LogicUnion
As a full-service IT company with more than 8 years of experience providing managed services in Myanmar.
08/09/2023
Virtual ခေတ်ကြီး နောက်နှစ်တွေအကြာမှာဘာတွေဖြစ်လာနိုင်သလဲ ❓
ဘာတွေပြင်ဆင်ထားကြမလဲ ❓
‼️ AI တွေပေါ်လာရာကနေ AI တွေကိုကန့်ကွက်ကြရင်းက အခုဆို AI က Trending တစ်ခုလိုတောင်ဖြစ်လာပြန်ပါပြီ။
💬 ဒီ AI ရဲ့ လူအများ စိတ်ဝင်စားခံရတဲ့ နေရာကနေ အခုလို အခြေအနေရောက်ခဲ့တဲ့ ကာလအပိုင်းအခြားက လပိုင်းပဲ ရှိပါတယ်။
‼️ ဟုတ်ပါတယ် နှစ်တစ်နှစ်တောင်မဟုတ်ဘဲ လချီပဲ ကြာလိုက်တာပါ။
ဒါကိုကြည့်ချင်းအားဖြင့် ဒီနေ့ခေတ်ကြီး ဘယ်လောက်မြန်မြန်တိုးတက်နေသလဲ ဆိုတာကတော့ အားလုံး ခန့်မှန်းလို့တောင်ရမယ်မထင်ပါဘူးခင်ဗျာ။
📌ခလုတ်နှိပ်လို့ရတဲ့ ဖုန်းလေးတွေကနေ Touch screen ဖုန်းတွေဖြစ်လာတာကလဲ ဆယ်စုနှစ်တစ်ခုတောင်မကြာလိုက်ပါဘူး။
ပစ္စည်းတစ်ခု စပေါ်တဲ့အချိန်ကနေ အဲ့ပစ္စည်း လူတန်းစားအရပ်ရပ်ကို ဖြန့်ကျက်ဝင်ရောက်တဲ့အချိန်ဟာလဲ တွေးနိုင်တာထက်ကိုပိုမြန်ပါတယ်။
💭 ဒါဆိုရင် ဒီနေ့ကနေ နောက်ဆယ်နှစ်မှာ ပြောင်းလဲသွားနိုင်မယ့် အရာတွေကိုတော့ တွေးလို့တောင်ရမယ်မထင်ပါဘူးခင်ဗျာ။
ဒီအချိန် မှာကြိုလေ့လာ ကြိုတွေးတောထားနိုင်မယ့်သူတွေသာ ဒီလို Rapid Growing Community ကြီးကိုကျော်ဖြတ်အောင်မြင်နိုင်မှာပါ။
💬 လွန်ခဲ့တဲ့ခုနစ်နှစ် ရှစ်နှစ် လောက်က Coding သင်ကြတဲ့သူတွေကို ဒီနိုင်ငံမှာ Developer ဖြစ်ရင် ဘယ်နေရာမှာလုပ်မလဲပြောကြတဲ့ သူတွေလိုပါပဲ။
အခုတော့ Developer Job opportunities တွေက မှိုလိုပေါက်များပြားနေပြီး Professional ကျရင်ကျသလောက် လဲ Company တွေက အလေးပေး ခန့်ထားကြပါတယ်။ ဒီလိုအချိန်မှာ အပေါ်ကမေးခွန်းကို လွန်ခဲ့တဲ့ ခုနစ်နစ်၊ရှစ်နစ်က မေးထားတဲ့သူတွေတောင် Courses တွေရှာကြံလေ့လာနေကြပါပြီ။
🔹အဖြေကတော့ ဒါပါပဲ မဖြစ်သေးတဲ့ အရာတွေကို ကြိုပြီး ဝေဖန်မဆုံးဖြတ်ပါနဲ့ဦး။ သေချာလေး စောင့်ကြည့်ရင်းလေ့လာဖို့ အကြံပေးပါတယ်။
🔹ဒါကြောင့် ဘယ်လိုပြင်ဆင်ကြမလဲဆိုတဲ့ မေးခွန်းကိုတော့ ကိုယ်ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာကို ယှဉ်တွေးရင်း ကိုယ်တိုင်ဖြေကြည့်ဖို့ အကြုံပြုလိုက်ပါတယ်ခင်ဗျာ။
It's Never Too Late.
You're Never Too Old Nor Too Young To Start Learning How To Program.
Welcome to LogicUnion.
Think Twice. Code Once.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 3, 3rd Floor(B), Kyaik Waing Pagoda Road, Mayangone Township
Yangon
11061