MILI Radio

MILI Radio

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MILI Radio, Radio Station, No. 17/19, Thar Yar Aye Street, Ward 3, Mayangone Township, Yangon.

21/01/2021

၂၀၂၀ ခုနှစ် ကုန်သွားပြီးတဲ့နောက်မှာ ၂၀၂၁ ခုနှစ်ကို ရောက်လာပါပြီ ၂၀၂၀ တစ်နှစ်တာလုံး မထင်မှတ်ဘဲ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ် ဒီအတွေ့အကြုံတွေအရ ၂၀၂၁ ခုနှစ်မှာ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ ဘာတွေလုပ်သင့်လဲ ဆိုတာကို ဒီအစီအစဉ်မှာ ပြောပြပေးထားပါတယ် ပြင်ဆင်သင့်တာတွေကတော့ အများကြီး ရှိပါပေမယ့် ဒီအစီအစဉ်မှာတော့ အချက်(၃)ချက်ကိုပဲ အဓိကထားပြောပြပေးထားပါတယ် နားဆင်ပေးကြပါဦးခင်ဗျာ

03/10/2020

အတ္တစေရာ
***********
အပိုင်း(၂)
*********
(၁)
ခင်ဇော် - ဘယ်လိုလဲဆရာ ထူးဆန်းတယ်လို့မခံစားမိဘူးလား ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာတွေ့ကြုံလာခဲ့ရတဲ့ လူကဲခတ်ပညာနဲ့ ပြောရမယ်ဆိုရင် ---
Dr.လွမ်းဝေ - ကိုခင်ဇော် ခင်ဗျားတော့ လုပ်လာပြီ ပြောစရာရှိတာပြောပါဗျ
ခင်ဇော် - ဟဲ ဟဲ ဒီလိုပါဆရာ အဲ့ဒီ နတ်သမီးလေးခင်ခင်မြကို ဆရာကြည့်တဲ့အကြည့်အရ ဆရာတို့ကြားမှာ တခုခုတော့ရှိမယ်လို့ ထင်မိလို့ပါဆရာ ပြီးတော့ ကိုဘဟိန်းက သူ့ညီမကို အတော်လေးချစ်ပုံရတယ်ဗျ စကားကို အတင်းဖြတ်ပစ်လိုက်တာကိုလဲ သတိထားမိလို့ပါ
Dr.လွမ်းဝေ - ခင်ဗျားကို အထင်ကြီးသလိုလိုတော့ဖြစ်လာပြီ ကဲ ခင်ဗျား တွေးမိတာ ဆက်ပြောပါဦး
ခင်ဇော် - အင်း ဆရာနဲ့ ခင်ခင်မြတို့ သမီးရည်းစားဖြစ်ခဲ့ရမယ်ဗျာ ကဲ သူ့အစ်ကို ကိုဘဟိန်းက ခွဲတာဖြစ်ရမယ် ဟုတ်တယ်မှလား
Dr.လွမ်းဝေ - နီးစပ်ပါတယ် အဲ့ဒီလောက်တော့ ခရီးမရောက်ခဲ့ကြဘူးဗျ သူ့အိမ်ကိုလိုက်လည်ရင်း ခင်ခင်မြနဲ့တွေ့တာ အမှန်ပြောရရင် သူက အရင်ဇာတ်လမ်းစလာတယ်လို့ပဲ ပြောရမှာ ကိုခင်ဇော်ရေ့ ချိတ်တိတ်တိတ် ဖြစ်ခဲ့တာလောက်ပါ နောက်တော့ ကိုဘဟိန်းက ရိပ်မိသွားတယ်ထင်ပါတယ် သူတို့အမျိုးတွေရှိတဲ့ တောင်ကြီးကို လွှတ်လိုက်တယ်ပြောတာပဲ ဒါပေမယ့် သူ့ကို ကျွန်တော်လွန်ခဲ့တဲ့ ခြောက်လလောက်က ရန်ကုန်မှာတွေ့တော့ စကားတွေပြောခဲ့သေးတယ် ဒီနေ့ကျမှ ကျွန်တော့်ကို မသိသလိုဖြစ်နေတာကို အံ့ဩတာဗျ ဟန်လုပ်နေတာလဲမဟုတ်ဘူး တကယ်ကို မသိသလိုဖြစ်နေတာ
ခင်ဇော် - နောက်နေ့တွေကျရင် တွေ့ကြည့်ပေါ့ဆရာ ဆရာတို့တွေ့ရအောင် တပည့်ကြံပါမယ် ကောင်မလေးက တော်တော်လှတာနော် ဆရာရအောင်ကြံဖို့လိုတယ်
Dr.လွမ်းဝေ - ဟာ အဲလိုကြီးတော့လဲ ----
ခင်ဇော် - ဘာလဲဆရာ အဆင်မပြေဘူးလား
Dr.လွမ်းဝေ - ဟဲ ဟဲ ခင်ဗျားကူညီရင်တော့ အဆင်ပြေတာပေါ့ ကျွန်တော်ကလဲ သူ့အစ်ကိုကြောင့်သာ နောက်ဆုတ်လိုက်ရတာဆိုတော့ ဇာတ်လမ်းပြန်ဆက်ရတာပေါ့ဗျာ
ခင်ဇော် - ဟုတ်ပြီဗျာ တပည့်တာဝန်သာထားလိုက်တော့ဆရာ

(၂)
ဘဟိန်း - ခင်ခင်မြ ညီမလေး ဒီနေ့လာတဲ့ ဧည့်သည်တွေကို ညီမလေး သိနေတာလား စကားတွေပြောနေတာ ကိုကို တွေ့လိုက်တယ်နော်
ခင်ခင်မြ- မသိပါဘူး ကိုကိုရယ် သူတို့က လာနှုတ်ဆက်လို့ ပြန်နှုတ်ဆက်ရတာပါ
ဘဟိန်း - အေး ကောင်းတယ် သူတို့နဲ့ အရောတဝင်မနေနဲ့ မဆက်ဆံနဲ့ကြားလား ဒီလူတွေက လူရှုပ်တွေ ဧည့်ခံဖို့ကိစ္စကို ဒေါ်ဒေါ်ကြွေ တာဝန်ယူပေးလိမ့်မယ်
ခင်ခင်မြ - ဟုတ်ကဲ့ပါ ကိုကို ညီမလေးသတိထားပါ့မယ်
ဘဟိန်း - အေး အေး ကောင်းတယ် ညီမလေး ဆေးတွေရော ပုံမှန်သောက်ရဲ့လား
ခင်ခင်မြ - သောက်ပါတယ်ကိုကိုရဲ့ စိတ်ချပါ
ဘဟိန်း - အေး အေး ကောင်းတယ် ညီမလေး
ခင်ခင်မြ - ဒါနဲ့ကိုကို ညီမလေး ပြောစရာရှိတယ် ညီမလေးရဲ့ အိပ်ခန်းထဲက ခုတင်ခေါင်းရင်းက ပြတင်းပေါက်မှာ လူတစ်ယောက်လာလာကြည့်နေသလိုပဲ ညတိုင်းတော့မဟုတ်ဘူး ဒါပေမယ့် သတိထားမိတာ ၃ ခါလောက်ရှိပြီ ကိုကိုရဲ့
ဘဟိန်း - ဟေ ဟုတ်လား ဒါဖြင့် ကိုကို အောင်ကြီးကို လုံခြုံရေးသေချာတင်းကြပ်ဖို့ပြောထားမယ် ညီမလေး တစ်ယောက်ထဲအိပ်ရဲလား ဒေါ်ဒေါ်ကြွေ့ကို လာအိပ်ခိုင်းရမလား
ခင်ခင်မြ - ရပါတယ်ကိုကိုရဲ့ အိပ်တာက အိပ်ရဲပါတယ် ညီမလေး မအိပ်ရဲရင် ကိုကို့ ကို ပြောပါ့မယ်
ဘဟိန်း - အေး အေး ရော့ လောလောဆယ် ဒီ ခြောက်လုံးပြူးလေးကိုယူထား ကိုကို သင်ပေးထားတာ မှတ်မိတယ်မှလား ဟောဒီလုံခြုံရေးခလုပ်လေးကိုဖြုတ်ပြီး ပစ်ချင်တဲ့နေရာကို ထိုးချိန်ပြီး သေနတ်မောင်းကို ဆွဲလိုက်ရုံပဲ
ခင်ခင်မြ - ဟုတ်ကဲ့ပါ ကိုကို ညီမလေး မှတ်မိပါတယ်
ဘဟိန််း - အေး အောင်ကြီး မင်းလာတာအတော်ပဲ ငါ့ ညီမ ခင်ခင်မြအိပ်ခန်းနားက ပြတင်းပေါက်မှာ လူရိပ်တွေ့တယ်လို့ ပြောတယ် တအိမ်လုံးက ပြတင်းပေါက်တွေကို သံပန်းတွေနဲ့ ပိတ်ပစ် ဒီနေ့စလုပ် မနက်ဖြန်ညနေမှာ ပြီးနေတာတွေ့ချင်တယ် ပြီးတော့ လုံခြုံရေးအတွက် လူတွေ ထပ်တိုးချထားပါ ငါ ဘာပြသနာမှ မကြားချင်ဘူး ကြားလား အောင်ကြီး
အောင်ကြီး - ဟုတ်ကဲ့ပါ ဆရာကြီး ဆရာကြီးပြောထားတာတွေအားလုံး အခုပဲသွားဆောင်ရွက်လိုက်ပါ့မယ်
ဘဟိန်း - အေး ငါ့ခြံထဲကို အပြင်က ခွေးတကောင် ကြောင်တမြီးမှ ကျူးမလာစေနဲ့ သွားတော့ မင်း လုပ်စရာရှိတာ သွားလုပ်တော့

(၃)
အား အင်း ဟင်း ဟင်း
ခင်ဇော် - ဟ ဘာသံပါလိမ့် တော်တော်နာနာကျင်ကျင်နဲ့ အော်လိုက်တဲ့အသံမျိုးပဲ --- အင်း ည တစ်နာရီတောင်ခွဲနေပြီ တခုခုဆိုကူညီလို့ရအောင် သွားကြည့်မှကောင်းမယ် ဆရာ့ကိုတော့ မနှိုးတော့ပါဘူး
အောင်ကြီး - သေစမ်းကွာ ငါတို့ခြံထဲများ ကျူးကျူးကျော်ကျော်နဲ့
နန္ဒာ - အား ရှင်တို့ မတရားမလုပ်နဲ့နော် အ အ
ဘဟိန်း - ဘာကွ မတရားမလုပ်နဲ့ ဟုတ်လား မင်းက ငါ့ခြံထဲလဲခိုးဝင်သေးတယ် ငါ့ ညီမအခန်းနားကိုလဲ ကပ်သေးတယ် မင်းကပဲ မတရားမလုပ်နဲ့ ပြောသေးတယ် ကျလဲကျတဲ့ကောင်မလေး အောင်ကြီး သူ့ကို ဟို အခန်းထဲခေါ်သွားစမ်းကွာ
နန္ဒာ - ရှင်တို့ ကျမကိုလွှတ်နော် ရှင်တို့ အဲဒီအခန်းထဲမှာ ဘာလုပ်ကြတယ်ဆိုတာ ကျမသိပြီးပြီ ရှင်တို့ ကျမကိုမလွှတ်ရင် အားလုံးသိအောင် ဖော်ထုတ်ပစ်မယ် ကျမလာတာကလဲ ခင်ခင်မြကို သတိပေးဖို့လာတာ လွှတ်‌ေနာ် ကျမကို
ဘဟိန်း - ဟေ့ကောင်မလေး ငါ့အိမ်မှာ ဧည့်သည်တွေရောက်နေတယ် မင်းပါးစပ်ကိုပိတ်ထားစမ်း မင်းလိုကောင်မ‌ေလးမျိုးကို သတ်ပစ်လိုက်လို့ရတယ်နော် အောင်ကြီး ဒီကောင်မ‌ေလးပါးစပ်ကို အဝတ်ဆို့ထားစမ်းကွာ
ခင်ဇော် - ဟိုက် ဘာဖြစ်တာလဲဟ ဒေါက်တဘဟိန်း အသံလဲကြားတယ် သွားစပ်စုဦးမှ ဖြစ်မယ် ဪ ဩ ဟိုအဆောင်ကြီးမှာ မီးတွေလင်းနေပါ့လား သွားကြည့်မှ
ဘဟိန်း - အောင်ကြီး အဲ့ဒီကောင်မ‌ေလးကို ခုတင်ပေါ်တင်လိုက်စမ်းကွာ အေး ဟုတ်ပြီ ခြေလက်တွေကို သေချာ ချုပ်ထား အဲ့ဟိုက ခါးပတ်နဲ့ သေချာကို ပတ်ပြီး ချုပ်ထား မလှုပ်စေနဲ့။ ဒီမယ်နန္ဒာ ပါတီပွဲလုပ်ပြီးသွားရင်တော့ မင်းဟာ ဟောဟိုလှောင်အိမ်ထဲက ကြွက်ကလေးလိုပဲ ငါ့ရဲ့ အစမ်းသပ်ခံ ဖြစ်ပြီပေါ့ကွာ ဟား ဟား ဟား ဟား ဟေ့ အောင်ကြီး မင်း ဒီကောင်မ‌ေလးကို သေချာကြည့်ထား မင်းတပည့်တွေကို သေချာအစောင့်ချထား ကြားလား
အောင်ကြီး - ဟုတ်ကဲ့ပါဆရာကြီး
ဝုတ် ဝုတ်
ခင်ဇော် - အောင်မယ်လေးဗျ နည်းတဲ့အကောင်ကြီးမဟုတ်ဘူး လုပ်ကြပါဦးဗျ ကယ်ကြပါဦီး ….
ခွီး ဝုတ် ဝုတ်
ဘဟိန်း - တိုက်ဂါး Stop ----- Sit Here ----- ကိုခင်ဇော်မဟုတ်လား ခင်ဗျားဘာဖြစ်သွားသေးတုန်း ဒီအချိန်ကြီး ခြံထဲလမ်းလျှောက်နေတာလား ဟင်း ဟင်း
ခင်ဇော် - မဟုတ် မဟုတ်ပါဘူးခင်ဗျ အသံတွေကြားလို့ ထကြည့်ရင်း ဒီခွေးကြီးတွေနဲ့တွေ့တာခင်ဗျ
ဘဟိန်း - အေးဗျာ ခင်ဗျားတို့ကို ဒီကောင်ကြီးတွေအကြောင်း မပြောလိုက်ရဘူး
ခင်ဇော် - အောင်မယ်လေး ဒီကောင်ကြီးတွေဆိုတော့ ဘယ်နှကောင်များ နောက်ထပ်ရှိသေးလို့တုန်းဗျ
ဘဟိန်း - ဟား ဟား နောက်ထပ် တစ်ကောင်ရှိသေးတယ် ဂျာဂွာတဲ့ ဒီနှစ်ကောင်က အိမ်သိပ်လုံတယ် ဂျာမာန်မျိုးဗျ တိုက်ခိုက်ရေးအတွက် လေ့ကျင့်ထားတာ အင်္ဂလိပ်လို အမိန့်ပေးမှရတယ် ကိုခင်ဇော်ကို သတိပေးတာပါ စပ်စုတတ်တဲ့ စိတ်ကမကောင်းဘူးဗျနော် ပြီးတော့ ဒီကောင်နှစ်ကောင်က လူစိမ်းလို့ထင်ရင် သူတို့ဝိုင်းဆွဲလို့ အရိုးအသားတခြားစီဖြစ်သွားမယ် ဆိုတော့ကာ ခင်ဗျားသတိထားဖို့ပါ
ခင်ဇော် - ဟုတ်ကဲ့ ဟုတ်ကဲ့ နောင်ညဘက် လမ်းလျှောက်မထွက်တော့ပါဘူးခင်ဗျ

(၄)
ခင်ဇော် - ဆရာကတော့ဗျာ ပညာရှာတဲ့နေရာမှာ တကယ့်ကို ဇွဲသန်တဲ့သူပဲ ဒီစာအုပ်တွေ အကုန် ကုန်အောင်ဖတ်မှာဆိုတော့ ကျွန်တော်တော့အရမ်းညောင်းလာပြီဗျာ အပြင်ထွက်ပြီး လေကောင်းလေသန့် လေးရှူဦးမယ် ဆရာရေ့ ပြီးမှ ပြန်လာခဲ့မယ်
လွမ်းဝေ - သွားပါ ကိုခင်ဇော် ကျွန်တော်တော့ စာဆက်ဖတ်လိုက်ပါဦီးမယ်
ခင်ဇော် - ဟုတ်ကဲ့ --------- (တီးလုံးသံတခုခု နည်းနည်းကြာသွားတဲ့သဘော)
ခင်ဇော် - အင်း ခြံကြီးကကျယ်တော့ လေကောင်းလေသန့်တော့ရပါရဲ့ ဟိုခွေးကြီးနှစ်ကောင်တော့ ကြောက်ရသေးတယ် ဟင် ဒေါက်တာဘဟိန်းတပြည့်တွေ အရက်သောက်နေကြပါလား ဟိုနေ့က သူတို့ထိုးကြိတ်နေတဲ့သူ ဘာဖြစ်သွားလဲမသိ အဲ့အဆောင်နား သွားကြည့်ဦီးမှ
နန္ဒာ - ဝူး ဝူး (ပါးစပ်တွင် အဝတ်ဆို့ခံထားရသည့်အသံ)
ခင်ဇော် - ဟင် ဘာသံပါလိမ့် အလို ကောင်မလေးတစ်ယောက်ကို ခုတင်ပေါ်တင်ပြီး ကြိုးတွေတုပ်ထားပါလား အင်း ဒီတခါးက သေချာမပိတ်ထားပဲကိုး ဝင်ကြည့်ပြီး ကယ်သင့်ရင်တော့ကယ်ရမှာပဲ ဟေ့‌ေကာင်မ‌ေလး အသံမထွက်နဲ့ ကျုပ်လာပြီ ပါးစပ်ထဲဆို့ထားတဲ့အဝတ်ကိုထုတ်ပေးမယ် ခဏလေး အဲ အဲ ရပြီ
နန္ဒာ - ဟူး ......

အပိုင်း(၃)မျှော်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


No. 17/19, Thar Yar Aye Street, Ward 3, Mayangone Township
Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00