ACA - Audit Firm
Quality of Auditing, Consulting & Accounting services provider
21/04/2025
Ratio များကို လေ့လာခြင်း - အပိုင်း (၃)
Profitability Ratios သည် လုပ်ငန်းတစ်ခု၏ အမြတ်ရရှိမှုစွမ်းရည်ကို တိုင်းတာ ရာတွင် အသုံးပြုပါသည်။ အမြတ်သည် ရင်းနှီးမြှုပ်နှံသူများ အတွက် အကျိုးအမြတ် ပေးရန်နှင့် လုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ ရန်ပုံငွေရရှိရန် လိုအပ်ပါသည်။ အဓိက အသုံးများသော အချိုး (၅) မျိုးရှိသည် -
Return on Capital Employed (ROCE) = (အတိုးနှင့် အခွန်မတိုင်မီ အမြတ် (PBIT) ÷ ရင်းနှီးမြှုပ်နှံမှုငွေကြေး (Capital Employed)) x 100%
Return on Equity (ROE) = (အတိုးနှင့် အခွန်နှုပ်ပြီး အမြတ် (PAIT) ÷ စုစုပေါင်းမတည်ငွေကြေး (Total Equity) x 100%
Operating Profit Margin = (အတိုးနှင့် အခွန်မတိုင်မီ အမြတ် (PBIT) ÷ အရောင်းဝင်ငွေ (Revenue)) x 100%
Asset Turnover = အရောင်းဝင်ငွေ (Revenue) ÷ ပျမ်းမျှပိုင်ဆိုင်မှု (Average Total Assets)
Gross Margin = အကြမ်းအမြတ် (Gross Profit) ÷ အရောင်းဝင်ငွေ (Revenue) x 100%
Return on Capital Employed (ROCE) / Return on Equity (ROE)
Return on Capital Employed (ROCE)(သို့မဟုတ် Return on Investment (ROI)) သည် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသော ငွေကြေးအပေါ် ရရှိသည့် အမြတ်အစွန်းကို တိုင်းတာရာတွင် အသုံးပြုပါသည်။ ယေဘုယျအားဖြင့် ROCE သို့မဟုတ် ROE တန်ဖိုးမြင့်မားလေလေ ရင်းနှီးမြှုပ်နှံသူများ အတွက် ကောင်းလေလေဖြစ်ပါသည်။ တနည်းအားဖြင့် ROCE မြင့်မားခြင်းသည် လုပ်ငန်း၏ ငွေကြေးစီမံခန့်ခွဲမှု နှင့် အရင်းအနှီးအသုံးပြုမှု ကောင်းမွန်ကြောင်း ညွှန်ပြ နေသည့်သဘောလည်းဖြစ်ပါသည်။ ဤနေရာတွင် အရင်းအနှီးမြောက်များစွာ လိုအပ်သော လုပ်ငန်းများ အတွက် ROCE နည်းတက်ခြင်း၊ ပိုင်ဆိုင်မှု ရောင်းချခြင်းကဲ့သိုသော အမြတ်များရှိပါက ROCE ကိုမြင့်များနိုင်ခြင်း စသည် တို့ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်ပါသည်။
Operating Profit Margin
Operating Profit Margin သည် လုပ်ငန်းတစ်ခု၏ အဓိကလုပ်ငန်းလည်ပတ်မှုများမှ ရရှိသော အမြတ်ကို အရောင်းဝင်ငွေ၏ ရာခိုင်နှုန်းအနေဖြင့် တိုင်းတာသည့် ဘဏ္ဍာရေးအချိုးတစ်ခုဖြစ်ပါသည်။ ဤအချိုးမြင့်မား လေလေ ကောင်းလေလေ ဖြစ်ကြောင်း သာမန်အားဖြင့် ကောက်ချက်ချနိုင်ပါသည်။ အရောင်း ဈေးနှုန်းများ အလွန်နိမ့်ခြင်း သို့မဟုတ် ကုန်ကျစရိတ်များ အလွန်မြင့်မားခြင်း ကြောင့် အချိုးကျဆင်းနိုင်ပြီး အရောင်းဈေးနှုန်းများ နှင့် အသုံးစရိတ်များကို လိုအပ်သလို ထိန်းချုပ်နိုင်ရန် ကြိုးစားသင့်ပါသည်။
Asset Turnover
Asset Turnover သည် လုပ်ငန်းတစ်ခု၏ ပိုင်ဆိုင်မှု (Asset) များကို အသုံးပြု၍ အရောင်းဝင်ငွေ မည်မျှရရှိနိုင်သည်ကို တိုင်းတာသည့် အချိုး တစ်ခု ဖြစ်ပါသည်။ ယေဘုယျအားဖြင့်၊ ဤအချိုးမြင့်မား လေလေ ကောင်းလေလေ ဖြစ်ပါသည်။ ပိုင်ဆိုင်မှု (Asset) များသော လုပ်ငန်းများတွင် အချိုးနိမ့်ကျ တတ်ပြီး၊ လက်လီရောင်းဝယ်ရေး လုပ်ငန်းများတွင် အချိုးများတက်ပါသည်။ အရောင်း တိုးချဲခြင်းနှင့် အသုံးဝင်မှုနည်းသော ပစ္စည်းများကို လျော့ချ ခြင်းဖြင့် အချိုးမြင့်မား လာစေနိုင်ပါသည်။
Gross Margin
Operating Profit Margin သည် အကြမ်းအမြတ်ကို အရောင်းဝင်ငွေ၏ ရာခိုင်နှုန်းအနေဖြင့် တိုင်းတာသည့် အချိုးတစ်ခုဖြစ်ပါသည်။ ရိုးရှင်းစွာပြောရလျှင် ဤအချိုးမြင့်မားလေလေ ကောင်းလေလေဖြစ်ပါသည်။ အရောင်း ဈေးနှုန်းများ နည်းခြင်း သို့မဟုတ် အရောင်းကုန်ကျစရိတ်များ (COGS) မြင့်မားခြင်း ကြောင့် အချိုးကျဆင်းနိုင်ပြီး အရောင်းဈေးနှုန်းများ နှင့် အသုံးစရိတ်များကို လိုအပ်သလို ထိန်းချုပ်နိုင်ရန် ကြိုးစားသင့်ပါသည်။
Click here to claim your Sponsored Listing.
Profile
About Us
ACA can help to achieve the objectives and goals of organizations and individuals. Our Firm comprises of highly qualified professionals. We are committed to helping organizations adapt their commercial interests successfully, transform and develop their operations, solve their business issues, and identify as well as maximize the opportunities they seek. Have a look at the services we offer, below. And let's talk.
Our History
ACA has been established since 2015 with the name of ACA Audit Firm by providing the quality of accounting, consulting and auditing services as per ACS-006 under the Myanmar Accountancy Council in accordance with section 51 of its law.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |