ToRa Online Store

ToRa Online Store

Share

🇯🇵Japan Made 🍱Bento Accessories /💄💋Beauty Cosmetics & Skincare Product🧏🏼‍♀️🧴🧽🧖🏻‍♀️

23/05/2025

စာချစ်သူတို့ရေ…စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်း COVID-19 ကတော့ အနီးအနားကို ရောက်လာပြန်ပြီနော်။ ဒီတစ်ခါတော့ ဗိုင်းရပ်စ်က ကူးစက်မြန်ပြီး ရောဂါလက္ခဏာတွေပါ ပြောင်းလဲလာတာကြောင့် အားလုံး သတိထားဖို့ လိုအပ်နေပါပြီ။
ကဲ... ဒါဆို ဒီဗီဇပြောင်း Covid-19 ကူးစက်ခံရရင် နေ့ရက်အလိုက် ဘယ်လိုလက္ခဏာတွေ ထူးခြားလာနိုင်လဲဆိုတာကို Chulalongkorn ဆေးရုံ (ထိုင်းနိုင်ငံ) ကနေ ထုတ်ပြန်ထားတာလေးတွေကို ကြည့်လိုက်ရအောင်နော်။

အစောပိုင်းရက်များ (၁-၃ ရက်)

ပထမဆုံးရက်တွေမှာတော့ ရိုးရိုးအအေးမိတာ၊ လည်ချောင်းနည်းနည်းနာတာလောက်ပဲ ရှိတတ်ပါတယ်။ ဖျားတာ၊ ပင်ပန်းတာမျိုး မဖြစ်သေးဘဲ ပုံမှန်အတိုင်းပဲ ရှိနေပါသေးတယ်။
အလယ်အလတ်ရက်များ (၄-၅ ရက်)
ဒီရက်တွေမှာ အာသီးရောင်ပြီး လည်ချောင်းနာတာ ပိုဆိုးလာနိုင်တယ်။ ကိုယ်အပူချိန်က ပုံမှန် 36.5°C ကနေ 36.7°C လောက်ကို ရောက်လာနိုင်ပြီး အစာမျိုချရခက်တာ၊ ခေါင်းကိုက်တာ၊ အစာအိမ်လေထပြီး နည်းနည်းမူးဝေတာမျိုးတွေပါ တွေ့ရတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေလည်း စလာတတ်ပါတယ်။
နောက်ပိုင်းရက်များ (၆-၉ ရက်)
၆ ရက်မြောက်နေ့ကနေစပြီး ကိုယ်အပူချိန် 37°C+ အထက်ကို သိသိသာသာ မြင့်တက်လာပြီး ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းနာကျင်တာ၊ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါလိမ့်မယ်။ 37.4°C ကနေ 38°C +++ အထိ ဖျားလာနိုင်ပြီး အသက်ရှူရတာ အခက်အခဲဖြစ်တာ၊ ခြေချောင်းတွေ နာကျင်တာ၊ ဝမ်းလျှော/အော့အန်တာတွေပါ ကြုံလာနိုင်ပါတယ်။
၉ ရက်မြောက်နေ့မှာ ရောဂါအခြေအနေ မထူးခြားဘဲ အပြင်းအထန်ဖျားပြီး အသက်ရှူရခက်ခဲနေပြီဆိုရင်တော့ သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန် ရိုက်ဖို့ လုံးဝလိုအပ်နေပါပြီနော်။

ဒီတော့ ရောဂါမဖြစ်အောင် ဘယ်လိုတွေ အကောင်းဆုံး ကာကွယ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်!
၁။ Mask သေချာတပ်ပါ။ 😷
၂။ လက်ကို ဆပ်ပြာနဲ့ စက္ကန့် (၂၀) လောက် သေချာ စင်အောင် ဆေးပါ။ 🧼
၃။ တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာလေး နေပါ။ ↔️
၄။ တစ်ခုခုကို ထိပြီးတိုင်း ပိုးသတ်ဆေးနဲ့ ဖြန်းတာမျိုး၊ လက်သန့်ဆေးရည်သုံးတာမျိုး လုပ်ပါ။ 🧴
၅။ လက်ဆွဲနှုတ်ဆက်တာမျိုးကိုတော့ ဒီအချိန်မှာ ရှောင်ကြဉ်တာ အကောင်းဆုံးပါ။ 🚫
၆။ အပြင်သွားတဲ့အခါ လက်အိတ်လေးတွေ ဝတ်သွားရင်တော့ ပိုပြီး စိတ်ချရတာပေါ့နော်။ 🧤
ဒီအချက်အလက်တွေက အားလုံး အသိပညာ ဗဟုသုတရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေပေးတာပါ။ မိမိမှာ ဒီလို ရောဂါလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ ဘာမှမစောင့်ဆိုင်းဘဲ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့ကိုတော့ လုံးဝမမေ့ပါနဲ့လို့ အထူးမှာချင်ပါတယ်။ အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းမာကြပါစေနော်!

Photos from ToRa Online Store's post 05/05/2025

ဘေဘီလေးတို့🍱ထမင်းဗူးလေးမာ လွယ်ကူမြန်ဆန်လှပတဲ့🌸ပန်းပွင့်ပုံလေးဖော်ဖို့ဆို ဒီ cutter လေးရှိရုံနဲ့ အဆင်ပြေပြီနော်မေမေတို့🥰
1ကဒ်-7,000ks

17/01/2025

𝒮𝒽𝒾𝓈ℯ𝒾𝒹ℴ 𝐇𝐨𝐧𝐞𝐲 𝐂𝐚𝐤𝐞🍯

💚Honey Cake Emerald Soap🧼

💚ဝက်ခြံရှိသူ နဲ့ Sensitive Skin များ သင့်တော်ပြီး
မျက်နှာအရေပြားမှာရှိတဲ့ မလိုအပ်သော အဆီ
အညစ်ကြေးများကို ထိရောက်စွာ ဖယ်ရှားပေးလို့
အဆီပြန်ခြင်း၊ ၀က်ခြံ ဆား၀က်ခြံများကို
သက်သာစေတဲ့အပြင် မျက်နှာလေးကို
သန့်ရှင်းကြည်လင်ချောမွေ့စေပါတယ်😍

❤️Honey Cake Ruby Red Soap🧼

❤️Dry Skin နဲ့ Normal Skin တွေ အဆင်ပြေပြီး
မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို
သေချာ သန့်စင်စေပြီး ပျားရည်နဲ့ပါဝင်လို့
လိုအပ်တဲ့ အစိုဓာတ်ကို ထိန်းပေးတာမို့
အသားရေကို နူးညံ့စိုပြေစေပါတယ်ရှင့်

🧼 ဆပ်ပြာခဲလေးဆိုပေမဲ့ ရေထိရင်
ပျော့ပြဲမသွားဘဲ အသုံးခံတယ်နော်

Instock item

💁🏻‍♀️ မှာယူလိုပါက Page Chat box (or) 📲 09445321751 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

🚘 ရန်ကုန်မြို့တွင်း အိမ်အရောက် COD ပို့ဆောင်ပေးပြီး မှာယူပြီး (၃)ရက်အတွင်း လက်ခံရရှိနိုင်ပါတယ်ရှင့်
အခြားမြို့များအား Delivery ကုမ္ပဏီမှ သတ်မှတ် ဧရိယာအလိုက် အိမ်အရောက်/ ဂိတ်ချ လုပ်ဆောင်ပေးပါတယ်နော်

Photos from ToRa Online Store's post 02/12/2024

GAP Kids Optical White Cotton T-shirt with Logo Print
Size-M(130CM)
age-8

💁🏻‍♀️ မှာယူလိုပါက Page Chat box (or) 📲 0̳̿͟͞9̳̿͟͞ 4̳̿͟͞4̳̿͟͞5̳̿͟͞ 3̳̿͟͞2̳̿͟͞1̳̿͟͞ 7̳̿͟͞5̳̿͟͞1̳̿͟͞ သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

🚘 ရန်ကုန်မြို့တွင်း အိမ်အရောက် COD ပို့ဆောင်ပေးပြီး မှာယူပြီး (၃)ရက်အတွင်း လက်ခံရရှိနိုင်ပါတယ်ရှင့်
အခြားမြို့များအား Delivery ကုမ္ပဏီမှ သတ်မှတ် ဧရိယာအလိုက် အိမ်အရောက်/ ဂိတ်ချ လုပ်ဆောင်ပေးပါတယ်နော်

Photos from ToRa Online Store's post 01/12/2024

𝓒𝓮𝔃𝓪𝓷𝓷𝓮 က အသစ်ထွက်ထားတဲ့ 𝓛𝓲𝓹 𝓬𝓸𝓵𝓸𝓻 𝓼𝓱𝓲𝓮𝓵𝓭 & 𝓢𝓸𝓾𝓯𝓯𝓵𝓮 𝓛𝓲𝓹𝓼𝓽𝓲𝓬𝓴 လေးကို ဘာအရောင်ရွေးရမလဲမသိဖြစ်နေတဲ့ ချစ်တို့အတွက် 𝓢𝔀𝓪𝓽𝓬𝓱 လုပ်ပြထားတဲ့ပုံလေးတွေဖော်ပြပေးလိုက်ပါတယ်ရှင့်💄💋

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon