Kennel Neptune - Myanmar
Pure Breed Dog ❤️ Best One for your Beloved ❤️
29/07/2025
ကျတော် လှလား ဗျ
တချိန်လုံး ဒီ နား ပဲ လာလာကပ်နေလို့ စိတ်တွေလဲ လေနေပြီဗျာ
NyoChaw of Neptune MM
FCI Pedigree
Offspring of Ukraine Bloodline and Russia Bloodline
မင်္ဂလာပါရှင်
Kennel Neptune မှ ကလေးငယ်လေးများ ဝေမျှခြင်းနဲ့ပတ်သတ်ပြီး ပြောပြစရာလေးရှိလို့ပါရှင် ❤️
ကျမတို့ခြံရဲ့ အလေ့အထအရ ကလေးလေးတွေကို ပထမအကြိမ်ကာကွယ်ဆေးကို ၆ ပတ်သားမှာ စတင်ထိုးနှံပါတယ်ရှင် ထိုအသက်မှစပြီး ၃ ပတ်ခြားလျှင် တကြိမ်ဖြင့် အသက် ၃ ကျော်အထိ ကျမတို့ရဲ့စောင့်ရှောက်မှုဖြင့် မွေးဖွားကြီးပြင်းစေပါတယ်ရှင် 🫶
ကာကွယ်ဆေးစုံပြီးမှသာလျှင် မိသားစုအသစ်ထံသို့ လွဲပြောင်းပေးလေ့ရှိသောအလေ့အရ ကျမတို့ရဲ့ကလေးများကို ၃ လကျော်မှသာ လွဲပြောင်းပေးလေ့ရှိပါတယ်
ကလေးငယ်လေးများကို ငယ်စဉ်ကပင်စိတ်ဝင်တစား ချစ်ခင်ပေးကြသူများကိုကျေးဇူးအထူးတင်ရှိပါသည်ရှင် 🙏
သို့သော် တချို့သောမိသားစုအသစ်များမှာ မရမှာစိုးရိမ်သောစိတ်ဖြင့် ကျမတို့အား ခဏခဏဖုန်းဆက်မေးမြန်းကြသည်ကို များစွာအားနာရပါသည်ရှင်
ဓါတ်ပုံတင်လိုက်ပါက မိသားစုအသစ်များမှ ချက်ချင်းလိုချင်သော သဘောသဘဝများရှိခြင်းကြောင့် ကာကွယ်ဆေးစုံမှသာ ဓါတ်ပုံတင်ရခြင်းကို နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါတယ်ရှင် ❤️
ကျမတို့အနေဖြင့် ကလေးပေါက်ငယ်လေးများ များစွာမမွေးပေးနိုင်ခြင်း
မှာထားသော မိသားစုအသစ်များကို လုံလောက်စွာမပေးနိုင်ခြင်း အားနည်းချက်များရှိသော်လဲ ကလေးလေးများပိုင်ဆိုင်ရတိုင်း ကျမတို့တတ်နိုင်သမျှ အထူးကြိုးစားချစ်ခင်စောင့်ရှောက်လျှက်ရှိပါတယ်ရှင် ❤️
ကျမတို့အနေဖြင့် ပေးပါမည်ဟု ကတိပေးထားသော ပိုင်ရှင်များကို အမှန်တကယ် ပေးအပ်လေ့ရှိပါတယ်ရှင်
သို့သော်အချို့သော မိသားစုအသစ်များမှာ မရလိုက်မှာစိုးရိမ်သောကြောင့် စိုးရိမ်ပူပန်စွာ ဖုန်းဆက်မေးမြန်းမှုများကို များစွာ အားနာစွာဖြင့် လက်ခံရရှိပါတယ်ရှင် 🙏
မိတ်ဆွေတစ်ယောက်ဆိုလျှင် ခင်ဗျားစီက ဒိုဘာမင်စောင့်ရတာ နှစ်နှစ်ရှိပြီ မရသေးဘူးလား ဖုန်းဆက်ပြောတိုင်းကျမတို့တကယ်များစွာအားနာရပါတယ်ရှင်
ကျမတို့ခြံရဲ့ ပုံစံက ဝန်ထမ်းရယ်လို့မရှိပဲ ကိုယ်တိုင်ပြုစုစောင့်ရှောက်ရင်း ဝါသနာတူမျာဖြင့် မျှဝေခံစားသော ပုံစံဖြစ်နေတာကြောင့် လိုအပ်ချက်များစွာရှိနေနိုင်ပါတယ်ရှင်
ကျမတို့ခြံရဲ့ သဘာဝအရ ကလေးကိုဝေမျှမည်ဟုကတိပေးထားပြီးလျှင် ဝေမျှမည်ဟု အတိအကျ လက်ခံယုံကြည်ပေးနိုင်ပါတယ်ရှင်
စရံပေးထားရမလားမေးတိုင်း လက်ခံရန်ငြင်းဆိုရခြင်းမှာ မေတ္တာဖြင့်ငြင်းဆိုရခြင်းသာဖြစ်ကြောင်းနားလည်ပေးစေ့ချင်ပါတယ်ရှင်
ကျမတို့ခြံရဲ့သဘောမှာ ကလေးများကိုကာကွယ်ဆေးမတိုင်ခင် လာရောက် အကြောင်းကြားပါကဝေမျှနိုင်လျှင်ဝေမျှနိုင်မည်ဖြစ်ကြောင်း ကတိပေးလေ့ရှိသော်လဲ ကလေးများကာကွယ်ဆေးပြည့်လို့ အဆင့်သင့်ဖြစ်ပါက မိသားစုအသစ်ထံသွားရောက်အကြောင်းကြားပြီး သူတို့ဘက်မှ ပြန်လည်အကြောင်းမပြန်ပါကလဲ မည်သည့်အခါမှ စိတ်အနှောက်အယှက်မဖြစ်ရပါ
မိသားစုအသစ်ရဲ့ အကျိုးအကြောင်းမတိုက်ဆိုင်မှုကို ချစ်ခင်ရင်းနှီးစွာဖြင့် လက်ခံလေ့ရှိပါတယ်ရှင်
ဒါကြောင့် ငွေကြေးတစိတ်တပိုင်းအားဖြင့် လက်ခံလေ့မရှိခြင်းကိုနားလည်ပေးနိုင်ပါရန်နှင့် အကျိုးအကြောင်းမတိုက်ဆိုင်သေးလို့ မမွေးစားဖြစ်သေးပါကလဲ အားနာချင်းအလျင်းမရှိကြပါရန်အသိပေးအပ်ပါတယ်ရှင် 🙏
ဒါကြောင့် ကျမတို့ရဲ့ လိုအပ်ချက်များ နားလည်ပေးပါရန်မေတ္တာရပ်ခံရင်း ကျမတို့အပေါ် စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းပေးကြသူတစ်ဦးတစ်ယောက်တိုင်းကိုကျေးဇူးအထူးတင်ရှိပါကြောင်း ဂါရဝပြုစကားပြောကြားပါတယ်ရှင်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Nyaung Gone Village, Hlegu Township
Yangon