The History Of Myanmar Library

The History Of Myanmar Library

Share

စာဖတ်ဝါသနာပါသူများအားလုံး
အသိပညာ၊ ဗဟုသုတရ‌စေရန် ရည်ရွယ်ပါသည်။

01/09/2025

မြန်မာတစ်ပြည်လုံးမှာ မြေမျိုးကြီး(၂၄)မျိုး
ရှိနေပေမဲ့ လက်ရှိအမှန်တကယ်
စိုက်ပျိုးရေးမှာအသုံးချနေတာကတော့
မြေမျိုးကြီး(၉)မျိုးပဲရှိပါတယ်..

အခြား အသုံးမပြုသေးတဲ့ မြေမျိုးကြီး(၉)မျိုး
အထဲက ပြုပြင်အသုံးချလို့ ရနိုင်တဲ့မြေများကို ဘယ်လိုပြုပြင်သင့်ပြီး
ဘယ်လိုသီးနှံတွေစိုက်ပျိုးသင့်တယ်
ဆိုတာကိုလဲ လက်လှမ်းမှီသလောက်
တင်ပြပေးလိုက်ပါတယ်………

____________________________
အဓိကမြေမျိုးကြီး(၉)မျိုး
____________________________

(၁)နီညိုတောမြေ
(Red Brown Forest)
----------------------------
အမြဲစိမ်းသစ်တောများရှိရာ ဝိတိုရိယအငူမှ
မော်လမြိုင်..နာဂရေအငူမှမြစ်ကြီးနားထိ
ကျယ်ပြန့်စွာတွေ့ရပြီး ရေစီးဆင်းမှုကောင်း
၍ ပင်လယ်ရေမျက်နှာပြင်အထက်
၁၀၀၀-၄၀၀၀ ပေကျော်အမြင့်တွင်
တွေ့ရသည်..

မိုးရေချိန် - ၈၀-၂၀၀ လက္မ
မြေသားနုကြမ်း - အလယ်အလတ်
မြေစေးသမ
မြေချဉ်ငံကိန်း - 5.5-6.5 pH
မြေဆွေးပါဝင်မှု - နည်း

ရာဘာ သီဟိုသရက် နာနတ်
စသည့်သီးနှံများစိုက်ပျိုးလျက်ရှိပြီး
N အသင့်အတင့်နှင့် P အသင့်အတင့်မှ
များများဖြည့်ဆည်းပေးရန်လိုအပ်သည်..
မြေတိုက်စားမှုကိုလဲကာကွယ်သင့်သည်..

(၂) ဝါညိုတောမြေ
(Yellow Brown Forest)
--------------------------------
ပဲခူးရိုးမ ရခိုင်ရိုးမ စသည့်
၃၀၀-၁၅၀၀ ပေအတွင်းရှိ နိမ့်သော
တောင်ကုန်းများတွင်တွေ့ရသည်..

မိုးရေချိန် - ၈၀-၂၀၀ လက္မ
မြေသားနုကြမ်း - သဲသမ-မြေစေးသမ
မြေချဉ်ငံကိန်း - 5.0-6.5 pH
မြေဆွေးပါဝင်မှု - အလယ်အလတ်

သစ်တော ဥယျာဉ်ခြံအဖြစ်အသုံးပြုလျက်
ရှိပြီး N အသင့်အတင့်နှင့် P အသင့်မှ
များများဖြည့်ဆည်းပေးရန်လိုအပ်သည်..
မြေတိုက်စားခြင်းမှကာကွယ်ရမည်..

(၃) ဂဝံမြေ
(Lateritic)
-------------------
အောက်မြန်မာနိုင်ငံ (သို့) တောင်ဘက်ပိုင်း
တွင်တွေ့ရပြီး ပဲခူးရိုးမနှင့်တနင်္သာရီ
(အထူးသဖြင့် မော်လမြိုင်ဒေသ)တွင်
ဂဝံမြေများကို ပေ ၃၀၀ အောက်တွင်
တွေ့ရှိရသည်..

မိုးရေချိန် - ၈၀-၂၀၀ လက္မ
မြေသားနုကြမ်း - သဲသမ
မြေချဉ်ငံကိန်း - 4.0-5.0 pH
မြေဆွေး - နိမ့် / နည်း

ရာဘာ သီဟိုဠ်သရက် ဥယျာဉ်ခြံ စိုက်ပျိုး
အသုံးပြုလျက်ရှိသည်..အာဟာရချို့တဲ့မှု
နှင့်ပြုပြင်ထိန်းသိမ်းရန်လုပ်ငန်းအထူး
အထွေမရှိပါ..

