Chubb Life Myanmar

Chubb Life Myanmar

Share

Chubb သည် အာမခံလုပ်ငန်းတွင် ကမ္ဘာ့ထိပ်တန်းဦးဆောင်သူ တစ်ဦးဖြစ်ပါသည်။

Photos from Chubb Life Myanmar's post 06/11/2025

ချက်ဘ်အသက်အာမခံမြန်မာရဲ့ အောက်တိုဘာလမှာ ထွက်ရှိလာသော Ambassadors of Protection ၄ ဦးကို ဂုဏ်ယူလေးစားစွာ ဖော်ပြလိုက်ရပါတယ်။
အသိမှတ်ပြုမှုတိုင်းရဲ့ နောက်ကွယ်မှာ မိသားစုတွေကို ဂရုတစိုက်မျှဝေပေးနေတဲ့၊ အလုပ်ထက်ပိုသော စေတနာတွေကို မြင်နိုင်တာမို့ မိမိချစ်ရတဲ့သူတွေအတွက် ယနေ့ကစလို့ တိုင်ပင်ဆွေးနွေးနိုင်ကြပါပြီ။

Four more Ambassadors of Protection join our growing circle of MDRT achievers this October and we are Celebrating the Purpose, not just numbers!
Behind every recognition lies countless moments of care — ensuring families stand strong no matter what life brings.
Here is to those who make protection their passion, not just their profession.

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

ကျွန်ုပ်တို့အကြောင်း

၂၀၁၉၊ ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံအတွင်း၌ (၁၀၀) ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခုကို ဖွဲ့စည်းရန် ကနဦးလိုင်စင်ကိုင်ဆောင်သူ တစ်ဦးအဖြစ် မိမိတို့ကုမ္ပဏီအား ရွေးချယ်ခဲ့ပါသည်။

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ အာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။

Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီနှင့် လုပ်ငန်းအရွယ်အစားအစုံအတွက် အကောင်းဆုံး အာမခံဝန်ဆောင်မှု ပေးနေပါသည်။

စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ ကုမ္ပဏီသည် နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ၊ အလတ်စားနှင့် အသေးစား လုပ်ငန်းများအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ နှင့် Risk Engineering services များကိုလည်းကောင်း၊ ချမ်းသာကြွယ်ဝသောသူတို့၏ ပိုင်ဆိုင်မှုပစ္စည်းများအား အာမခံပေးခြင်း၊ အသက်အာမခံ၊ မတော်တဆ ထိခိုက်ဒဏ်ရာရမှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ အိုးအိမ်၊ ကားနှင့် အထူးသီးသန့် ပုဂ္ဂလိကအာမခံဝန်ဆောင်မှုများကို ဝယ်ယူသည့် တစ်ဦးချင်း လူပုဂ္ဂိုလ်များကို လည်းကောင်း၊ ၎င်းတို့၏ ဝန်ထမ်းများနှင့် အဖွဲ့ဝင်များအတွက် မတော်တဆထိခိုက်မှု၊ ကျန်းမာရေး အာမခံအစီအစဉ်များနှင့် အသက်အာမခံများကို ပေးအပ်ရန် (သို့) ကမ်းလှမ်းသည့် ကုမ္ပဏီများနှင့် ယင်းတို့နှင့်ဆက်စပ်သည့် အဖွဲ့အစည်းများကို လည်းကောင်း၊ တစ်ဆင့်အာမခံများ ထားရှိခြင်းဖြင့် ငွေကြေးဆုံးရှုံးမှု အန္တရာယ်များကို ကာကွယ်ရန် စီမံဆောင်ရွက်သည့် အာမခံလုပ်ငန်း လုပ်ကိုင်သူများကိုလည်းကောင်း ဝန်ဆောင်မှုပေးသည်။

Chubb သည် ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၇ ဘီလျံကြွယ်ဝပြီး Chubb ၏ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာအရ စုစုပေါင်း အာမခံပရီမီယံကြေးမှာ အမေရိကန် ဒေါ်လာ ၃၈ ဘီလျံအထိရှိသည်ဟု ဖော်ပြပြီးဖြစ်သည်။ Chubb ၏ အဓိက လုပ်ငန်း ဆောင်ရွက်လျက်ရှိသော အာမခံ ကုမ္ပဏီများသည် ဘဏ္ဍာရေး တောင့်တင်းမှု အဆင့်သတ်မှတ်ချက်တွင် Standard & Poor's ၌ AA အဆင့်နှင့် A.M.Best ၌ A++ အဆင့်ကို ထိန်းသိမ်း ထားရှိသည်

Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။

Chubb သည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃၃ဝဝဝ ဝန်းကျင်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။

Telephone

Address


18F, Myanmar Centre Tower 2, 192 Kabar Aye Pagoda Road, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 12:30