M.S.T College
Your Success, Our Destination. Founded since 2005 as a training center and one of the fore first M.S.T developed ICT professional training center in Myanmar.
26/04/2026
Practical Learning to Professional Results!
🧑🎓NCC Level 5 ဆိုတာ Project တွေကို ကိုယ်တိုင်အစအဆုံး ကိုင်တွယ်နိုင်စေဖို့ စာတွေ့ရော၊ လက်တွေ့ပါ အထူးလေ့ကျင့်သင်ကြားရတဲ့ အလွန်အရေးကြီးတဲ့ စာသင်နှစ်လို့ ဆိုနိုင်ပါတယ်။
👉ဒါကြောင့်လည်း ကျောင်းသား/ကျောင်းသူများရဲ့ လက်တွေ့တတ်ကျွမ်းမှုအတွက် အထူးအရေးပါတဲ့ Hands on Lab သင်ခန်းစာများကို M.S.T College ရဲ့ Vice Principal တစ်ဦးဖြစ်သူ ဆရာကြီးဦးမြတ်မင်းဦးကိုယ်တိုင် ပါဝင်သင်ကြားပြသပေးနေပါတယ်။
🧑💻Networking ပိုင်းနဲ့ပတ်သက်ပြီး IT ကျောင်းသား/ကျောင်းသူတိုင်း နားလည်တတ်ကျွမ်းထားသင့်တဲ့
- Network Configuration
- DNS Configuration
- DHCP Configuration
- IP Address Configuration အစရှိတဲ့ Hands on Lab သင်ခန်းစာများကို စိတ်ဝင်တစား လေ့လာသင်ယူနေကြတဲ့ ကျောင်းသား/ကျောင်းသူများရဲ့ ပုံရိပ်လေးများကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
22/04/2026
🎓 UK ထိပ်တန်းတက္ကသိုလ်မှ IT Bachelor ဘွဲ့ကို အရယူနိုင်ဖို့ နောက်ဆုံးအခွင့်အရေးကြီး...။
🇬🇧 UK Public University များထဲမှာ ထိပ်တန်း ၇% စာရင်းဝင်ဖြစ်တဲ့ University of Lancashire ရဲ့
🎓B.Sc(Hons) Cyber Security and Networking
🎓B.Sc(Hons) Business Computing and Information Systems နောက်ဆုံးနှစ် (Top-up) တန်းခွဲသစ်များကို M.S.T College တွင် မေလအတွင်း တက်ရောက်သင်ယူနိုင်ပါပြီ
🧑🎓UK Professor များရဲ့ Online တိုက်ရိုက်သင်ကြားမှုများအပြင် M.S.T College မှ Ph.D/Master ဘွဲ့ရ ဆရာကြီး၊ ဆရာမကြီးများရဲ့ မွမ်းမံသင်ကြားမှုများပါဝင်မှာဖြစ်ပြီး
- NCC Level 5 (သို့မဟုတ်)
- OTHM Level 5 (သို့မဟုတ်)
- HND Advanced Diploma တစ်ခုခု အောင်မြင်ထားရုံဖြင့် စတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။
🎓မြန်မာပြည်တွင်းမှာပဲ UK ထိပ်တန်းတက္ကသိုလ်ဘွဲ့ကို ကုန်ကျစရိတ်အထူးသက်သာစွာ အရယူနိုင်မယ့် အခွင့်အရေးကောင်းကို လက်မလွှတ်ရစေဖို့ဆိုရင်တော့ ရန်ကုန်၊ မန္တလေးမြို့တွေမှာရှိတဲ့ M.S.T College Campus အသီးသီးမှာ အမြန်ဆုံးဆွေးနွေးတိုင်ပင်နိုင်ပါပြီ
📢 IT စိတ်ဝင်စားရင် M.S.T ကို သတိရလိုက်ပါ
🧑🎓တက္ကသိုလ်ဝင်တန်း မအောင်သေးမီကတည်းက ICT Industry ကို လေ့လာချင်သူများအတွက် NCC Level 3 (Foundation Class) မှသည် B.Sc(Hons) ဘွဲ့များအထိ M.S.T College မှာ တက်ရောက်သင်ကြားနိုင်ပါပြီ
- IT ပညာရပ်များကို အထူးစိတ်ပါဝင်စားပြီး တစိုက်မတ်မတ် ကြိုးစားအားထုတ်လိုတဲ့ လူငယ်တွေ
- ကမ္ဘာ့အဆင့်မီ Academic field ကိုရော IT field ကိုပါ တပြိုင်တည်း စဝင်ရောက်လိုတဲ့ လူငယ်တွေအတွက်
🎓ဘဝအာမခံချက်အပြည့်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက်ပါ ပြီးပြည့်စုံစေမယ့် NCC Diploma တန်းခွဲများကို
- စနစ်ဟောင်း (၉)တန်း (စနစ်သစ် G-11) အောင်မြင်ထားသူများ
- IGCSE O Level အောင်မြင်ထားသူများ
- GED အောင်မြင်ထားသူများ စတင်တက်ရောက်နိုင်ပါတယ်။
🎓NCC Level 5 ပြီးဆုံးပါက UK နှင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များမှ တိုက်ရိုက်ချီးမြှင့်မယ့် B.Sc(Hons) ကွန်ပျူတာသိပ္ပံဂုဏ်ထူးတန်းဘွဲ့ (1 Year Top-up Bachelor) ကို ဆက်လက်တက်ရောက်နိုင်မယ့်အပြင် Hands-on Lab Practice, On-job Training,Student Ambassador Program များဖြင့် လုပ်ငန်းခွင်ဝင်ရန် အဆင်သင့်ဖြစ်သည်အထိ လေ့ကျင့်သင်ကြားနိုင်မှာ ဖြစ်ပါတယ်
🎓M.S.T College ဆိုတာ ထိရောက်ကောင်းမွန်တဲ့ သင်ကြားရေးစနစ်နဲ့အတူ NCC Exam တိုင်းမှာ All Disctintion ကျောင်းသား၊ ကျောင်းသူများစွာ မွေးထုတ်ပေးနေပြီး Quiz Tournament, Sports Season အစရှိတဲ့ Student Activity များစွာ ဖန်တီးပေးထားတာကြောင့် အကောင်းဆုံးသော Student Lifestyle ကို ခံစားရစေဖို့ အထူးအာမခံပါတယ်
“အမှန်တကယ် ကြိုးစားချင်စိတ်သာ ရှိပါစေ
ရည်မှန်းချက်လည်း ကြီးပါစေ
ရည်မှန်းချက်တွေ ပြည့်မြောက်စေဖို့
M.S.T က ဖြည့်ဆည်းပါမယ် ”
👉HDD လား...SSD လား...။
🧑💻Computer/ Laptop တွေ ဝယ်ယူတဲ့အခါတိုင်း Storage ပိုင်းနဲ့ပတ်သက်ရင် ဒီနှစ်ခုထဲက တစ်ခုကိုတော့ အမြဲလိုလိုရွေးချယ်ရလေ့ရှိပါတယ် ။
🧑🎓ဒါပေမယ့် HDD ဆိုတာဘာလဲ...SSD ဆိုတာဘာလဲ သေသေချာချာမသိထားတဲ့အခါ ကိုယ်အသုံးပြုမယ့် Computer/ Laptop တွေက ကိုယ်လုပ်ရမယ့်အလုပ်တွေနဲ့ မကိုက်ညီတာမျိုးကြုံလာရနိုင်ပါတယ်။
👉ဒီလိုပြဿနာမျိုးတွေ မကြုံရလေအောင် M.S.T College ရဲ့ Vice Principal ဖြစ်သူ ဆရာကြီးဦးမြတ်မင်းဦးက
- Magnetic Hard Drive များအကြောင်း
- HDD နဲ့ SSD တို့ရဲ့ အလုပ်လုပ်ပုံများအကြောင်းကို
Video လေးထဲမှာ စုံစုံလင်လင် ရှင်းပြပေးထားပါတယ်။
🧑💻Video လေးကို အချိန်ပေးကြည့်ရှုခြင်းအားဖြင့် Storage Device များအကြောင်း အသိပညာဗဟုသုတများ တိုးပွားကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ် ခင်ဗျာ
Click here to claim your Sponsored Listing.
Category
Contact the university
Telephone
Website
Address
No. 36/38, 36 Alan Pya Pagoda Street, Mingalar Taungnyunt Township
Yangon
11221
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |