Learning & Sharing with CMH
Author, Blogger, Trainer
ကိုယ့်စာအုပ် ကိုယ်ဖတ်ပြီး
ပြန်ကြိုက်နေပါပြီ 😁
📘KPI Setup Book (မြန်မာလို)
https://www.facebook.com/share/p/1BzukJjDaV/?mibextid=wwXIfr
"သားရေ ရွာမှာဒီနှစ်ဆရာတော့်မွေးနေ့ကိုခါတိုင်းနှစ်ထက်ကြီးကြီးကျယ်ကျယ်လုပ်မယ်
တအိမ်၅သိန်းထည့်ရမယ် နာမည်ကြီးတီးဝိုင်းနဲ့အဆိုတော်လည်းငှားထားတယ် တရွာလုံးကတော့ပျော်နေကြတာပဲ အမေတို့သားတို့တော့ကုသိုလ်အများကြီးရဦးမယ်"
ဖုန်းထဲကအမေ့အသံကတက်ကြွနေသည်
"ဟုတ်အမေ ဒီအခေါက်က ခုနှစ်သိန်းပဲပို့နိုင်ဦးမယ် သားတို့စက်ရုံမှာက ခုနောက်ပိုင်းအိုတီသိပ်မရဘူး အလုပ်လာရှာတဲ့လူတွေအရမ်းများလာတော့ ထိုင်းသူဌေးကဒါကိုအထာနပ်ပြီး အရင်လိုရက်မှန်ကြေးတောင်မပေးတော့ဘူး
စည်းကမ်းတွေလည်း တအားတင်းကြပ်လာတယ် နည်းနည်းအမှားလုပ်မိရင်တောင် အရင်လိုသည်းမခံတော့ဘူး
မကျေနပ်ရင် ထွက် နင်တယောက်ထွက်ရင် နင့်နေရာဝင်လုပ်မယ့်မြန်မာက ၁၀ယောက်ရှိတယ်"
အဲလိုသဘောမျိုးတောင် ပြောပစ်တယ်
ပြီးတော့ ဘတ်သက်တမ်းလည်းတိုးရဦးမယ်အမေ "
သူကဒီလိုပြန်ပြောတော့ အမေ့အသံက
အနည်းငယ်အားလျော့သွားသည်
"ရပါတယ်သားရယ်
သားပို့တဲ့ခုနှစ်သိန်းထဲက နှစ်သိန်းကိုအမေနဲ့သားညီမလေးတို့ ချွေတာသုံးလိုက်မယ်
မလောက်လည်း အိမ်နီးနားချင်းနည်းနည်းပါးပါးကြည့်ကြက်ပြီးချေးငှားရတာပေါ့
၅သိန်းကတော့ လူတိုင်းထည့်နေတဲ့ကိစ္စ အမေတို့ကျန်ခဲ့လို့ဘယ်ရပါ့မလဲ မျက်နှာပူစရာကြီး
ကုသိုလ်ရေးပဲလေသားရယ်
ဆရာတော်ဘုရားဟောတဲ့ဒါနအကျိုးကို သားလည်းနာဖူးသားပဲမဟုတ်လား"
"မဟုတ်ဘူးလေအမေ
ညီမလေးက အရင်လကတည်းက သူ့ကျောင်းလွယ်အိတ်ကလေး အပြဲကိုဖာချုပ်ပြီးကျောင်းတက်နေရလို့ အသစ်တလုံးဝယ်ပေးဖို့ပူဆာထားတယ်မဟုတ်လား ပြီးတော့ သူ့ကျူရှင်စရိတ်လည်းရှိသေးတယ် မုန့်ဖိုးမပါဘဲ ကျောင်းတက်ခဲ့ရတဲ့နေ့တွေလည်းမနည်းဘူးတဲ့ သူကျွန်တော့ကိုဖုန်းခိုးဆက်ပြီးပြောရှာတယ် ညီမလေးသနားပါတယ် အမေနဲ့ညီမအတွက် ၅သိန်းယူပြီး ဆရာတော့်မွေးနေ့၂သိန်းထည့်လို့မရဘူးလား?"
အဲဒါပြောတာပေါ့သားရဲ့ မရှိလို့မလှူ မလှူလို့မရှိ
အမေတို့အရင်ဘဝ ဒါနနည်းခဲ့လို့ ခုဘဝ သားအမိတွေတကွဲတပြားစီနဲ့ ရုန်းကန်နေကြရတာမဟုတ်လား?
ဒီတခါတော့ အမေတို့မညံ့တော့ဘူးသား
အညံ့မခံနိုင်တော့ဘူး
နောင်သံသရာအတွက်ဒါနမျိုးစေ့ကိုခုကတည်းက ကြဲပက်လိုက်တော့မယ်
ရွာကပ္ပိယကြီးပြောသလိုပေါ့
အမေတို့က ခုဘဝမှာပဲ ဆင်းရဲမှာ
နောင်ဘဝဆို..."
"တော်ပါပြီအမေရယ်
တော်ပါတော့ အဲဒီဘုန်းကြီးတွေနဲ့ပတ်သက်လာရင် အမေ့ကိုကျနော်ဘယ်တုန်းကများပြောနိုင်ဖူးလို့လဲ ဘုန်းကြီးကျောင်းဆွမ်းချိုင့်ဆို ဝက်သားဆီပြန်ဟင်းမှ
ညီမလေးကျောင်းသွားတဲ့ချိုင့်ဆို ကြက်ဥကြော်တောင်အနိုင်နိုင်
ဘာတတ်နိုင်မလဲ ဘာသာရေးကိုင်းရှိုင်းလွန်းတဲ့အမေတို့ဆီမှာ လူလာဖြစ်ရတဲ့ ကျနော်တို့မောင်နှမရဲ့ ဝဋ်ပဲပေါ့မဟုတ်လား"
စိတ်ပေါက်ပေါက်ဖြင့် ဖုန်းကိုသူချလိုက်သည်
သက်ပြင်းမောကိုချလိုက်သည်
ညီမလေးကိုတော့ သူ့စိတ်ထဲကသနားနေမိသည်
အေးစက်နေပြီဖြစ်သော မာမားပြုတ်ကို အရသာမဲ့စွာ သူမော့သောက်လိုက်သည်
ထို့နောက် လက်အိတ်စွပ် လည်ရှည်ဖိနပ်စီးကာ အလွန်တရာ အန္တရာယ်များပြီး အဖိုးအခနည်းပါးလှသော လုပ်ငန်းခွင်သို့ ခေါင်းငိုက်စိုက်ဖြင့် သူထွက်ခွာသွားလေသည်
နောက်အပတ်တွင် နိုင်ငံကျော်အဆိုတော်များဖြင့် အလွန်တရာစည်ကားလှသော ရွာဆရာတော်၏မွေးနေ့ပွဲဆိုသည်ကို ညစတိတ်စင်ဆလိုက်မီးတထိန်ထိန်ဖြင့် တခမ်းတနားကျင်းပနေသည်ကို ဖေ့စ်ဘွတ်လိုက်မှတဆင့် သူမြင်တွေ့ရလေသည်
ထိုအချိန်တွင် သူ၏ညီမလေးမှာမူ မီးမလာသဖြင့် ဖယောင်းတိုင်မှိတ်တုတ်ဖြင့် ခနော်နီခနော်နဲ့အိမ်အိုလေးထဲတွေ ညှိုးငယ်စွာ
စာကျက်နေရလေသည်။
Credited
မင်္ဂလာပါ ..
ဒီနေ့တော့ မျှဝေချင်တာလေးကတော့ HR Manager တစ်ယောက်မှာရှိရမယ့် Essentials Skills တွေကတော့ ဘာတွေလဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်..
HR Manager တစ်ယောက်ဖြစ်လာပြီးဆိုရင် မဖြစ်မနေ ရှိကိုရှိရမယ့် Essentials Skills တွေ သီးသန့်ရှိပါတယ်..အထူးသဖြင့် ကျွန်တော်တို့တွေက လုပ်ငန်းခွင်ထဲမှာဆိုရင် Operations ပိုင်းတွေမှာ အဓိကလုပ်နေရတဲ့ HR တွေများကြတယ်..
ကျွန်တော်တို့ Operations ပိုင်းမှာလည်း ကျွမ်းရတယ်၊ ကျွန်တော်တို့ရဲ့ HR Practices တွေကို ကိုယ်က Professional လို့ခံယူထားရင် မဖြစ်မနေ ဒီလုပ်ငန်းမှာ ဖော်ဆောင်ပေးရမယ့် Standard ပေတံတွေရှိပါတယ်..
အဲဒါတွေကတော့ Video မှာလေ့လာပါ
HR Manager အတန်း👇
https://www.facebook.com/share/p/19rzXo2UEm/?mibextid=WaXdOe
24/10/2024
ခိုးတာ ရှက်စရာကောင်းလိုက်တာတဲ့။
များများခိုးလို့ ချမ်းသာသွားရင်တော့ လူချစ်လူခင်ပေါသွားပြန်ရော။
မျက်နှာပြောင်တိုက်တာ ရှက်စရာကောင်းလိုက်တာတဲ့။
သူများလင်ခိုးပြီး ပြည့်ပြည့်စုံစုံဖြစ်သွားတာမြင်တော့ အားကျလိုက်တာတဲ့။
အရက် ဘီယာသောက်တာ မကောင်းဘူးတဲ့။
အရက် ဘီယာဆိုင်ဖွင့်ပြီး ချမ်းသာသွားတော့
ခေါ်ချင် ပြောချင်လိုက်ကြတာ သူတို့အပြင် မရှိကြဘူး။
ဆရာဦးအောင်သင်းပြောသလိုပါဘဲ
လောကကြီးထဲမှာ လူရယ်လို့ ဖြစ်လာရင် ဘယ်တော့မှ မပျော့ညံ့မိပါစေနဲ့။
ပျော့ညံ့တဲ့ကောင် ခံရမှာဘဲ။
သံတစ်ချောင်းကိုယူ သစ်သားထဲရိုက်ထည့်လိုက်
သစ်သားကပျော့တော့ သံရိုက်သမျှ ခံရတာမျိုးပါ။
အဲ့ဒီသံတစ်ချောင်းကိုဘဲယူ ကျောက်တုံးထဲရိုက်ထည့်လိုက်၊အခန့်မသင့်ရင် သံက ပြန်စင်ထွက်လာလိမ့်မည်။
ဒါက ရိုးရိုးလေးတွေးပြီး ပြောပြတာ။
လူတွေက နိုင်လို့ရတဲ့လူဆို ပိုနိုင်ချင်ကြတယ်။
နိုင်လို့မရဘူးထင်ရင် နားလည်မူယူကြတယ်
နောက်ဆုံး အလျော့ပေးသွားတတ်ကြတာမျိုးပါ။
ပိုက်ဆံက
လူလောက်တန်ဖိုးမရှိဘူးဆိုပေမယ့်
နေရာတော်တော်များများအတွက်တော့ ပိုက်ဆံက
လိုအပ်တယ်။
နင်မှာ ငွေမရှိလဲ ငါတို့ကခင်ပါတယ်
အကြောင်းကိစ္စရှိလဲပြောပါဆိုတဲ့လူတွေက
တချို့တလေဘဲ အကောင်းဖက်က တွေးပေးတတ်တယ်
အများစုကတော့ နှုတ်ချိုချိုလေးနဲ့ခိုင်းကြမယ်
နှိမ်ကြမယ် လူတွေရှေ့ရောက်ရင် မတူမတန်သလို
ဆက်ဆံကြလိမ့်မည်။
အများကြီးမစဥ်းစားနဲ့
ပိုက်ဆံချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူကိုယ်နဲ့အရမ်း
ရင်းနှီးပါသည်ဆိုသော် အလှူအိမ်တစ်ခုကို သွားကြည့်လိုက်ပါ။
လူတွေကသာ ဘာမှ မဟုတ်တာမလုပ်ဘူးပြောနေကြပေမယ့် အဲ့ဒီဘာမှ မဟုတ်တာမလုပ်တဲ့သူတွေကဘဲ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို လုပ်နေကြတာပါဘဲ။
