတယ်။
၃။ စိတ်က အမြဲအလုပ်ရှုပ်နေတယ်
အတွေးများနေခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်မငြိမ်ခြင်းတွေ မကြာခဏ ဖြစ်နေတယ်ဆိုရင် Yoga က စိတ်ကို ပြန်လည်တည်ငြိမ်စေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ ကိုယ်နေဟန်ထား (Posture) မကောင်းတော့ဘူး
ဖုန်း၊ ကွန်ပျူတာ အသုံးများခြင်းကြောင့် လည်ပင်းကိုင်းခြင်း၊ ပခုံးကျခြင်း၊ ခါးနာခြင်းတွေ ဖြစ်လာတတ်ပါတယ်။
Yoga က ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။
၅။ ကိုယ့်အတွက်ကိုယ် အချိန်မပေးဖြစ်တော့ဘူး
နေ့စဉ် တာဝန်တွေကြားမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်မပေးဖြစ်တာ ကြာနေပြီလား။
Yoga ဟာ လေ့ကျင့်ခန်းတစ်ခုထက် ပိုပါတယ်။
ကိုယ့်ကိုယ်ကို ပြန်လည်ချိတ်ဆက်ဖို့ အချိန်တစ်ခုပေးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။
Yoga ဆိုတာ ခြေထောက်ကို လက်နဲ့ထိအောင် ကွေးနိုင်ဖို့ မဟုတ်ပါဘူး။
သင့်ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်တတ်ဖို့ သင်ယူခြင်း ဖြစ်ပါတယ်။
ဒီလက္ခဏာတွေထဲက ဘယ်နှစ်ချက် သင့်မှာ ရှိနေပြီလဲ?
Practice Via Zoom Class
Mon, Tue, Wed
Morning Class : 7:00 am to 8:00 am
Evening Class: 7:00 pm to 8:00 pm
12 sessions/ Month
#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
ကိုယ်ကျင့်တဲ့အကျင့်တရား
ကိုယ်ပြုတဲ့ ကိုယ့်ရဲ့ကံ
ကိုယ်ဖန်တီးတဲ့ ကိုယ်ပိုင်ရာသီဥတု
Remain The Status Quo
#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
11/06/2026
Status Quo ဆိုတာ ဘာလဲ?
လူအများစုက တိုးတက်မှုဆိုတာ အမြဲတမ်း ရှေ့ကို ပြေးနေရမယ်၊ ပိုကောင်းလာဖို့ ကြိုးစားနေရမယ်လို့ ထင်ကြပါတယ်။
ဒါပေမဲ့ ယောဂကတော့ တခြားနည်းလမ်းတစ်ခုကို သင်ပေးပါတယ်။
Status Quo ဆိုတာ လက်ရှိအခြေအနေကို လက်ခံနိုင်ခြင်းပါ။
ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က မနေ့ကလောက် ပျော့ပျောင်းမှုမရှိနိုင်ဘူးလား။
စိတ်က အာရုံမစိုက်နိုင်ဘူးလား။
စွမ်းအင်နည်းနေသလား။
အဲဒါတွေကို မတိုက်ခိုက်ဘဲ၊ အရင်ဆုံး လက်ခံဖို့ ယောဂက သင်ပေးပါတယ်။
ယောဂကျင့်ခြင်းဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ အတင်းအကျပ် တွန်းအားပေးခြင်း မဟုတ်ပါဘူး။
ကိုယ့်ရဲ့ လက်ရှိအခြေအနေကို သတိရှိရှိ မြင်တွေ့ပြီး၊ အဲဒီနေရာကနေ တစ်ဆင့်ချင်း ရှေ့ဆက်သွားခြင်း ဖြစ်ပါတယ်။
