Sabei RealEstate

Sabei RealEstate

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sabei RealEstate, Estate agent, အမှတ်(၇၂၇)၊ ပြည်ထောင်စုလမ်းမကြီး၊ (၃၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်, Yangon.

25/02/2026

#အိမ်ခြံမြေဝယ်ရင်သတိထားဖို့

အိမ်ခြံမြေဝယ်တော့မယ်ဆိုရင် သတိထားဖို့
အိမ်ခြံမြေလောကမှာ မကြာခဏကြုံတွေ့ရတဲ့ ပြသနာလေးတွေ ရှိပါတယ်။ ဒါ့ကြောင့် အိမ်ခြံမြေဝယ်မယ်ဆိုရင် ဒီအချက်တွေ သေချာစစ်ဖို့ လိုပါတယ်။
စာရွက်စာတမ်းစစ်မှန်ဖို့
အရှုပ်အရှင်းကင်းဖို့
စာချုပ်စာတမ်းပြည့်စုံဖို.
လက်ရောက်ရဖို....လိုအပ်ပါတယ်

၁။ အတုအရမ်းပေါတဲ့ကာလကြီးမှာ အစစ်အမှန်ရဖို့ အရေးကြီးဆုံး
ဘယ်လိုစစ်ရမလဲ
ဘယ်သူတွေကအတုအစစ်ခွဲနိုင်သလဲ
အတွေ့အကြုံရင့်ကျက်တဲ့ အိမ်ခြံမြေကျွမ်းကျင်သူ၊ ရှေ့နေ တို့က စစ်ဆေးပေးနိုင်ပါတယ်။
ဒါတင်မပြီးသေးပါဘူး။ သက်ဆိုင်ရာရုံးမှာအချက်အ လက်မှန်မမှန်၊ ကန့်ကွက်ထားတာရှိမရှိ ကို မဖြစ်မနေ သေချာစစ်ဆေးပါ။

၂။ လူမှုရေးအရှုပ်အရှင်းကို သတင်းစာကြော်ငြာထည့်ခြင်းဖြင့် ရှာဖွေပါ
ဒီခေတ်မှာ အများစုက သတင်းစာမဖတ်ပေမယ့် ပြဿနာဖြစ်ခဲ့ရင် လူသိရှင်ကြား ကြော်ငြာထည့်ပြီး ဝယ်တာကို သက်သေပြတာပါ။ ဒါ့အပြင် အနီးပတ်ဝန်းကျင်ကိုလည်းကောင်း ၊ဆယ်အိမ်ခေါင်းကိုလည်းကောင်း ဆက်လက် စုံစမ်းနိုင်ပါတယ်။

၃။ ရောင်းသူလက်ထဲက စာချုပ်စာတမ်းတွေ ဆက်စပ်မှု ပြည့်စုံသလား ဆိုတာ အရေးပါပါတယ်
ထိုနည်းတူ ကိုယ့်ဖက်က စပြီးချုပ်ရမဲ့ စရံပေးစာချုပ်မှသည် နောက်ဆုံးငွေချေ စာချုပ်အထိ လိုအပ်တာတွေအားလုံး ပြည့်စုံဖို့ အရေးကြီးပါတယ်။ ဉပမာ ဂရန်မြေကိုဝယ်ပြီဆိုရင် ဝယ်သူအမည်ပေါက်သည့်အထိ အချိန် တနှစ်ဝန်းကျင် ကြာသလို လုပ်ရမဲ့ လုပ်ဆောင်မှုတွေက များတာကြောင့် ငွေမ‌ကြေခင်မှာ လိုအပ်တာတွေကို စာချုပ်မှာ ထည့်ရေးရပါတယ်။ ငွေကြေပြီးမှ လိုတာပြောရင်၊ လုပ်ပေးခိုင်းရင် ခက်ခဲပါတယ်။
၄။‌ ငွေကြေတာနဲ့ ဝယ်ယူထားတဲ့အိမ်ခြံမြေကိုပါ လက်ရောက်ယူထားဖို့ကလည်း အရေးကြီးပါတယ်။ အဲဒီနောက်မှာ
မြေလွတ်ဆိုရင် ခြံခတ်ထားမယ်
ပတ်ဝန်းကျင်ကို စောင့်ရှောက်ပေးဖို့ အပ်ထားမယ်
ရပ်ကွက်ရုံးမှာ အရောင်းအဝယ်မှတ်တမ်းတင်မယ်
စသည်ဖြင့် လုပ်နိုင်တာအားလုံးကို လုပ်ထားဖို့ လိုပါတယ်။ ငွေကြေးကုန်ကျမှာ အနည်းအကျဥ်းရှိပေမဲ့ လုပ်ကို လုပ်ဆောင်ရမှာပါ။

နောက်တခုက ဥပဒေအရ ပိုင်ဆိုင်ဖို့ အမည်ပြောင်းထားပါ။
မိမိမြေကို သူတပါးကျုးကျော်ပြီးမှ ဖြေရှင်းရင် အဲဒီစရိတ်ထက် ပိုကုန်ပြီး အဆင့်မသင့်ရင် လက်လွတ်ဆုံးရှုံးရနိုင်ပါတယ်
................................................

အိမ်ခြံမြေဝယ်တာ ဒီလောက် အလုပ်ပိုသလား ဆိုပြီး စိတ်မရှုပ်သွားပါနဲ့။ လူကြီးမင်းတို့ ကြုံတွေ့နေရတဲ့ ပြသနာအားလုံးကို အစအဆုံး ကူညီဖြေရှင်းပေးဖို့ စံပယ် အိမ်ခြံမြေအကျိုးဆောင် ရှိပါတယ်။
ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ အတွေ့အကြုံရှိ အိမ်ခြံမြေရှေ့နေများမှ အိမ်ခြံမြေ ရောင်း၀ယ်ငှား အပြင်
ပါမစ်/ဂရန် မှန်ကန်မှု စစ်ဆေးခြင်း
ပါမစ် မှ ဂရန်လျှောက်ထားခြင်း
ဂရန်အမည်ပြောင်း၊ အသစ်လျောက်၊ ဂရန်ခွဲခြင်း ၊
မြေပုံရာဇဝင်ကူးခြင်း၊ သက်တမ်းတိုးခြင်း
ပါဝါလွဲခြင်း ၊ ပါဝါရုပ်သိမ်းခြင်း၊ ကျမ်းကျိန်ခြင်း
မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုခြင်း၊
အဆောက်အအုံဆောက်လုပ်ခွင့် လျောက်ထားခြင်း
ဘဏ်ချေးငွေလျောက်ထားခြင်း
သတင်းစာကြေငြာခြင်း စတဲ့ ဆက်စပ်ဝန်ဆောင်မှုတွေကိုပါ one-stop service နဲ့ ဆောင်ရွက်ပေးနေပါတယ်။
လူကြီးမင်းတို့ အနေနဲ့
တိကျ၊မှန်ကန်၊မြန်ဆန်ပြီး တာဝန်ယူမှုအပြည့်နဲ့ အကျိုးဆောင်ကို ရှာနေတယ်
မိမိတို့ရဲ့ တန်ဖိုးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ပိုင်ဆိုင်မှုတွေ ကို တရားဉပ‌ဒေအရ ခိုင်မာအောင် လုပ်ချင်တယ်၊ အိမ်အရောင်းအဝယ်တင်မဟုတ်ပဲ ဆက်စပ်ဉပ‌ဒေပိုင်း ဝန်ဆောင်မှုတွေကိုပါ အပ်နှံချင်တယ် ဆိုရင်တော့ Review ကောင်းတွေရရှိထားတဲ့ ကျွန်တော်တို့ စံပယ်အိမ်ခြံမြေကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။

ကုန်ကျစရိတ်ထက် ဝန်ဆောင်မှု ပိုစေဖို့ အာမခံပါတယ်

ပြည်တွင်းသာမက ပြည်ပက လူကြီးမင်းများအတွက်ပါ အဆင်ပြေအောင် ဆောင်ရွက်ပေးဖူးတဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်

- - - - - - - - - - - - - - - - - - - -
#လူကြီးမင်း၏ရွေးချယ်မှုမှန့်ကန်စေရမည်
- - - - - - - - - - - - - - - - - - - -

ကဲ အခုပဲ လာအပ်လိုက်တော့နော်
မိတ်ဟောင်းမိတ်သစ်များကို နွေးထွေးစွာကြိုဆိုလျက်ပါ

- - - - - - - - - - - - - - - - - - - -
🍀စံပယ်အိမ်ခြံမြေ🍀
အိမ်ခြံမြေနှင့် ဥပဒေဝန်ဆောင်မှုကုမ္ပဏီ
☎️095032315( Hot Line)
☎️09885032315(ဥပဒေဌာန)
☎️09765032315(အိမ်ခြံမြေဌာန)
☎️09955032315(အိမ်ခြံမြေဌာန)
☎️09425004322(အိမ်ခြံမြေဌာန)
🏠 အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။
#စံပယ်အိမ်ခြံမြေ

Photos from Sabei RealEstate's post 10/02/2026

#သုမင်္ဂလာလမ်းမကြီးအနီးVIPရပ်ကွက်မှပြင်ဆင်ပြီးပထမထပ်လှလှလေး
✨️️ #တောင်ဥက္ကလာ ✨️

📌ကြော်ငြာအမှတ်စဥ်- OKT/S/057

🔮1F/6 , 2BR,

🔮(18*54)ပေ

🔮အသင့်ပြင်ဆင်ပြီး

🔮BCCလျှောက်ထားဆဲ (၂၀၀သိန်းချန်ပေးမည်)

💵3,060သိန်း (ညိနှိုင်း)

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

✨️ တောင်ဥက္ကလာ၊ VIP(၆)ရပ်ကွက်၊ ကုန်းဘောင်လမ်းသွယ်၊ သုမင်္ဂလာလမ်းမကြီးအနီး။

✨️ Locationကောင်းသည့်ပြင်ဆင်ပြီးပထမထပ်လှလှလေးပါရှင်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် အသေးစိတ်သိရှိလိုတာပဲ ဖြစ်ဖြစ် page chatbox✉️ ကနေသာမက ရုံးဖုန်း📞ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

👩🏻‍⚖️ အိမ်၊ခြံ၊မြေ စာရွက်စာတမ်းများ
📍 မှန်ကန်မှု ၊ခိုင်မာမှု ... ရှိ/မရှိ ကို
👉 အိမ်ခြံမြေကျွမ်းကျင်ဝန်ထမ်းများ
👉 တာဝန်ခံရှေ့နေမျာကအကောင်းဆုံးဝန်ဆောင်ပေးနေပါတယ်ခင်ဗျာ
✌ဆက်စပ်ဥပဒေပိုင်း ဝန်ဆောင်မှုတွေကိုလည်း ဝန်ဆောင်ပေးနေတာကြောင့် အိမ်ခြံမြေနဲ့ ပတ်သက်ပြီး တခုခု လိုအပ်ပါက စံပယ်အိမ်ခြံမြေကိုသာ သတိရလိုက်ပါနော် 🥰
.................... 👍🏻 ......................
#လူကြီးမင်းရွေးချယ်မှုမှန်ကန်စေရမည်.................... 👍🏻 ......................

🍀စံပယ်အိမ်ခြံမြေ🍀

☎️095032315( Hot Line)
☎️09885032315(ဥပဒေဌာန)
☎️09765032315((အိမ်ခြံမြေဌာန)
☎️09955032315(အိမ်ခြံမြေဌာန)
☎️09425004322(အိမ်ခြံမြေဌာန)
☎️09458300040(အိမ်ခြံမြေဌာန)

အိမ်ခြံမြေအကျိုးဆောင်နှင့် ဥပဒေဝန်ဆောင်မှုကုမ္ပဏီ

🏠 အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။

https://sabeirealestate.com

https://maps.app.goo.gl/2oto67XEotb9SKXb6



#စံပယ်အိမ်ခြံမြေ

#တောင်ဥက္ကလာ

09/02/2026

·
#သြရသသားကြီးသမီးကြီး၏အခွင့်အရေးများ
သြရသဖြစ်ရန် လိုအပ်သည့်အချက်များ-
(၁) တရားဝင် သားသမီး ဖြစ်ရမည်။
(၂) သားရင်း သမီးရင်း ဖြစ်ရမည်။
(၃) သားဖြစ်လျှင် အဖ မကွယ်လွန်မီ၊ သမီးဖြစ်လျှင် အမိ မကွယ်လွန်မီ အသက်(၁၈)နှစ်ပြည့်ရမည်။
(၄) ၁၈ နှစ်ပြည့်ချိန်၌ သားသမီးများတွင် အကြီးဆုံးဖြစ်ရမည်။ သားဖြစ်လျှင် အဖ၊ သမီးဖြစ်လျှင် အမိ၏ တာဝန်ဝတ္တရားများကို ကူညီဆောင်ရွက်နိုင်စွမ်း ရှိရမည်။ ဥပမာ ရူးသွပ်သူများ မဖြစ်စေရ။
(၅) သားဖြစ်လျှင် အဖ၏ ပစ္စည်းဥစ္စာ ရှာဖွေရေး၊ သမီးဖြစ်လျှင် အမိ၏ အိမ်ထောင်ရေး ဝတ္တရားများ ကိုကူညီလုပ်ကိုင် ဆောင်ရွက်ရမည်။
သြရသ သားကြီး သမီးကြီး၏ အခွင့်အရေးများ
သြရသ သားဖြစ်လျှင် အဖ၊ သမီးဖြစ်လျှင် အမိ သေဆုံးသောအခါ မိဘ၏အမွေအနှစ်များမှ လေးပုံ တစ်ပုံကို တောင်းခွင့်ရှိသည်။ သြရသသားသည် အမိကွယ်လွန်သောအခါ ဖခင်ထံမှ အမွေတောင်းခွင့် မရှိ။ ထိုအတူ သြရသ သမီးသည်လည်း အဖကွယ်လွန်လျှင် အမိထံမှ အမွေတောင်းခွင့်မရှိပေ။
မိဘနှစ်ပါးအနက် တစ်ဦးဦးသေဆုံးသည့်အခါ ကျန်ရစ်သူမိဘ တစ်ပါးပါးက နောက်အိမ်ထောင်ပြု လျှင် သြရသသားကြီး သမီးကြီးသည် အမွေ၏လေးပုံတစ်ပုံကို တောင်းပိုင်ခွင့်ရှိသည်။ ဤအခွင့်အ ရေးသည် သြရသသားဖြစ်လျှင် အဖကွယ်လွန်မှ သြရသသမီးဖြစ်လျှင် အမိကွယ်လွန်မှပေးသည့်အ ခွင့်အရေးနှင့် မဆိုင်ပေ။
သြရသ တစ်ဦးတည်းသားသမီးဖြစ်လျှင် အမိ သို့မဟုတ် အဖ တစ်ဦးဦးကွယ်လွန်လျှင် အမွေ၏လေး ပုံတစ်ပုံကို တောင်းခွင့်ရှိသည်။ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုလျှင် တစ်ဦးတည်းသော သြရသ သားသမီများသည် အမွေတစ်ဝက်ကို တောင်းပိုင်ခွင့်ရှိသည်။
အမိ သို့မဟုတ် အဖ ဖြစ်သူ သေဆုံးချိန် သို့မဟုတ် ကျန်ရစ်သူ မိဘနောက်အိမ်ထောင်ပြုချိန်တွင် သြ ရသ သားသမီးများသည် အမွေပစ္စည်းလေးပုံတစ်ပုံကိုရရှိပြီးဖြစ်ပါက နောက်ထပ်အမွေရခွင့် မရှိတော့ ပေ။
ကျန်ရစ်သူ မိဘနောက်အိမ်ထောင် ပြုချိန်တွင် အကြီးဆုံး သားသမီးသည် အမွေလေးပုံတစ်ပုံကို တောင်းခွင့်ရှိသည်။ အဆိုပါ သားသမီးသည် မိဘနှစ်ပါးအသက်ရှိစဥ် အရွယ်ရောက်ပြီးဖြစ်ရန်မလို ပေ။
သြရသ သားကြီး သမီးကြီး၏ အခွင့်အရေးသည် အမိအဖ ကွယ်လွန်ချိန်မှ (၁၂)နှစ် အတွင်းတောင်းပိုင် ခွင့်ရှိသည်။ သြရသ သားသမီးများက (၁၂) နှစ်အတွင် သေဆုံးသွားပါက ၎င်း၏အမွေဆက်ခံခွင့်ရှိသူ များက သြရသ မိခင် ဖခင်၏အခွင့်အရေးကို တောင်းပိုင်ခွင့်ရှိသည်။
📌 အိမ်ခြံမြေနှင့်ဥပဒေအတွက်ဆို
📌 ….…..စံပယ်……ကိုရွေးပါ
..............👍................
#လူကြီးမင်း၏ရွေးချယ်မှုမှန်ကန်စေရမည်
..............👍................
🍀စံပယ်အိမ်ခြံမြေ🍀
အိမ်ခြံမြေနှင့် ဥပဒေဝန်ဆောင်မှုကုမ္ပဏီ
☎️095032315( Hot Line)
☎️09885032315(ဥပဒေဌာန)
☎️09765032315(အိမ်ခြံမြေဌာန)
☎️09955032315(အိမ်ခြံမြေဌာန)
☎️09425004322(အိမ်ခြံမြေဌာန)
🏠 အမှတ်(၇၂၇) ပြည်ထောင်စုလမ်းမကြီး၊ (၃၇)ရပ်ကွက်၊ မြောက်ဒဂုံ၊ ရန်ကုန်။
📌 လူကြီးမင်း၏ရွေးချယ်မှုမှန်ကန်စေရမယ် ဆိုတာ ထပ်ပြောပြပါရစေ
#အိမ်ခြံမြေဝယ်ရင်သတိထားဖို့
#စံပယ်အိမ်ခြံမြေ
#သြရသသားကြီးသမီးကြီး၏အခွင့်အရေးများ

#အိမ်ခြံမြေဗဟုသုတများ

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


အမှတ်(၇၂၇)၊ ပြည်ထောင်စုလမ်းမကြီး၊ (၃၇) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်
Yangon
11421

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00