(၄) မြေဝါသဲဝန်း
( Cinamon )
---------------------------
အပူပိုင်းဇုံပတ်ဝန်းကျင်ဒေသများ ကုန်းမြင့်
ဒေသများနှင့် ဆက်နွှယ်၍တွေ့ရှိရသည်..
အထူးသဖြင့် ပူအိုက်စွတ်စိုသော
ရာသီဥတုရှိသည့် မကွေး မန္တလေး စစ်ကိုင်း
ဒေသရှိ သစ်ကြံ့ပိုးရောင်မြေများကို
မြေဝါသဲဝန်းဟုခေါ်သည်..

မိုးရေချိန် - ၄၀-၆၀ လက္မ
မြေသားနုကြမ်း - သဲသမ နုံးသမ
မြေချဉ်ငံကိန်း - 5.5-6.5 pH
မြေဆွေး - အလယ်အလတ်

ပဲမျိုးစုံ နှမ်း ပြောင်း ဝါ စသည့်ယာသီးနှံများ
စိုက်ပျိုးပြီး N နှင့် P များများဖြည့်ဆည်း
ပေးရန်လိုအပ်သည်..မြေတိုက်စားခြင်းမှ
ကာကွယ်ရန်လိုအပ်သည်..

(၅) မြေနီသဲဝန်း
( Savanna )
-------------------------
အပူပိုင်းဇုံဒေသများဖြစ်သည့် မိတ္ထီလာ
မြင်းခြံ မကွေး စစ်ကိုင်း နှင့် ရွှေဘိုဒေသ
များတွင်ထူးခြားစွာတွေ့ရှိရပြီး အချို့နေရာ
များတွင် ဆပ်ပြာပေါက်မြေ ဆားဆပ်ပြာ
ပေါက်မြေများနှင့်တွဲဖက်တွေ့ရသည်..

မိုးရေချိန် - လက္မ ၄၀ အောက်
မြေသားနုကြမ်း - သဲသမ
မြေချဉ်ငံကိန်း - 7.0-8.5 pH
မြေဆွေးပါဝင်မှု - အလွန်ညံ့

ပဲ ပြောင်း နှမ်း ဝါ မြေပဲ စသည့်ယာသီးနှံ
များနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုး
ကြသည်.. N အသင့်အတင့်နှင့်
P အသင့့်မှများများဖြည့်ဆည်းရန်လိုသည်
မြေတိုက်စားခြင်းမှကာကွယ်ရမည်..

(၆) စနယ်မြေ
( Compact )
------------------------
မြေနီသဲဝန်းကဲ့သို့ အပူပိုင်းဇုံဒေသများတွင်
တွေ့ရှိရပြီး ပေါက်ရောက်ပင်အများစုမှာ
ဆူးခြုံပင်များဖြစ်သည်..ရေ လေ တိုက်စား
မှုများပြီး အဟာရဓါတ်များအထူးဖြည့်တင်း
ပေးရန်လိုအပ်သည်..

မိုးရေချိန် - ၄၀-၆၀ လက္မ
မြေသားနုကြမ်း - မြေစေးသမ
မြေချဉ်ငံကိန်း - 7.5-8.0 pH
မြေဆွေးပါဝင်မှု - အလွန်ညံ့

လယ်ယာဥယျာဉ်သီးနှံများဖြစ်သည့်
စပါး ပဲ ပြောင်း ဝါ ကြံ ငရုတ် ဟင်းသီး
ဟင်းရွက်များစိုက်ပျိုးကြသည်..
N အသင့်မှများများ
P အသင့်အတင့်
K နည်းနည်း ဖြည့်ဆည်းပေးရန်လို..
ရေသွင်းစိုက်ပျိုးရန်နှင့်ရေနှုတ်မြောင်း
ဆောင်ရွက်ပြုပြင်ရန်လိုသည်..

(၇) မြေနီ
( Red Earth )
------------------------
ရှမ်းကုန်းပြင်မြင့်တွင်တွေ့ရှိရပြီး ပင်လယ်
ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ နှင့်
အထက်တွင်တွေ့ရသည်..မြေသားအတိမ်
အနက် အလွန်ထူပြီး မြေသားအရောင်
တဆက်တစပ်တည်းတွေ့ရသည်..

မိုးရေချိန် - ၆၀-၈၀ လက္မ
မြေသားနုကြမ်း - မြေစေးသမ
မြေချဉ်ငံကိန်း - 5.0-6.5 pH
မြေဆွေးပါဝင်မှု - အတော်အတန်များ

ပဲမျိုးစုံ မြေပဲ အာလူး ပြောင်းသီးနှံများ
စိုက်ပျိုးကြသည်.. N နှင့် P များများ
လိုအပ်သည်..တောင်ယာစနစ်အစား
လှေခါးထစ်စိုက်ပျိုးရေးတိုးချဲ့သင့်သည်..

(၈) မြေဝါ
( Yellow Earth )
-------------------------
ရှမ်းကုန်းပြင်မြင့်၏ အနိမ့်ပိုင်းဆင်ခြေလျော
တွင်တွေ့ရပြီး ဂဝံမြေနှင့်မြေနီကြားတွင်
နယ်နိမိတ်သဖွယ်ဖြစ်ပေါ်တည်ရှိသည်
ကိုတွေ့မြင်ရသည်..

ပါဝင်သောအချက်အလက်များအားလုံး
မြေနီနှင့်ဆင်တူသည်..

(၉) လယ်မြေ
( Meadow )
-------------------------
မြန်မာနိုင်ငံ၏တောင်ဖက်ပိုင်း ဧရာဝတီ
ပဲခူး ရန်ကုန် တနင်္သာရီဒေသများတွင်၄င်း
ကမ်းရိုးတန်းဒေသများ(ရခိုင် တနင်္သာရီ မွန်)တို့တွင်၄င်း အပူပိုင်းဇုံမြေပြန့်ဒေသများ
တွင်၄င်း ရှမ်းပြည်နယ်နေရာအနှံ့အပြား
တွင်၄င်းတွေ့ရသည်..

မိုးရေချိန် - ၂၀၀ လက္မအထက်
မြေသားနုကြမ်း - မြေစေး(အလွန်စေး)
မြေချဉ်ငံကိန်း - 4.5-6.0 pH
မြေဆွေးပါဝင်မှု - နည်း

စပါးနှင့်သီးထပ်ပဲမျိုးစုံနှမ်းစိုက်ကြသည်..
အမိုးနီးယမ်းမြေသြဇာမကျွေးသင့်ပါ..
P ဖြည့်ဆည်းသော်လည်းချို့တဲ့တတ်..
pH5.5အောက်တွင် Al နှင့် Fe တို့က
P ကိုထိန်းချုပ်သဖြင့် ထုံးချပေးရန်
လိုအပ်သည်..

Credit

Photos from The History Of Myanmar Library's post 09/08/2025

မုလအိစေတီသမိုင်း

မဟာသက္ကရာဇ် (၁၁၁)ခု ဘီစီ (၅၇၈) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသ၌ မင်းလုပ်အုပ်ချုပ် စိုးစံတော်မူသော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော် မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ်၊ ဇရပ်၊ မဏ္ဍပ် တို့ကို တည်ဆောက်၍ ချီလက်နှစ်ဖြာ ကြည်သဒ္ဓါဖြင့် ပူဇော်ကြလေသည်။ ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း ဒေသနေရေအေး တရားဆေးတို့ကို တိုက်ကျွေးပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာ သော ဓါတ်တော် မွေတော် ဆံတော် တို့ကို ပေးသနားတော် မူပါရန် လျှောက်ထားသောအခါ ဦးခေါင်းထက်ဝယ် လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌နေထိုင်သော တိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့ နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒ ရသေ့ နှင့် ကပ္ပ ရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တဆူစီကို ဖူးမြော်ကိုးကွယ်ခွင့် ရရှိကြလေသည်။ မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပ ရသေ့သည် မိမိတရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာ ဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်း နှင့် တိုင်ပင်လေသည် ကျိတ် မြို့ ကိုအစိုးရသော ကလာပု မင်းသည်တန်ခိုးသြဇာကြီးမားပြီး ကုသိုလ်ကောင်းမှု အရာ၌စိတ်အားထက်သန်သူဖြစ်လေရာ ကပ္ပရသေ့ တိုင်ပင်ချက်ကို ရွှင်လန်းဝမ်းမြောက်စွာ
သဘောတူညီလေသည်။ ကိတ်တောင် အစ ရှိသော ဟောင်သရောချောင်းဖျားတလျှောက် လဝ လူမျိုး ရှိရှိသမျှ အပေါ် တန်ခိုး အာဏာဣဒ္ဓိ ရှိသည့် မင်း ဖြစ်သည့်အတိုင်း သဘောတူညီပြီး အာမခံပြီးသော် မဟာသက္ကရာဇ် (၁၁၄) ဘီစီ(၅၇၈) မြူနှင်းဝေကျသော မန္တဥတုနတ်တော်လ တွင် အလှူအတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပ ရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင်ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည် ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာလေ၏။ ပြီးလျှင် ကပ္ပရသေ့ ရုပ်ထု ကုလာပုမင်း ရုပ်ထုတို့ကို ရွှေပန်း ငွေပန်း ဖြင့် ပူဇော်ပြီး ကျောက် သံ ပတ္တမြား မြောက်များစွာကို ဌာပနာကြလေသည်။ ထိုသို့ ဌာပနာ ပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့်အနောက်အရပ်၌ အတောင်လေးဆယ်၊ တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင် ဉာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီတဆူကို တည်ထားကိုးကွယ်လေ၏။ ဘုရားစေတီဘွဲ့တော် နာမည်ကား ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။မြန်မာဘာသာ ခေါ်ဝေါ် အားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ ခေါ်ရိုးပြုကြလေသည်။ မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှ တောင်ထိပ်အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀
ကျော်ပြီး တောင်မြောက် ၃၈ ပေသာကျယ်ဝန်း လေသည်။ မူလက မုလအိစေတီမှာ တဆူသာရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ် တဆူ ထပ်မံတည်ဆောက်၍ မူလအိ စေတီညီနောင် ဟူ၍ အမည်သညာတွင်လေသည်။ မုလအိစေတီ တည်ရှိရာတောင်ထိပ် ပေါ်သို့တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသော ချောက်ကမ်းပါး တောင်စွယ်တနေရာကို ဖြတ်ကျော်ရလေသည်။ ထိုနေရာသည် တောင်အောက်မှလေများပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီး တို့မှာ စေတီရှိရာ တောင်ထိပ်ပေါ်သို့ မတက်ရောက်နိုင်ပဲ အမျိုးသားတို့သာတက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်
ကိုယ်စား စေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ် သည်ဟုဆိုကြလေသည်။ တောင်ထွတ်မြင့်မားခြင်း ဖြစ်၍ ဆီး နှင်း မြူ တိမ် တို့ အမြဲကျဆင်းနေလေရာ ပူလောင် အိုက်စပ် တပေါင်းလတွင်ပင် ထိုတောင်ထိပ်၌ ခိုက်ခိုက်တုန်အောင်ချမ်းလေသည်။ အမိုးကာမရှိ၍ သစ်ပင်၊ ဝါးပင်ရိပ် တို့၌
အိပ်သူများအဖို့ မီးပုံများပင်ဖို၍ အိပ်ရလေသည်။ မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် တောင် ချောက် ကမ်းပါးယံ၌ အလွန်မတ်ဆောက်၍ အဆင်းခက်လှသော နေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီးရှိလေသည်။ ယခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန်၍ မဆင်းဝံ့ သေးချေ။ တောင် ချောက်ကမ်းပါးတို့ ဆင်းသောနေရာ၌လည်း သတိလက်လွတ်ခြေချော်သွားပါက အသဲယားဖွယ်ကောင်းသော ချောက်ကမ်းပါးကြီးက ဆီးကြိုနေလေသည်။ မိန်းမ စေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူတည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံးခဲ့ရာဂူထဲ၌ သေတ္တာနှင့်သင်္ကန်း အပိုင်းစများကိုတွေ့ရှိရသေးသည်။ ယခုတော့ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင် အလွန်ထူးဆန်းသော နတ်ဘီလူးတောင်တည်ရှိပြီး အရှေ့စူးစူး အရပ်တွင် မြန်မာလေးတိုင် အထွာ ၈မိုင် အကွာ၌ မုလအ တောင်တော် တည်ရှိလေသည်။

မုလအိတောင် ဆံတော်ရှင်စေတီတော်တည်ရှိရာသို့ ကော့ကရိတ်မြို့မှသွားလျှင်လည်းရပြီး မြဝတီ ဖလူးဘက်ကသွားလျင်လမ်းပိုသာသည်။ ဟောင်သရောမြစ်ကိုဆန်တက်၍ မြေသားကားလမ်းအတိုင်း နေ့တစ်ဝက်ခရီးသွားရသည်။ မိုးတွင်းကလွဲ၍ ကျန်သည့်ပွင့်လင်းရာသီမှသွား၍အဆင်ပြေသည်။

လက်ရှိတွင်မြိုင်ကြီးငူဆရာတော်မှ ကြီးမှူး၍ တောင်တက်လမ်း နှင့်ဘုရားစေတီများကိုပြုပြင် မွမ်းမံလျက်ရှိပါသည်။ တောင်ပေါ်အထိ 4 WD ပါသောကားများတက်နိုင်အောင်လမ်းပြင်ထားပြီး ကားမကောင်းပါက တောင်ပေါ်တက်လို့မရပါ။ တောတောင်ထူထပ်ပြီး သားကောင်များပေါများ၍ အစောင့်အရှောက်များကြီးစိုးသောဒေသဖြစ်
သည့်အတွက် အပြောအဆို အနေအထိုင် အမူအရာကအစ အစစအရာရာဆင်ခြင်ရသည်။ တောင်ပေါ်တွင်ပို၍ဆင်ခြင်ရသည်။ မုလအိတောင်၏အမြင့်သည် ကျိုက်ထီးရိုးတောင်ထက်မြင့်မားသည်။ ဆံတော်ရှင်မုလအိစေတီတော်မြတ်ကြီးသည် ကရင်ပြည်နယ် ဒေါနတောင်တန်း မုလအိတောင် Mulayit Mountain (Muleh yit Taung) ပင်လယ်ရေမျက်နာပြင်အထက် ပေ ၆၅၇၈ (မီတာ ၂၀၀၅) တွင်တည်ထားကိုးကွယ်ထားပါသည်။

မွန်/ကရင်လူမျိုးအများစု သွားရောက်ဖူးမြှော်ကြသည်။နောက်ထပ်နာမည်ကြီးတောင်ပေါ်စေတီတစ်ဆူ
ရှိသေးသည်။ ၎င်းမှာ မုလအစေတီ တော်ဖြစ်သည်။ လမ်းပန်းဆက်သွားရေးခက်ခဲ၍ သွားရောက်ဖူးမြှော်ရန် အဆင်မပြေသေးပေ။

မုလအိစေတီတော်၏ ထူးခြားဆန်းကြယ်မှုများ

(၁) တောင်ထိပ်စေတီသည် ဗုဒ္ဓမြတ်စွာဘုရား
၏ ဆံတော်ဌာပနာပူဇော်ထားရှိခြင်း။

(၂) တောင်ပေါ်တက်လျင် သတ်သတ်လွတ်စားရပြီး အရက်သေစာသောက်စားခြင်း ယူဆောင်ခြင်းမပြုရ ချိုးဖောက်လျှင် တစ်ခုခုဖြစ်တတ်သည်။

(၃) တောင်ပေါ်တွင် အမျိုူသားဘုရား နှင့်
အမျိုးသမီးဘုရားရှိပြီး သပ်သပ်ဖူးမျှော်ရသည်။
အမျိုးသားနှင့် အမျိုးသမီး ပေါင်းပြီး ဖူးမျှော်လျင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း။
လျှပ်စီးလက်ပြီး မိုးရွာချခြင်း။

(၄) အပြောအဆို အမူအရာတစ်ခုခုမှားခြင်း၊
အရက်သေစာသောက်စားခြင်းပြုလုပ်ပါက
တောကောင်ကြီးများမထင်မှတ်ဘဲ ပေါ်လာပြီး
လူကိုအန္တရာယ်ပြုတတ်ခြင်း။

(၅) တောင်ပေါ်သို့သွယ်တန်းထားသောရေပိုက်
အား အမျိုးသမီးကိုင်တွယ်ခဲ့ပါက တောင်ပေါ်ရေ
မတက်ခြင်း။ ပြန်လည်တောင်းပန်မှ ၃၊၄ရက်ကြာမှ
ရေပြန်တက်ခြင်း။

(၆) တောင်အောက်ရေထွက်နေရာသို့အမျိုးသမီး
သွားလာ၍မရခြင်း။ တကယ်လို့သွားရောက်ခဲ့ပါ
ကရေထွက်ရှိမှုခမ်းခြောက်၍ ပြန်တောင်းပန်မှရေ
ပြန်ထွက်ခြင်း။

(၇) တောင်ထိပ်တွင်သီတင်းသုံးရန် သမာဓိအား
မကောင်းသော ရဟန်းများမမြဲခြင်း။

(၈) အရေးကြီး ပုဂ္ဂိုုလ်များလာရောက်ဖူးမြှော်လျှင် ကိုယ်ကျင့်တရားကောင်းမွန်ခြင်းမရှိပါက တောင်ထိပ်မရောက်ခင် လျှပ်စီးလက်၍ အချိန်
အခါမဟုတ်မိုးရွာချခြင်း တို့ဖြစ်တတ်သည်။

,

#မုလအိ

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Sule
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00