မိုးခါးရေကို မသောက်တဲ့သူတွေရှိတော့ရှိနေကြပါသေးတယ်။သို့သော် အလွန်ရှားပါးလွန်းနေပါပြီး။
ဒီခေတ်ကြီးထဲမှာ ကိုယ့်အတွက်မပါရင်ကိုယ်ကျိုးမှ မရှိရင် ဘာမှ မလုပ်ပေးကြတဲ့သူတွေအများကြီးပါ။
အလေ့အကျင့်ကနေ အလေ့အထဖြစ်လာတယ်
အလေ့အထတွေက စွဲလာတော့ ဗီဇ စရိုက်ဖြစ်လာပြီး ပြုပြင်ပြောင်းလဲလို့မရတော့ဘူး။
အဲ့ဒီဗီဇစရိုက်တွေက လက်ဆင့်ကမ်းခံကြရသော်အခါ
ခိုးတတ်မှ ချမ်းသာမယ်
လိမ်တတ်မှ ချမ်းသာမယ်
ညာတတ်မှ ချမ်းသာမယ်
မကောင်းတဲ့စရိုက် သံမှိုစွဲလို့ အလွဲ ကြီးတွေ
လွဲသွားကြပြီးပေါ့။
ဒါဆိုရင်
ကျနော်တို့အားလုံးရဲ့ အနာဂါတ်က ဘာလဲ
ဘာတွေလဲလို့ တွေးကြည့်ရင်းနဲ့ ရင်မောမိနေတာတော့ အမှန်ပါဘဲ...ဗျာ။
Credited : ဦးချမ်း
20/10/2024
အိုင်စတိုင်းကို ဟောပြောပွဲတစ်ခုမှာ သတင်းထောက်တစ်ယောက် က အော်ပြီး တစ်မိုင်မှာ ဘယ်နှပေ ရှိလဲဆိုပြီး မေးဖူးတယ်
အိုင်စတိုင်းပြန်ဖြေတာ က သူမသိဘူးတဲ့
အဲ့အချိန်မှာ သတင်းထောက်အကုန်လုံးက ဝိုင်းရယ်ကြတယ်၊ နာမည်ကျော် အိုင်စတိုင်းကြီးက လူတိုင်းသိတဲ့ အရာလေးတောင်မသိဘူး ဘာညာပေါ့
အဲ့အချိန်မှာ ဆရာကြီး က မျက်နှာတစ်ချက် မပျက်ဘဲ အဲ့ သတင်းထောက်ကို တစ်ခွန်းပြန်ဖြေတယ်
သင်္ချာ စာအုပ်ထဲမှာ တစ်မိနစ်လောက် တွက်ရုံနဲ့ အဖြေထွက်တဲ့ ကိစ္စကို ခေါင်းထဲမှာ မှတ်ထားစရာလားတဲ့
ခုခေတ်ဆိုရင်တော့ စောင်ပိန်းလား ?
Google ခေါက်လေဆိုတဲ့ အထာနဲ့ပေါ့
မော်တော်ကား စထုတ်တဲ့ ဟင်နရီိဖို့လ်လဲ အလားတူမေးခွန်းမျိုးမေးခံရတယ်
သူပြန်ပြောတာက အဲ့ ပြသာနာကို အဖြေထုတ်နိုင်တဲ့ လူတွေ ကြိုက်သလောက် သူငှားပေးလို့ရတယ်တဲ့။
တစ်ခုခုကို ကြောင်းကျိုးဆက်စပ် စဉ်းစားဖို့ အချက်အလက်တွေ သိထားသင့်တယ်ဆိုပေမယ်လည်း ကိုယ်နဲ့မဆိုင်တဲ့အရေးမပါတဲ့ အချက်အလက်တွေ အကြောင်းအရာတွေ ကို ခေါင်းထဲမှာ ထည့်ထားက ကောင်းမွန်တဲ့အရာ မဟုတ်ပါဘူး ။
ဦးနှောက်ဆိုတာ အကြောင်းအရာ တွေကို မှတ်သားဖို့ထက် စဉ်းစားတွေးခေါ် ကိုယ်ပိုင် အကြံညဏ် ထုတ်ပြီး ကိုယ့်အတွက် အကျိုးရှိမယ့် အဖြေရှာဖို့ ပါ။
အဲ့တာကြောင့် အဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေလာမမေးကြပါနဲ့ :3
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Pansodan
Yangon