တစ်ခါတစ်ရံ တိုးတက်မှုဆိုတာ ပိုမြင့်တဲ့ Pose တစ်ခု ရရှိသွားခြင်း မဟုတ်ဘဲ၊ "ဒီနေ့ ငါဒီလိုပဲ ဖြစ်နေတယ်" လို့ ငြိမ်သက်စွာ လက်ခံနိုင်ခြင်း ဖြစ်နိုင်ပါတယ်။
Practice Via Zoom Class
Mon, Tue, Wed
Morning Class : 7:00 am to 8:00 am
Evening Class: 7:00 pm to 8:00 pm
12 sessions/ Month
#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
အထိုင်များလို့ Screen အကြည့်များလို့ ဇက်ကြောတွေ တင်းတောင့်နေရင် ဒါလေး လိုက်လုပ်ကြည့်ပါ။
#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
09/06/2026
ယောဂလေ့ကျင့်ခြင်းအပေါ် အထင်မှားနေကြတဲ့ အချက်များ
ယောဂကျင့်စဉ်ဟာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိခဲ့ပြီဖြစ်ပေမဲ့ ကမ္ဘာတစ်ဝန်း ပြန့်နှံ့လာတာနဲ့အမျှ တချို့သောအလွဲအမြင်တွေပါ ရောပါလာတတ်ပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မြင်ရတဲ့ပုံတွေကြောင့်ပဲဖြစ်ဖြစ်၊ စတူဒီယိုတွေကို ဖြတ်လျှောက်သွားရင်းပဲဖြစ်ဖြစ် "ဒါကတော့ ငါနဲ့မဆိုင်ပါဘူး" လို့ တွေးမိဖို့ သိပ်လွယ်ပါတယ်။
ယောဂအပေါ် အထင်မှားနေကြတဲ့ အလွဲဆုံးအချက် ၅ ချက်ကတော့
၁။ ခန္ဓာကိုယ် ပျော့ပျောင်းမှ ယောဂလေ့ကျင့်လို့ရမယ်
ဒါက အဖြစ်အများဆုံး အလွဲကြီးပါ။ ခန္ဓာကိုယ်ပျော့ပျောင်းမှုဆိုတာ ယောဂမလုပ်ခင် ရှိထားရမယ့်အချက် မဟုတ်ပါဘူး၊ ပုံမှန်လုပ်ရင်းနဲ့မှ ရလာမယ့် ရလဒ်တစ်ခု ဖြစ်ပါတယ်။
၂။ ယောဂဆိုတာ အကြောဆန့်တာ သက်သက်ပဲ
အကြောဆန့်တာက ယောဂရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ တကယ်တော့ ယောဂဟာ ခန္ဓာကိုယ်လှုပ်ရှားမှု၊ အသက်ရှူစနစ် ထိန်းချုပ်မှု (Pranayama) နဲ့ သတိကပ်မှု (Mindfulness) တို့ကို ပေါင်းစပ်ထားတာပါ။ ခန္ဓာကိုယ်အတွင်းပိုင်း ကြွက်သားတွေကို သန်မာစေသလို၊ လှုပ်ရှားနေရင်း တရားမှတ်နေသလိုမျိုး စိတ်ကို တည်ငြိမ်အေးချမ်းစေတဲ့ အကျိုးကျေးဇူးကိုပါ ပေးစွမ်းပါတယ်။
၁။ ပိန်ပိန်ပါးပါး မိန်းကလေးတွေပဲ လေ့ကျင့်ရတာ
အင်တာနက် ကြော်ငြာတွေမှာ တွေ့ရလွန်းလို့ ယောဂက အသက်ငယ်ငယ်၊ ပိန်ပိန်ပါးပါးနဲ့ အားကစားဝတ်စုံအလန်းစား ဝတ်ထားတဲ့ အမျိုးသမီးတွေအတွက်ပဲလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ ယောဂဟာ အသက်အရွယ်၊ ကျား/မ၊ ခန္ဓာကိုယ်ပုံစံမရွေး ဘယ်သူမဆို လုပ်လို့ရပါတယ်။ အားကစားပြင်းပြင်းထန်ထန် လုပ်သူတွေကနေ သက်ကြီးရွယ်အိုတွေအထိ လူတိုင်းနဲ့ ကိုက်ညီအောင် ပြောင်းလဲလေ့ကျင့်နိုင်ပါတယ်။
၄။ ယောဂက ဘာသာရေးကျင့်စဉ်တစ်ခု ဖြစ်တယ်
ယောဂဟာ အိန္ဒိယရှေးဟောင်းယဉ်ကျေးမှုက ဆင်းသက်လာပြီး ပါဠိ/သက္ကတ စကားလုံးတွေကို သုံးလေ့ရှိတာကြောင့် ဘာသာရေးနဲ့ မှားယွင်းတွဲဖက်တတ်ကြပါတယ်။ တကယ်တော့ ယောဂဟာ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအတွက် စနစ်တကျ ဖန်တီးထားတဲ့ လူနေမှုဘဝနေထိုင်နည်း ဒဿနတစ်ခုသာ ဖြစ်ပြီး မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘာသာမဲ့ပဲဖြစ်ဖြစ် လွတ်လပ်စွာ လေ့ကျင့်နိုင်ပါတယ်။
၅။ အချိန်အများကြီး ပေးနိုင်မှ ထိရောက်မယ်
တစ်နေ့ကို မိနစ် ၉၀ ကြီးတောင် အချိန်ပေးဖို့ မလိုပါဘူး။ တစ်နေ့ကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပဲ ဖြစ်ဖြစ် ပုံမှန်လေး အသက်ရှူသွင်းရှူထုတ်လုပ်ပြီး အကြောဆန့်ပေးရုံနဲ့တင် တစ်နေ့တာ စားပွဲခုံမှာ ထိုင်လို့ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေနဲ့ ခန္ဓာကိုယ်ညောင်းညာမှုတွေကို သိသိသာသာ ပြေပျောက်သွားစေနိုင်ပါတယ်။ (Duration ထက် Consistency က ပိုအရေးကြီးပါတယ်)။
ယောဂရဲ့ တကယ့်အနှစ်သာရက ဓာတ်ပုံရိုက်ရင် လှနေမယ့် ခက်ခဲတဲ့ ပုံစံတွေ ရဖို့မဟုတ်ပါဘူး။ တစ်နေ့တာလုံး အလုပ်ရှုပ်ပြီး ပင်ပန်းနေသမျှတွေကို ခဏရပ်ပြီး အသက်ဝဝရှူရင်း မိမိရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည် ချိတ်ဆက်ကြည့်ရှုဖို့ပဲ ဖြစ်ပါတယ်။
Practice Via Zoom Class
Mon, Tue, Wed
Morning Class : 7:00 am to 8:00 am
Evening Class: 7:00 pm to 8:00 pm
12 sessions/ Month
#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
In a way, practicing Yoga Asanas is a gentle preparation for the body, allowing the soul to sit in stillness and awaken in pure awareness.
တစ်နည်းပြောရရင် Yoga Asanas တွေ လေ့ကျင့်တယ်ဆိုတာ တည်တည်ငြိမ်ငြိမ် ထိုင်နေနိုင်ဖို့ သိနေနိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းပါပဲ။
#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
04/06/2026
ယောဂဖျာလေးပေါ် က ငြိမ််သက်ခြင်း
လူတွေက တိုးတက်ဖို့အတွက် အမြဲတမ်း လှုပ်ရှားရုန်းကန်နေကြရတယ်။
ဒါပေမဲ့ ယောဂကတော့ လက်ရှိငြိမ်သက်ခြင်း (Status quo) ကို လက်ခံတတ်ဖို့ သင်ကြားပေးပါတယ်။
ယောဂလေ့ကျင့်တယ်ဆိုတာ ပိုပြီး ခက်ခဲတဲ့ ပုံစံ (Pose) တွေရအောင် အတင်းတွန်းအားပေးနေခြင်း မဟုတ်ပါဘူး။ အသက်ရှူသံနဲ့အတူ ကိုယ့်ရဲ့ လက်ရှိခန္ဓာကိုယ်အနေအထားကို ငြိမ်သက်စွာ နားလည်ပေးခြင်း ဖြစ်ပါတယ်။
ယောဂကျင့်စဉ်ဆိုတာ ခန္ဓာကိုယ်ကို လှုပ်ရှားနေရပေမဲ့ တကယ့်အနှစ်သာရကတော့ စိတ်ကို ငြိမ်အောင်ထားရတဲ့ လေ့ကျင့်မှု၊အတတ်ပညာ ဖြစ်ပါတယ်။
အာသန (Asana) ပုံစံတစ်ခုခုကို ခက်ခက်ခဲခဲ ထိန်းထားရချိန်၊ ကြွက်သားတွေ တုန်ခါပြီး ပင်ပန်းလာချိန်မှာ ပြာယာခတ်မသွားဘဲ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကိုပဲ အာရုံစိုက်လိုက်တဲ့အခါ စိတ်က တုန်လှုပ်မသွားဘဲ ငြိမ်သက်ခြင်း (Status quo) ကို ရရှိသွားပါတယ်။
လောကကြီးက သင့်ကို အမြဲတမ်း အပြေးပြိုင်ခိုင်းနေချိန်မှာ ယောဂဖျာလေးပေါ်မှာတော့ သင့်ရဲ့ Status quo (လက်ရှိငြိမ်သက်ခြင်း) လေးထဲမှာပဲ အေးအေးချမ်းချမ်း ခေတ္တခဏနေထိုင်ခွင့်ပြုလိုက်ပါ။
အဲဒီ ငြိမ်သက်ခြင်းကနေပဲ စစ်မှန်တဲ့ ခွန်အားတွေ ပြန်ရလာပါလိမ့်မယ်။
အိမ်မှာနေရင်း လေ့ကျင့်လို့ရတဲ့ ရုံးချိန်လွတ် Practice via Zoom အတန်းလေးကို ဖွင့်လှစ်ထားပါတယ်။
Mon, Tue, Wed
7:00 pm to 8:00 pm
12 sessions/ Month
#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
"When stress takes over... open your chest and let it all go.
Every movement is a form of healing for the soul. Release the stagnation and rediscover your inner balance."
#နီးစပ်ရာမှာYOGAကျင့်ပါ
#အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
Pull Up လုပ်နိုင်ဖို့ အတွက်
ဆရာမျိုးမင်းထက်ရဲ့
Step by step Instructions ✨
03/06/2026
🧘♀️ပထမဆုံးအကြိမ် ယောဂသင်တန်း တက်ပြီးတဲ့နောက် ဘာတွေဖြစ်လာမလဲ။
ပခုံးတွေ ပေါ့ပါးသွားသလို ခံစားရမယ်။
အသက်ရှူရတာ ပိုပြီး နက်ရှိုင်းလာမယ်။
စိတ်တွေ ပိုပြီး ငြိမ်သက်သွားမယ်။
ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် ပိုပြီး တစ်သားတည်းကျလာမယ်။
တစ်ရက်တည်းနဲ့တော့ ခန္ဓာကိုယ်ကြီး ပျော့ပျောင်းသွားမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ သင်တန်းထဲကို စဝင်လာခဲ့တဲ့ အချိန်ကထက်စာရင်တော့ လေ့ကျင့်ပြီးသွားတဲ့ အချိန်မှာ စိတ်ရောကိုယ်ပါ ပိုပြီး နေလို့ကောင်းသွားမှာ သေချာပါတယ်။
တကယ်တော့ တစ်ခါတလေမှာ ကျွန်တော်တို့ လိုအပ်နေတာကလည်း အဲဒီလို ခံစားချက်မျိုးလေးပဲ မဟုတ်လား။
အိမ်မှာနေရင်း လေ့ကျင့်လို့ရတဲ့ ရုံးချိန်လွတ် Practice via Zoom အတန်းလေးကို ဖွင့်လှစ်ထားပါတယ်။
Mon, Tue, Wed
7:00 pm to 8:00 pm
12 sessions/ Month
#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Address
Yangon