Logic Computer & Networking Services
Internet Cafe', Net-Game Center, Government, Company Office & Factory Network Structure and Maintain
23/05/2024
Copilot+PC
⛑Brands: Microsoft Surface and OEM partners like Acer, ASUS, Dell, HP, Lenovo, and Samsung1.
💙Price Range: The starting price is $999, with models ranging up to $1,699. Some models can be optioned up to $2,499 and beyond.
🍀Availability: Pre-orders have begun, with availability starting on June 18, 2024.
🌎Specifications: To qualify as a Copilot+ PC, a device must have at least 16GB RAM, 256GB storage, and an on-board NPU (neural processing unit) capable of "40 TOPS" (trillion operations per second).
🔋Performance: The new PCs are equipped with Qualcomm Snapdragon X processors, promising elite performance with up to 58% faster than Apple’s MacBook Air with an M3 processor2.
⏰Features: They include advanced AI capabilities like Recall, Cocreate, and Live Captions with translation, enhancing productivity and bridging language barriers💞
19/10/2023
21/07/2021
23/12/2020
Storage Capacity Revolution
📻1.Cassette Tape
(ကက်ဆက်ခွေ Tape ခေတ်) storage ကို ပေအရှည်နဲ့တွက်မှာပေါ့ 😁။ Tape ရှည်လေ Capacity များလေပေါ့။ သီချင်းတိတ်ခွေမှာ တော့ မိနစ်နဲ့ တွက်တာလေ အခွေမှာ A ဘက် နဲ့ B ဘက် နှစ်ခု သုံးလို့ရတယ် ဆိုတော့ တစ်ဖက်ကို 45 minutes Record ရတော့ နှစ်ဖက်ဆို မိနစ် ၉၀ သိမ်းလို့ရတာပေါ့။
🎧2. Compact Disk(CD)
CD တွေက Storage ကို 700MB ဆိုပြီး capacity စပြီးဖော်ပြတဲ့အချိန်။ Tape လို A-B မရှိတော့ဘူး။
ပိုပြီး studio quality ပိုကောင်းလာတယ် သူက 80 minutes လောက်သီချင်းနားထောင်လို့ရတယ်(Tape ခွေလို ဟိုဘက်ဒီဘက် လှန်စရာမလိုဘူး😁😁)
📺3. Video CD(Compact Disk Digital Video-VCD)
VCD က 800MB capacity 1993 မှာစပြီးလူသုံးများတဲ့ storage တစ်ခု Video တွေကို Disc နဲ့ ကြည့်လို့ရသွားပြီ။ ကာရာအိုကေ ခေတ်😁😁😁
🎛4. DVD(Digital Video Disk)
Storage ကို 4.7GB အထိရပြီ။ ထူးဆန်းတာက Tape ခွေလို AB side ရသွားပြီး layer နဲ့ side ပေါ်မူတည်ပြီး 17.8GB အထိ storage ရသွားပြီ။ အဲ့အချိန်မှာ Resolution က 720p×1080p အရသာပေါ့။
💽5. BlueRay Disc(BD)
ရေလည်စျေးကြီးတယ်😁😁😁 သူ့ Storage ကအနည်းဆုံး 25GB ကနေ 128GB လောက် ရှိတယ်ဆိုပဲ။
ဒီမှာတော့ အဲ့ BD တွေသိပ်ခေတ်မစားလိုက်ဘူး။ တချို့ဆိုကြားတောင်မကြားဖူးတဲ့သူရှိတယ်။ ဒါကြောင့်လည်း
CD လောက်လူမသိကြတာ။ BlueRay မှာတော့ Resolution ကရှယ် audio ပိုင်းပါအရသာရှိတယ်။
သူ့ရဲ့ ရုပ်ထွက်က Ultra HD Blue-Ray ဆိုရင် 4K UHD
3840 × 2160 pixel Resolution ဆိုပဲ😎😎😎 ရှယ်ပဲပေါ့။
💻6. Portable USB Hard Disk
ဒါကတော့သိတဲ့အတိုင်း External Portable HDD ဆိုတော့ Storage Capacity က ကိုယ့်အပေါ်မူတည်ပြီလေ။ လက်ရှိစျေးကွက်မှာ 16Tb လောက်တောင်ရနေပြီဆိုပဲ😁😁😁 နောက်ပိုင်း Video Format တွေကသိတဲ့အတိုင်း သူတို့ရဲ့ size တွေက ဟဲဗီးတွေ ဒါကြောင့်ကျန်တဲ့ partners တွေကလည်းအပြိုင်လိုက်ပြီး user လိုအပ်ချက် storage ကိုထပ်ဖြည့်နေရတာပေါ့။
🎅🎅7. နောက်ဆုံးနည်းပညာရဲ့ အရသာနဲ့အတူ Cloud Storage ဆိုတာကြီးရှိလာတော့ Storage ဆိုတာကို လျှာထုတ်ပြသွားတာ😁😁😁 ရေလည် ရက်စက်တယ်
ဘာဆိုဘာမှမလို ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန် အလေးခံပြီးသယ်စရာမလိုတဲ့ ဟာကြီးက ဖက်နမ်းချင်စရာလေ😅😅😅
P.S Portable Storage ထဲ ဟိုးရှေးရှေးတုံးက Floppy Disc တွေရဲ့ storage ကြီးက 800KB ကနေ 2.8 MB တဲ့😎😎😎
Storage ရဲ့လိုအပ်ချက်ကတော့ User တွေမှာရှိနေမှာပဲ
2-4-8-16-32-64-128-256-512-1GB to unlimited ထိ Consumer ရဲ့ လိုအပ်ချက်တွေ😁😁😁
right© post by YuNaungOo
13/06/2020
Web Server Load balancing
11/11/2019
၁၉၈၄ ခုနှစ်ကာလပိုင်းမှာ ISO ဆိုတဲ့
အဖွဲ့အစည်းတစ်ခုဟာ OSI ဆိုတဲ့ Model
တစ်ခုကို developed လုပ်ခဲ့ပါတယ်။
ဒီ Model ဟာ Open Model တစ်ခုပါ။
OSI-Model ဟာ Isolated existence ကနေ Community ဆိုတဲ့ ကြီးမားသော
ပြောင်းလဲမှုတစ်ရပ်ကို ပြုလုပ်ပေးခဲ့ပါတယ်။
"အတိတ်ကာလတွေမှာ Vendor တွေဟာ
သူ့ကိုယ်ပိုင် နည်းပညာ/Solution ကိုယ်စီနဲ့လို့ စာအုပ်တချို့မှာ ဖတ်ရှုဖူးပါတယ်။ဆိုလိုတာက Vendor တစ်ခုနဲ့တစ်ခုဟာ Communication လုပ်ဖို့ အရမ်းခက်ပါတယ်တဲ့၊ နောက် တစ်ယောက်ရဲ့ နည်းပညာဟာ
နောက်တစ်ဦးတစ်ယောက်ရဲ့ နည်းပညာနဲ့
လိုက်လျောညီထွေမှုမရှိပါဖူးတဲ့။
တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းရတဲ့အခါမှာလည်း Market ထဲ Top ဖြစ်တဲ့ Vendor အလိုကျလိုက်လုပ်ခဲ့ရတဲ့ ဥပမာလေးရှိပါတယ်။
၁၉၈၀ တစ်ဝိုက်မှာ DEC နဲ့ IBM Company နှစ်ခုရှိတယ်။ကိုယ်ပိုင် Network Architecture လည်းရှိတယ်။ IBM ရဲ့ networking model က SNA ဖြစ်ပြီး DEC ကတော့ DECnet ဖြစ်ပါတယ်။ အဲ့ကာလမှာ IBM ရဲ့ Server Market ကို DEC က လိုက်မမှီပါဖူး။အဲ့တော့ သူများအကြိုက်လိုက်ခဲ့ရပါတယ်။"
အဲ့တာကြောင့် Open Model တစ်ခုထွက်ပေါ်လာတာ တော်တော်လေး အဆင်ပြေသွားပါတယ်။ သဘောက "မင်းတို့ ကြိုက်တာထုတ်/
ကြိုက်တာလုပ် ဒါပေမဲ့ OSI ပေါ်အခြေခံပြီးလုပ်" အဲ့တာဆို Vendor တွေအချင်းချင်း Communicate လုပ်လို့ရမယ် Compatible လည်းဖြစ်မယ်"
OSI 7 Layers ဆိုတဲ့အတွက် အလွှာအားဖြင့် (၇)ခုပါဝင်ပြီး Components တွေအနေနဲ့
(Application/Presentation/Session/Transport/Network/Data Link/Physical) ဆိုပြီးဖြစ်ပါတယ်။
အလွယ်မှတ်ရလွယ်အောင် ထိပ်စီးတွေပဲရွေးမှတ်လို့ရပါတယ်။
"Please Do Not Tell Sales People Anything" 😛
Layer တစ်ခုချင်းစီမှာ သူ့ကိုယ်ပိုင် လုပ်ဆောင်ချက်တွေ Protocol ကိုယ်စီနဲ့ပါ။
7.Application Layer
သူက ကျွန်တော်တို့အနီးဆုံးပဲ ။ HTTP,SMTP,FTP,DNS အဲ့တာတွေက ဒီ Layer မှာအလုပ်လုပ်တယ်။
Network နဲ့ ဆိုင်တဲ့ Service တစ်ခုဖြစ်မယ်၊နောက် Client/Server Architecture
လည်းဖြစ်မယ်။ ဥပမာ Mail ပို့မယ်ပေါ့
အဲ့တာဆို Mail Client ဖြစ်တဲ့ Outlook က SMTP Protocol သုံးပြီး mail ပို့မှာဖြစ်ပါတယ်။
6.Presentation Layer
Present ဆိုတဲ့ အဓိပ္ပါယ်က ဖော်ဆောင်သည်တဲ့။ အဲ့လိုပဲ ဒီ Layer က "ဘာသာပြန်"
တစ်ယောက်လိုမျိုး အလုပ်လုပ်ပေးပါတယ်။
မြန်မာလူမျိုး နဲ့ အင်္ဂလိပ်လူမျိုးကြား ဘာသာစကားနှစ်ခုလုံးတတ်တဲ့သူမှ ဘာသာပြန်ပေးလို့ရ
သလိုပေါ့။ အပေါ် Application ကလာတဲ့ Data ကို အောက်က Session Layer
ကကောင်သိအောင်လုပ်ပေးပြီး ထို့အတူ အောက် Session Layer ကလာတဲ့ Data ကို အပေါ်က Application Layer ကကောင် သိအောင်လုပ်ပေးရတဲ့ တာဝန်ပါ။ Data ကိုမှ encoding/decoding, compression/decompression,encryption/decryption စသဖြင့်
တာဝန်တွေယူပေးရပါသေးတယ်။
ဥပမာ GIF တို့ JPG တွေကိုမြင်ရတာ ဒီ Layer ကြောင့်ပါ။ Character/Language မတူတဲ့ Computer တွေ အချက်အလက်တစ်ခုဖတ်တဲ့အခါ နှစ်ဦးနှစ်ဖက် readable ဖြစ်ဖို့ data reformatting/structuring functions တွေကို ဒီ Presentation Layer က တာဝန်ယူပါတယ်။
5.Session Layer
ဒီ Layer ရဲ့ function က Network ပေါ်မှာ
Data တစ်ခုကိုပေးပို့ဖို့ သက်ဆိုင်ရာ Sender နဲ့ Receiver ကြား အချိတ်အဆက်တစ်ခုရရှိဖို့ သို့မဟုတ် ကွန်ပျူတာနှစ်ခု data ပေးပို့နေ
စဉ်ကာလအတွင်း ဒီချိတ်ဆက်မှုက တည်မြဲနေအောင် session layer ရဲ့ protocol တွေကလုပ်ဆောင်ပေးပါတယ်။ ပေးပို့မှုပြီးပြီဆို
ရင်တော့လည်း terminate the session ပေါ့။ Internet ပေါ်က web page တစ်ခုကို ဖတ်နေတယ်ပေါ့ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်း ဖတ်နေတာဖြစ်နိုင်သလို နောက် လူအများကြီးကလည်း ဖတ်နေတာလည်း ဖြစ်နိုင်တာပဲ။ အဲ့ web page ကို host လုပ်ထားတဲ့ web server ကတော့ ကျွန်တော်တို့နဲ့ session တစ်ခုရှိနေပြီ။ အဲ့တော့ Server နဲ့ ကျွန်တော်တို့ကြား session establish,maintain, terminate စတာတွေကို ဒီ session layer က တာဝန်ယူမှာဖြစ်ပါတယ်။
(အပေါ်က အလွှာသုံးခုကို Upper Layer လို့ခေါ်ပြီး Protocol Data Unit အနေနဲ့ Data လို့သာမှတ်ယူရမှာဖြစ်ပါတယ်။)
4.Transport Layer
Upper layer တွေကကျလာတဲ့ Data တွေကို Network ပေါ်ပေးပို့နိုင်မဲ့ အရွယ်အစားဖြစ်အောင် လုပ်ပေးရမှာ Transport Layer ရဲ့ တာဝန်ပါ။ Segmentation လို့ခေါ်ပါတယ်။
သတိချပ်စရာတစ်ခုက Transport Layer ရဲ့ PDU သည် Segment ဖြစ်သွားပါပြီ။
Transport Layer မှာအလုပ်လုပ်တဲ့ Protocol နှစ်ခုကတော့ TCP နဲ့ UDP ဖြစ်ပါတယ်။ Transmission အမျိုးအစားလို့ခေါ်လည်းရပါတယ် TCP သုံးပြီး data ပို့ရင် error-recovery ရမယ်။ reliable ဖြစ်မယ်။
သဘောက အမှိုက်ပုံးထဲကို စက္ကူထုပ် သုံးထုပ်
ပစ်မယ်။ ဝင်အောင်လည်း ပစ်ရမယ်။ တစ်၊နှစ်၊သုံး ဆိုပြီး စက္ကူတွေမှာ Label ကပ်လိုက်မယ်။ TCP ကိုသုံးပြီး ပစ်မယ်။ သုံးခုလုံးလည်းဝင်တယ်။
သုံးခုလုံးဝင်ရင်တော့ အကြောင်းမဟုတ်။ အဲ နှစ်ခုပဲ ဝင်တယ် တစ်ခုလွဲသွားတယ်ဆိုရင်
အမှိုက်ပုံးကပြောမယ် "ဟေ့ရောင်ရေ ငါ့ဆီ စက္ကူထုပ် တစ်နဲ့နှစ်နဲ့ရောက်တယ် သုံးမရောက်ဖူးဟ သုံးပြန်ပစ်ပေး" အဲ့တာ error -recovery ပဲ။
UDP ကျ don't give a f**k ပုံစံမျိုး
ငါက စက္ကူထုပ်သုံးထုပ်ပစ်ရမဲ့တာဝန်ရှိတယ်
Ok ပစ်လိုက်ပြီ ဝင်ချင်ဝင် မဝင်ချင်နေ ဒါပဲ
ဟို အမှိုက်ပုံးဆီကနေ "ဝင်တယ် မဝင်ဖူး" response ကိုစိတ်မဝင်စားဖူး။
(ယေဘုယျရှင်းပြထားတာမို့ Detail သိလိုတဲ့အခါ TCP 3 ways handshake ကိုရှာဖတ်ကြည့်ပါ)
3.Network Layer
ဒါကတော့ addressing နဲ့ routing အပိုင်း။ Router က ဒီ Layer မှာ အလုပ်လုပ်တာ။ Routed Protocol ဖြစ်တဲ့ IP, Routing Protocol တွေဖြစ်တဲ့ OSPF,EIGRP တွေက ဒီမှာအလုပ်လုပ်တယ်။ Transport က Segment လေးကျလာပြီ။
စာတစ်စောင်လို့မှတ်လိုက် Segment ကို။
အဲ့စာကို ပေးပို့သူနဲ့လက်ခံမဲ့သူ လိပ်စာရေးရတော့မယ်။ Technical Terms အရ Source နဲ့ Destination ပေါ့။ အဲ့ source နဲ့ designation address တပ်လိုက်ပြီဆိုရင် Packet ဖြစ်သွားပြီ။ သက်ဆိုင်တဲ့ သူဆီပေးပို့ပေးရမှာတော့ ဒီ Layer ရဲ့တာဝန်ပါ။ ဘာကို အသုံးပြုပြီးလဲဆိုတော့ IP address ကိုပါ။
2.Data Link Layer
Layer 2 device ဖြစ်တဲ့ Switch က ဒီ Layer မှာအလုပ်လုပ်တယ်။ နောက်တစ်ခုက MAC Address ကောပဲ။ ဒီ Layer မှာကျ Error Detection function ပါတယ်။ သဘောက Packet ရှေ့မှာ Header နဲ့ Trailer ထည်လိုက်တယ်။ Frame ဖြစ်သွားပြီ။ Header ထဲမှာ source နဲ့ destination address ထည့် အဲ့ Address က MAC Address။ Trailer ဘာလို့ထည့်ရလဲဆိုတော့ error detection သိချင်လို့။ Trailer ထဲမှာ FCS (Frame Check Sequence) ဆိုပြီး 4byte အရွယ်အစားရှိတဲ့အရာပါတယ်။ Frame ရဲ့ Header ကနေ Data ထိ အရွယ်အစားတွက်ပြီးရလာတဲ့တန်ဖိုး Value တစ်ခုကို CRC Value လို့ခေါ်တယ်။ အဲ့တန်ဖိုးကို FCS ထဲထည့်ပေးလိုက်တယ်။ Error Detection ဘယ်လိုလုပ်လဲဆိုတော့အဲ့ Sender နဲ့ Receiver ကြား CRC Value တူရင် error frame မဟုတ်ဖူး။It's a good frame.
1.Physical Layer
ကြားခံ Medium Layer ပေါ့ LAN Cable တို့ NIC တို့်က ဒ်ီမှာအလုပ်လုပ်တာ။ JD က အပေါ်ကကျလာတဲ့ Frame ကို တခြားဟိုဘက်ကလူကို ပို့ဖို့ LAN Cable ပေါ်ကနေပေးဖြတ်မှာ။ Frame ကနေမှ bits တွေ/Signal
ပြောင်းပေးတာ သူ့အလုပ်။
အဲ့တော့ Layer 7 ကနေ အောက်ကိုကျကျလာရင် Encapsulation လုပ်တယ်လို့ခေါ်ပြီး
Physical ကနေ Application ထိတက်သွားရင် de-encapsulation လို့ခေါ်ပါတယ်။
PDU အလွယ်မှတ်ချင်ရင် "Some People Fear Bees" တချို့လူတွေပျားကြောက်ကြတယ်။ Transport ဆို Segment, Network ဆို Packet, Data Link ဆို Frame,Physical ဆို Bits.
စာကတော်တော်လေးရှည်သွားပြီ။
Errors corrections are highly appreciated ပါ။ Have a good day!
Kaung Htet Nyein
System Engineer
itGateway Technology Group
Click here to claim your Sponsored Listing.
Category
Telephone
Address
South Okkalapa TownShip
Yangon