FIX Training Institute

FIX Training Institute

Share

Computer & Language Training Center

16/12/2023

ဘာသာစကားစတင်လေ့လာနေသူတိုင်း ကြုံရတဲ့အခက်တွေကို ဘယ်လိုကျော်လွှားကြမလဲ?
ဘာသာစကားလေ့လာနေသူတိုင်း ကိုယ်နဲ့မရင်းနှီးတဲ့အက္ခရာအသစ်တွေကြောင့် စကားလုံးအသုံးအနှုန်းတွေ မှတ်မိဖို့ ခက်ခဲတတ်ပါတယ်။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ FIX Training Institute ကနေ နည်းလမ်းကောင်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

✅ စကားလုံးတွေကို စာရွက်ပေါ်မှာ ချပြီးရေးမှတ်တာထက် စကားလုံးဉာဏ်စမ်းတွေ၊ game တွေ ဆော့ကစားပြီး မှတ်တာက မှတ်မိဖို့ပိုလွယ်သလို ပျော်စရာလည်း ကောင်းစေမှာမို့ ကလေး​တွေ​စာလေ့လာချင်စိတ်ကို ပိုဖြစ်စေမှာ အသေအချာပါပဲ။

✅ နိုင်ငံအလိုက် ယဉ်ကျေးမှု၊ အကျင့်ဓလေ့တွေကို သက်ဆိုင်ရာ သီချင်းနဲ့ ရုပ်ရှင်တွေမှတဆင့် လေ့လာသင်ယူတာက ပိုပြီး နားလည်လွယ်စေပါတယ်။

✅ ရုပ်ပြကာတွန်းစာအုပ်တွေ (အဆင့်သတ်မှတ်ချက်အလိုက်) ဖတ်ရှုတာ၊ Youtube channel တွေကတဆင့် Podcasts တွေ နားထောင်ပြီး လေ့လာတာ စတာ‌တွေကလည်း စကားလုံးဝေါဟာရတွေ ပိုတိုးလာစေသလို နားရည်ဝလာစေပါတယ်။

✅ ကလေးတော်တော်များများကြောက်ကြတဲ့ Grammar ကို ပိုင်နိုင်ဖို့အတွက်လည်း သေချာလေ့လာပြီး ကိုယ်တိုင်ဝါကျတွေတည်ဆောက်ပြီး ပြန်လည်အသုံးချသင့်ပါတယ်။

FIX Training Institute မှာ သင်ကြားနေတဲ့ ကလေးတွေကို ဘာသာစကားသင်ယူရာမှာ တိုးတက်စေအောင်
- နှုတ်ဆက်စကားမှအစ လေ့လာနေသော ဘာသာစကားနဲ့ နှုတ်ဆက်ခြင်း
- ဘာသာစကားနဲ့ပတ်သက်တဲ့ ဂိမ်းတွေဆော့ကစားကြခြင်း၊ သီချင်းများကို နားရည်ဝအောင်ဖွင့်ပြပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။

အတန်းချိန် activity တွေဖြစ်တဲ့ grammar များကို ကိုယ်ပိုင်အကြံဉာဏ်နဲ့ ဝါကျဖွဲ့ခိုင်းခြင်း၊ စာလုပ်ဖြစ်အောင် Mini test များ စစ်ပေးခြင်း၊ ကလေးများ အချင်းချင်း ဝေါဟာရစကားလုံးများမေးစေခြင်း တို့ကိုလည်း ပြုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ တတ်မြောက်အောင် သင်ကြားပေးတာဖြစ်လို့ ဘာသာစကားကို အချိန်တိုအတွင်း တိုးတက်စေပါတယ်။

လူကြီးမင်းတို့ကလေးတွေရဲ့ အနာဂတ်လှပစေဖို့ ဘာသာစကားသင်တန်းကိုရှာဖွေနေတယ်ဆိုရင်တော့ ကောင်းမွန်တဲ့သင်ကြားမှုနည်းစနစ်တွေနဲ့ သင်ကြားပေးနေတဲ့ FIX Training Institute ကို ကြွလှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

25/11/2023

FIX Training Institute မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူများ ကောင်းမှုများ လုပ်နိုင်ရန်အလို့ငှာ တနင်္ဂနွေ နှင့် တနင်္လာနေ့ (26, 27) တွင်ရှိတဲ့ အတန်းများလည်း ပိတ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တန်ဆောင်တိုင် ကာလအခါသမယမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများ ပြည့်စုံပါစေကြောင်း FIX Training Institute က ဆုတောင်းအပ်ပါသည်။

#တန်ဆောင်တိုင်ပွဲတော် #ဘုံကထိန်

14/11/2023

ကလေးငယ်တွေဟာ နောင်တချိန်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတွေပဲဖြစ်ပါတယ်။ ကြယ်ပွင့်လေးတို့ရဲ့အနာဂတ်ကလည်း ဖေဖေ၊ မေမေ တို့ရဲ့ ပံ့ပိုးကူညီမှုပေါ်မှာလည်း မှီခိုနေပါတယ်။ ကြယ်ပွင့်လေးတွေကို သေချာမြေတောင်မြှောက်ပေးမယ်ဆိုရင်တော့ သေချာပေါက်ထွန်းတောက်လာမှာပါ။ ကလေးတို့ငယ်ရွယ်စဉ် အခါကာလမှာ သူတို့ စိတ်ပါဝင်စားမှုတွေကို သေချာအလေးပေးပြီး သင်ကြားစေသင့်ပါတယ်။

ဘာသာစကားသစ်များကို စိတ်ပါဝင်စားတဲ့ ကလေးငယ်များအတွက် FIX Training Institute က အကောင်းဆုံး သင်ကြားမှုများနဲ့ သင်ကြားပေးနေပါတယ်။ FIX Training Institute မှာ ဆယ်ကျော်သက်ကလေးတွေကိုအဓိကထားပြီး တရုတ်စာ၊ ဂျပန်စာ နှင့် ကိုရီးယားစာတို့ကို အခြေခံကအစ တတ်မြောက်စေတဲ့အထိ သင်ယူနိုင်ပါတယ်။

FIX Training Institute မှာ တက်ရောက်နိုင်မဲ့အတန်းတွေကတော့-

Chinese Class for teenagers
Teenagers တွေအတွက် ရည်ရွယ်ထားတဲ့ ဒီသင်တန်းမှာ အခြေခံအဆင့် basic level မှစလို့ HSK 1 to 6 အထိ အတန်းများရှိပါတယ်။

Japanese Class
Teenager Class နဲ့ Adult Class နှစ်မျိုးရှိပါတယ်။
အခြေခံမှစလို့ N5, N4, N3, N2 အဆင့်ထိ သင်ယူနိုင်ပါတယ်။

Korean Class
Korean Class မှာလည်း Teenage Class အပြင် Adult Class လည်း ရှိပါတယ်။
Basic က စလို့ Yonsei 1,2,3,4,5 အထိအတန်းများ သင်ယူနိုင်ပါတယ်။

သင်တန်းအသေးစိတ်ကို Messenger မှာ စုံစမ်းနိုင်သလို ဖုန်းနံပါတ်
09- 952018844, 09- 952038844, 09-952058844
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Photos from FIX Training Institute's post 08/11/2023

ထိရောက်မှုအရှိဆုံး ဘာသာစကားသင်ကြားမှုကို အခုပဲ FIX မှာ ရယူလိုက်ပါ ❗

ဘာသာစကားအသစ်ကို စတင်သင်ကြားတော့မယ်ဆိုပါက သက်ဆိုင်ရာဘာသာစကားကို အရေတကြီး လိုအပ်ချိန်မှ စပြီးလေ့လာခြင်းထက် ငယ်ရွယ်စဥ်ကတည်းက အခြေခံပိုင်နိုင်အောင်လုပ်ထားတာ ပိုကောင်းပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာဘာသာစကားအလိုက် စကားလုံးသတ်ပုံအသစ်၊ စကားပြောအသစ်တွေနဲ့ စတင်ထိတွေ့တဲ့အခါ အချိန်အရမ်းပေးရတာမို့ စောစောသင်ထားလေ ပိုကောင်းလေပါပဲ။

"FIX Training Institute" မှာ သင်ကြားပေးမဲ့ ဆရာ၊ ဆရာမများဟာလည်း ဘာသာစကားအလိုက် သင်ရိုးတွေကို ပိုင်ဆိုင်နိုင်စွာနာလည်ပြီး အခြေခံမှစ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုစတင်သင်ကြားပေးရမလဲဆိုတဲ့ Teaching Method ကို သေချာသိမြင်ပြီးသား ဆရာ၊ ဆရာမတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာနဲ့ သင်တန်းအပ်နှံနိုင်ပါတယ်။

📖 FIX Training Institute မှာ တက်ရောက်နိုင်တဲ့ ဘာသာစကားသင်တန်းတွေကတော့
-Korean Class
-Japanese Class
-Chinese Class

FIX Training Institute ဘယ်သူတွေတက်ရောက်သင့်လဲ?

-သက်ဆိုင်ရာ ဘာသာစကားအလိုက် အရေး၊ အဖတ်၊ အပြော တွေကို အချိန်တိုအတွင်း အမြန်တတ်လိုသူတွေ
-အခြေခံမှစ တတ်ကျွမ်းသည့်အဆင့်အထိ သင်ကြားလိုသူ
-Native တစ်ယောက်လို သွက်သွက်လက်လက် ‌ပြောတတ်၊ ရေးတတ်ချင်သူတွေ တက်ရောက်သင့်ပါတယ်။

💻Learning Platform အနေနဲ့ Zoom ကို အသုံးပြုသင်ကြားပေးသွားမှာဖြစ်ပြီး Assignment တွေကိုတော့ Telegram Channel ကို အသုံးပြုပြီး သေချာစစ်ဆေးသွားမှာဖြစ်ပါတယ်။

အတန်းတိုင်းမှာ လူဦးရေအကန့်အသတ်လေးရှိတာမို့ နောက်မကျခင် အမြန်ဆုံးစာရင်းပေးသွင်း အပ်နှံဖို့မမေ့ပါနဲ့နော်။ သင်တန်းအသေးစိတ်ကို FIX Training Institute Messenger မှာ စုံစမ်းနိုင်ပါပြီရှင်။ ရုံးချိန် ၉နာရီမှ ၅ နာရီခွဲအတွင်း ပြန်လည်ဖြေကြားပေးသွားပါမယ်ရှင့်။
Ph no
09- 952018844
09- 952038844
09-952058844
တို့မှ တဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11181