Practical Dreams

Practical Dreams

Share

Lets make our dreams come true together

09/01/2024

သူတောင်းစား ပုံပြင်

တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာ သူတောင်းစား တစ် ယောက်ရှိတယ်။

ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူ့ပြည်ဆင်းလာပြီး " အသင် လူသား ငါ သင့်ကို ကူညီမယ် ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာ ကိုတော့ အမှန်အတိုင်းပြောပါ " လို့ပြောလိုက်တော့ သူတောင်းစား က " ကောင်းပါပြီ " လို့ပြန်ပြောတော့ သိကြားမင်းက " ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ " ဆိုတော့ သူတောင်းစားက စဉ်းစားပြီး " ဖုန်းဝယ်မယ် " တဲ့၊

သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ် နေရာတောင်းကောင်းလဲမေးပြီး အဲ့ ဒီနေရာသွားတောင်း မယ်တဲ့၊

သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူး ဆိုပြီး ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစား ကတစ်ချက်ထပ်တွေးလိုက်တယ်၊ဆိုင် ကယ်တစ်စီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊

သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး သိန်း တစ်ရာပေး မယ်ကွာ... ဘာလုပ်မလဲမေးတော့ သူတောင်းစားက ( ကား ဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်တဲ့၊

သိကြားမင်းက မဖြစ်ပါဘူး နောက်ဆုံးအနေနဲ့ သိန်းငါးရာ ပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစားက ပျော်ပြီး ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုပ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့တဲ့၊

ဒီပုံပြင်လေးက အတွေးအခေါ်မရှိတဲ့လူ ကိုဘာပေးပေး ဘာမှမဖြစ်လာပါဘူး ၊အခွင့်အရေး ဘယ်လောက်ရရ အတွေးအခေါ် မပြောင်းနိုင်သ၍ ကောင်းမွန်တဲ့ ရလဒ် ဆို > မဖြစ်ပေါ်လာပါဘူး။ တာ

ဒီသူတောင်းစားလေးကို ကြည့် ရအောင် ၊သူ့မှာ သူ့ လုပ်ငန်းချဲ့ထွင် ကြီးထွားဖို့ ( Skill set ) ဆိုတဲ့ ကျွမ်းကျင် မှု အပြည့်ရှိပါတယ် ၊ ဒါပေမယ့် ချမ်းသာဖို့ အခွင့်အရေး ရနေတာတောင် တောင်းစားနေတဲ့( Mind Set ) ကို မ ပြောင်းလဲ နိုင်တာက သူ့ဘဝရဲ့ အဖြေ ဖြစ်သွားပါတယ်။

မတူညီ တဲ့ ကောင်းမွန်တဲ့ဘဝ ရဲ့ ရလဒ်ကို လိုချင်သူ အတွက် မတူညီတဲ့ လုပ်ဆောင်ချက် တွေကို ပြုလုပ်မယ် ဆိုရင်တော့ သေချာပါတယ် သူများနဲ့မတူတဲ့ အကောင်း ဆုံးဆိုတဲ့ ရလဒ်တွေကို တောင့်တလိုက်ရုံနဲ့ ရမယ့် ဘဝ မျိုးကို ပိုင်ဆိုင်လာမှာပါ။

Credit to ✍✍Anon.

20/09/2023

တချို့သောသူတွေနဲ့ စကားပြောလိုက်ရတဲ့အခါ....အရာအားလုံးအပေါ် ပေါ့ပါးသွားသလိုခံစားရစေတယ်.....ယုံကြည်ရတဲ့လူတစ်ယောက်လို့ ခံစားရစေတယ်...အဲလိုလူတစ်ယောက်လောက် ရှိနေရင်ပဲ.....အသက်ဆက်ရှင်ဖို့ အားအင်တွေဖြစ်စေတယ်...

16/09/2023

အတိတ်နဲ့ ပတ်သက်ပြီး ဘာမှလုပ်လို့မရဘူး..
ပစ္စုပ္ပန်မှာပဲ နေထိုင်ပါ.....

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon