Bo Min Yaung Library

Bo Min Yaung Library

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bo Min Yaung Library, Library, Bo Min Yaung Housing, Yangon.

24/04/2020

တစ်နှစ်တာ အခမဲ့ ပညာသင်ကြားခွင့် လျှောက်ထားနိုင်ပါပြီ 👍👍👍

Spectrum Garden ပညာဒါနတွင်
ကျောင်းအပ်လက်ခံနေပါပြီ👍
"အောင်ချင်တဲ့စိတ်နဲ့ ကြိုးစားလိုစိတ်ပဲ ယူလာပါ
ကျန်တာကျွန်တော်တို့တာဝန်ယူပါတယ် "
-------------------
သင်တန်းကြေး ( ပညာဒါန)
-------------------

Spectrum Garden ပညာဒါနမှ
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက်
တက္ကသိုလ်ဝင်တန်းကျောင်းသား၊
ကျောင်းသူများအား
ကျောင်းအပ်လက်ခံခြင်း အစီအစဥ်အား
၂၂ရက်၊ဧပြီလ ၊၂၀၂၀ ရက်နေ့မှ စတင်၍
စတင်လက်ခံပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်
၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်
ပြန်လည်စတင်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက်
Spectrum Garden ပညာဒါန၏
သင်ကြားရေး အစီအစဥ်များလည်း
အချိန်နှင့်တပြေးညီ ပြန်လည်စတင်
သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း
အသိပေးအပ်ပါသည်။

သင်တန်းအပ်နှံရန် သိရှိရမည့်အချက်များ

- ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း
နေထိုင်သူဖြစ်ရမည်။
- အမှန်တကယ် ပြင်ပကျူရှင်ယူရန်
ငွေကြေးအခက်အခဲရှိသော သူဖြစ်ရမည်။
- ကြိုးစားလိုစိတ်ပြင်းထန်သူဖြစ်ရမည်။
- အောင်မြင်လိုစိတ်ရှိသူဖြစ်ရမည်။
- သင်တန်းစည်းကမ်းချက်များနှင့်အညီ
လိုက်နာသင်ကြားနိုင်သူဖြစ်ရမည်။

သင်တန်းအပ်နှံရန်
-------------
- မိဘအုပ်ထိန်းသူ ကိုယ်တိုင်
ပထမဦးစွာ ဖုန်းဖြင့် ဆက်သွယ်
စာရင်းပေးသွင်းထားရပါမည်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား
အောက်တွင်ဖော်ပြထားပါသည်။

သင်တန်းသားအတည်ပြုလက်ခံခြင်း နှင့်
လူတွေ့စစ်ဆေးမေးမြန်းခြင်း အစီအစဥ်အား
ပြန်လည်ဆက်သွယ်
အကြောင်းကြားပေးသွားမည်။

- သင်တန်းသားဦးရေ ကန့်သတ်ထားပါသည်။

Spectrum Garden ပညာဒါနအား
၂၀၁၈ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး
ထိရောက်ကောင်းမွန်သော သင်ကြားမှု နှင့်အတူ
ထက်သန်သော စေတနာများကို အရင်းခံ၍
သင်ကြားပေးလျက်ရှိသည်။

သင်တန်းတည်နေရာ - ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာဝင်းအတွင်း၊
ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ရန်ကုန်မြို့။

---------------------------------
Volunteer အနေဖြင့် ပါဝင်ဆောင်ရွက်လိုသော
သူများအနေဖြင့်လည်း
ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီ
ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

အသေးစိတ်အချက်အလက်များအား
သိရှိလိုပါက အောက်ဖော်ပြပါ link ကိုနှိပ်ပါ။
(သို့) Message ပေးပို့၍ မေးမြန်းနိုင်ပါတယ်။

မူရင်း post link 👇

https://m.facebook.com/story.php?story_fbid=1067570496961103&id=562950160756475

တဆင့်ပြန်လည်မျှဝေပေးခြင်းဖြင့်
ပါဝင်ကုသိုလ်ယူနိုင်ပါတယ်။ 👍

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Bo Min Yaung Housing
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00