Goethe-Institut Myanmar
We promote the study of German abroad and encourage international cultural exchange. Our team will be happy to help with any questions or concerns you may have.
25/05/2026
Bavaria ကနေ Addis Abeba အထိ၊ စာသင်ခန်းတွေကနေ ဂီတဖျော်ဖြေပွဲတွေအထိ — Goethe-Institut ဟာ ၁၉၅၁ ခုနှစ်ကတည်းက ဂျာမန်ဘာသာစကား သင်ယူမှုနဲ့ ယဉ်ကျေးမှုဖလှယ်မှုတွေကို ကမ္ဘာတစ်ဝန်းမှာ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဖန်တီးပေးနေတာပါ။
အစပိုင်းမှာ မြူးနစ်မြို့လေးမှာ စတင်ခဲ့ပေမဲ့ ဒီနေ့မှာတော့ Goethe-Institut ဟာ နိုင်ငံပေါင်း ၉၀ ကျော်မှာ ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော်နဲ့ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေပါပြီ။ ကျွန်တော်တို့ရဲ့ အချိန်မှတ်တမ်း လေးကနေတစ်ဆင့် အယူအဆတစ်ခုကနေ ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဌာနတစ်ခုအဖြစ် ဘယ်လိုဖြစ်တည်လာသလဲဆိုတာကို ကြည့်ရှုနိုင်ပါတယ်။
ပုံလေးတွေကို ကြည့်ရင်း အစောပိုင်းနှစ်များရဲ့ ထူးခြားတဲ့ဖြစ်စဉ်တွေကို ရှာဖွေလိုက်ပါ။
Come and join us 🎉
22/05/2026
🗣️✨အစီအစဉ်ရက်ပြောင်းလဲကြောင်း ကြေညာခြင်း
မေလ ၂၈ ရက်နေ့တွင် ကျင်းပရန် ကြေညာထားသည့် Youth Dialogue Lab အစီအစဉ်အား အများပြည်သူပိတ်ရက်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ဇွန်လ ၄ ရက်နေ့သို့ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
AIESEC in Myanmar နဲ့ Goethe-Institut Myanmar တို့အတူ ပူးပေါင်းပြုလုပ်တဲ့ Youth Dialogue Lab, လူငယ်စကားဝိုင်းကို ပြန်လည်စတင်သွားဖို့ရှိပါတယ်။
Youth Dialogue Lab ဟာ Sustainable Development Goals တွေပေါ်မှာ အခြေခံတဲ့ အတွေးအမြင်တွေကနေတဆင့် မတူညီတဲ့ အကြောင်းအရာတွေကို အပြန်အလှန်ဆွေးနွေးသွားကြမယ့် စကားဝိုင်းတစ်ခုဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ SDG 4: Quality Education ရရှိအောင်ဆောင်ရွက်ခြင်းအတွက် လူငယ်တွေအနေနဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဥ်တွေကို ကိုယ်တိုင်ဘယ်လိုမျိုးပါဝင်နိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားကြရမှာပါ။ မိမိတို့ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ ပညာရေးနဲ့ဆိုင်တဲ့ အခက်အခဲတွေကို သမားရိုးကျမဟုတ်တဲ့နည်းလမ်းတွေကနေတဆင့် ဘယ်လိုပါဝင်ဆောင်ရွက်နိုင်ကြမလဲဆိုတာနဲ့၊ community နဲ့ ကိုက်ညီတဲ့ သင်ခန်းစာတွေကို ဖန်တီးတဲ့အခါမှာ တွေ့ကြုံရလေ့ရှိတဲ့ ပြဿနာများ ဖြေရှင်းပုံအမျိုးမျိုးတို့ကို ဒီစကားဝိုင်းကနေတဆင့် အတူတူဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် AIESEC in Myanmar မှာ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ exchange opportunities တွေကိုပါ တစ်ခါတည်းလေ့လာနိုင်မယ့် အစီအစဥ်လည်းပါဝင်သွားဖို့လည်းရှိပါတယ်။
ကိုယ့်အတွ့အကြုံတွေကို ရင်းရင်းနှီးနှီးပြောဆို ဖလှယ်နိုင်ဖို့အတွက်လည်း activities တွေထည့်သွင်းထားတဲ့အတွက် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆွေးနွေးချင်သူ လူငယ်များ မည်သူမဆို ပါဝင်ဖို့အတွက် နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး စာရင်းပေးသွင်းဖို့အတွက် အမည်၊ အသက်၊ ဖုန်းနံပါတ်တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း 📩[email protected] မှတဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
____
🗣️✨Announcement of Schedule Change
Please be informed that the Youth Dialogue Lab program, originally scheduled to be held on May 28th, has been rescheduled to June 4th as the original date coincides with a public holiday.
The Youth Dialogue Lab is back! AIESEC in Myanmar and Goethe-Institut Myanmar are teaming up again to bring this session to life on June 4th. If you’re looking for a space to connect with other young people and talk about real issues in our community, this is for you.
This time, we are focusing on SDG 4: Quality Education. We’ll be talking about how we, as young people, can take practical steps to make a difference—whether that’s through non-formal education or finding creative ways to solve the educational challenges we see around us every day. We’ll also look at how to build lesson plans that fit the needs of our specific communities.
As a bonus, you’ll get to hear about the exchange opportunities AIESEC offers for those looking to expand their horizons. We’ve planned some interactive activities so everyone can share their own stories and ideas in a relaxed, friendly setting.
Registration is free. If you want to join the conversation, please register by sending your name, age, and phone number to 📩[email protected] to save your spot. We can’t wait to see you there.
22/05/2026
✍️ B1 Exam ကို ယုံကြည်ချက်ရှိရှိ ဖြေဆိုနိုင်ဖို့ အထောက်အကူဖြစ်စေမယ့် B1 Regional Exam Preparation Course တွေ ကို ဇွန်လ နဲ့ သြဂုတ်လ ထဲမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဂျာမန်စာအရည်အချင်းစစ်စာမေးပွဲမှာ သင့်အရည်အချင်းကို အကောင်းဆုံးပြသနိုင်ဖို့ ပြင်ဆင်ပေးသွားမှာဖြစ်ပြီး၊ Regional Course လည်းဖြစ်တဲ့အတွက် အခြားနိုင်ငံအသီးသီးက ဂျာမန်စာလေ့လာနေသူများနဲ့အတူ စာမေးပွဲအတွက်ပြင်ဆင်ရင်း အတွေ့အကြုံသစ်ရရှိနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။
သင်တန်းကာလကတော့ ၃ ပတ်ကြာမြင့်မှာဖြစ်ပြီး Online Live Session ပုံစံနဲ့ သင်ကြားပေးသွားမှာပါ။
📌 လူဦးရေအကန့်အသတ်ရှိလို့ တက်ရောက်လိုသူများအနေနဲ့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးစာရင်းပေးထားနိုင်ဖို့ အကြံပြုပါရစေ။
ဇွန်လအတွက် အွန်လိုင်းစာရင်းပေးသွင်းမှုကို ဝက်ဘ်ဆိုဒ်တွင် မေလ ၂၅ ရက် မှာ စတင်ဖွင့်လှစ်ထားမှာဖြစ်ပြီး
သြဂုတ်လ အတွက် အွန်လိုင်းစာရင်းပေးသွင်းမှုကို ဝက်ဘ်ဆိုဒ်တွင် ဇွန်လ ၂၇ ရက်မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
အသေးစိတ်ကိုပုံတွင်ကြည့်ရှုနိုင်ပါတယ်။
ရင်းပေးသွင်းရန်လင့်ခ် 🔗: https://www.goethe.de/ins/mm/en/spr/kur/tup.cfm?courseId=28E98DD6990A08C55C7E53C59FACA7DCAEA8DE149C50F4840801E99D5E7BAA920EECA9E6AE7DC6A94A8F4881BEAB545382EB91C3CAD6C35889CACBEF59B89FDC
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
Corner Of Kabar Aye Pagoada Road And Nat Mauk Street, Bahan Township
Yangon
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |