Little Angel
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Little Angel, Travel Agency, No(103), David Shwe Nu Street, Quarter(2), Mayangone Tsp, Yangon.
03/04/2026
07 April 2026မှစပြီး MAI ရဲ့
မြစ်ကြီးနား (တစ်ပတ် နှစ်ရက်Tue & Fri) နဲ့
ပူတာအို (တစ်ပတ် တစ်ရက် Fri) ခရီးစဉ်
(Via Mandalay)
တို့ကို အပတ်စဉ် ပြန်လည်ပြေးဆွဲတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေရှင်။
လက်မှတ်တွေက အကုန်မြန်တာမလို့ အမြန်လေး ဆက်သွယ်၀ယ်ယူဖို့ အကြံပေးပါရစေရှင်...
📞 09-4200 290 28
📞 09-266 444 330
📞 09-79 76 74 892
03 April 2026
23/03/2026
MAI မှ အသိပေးကြေညာချက် (22.03.2026)
****************************************************************
ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်
မြန်မာနိုင်ငံတွင် Jet A1 လေယာဥ်ဆီ မလုံလောက်မှု ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်း ဖြစ်ပါသည်။ ယခုဆုံးဖြတ် ချက်သည် ပြည်တွင်းလေကြောင်းစျေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။
ထို့ကြောင့် MAI သည် နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးအတွက် ယာယီခရီးဆောင်အလေးချိန် ပြင်ဆင်ချက်ကို အောက်ပါအတိုင်း ချက်ချင်းအကျိုးသက်ရောက်စေမည်ဖြစ်ပြီး နောက်ထပ်ကြေညာချက်အသစ် မထုတ်ပြန်သည်အထိ အကျုံးဝင်ကာ အသုံးပြုသွားမည် ဖြစ်ပါသည်။
• Economy Class: 20KG (တစ်အိတ်သာ ခွင့်ပြု)
• Business Class: 30KG (တစ်အိတ်သာခွင့်ပြု)
• Hand-carry: 7KG (အများဆုံး ၂ အိတ်သာခွင့်ပြု)
• Excess Baggage: အများဆုံး ၅ ကီလိုဂရမ်
• မှတ်ချက် - အပိုခရီးဆောင်အိတ်များကို လက်ခံခြင်းသည် လေဆိပ်ရှိတာဝန်ကျဝန်ထမ်းများ၏ ဆုံးဖြတ်ချက်အပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
ထို့အပြင် MAI သည်ပျံသန်းမှု လိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင် ပယ်ချခြင်း သို့မဟုတ် မတင်ဆောင်နိုင်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း အသိပေးအပ်ပါသည်။ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို ၇၂ နာရီအတွင်း ပိုင်ရှင်ခရီးသည်များထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် အကောင်းဆုံး ကြိုးပမ်းသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ထို့ပြင် ယခုထုတ်ပြန်ချက်အရ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီးသည်များအား refund ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။
MAI အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စွာခရီးသွားနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေ လို ပါသည်။ ယခုအခြေအနေသည် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အချိန်ဇယားအတိုင်း ဆက်လက်ပြေးဆွဲခြင်း သို့မဟုတ် လုံးဝ ဖျက်သိမ်းခြင်း ဟူသော ရွေးချယ်စရာ နှစ်ခုသာ ကျန်ရှိပါတော့သည်။ ဖျက်သိမ်းမည်ဆိုပါက MAI နှင့် ခရီးစဉ်များ စီစဉ်ထားပြီးသား ခရီးသည်ထောင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်ပါသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ရခြင်း ဖြစ်ပါသည်။
ယခုကဲ့သို ခက်ခဲလှသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့် အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအားအထူးတောင်းပန်အပ်ပါသည်။ယခုကဲ့သို့ခက်ခဲသောကာလအတွင်း ခရီးသည်များ၏ နားလည်ပံ့ပိုးပေးမှုကို လေးစားစွာ ဖြင့် ကျေးဇူးတင်ရှိပါသည်။
19/03/2026
FYI👈
📢 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐓𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲
Dear Valued Passengers,
Due to the current limited Jet A1 fuel supply and related operational constraints, MAI will implement the following temporary measures, 𝐞𝐟𝐟. 𝟏𝟗 𝐌𝐚𝐫 𝟐𝟎𝟐𝟔:
• 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐱𝐜𝐞𝐬𝐬 𝐁𝐚𝐠𝐠𝐚𝐠𝐞: A maximum of 10KG per passenger is allowed on all inbound flights & is also available on all outbound flights.
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝): Additional baggage benefits will be suspended until further notice.
These measures are essential to maintain the safety and reliability of our flight operations during this period.
We sincerely apologize for any inconvenience caused and greatly appreciate your understanding and cooperation.
For further assistance, please contact:
📞 𝐂𝐚𝐥𝐥: 𝟗𝟕𝟖𝟕 𝐨𝐫 +𝟗𝟓 𝟗 𝟖𝟖𝟎 𝟒𝟒𝟑 𝟕𝟖𝟕
📧 𝐄𝐦𝐚𝐢𝐥: 𝐜𝐬𝐜@𝐦𝐚𝐢𝐚𝐢𝐫.𝐚𝐞𝐫𝐨
📍 𝐏𝐚𝐬𝐬𝐞𝐧𝐠𝐞𝐫 𝐒𝐚𝐥𝐞𝐬 𝐀𝐠𝐞𝐧𝐭𝐬 (𝐏𝐒𝐀𝐬): 𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐲𝐨𝐮𝐫 𝐫𝐞𝐬𝐩𝐞𝐜𝐭𝐢𝐯𝐞 𝐚𝐠𝐞𝐧𝐭
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(103), David Shwe Nu Street, Quarter(2), Mayangone Tsp
Yangon
11061
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 14:00 |