Mind Power

Mind Power

Share

A Changed MIND
A Changed LIFE
A Changed WORLD

Photos from Mind Power's post 24/07/2025

July လ (23) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်ရှိ UTS ကျောင်းသို့ Mind Lecture ဆရာဦးသုမွန်‌အောင်နှင့် ဆရာမနောမိတို့မှ သွားရောက်သင်ကြားပေးခဲ့ပါတယ်။ Lecture တွင် Lesson-5 စီးဆင်နေသော စိတ်နှလုံးသားခေါင်စဥ်ကို အခြေပြုကာဟောပြောပို့ချ ခဲ့ပါတယ်။ Lecture ချိန်တွင်ကျောင်းသား၊ သူများမှ တုံ့ပြန်မှုအားကောင်းစွာဖြင့် သင်ယူခဲ့ကြားပါတယ်။ ကျောင်းသား/ သူများကိုစာ တွေ့သင်ကြားပေးခြင်းသာမက လက်တွေ့တွင်လည်း စိတ်စီးဆင်းခြင်းနှင့် ပတ်သက်ပြီး မိဘ၊ ဆရာ/ ဆရာမ၊ သူငယ်ချင်းများကို လက်တွေ့ပြောကြားရန်သင်ကြားပေးခဲ့ပါတယ်။ ကျောင်းသား/ သူများသည် ငယ်ရွယ်သည့်အချိန်မှစ၍ အထက်တန်း‌ရောက်သည့် အရွယ်ထိ မိဘများကို “ကျေးဇူးတင်ပါတယ်၊ တောင်းပန်ပါတယ်၊ ချစ်ပါတယ်” ဆိုသည့်စကားသုံးလုံးကို ပြောဖို့ရန်ခက်ခဲခဲ့ပါတယ်။ ဒီကနေ့ Lecture နားထောင်ခြင်းဖြင့် မှားယွင်းစွာ စိတ်တံခါးပိတ်ပြီး အသက်ရှင်ခဲ့သည်ကို နားလည်းသဘောပေါက်ပြီး နောင်တရကာ မိဘ များကို တန်ဖိုးရှိသည့်စကားသုံးလုံးကို နေ့စဉ်နေ့တိုင်းပြောကြားပါမည်ဟု ဆုံးဖြတ်ချက်ခဲ့ကြပါတယ်။ ကျောင်းသား/ သူများမှာလည်း မိဘ၊ ဆရာသမား၊ သူငယ်ချင်းများနှင့် စိတ်ချင်းဖလှယ်ခြင်းဖြင့် ပျော်ရွှင်သောဘဝအသက်တာကိုရရှိသော အချိန်နာရီဖြစ်ခဲ့ပါတယ်။

Photos from Mind Power's post 06/05/2025

၂၀၂၅ ခုနှစ်၊ ​မေလ (၅~၉)ရက်​​နေ့အထိ GSC နှင့် MYF တို့ မှ အတူတကွ ပူး​ပေါင်းပြီး မြန်မာအင်ဂျင်နီယာအသင်းချုပ်ရုံးတွင် ' 2025 Teachers Mind Education Training ' ကို ကျင်းပပြုလုပ်လျက်ရှိပြီး ပထမ​ဦးဆုံးနေ့တွင် ဆရာ/ဆရာမ ဦး​ရေ (၁၃၀)​ကျော် ပါဝင်ခဲ့ပါတယ်။

အစီအစဥ်တွင် Azalea Stars အကအဖွဲ့မှ မြူးကြွဆန်းသစ်တဲ့ နိုင်ငံတကာရိုးရာများကို ​ဖျော်​ဖြေတင်ဆက်​ခဲ့ပြီး Jindallae Choir မှ Violin Solo၊ Men Quartet၊ Women Duet စတဲ့ သာယာချိုမြိန်တဲ့ ​တေးသီချင်းများဖြင့် သီဆို​ဖျော်​ဖြေခဲ့ပါတယ်။

ပညာ​ရွှေပြည် ကိုယ်ပိုင်​ကျောင်းရဲ့ Founderဖြစ်တဲ့ ဆရာဦးမိုးဒီ မှ ​'ရေအဆင့် (၅)ဆင့် အ​ကြောင်း Mind Lectureကိုအ​ခြေခံကာ ရေရှိတိုင်း ငါးမွေးလို့မရပါဘူး၊
တန်ဖိုးရှိတဲ့ salmonငါးတွေကို မွေးချင်ရင် အဆင့် (၃) မှာရှိတဲ့ ရေထဲမှာ မွေးလို့မရပါဘူး။ စိတ်မှာလဲ အဆင့်တွေရှိပါတယ်။ လူတွေရဲ့စိတ်က အဆင့် (၃) မှာပဲ ရှိ​နေလို့မရပါဘူး။ အ​ကောင်းဆုံး​သော စိတ်အ​နေအထားဆိုတာ အဆင့် (၁)မှာ ရှိ​နေရမှာ ဖြစ်တယ်' ဆိုတဲ့ အ​ကြောင်းအရာနှင့်အတူ ကြွ​ရောက်လာတဲ့ ဆရာ/ဆရာမများအတွက် ကြိုဆိုဂုဏ်ပြုစကား​ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး​တော့ Mind Professor Dr. Kim Jong Ho မှ 'ရေကိုဆန်တက်တဲ့ Salmon ငါး​တွေလိုပဲ ကျွန်​တော်တို့လဲ အခက်အခဲတွေကို ကျော်လွှားပြီး လောကကြီးကို စိန်ခေါ်ချင်မယ်ဆိုရင် ​သေချာ​ပေါက်​အောင်မြင်မှု ရမှာဖြစ်ပါတယ်။ ဘာမှမလုပ်ပဲနဲ့ အောင်မြင်ခြင်းဆိုတာက ရလာမှာမဟုတ်ပါဘူး။ ကျွန်​တော်တို့ စိတ်ဓာတ်ပြောင်းလဲခြင်း အားဖြင့် ဘဝ​ပြောင်းလဲမယ်။ လူမှုရေးပြောင်းလဲမှာ ဖြစ်ပါတယ်။အဲ့လိုပါပဲ ကျောင်းဆရာမ တစ်‌ယောက်ပြောင်းလဲမယ်ဆိုရင် လူမှုအဖွဲ့အစည်းလဲ ပြောင်းလဲစေမယ်။ လူမှုအဖွဲ့အစည်းပြောင်းခြင်းက တစ်ကမ္ဘာလုံးကို ပြောင်းလဲစေပါတယ်။ ကျွန်တော်တို့မှာ မျက်လုံး(၁၀)လုံး ရှိပါတယ်။ (၂)လုံးက မျက်လုံးမှာဖြစ်ပြီး ကျန်တဲ့ (၈)လုံးက နှလုံးသားထဲမှာ ဖြစ်တယ်။ ဒါ​ကြောင့် ကျွန်​တော်တို့ စိတ်နှလုံးသားအတွက် Mind Lectureဆိုတာက လုံးဝလိုအပ်တဲ့ အရာ ဖြစ်ပါတယ်' ဆိုတဲ့ Special Lecture အားဖြင့် ​ဟော​ပြောပို့ချခဲ့ပါတယ်။

ည​နေပိုင်းတွင်လဲ Mind Recreation Game ကစားခြင်းအားဖြင့် အဖွဲ့ဝင်အချင်းချင်း ပျော်ရွှင်ခြင်း​​တွေကူးစက်ပြီး တန်ဖိုးရှိတဲ့ ' 2025 Teachers Mind Education Training ' တစ်ရက်တာဖြစ်ခဲ့ပါတယ်။

20/04/2025

2025 Teachers Mind Education Training

စိတ်ဓာတ်၊စည်းကမ်း၊ပညာ ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာ့ပညာရေးကို ဖော်ဆောင်သော နေရာတွငနိုင်ငံသားတိုင်းစိတ်ဓာတ်ရေးရာ ကျန်းမာဖြောင့်မတ်တည်ကြည် ပျော်ရွှင်စေရန်ရည်ရွယ်၍ Mind Education Training Program

အခက်အခဲတွေကြား စိန်ခေါ်မှုတွေကြားစိတ်ဓာတ်ကျနေတဲ့၊ အထီးကျန်နေတဲ့၊ ဖိအားတွေခံစားနေရတဲ့ သူတွေ၊ ကျောင်းသူကျောင်းသား၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတဲ့အခါ ဘယ်လိုဖေးမကူညီမလဲ၊ ကူညီလမ်းပြပေးနိုင်မယ့်နည်းလမ်းတွေကရော ဘာတွေလဲ၊ ဘာတွေကို လေ့လာသိရှိထားဖိုလိုအပ်သလဲ၊ မိမိကိုယ်တိုင်အတွက်ရော ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘယ်လိုကြိုးစားဖြေရှင်းမလဲ. . . ။

ဒီလိုအကြောင်းအရာတွေကို လေ့လာသင်ယူနိုင်ဖို့ " Mind Education”ကို ပညာရေးနယ်ပယ်မှ ဆရာဆရာမ များ၊ ဝန်ထမ်းများ ၊ လူအများကို ဦးဆောင်စီမံနေရသော နယ်ပယ်အသီးသီးမှ Leader များ၊ စီမံခန့်ခွဲ အုပ်ချုပ်သူ Management Level များ Mind Education ကိုစနစ်တကျသင်ယူလေ့လာဖို့ရန်လိုအပ်ပါတယ်။

လူစွမ်းအားအရင်းအမြစ် ဖွိ့ဖြိုးတိုးတက်ပြီး အောင်မြင် ပျော်ရွှင် သော ဘဝအသက်တာ ပိုင်ဆိုင်ရေးအတွက် အသိပညာဗဟို ပြုသော ပညာရေးစနစ်မှ ခိုင်မာသောစိတ်ဓာတ် ၊ လေးလေးနက်နက်စဉ်းစားတွေးခေါ်တတ်သောစိတ်ဓာတ်စွမ်းရည်၊ မိမိကိုယ်ကို ထိန်းချုပ်သောစိတ်ဓာတ် ၊ ဖလှယ်ခြင်း ၊ ပြောင်းလဲခြင်း နှင့် စိန်ခေါ်ခြင်း စိတ်ဓာတ်သို့
ဦးတည်သော ပညာရေးစနစ်သို့
ကူးပြောင်းရန် ရည်ရွယ်၍ Mind Education ကို နိုင်ငံပေါင်း ( 120 ) ကျော်တွင် သင်ကြားပိုချလျက်ရှိပါတယ်။

ယခုမြန်မာနိုင်ငံတွင်လည်း ဒုတိယ အကြိမ်ဖြစ် IYF (International Youth Fellowship)Mind Education နှင့် GSC Mind Education Institute တိုအတူအကွ ပူပေါင်း စီစဉ်သော Mind Education Training( Batch – 2) ကို စတင်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

သင်ကြားမည့် အကြောင်းအရာများ

✅Trauma Healing
✅Resilience Skill
✅AQ (Adversity Quotient)
✅Mind Control
✅ Strong Mind
✅Mind Exchange
✅Different Perspectives
✅Isolation
✅ True Happiness
✅Safe place
✅Child psychology
✅ Teaching Methods

Date - May ,5 to May ,9 . 2025 နေ့အထိ တပတ်တာ Mind Education Training
Time - မနက် 9:00 AM မှ ညနေ 5:00 PM
နေရာ -မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်,လှိုင်တက္ကသိုလ်ဝင်း၊ MICT Park အနီး၊သမိုင်းကောလိပ်လမ်း၊လှိုင်မြို့နယ်။
https://maps.app.goo.gl/btXUw4XYfKn4GESq6?g_st=ic
ပုံမှန်သင်တန်းကြေးမှာ 1,000,000ks ဖြစ်သော်လည်း အထူး Special Discount အနေဖြင့် 100,000ks Guide book, နေ့လည်စာ,
Certificate များ ပါဝင်ပါသည်။

Training ကို တောင်ကိုးရီးယားနိုင်ငံ IMEI(International Mind Education Institute) မှ Mind Education Professor (3) ဦးမှ
သင်ကြား ပေးမည် ဖြစ်ပြီး ၊Special Guest Lecture များအနေဖြင့် ဆရာကြီးဦးနေအုပ်၊ Dr. ကြည်ရွှင်(YUFL ပါမောက္ခချုပ် -ငြိမ်း)၊ Dr. ဇီဝ (ရန်ကုန်တိုင်း ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဌ) ၊ပြည်တွင်း Mind Specialist များမှလည်း စာတွေ့လက်တွေ့
 Mind Lecture
 Action Learning Program,
 Mind Recreation Program များဖြင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Mind Education Program တက်ရောက်လိုသော ဆရာဆရာမများ အောက်ပါ link တွင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ရန်ဖိတ်ခေါ်လိုက်ပါတယ်။
👇👇👇
https://docs.google.com/forms/d/e/1FAIpQLSc93K2DBwgaON5MooRQ9uwkTBeNhJNfZsEAlNLZ5Z-0JCo4Bg/viewform?usp=dialog

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက
• 09 - 977279405
• 09 - 427164237
• 09 - 899170154
စာရင်းပိတ်မည့်ရက် - 30 , April, 2025, 9:00 PM
သင်တန်းစတင်မည့်ရက် - May ,5 to May, 9 2025
လူဦးရေ (၁၅၀ ) ကန့်သတ်ထားပါသည်။
“မိမိကိုယ်တိုင် လေ့လာပါ။ အခြားသူတွေကိုလည်း မျှဝေပါ။ မိမိရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာမှု အလေ့အကျင့်ကောင်းတွေကို မျိုးဆက်သစ်များဆီ လက်ဆင့်ကမ်းပါ။ နှလုံးသားတွေ ကျန်းမာတဲ့ ကမ္ဘာကြီးဖြစ်အောင် သင်ကိုယ်တိုင်က အစပြုလိုက်ပါ။ 🤍

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


6D, Nant Thar Ni Street , Nant Thar Gone, Insein
Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00