Yangon Sailing Club

Yangon Sailing Club

Share

Yangon Sailing Club formerly known as the Rangoon Yacht Club was established in 1924.

20/05/2021

YSC Adult Sailing Clinic နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
=====================================
ချစ်ခင်လေးစားရပါသော ရန်ကုန်ရွက်လှေအသင်းဝင်များ၊

အသင်းဝင်အများစုသိထားသည့်အတိုင်း ရန်ကုန်ရွက်လှေအသင်းသည် YSC Adult Sailing Clinic အမည်ဖြင့် လူလတ်ပိုင်းများအတွက် ရည်ရွယ်၍ ရွက်လှေစီးသင်တန်းတစ်ခုဖွင့်လှစ်မည်ဖြစ်ကြောင်း Facebook, YSC Notice Board အပါအဝင် မိတ်ဆွေအချင်းချင်း အသိပေးခြင်းများဖြင့် သင်တန်းဖွင့်မည်ဖြစ်ကြောင်း အသိပေးဖိတ်ခေါ်ခဲ့ပါသည်။ စိတ်ဝင်စားသည့် အသင်းသားများအနေဖြင့် စာရင်းပေးသွင်းကြရာ ၂၀၂၁ ခုနှစ်၊ မေလ ( ၁၇ ) ရက်နေ့ ( တနင်္လာနေ့ ) တွင် အချိန်တိုအတွင်း သတ်မှတ်ထားသည့် သင်တန်းသားဦးရေ ( ၂၀ ) ပြည့်သွားသည့်အတွက်သင်တန်းစာရင်းပိတ်ခဲ့ပါသည်။ သင်တန်းအနေဖြင့် သင်တန်းသား အယောက် ( ၂၀ ) ကို ( ၁၀ ) ဦးစီခွဲ၍ ရက်သတ္တပတ် ( ၄ ) ပတ်အတွင်း နှစ်ဖွဲ့ခွဲပြီး သင်ကြားပေးမည်ဖြစ်ပါသည်။

ထိုကဲ့သို့ ( ၁၀ ) ဦးစီခွဲခြားသင်တန်းပေးရခြင်းမှာလည်း ( ၁ ) သင်တန်းပေးရန် လှေ ( ၁၀ ) စီးသာရှိခြင်း။ ( ၂ ) သင်တန်းဆရာဦးရေ အကန့်အသတ်ဖြစ်နေခြင်း ( လက်ရှိတွင် သင်တန်းဆရာအနေဖြင့် ရန်ကုန်ရွက်လှေအသင်း အသင်းဝင် ( ၁၁ ) ဦးက ပြန်လည်သင်ကြားပေးမည်ဖြစ်ခြင်း၊ )။ ၎င်းတို့အနေဖြင့် ရက်သတ္တပတ် ( ၄ ) ပတ်၊ သင်တန်းရက်အားဖြင့် ( ၄ ) ရက်အတွင်း အတိုင်းအတာတစ်ခုအထိ တတ်မြောက်အောင်သင်ကြားပေးရန်ရှိသည့်အတွက် သင်ကြားရေး Quality ကိုမထိခိုက်စေလိုခြင်း အပါအဝင် တစ်ချိန်တည်းတွင် Optimist ကလေးငယ်များကိုပါ သင်ကြားပေးရန်ရှိနေခြင်းနှင့် မိုးဦးကျရာသီ Safety ကိစ္စများကိုပါ ထည့်သွင်းစဉ်းစားထားသောကြောင့် ဖြစ်ပါသည်။

အချို့သော အသင်းဝင်အသစ်များအနေဖြင့် စာရင်းအချိန်မီမပေးသွင်းနိုင်လိုက်သည့် ကိစ္စရပ်အပေါ် မိမိတို့အသင်းအနေဖြင့် ဝမ်းနည်းပါသည်။ သို့သော်လည်း ရွက်လှေအားကစားကို စိတ်ဝင်စားခြင်း၊ သင်ယူလိုစိတ်ရှိခြင်းအတွက် များစွာဝမ်းသာအားရဖြစ်မိပါသည်။ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ အခက်အခဲ၊ အကန့်အသတ်များကို ကျေးဇူးပြု၍ နားလည်ပေးပါရန်နှင့် နောက်ထပ် ရွက်လှေသင်တန်း တစ်ခုကိုလည်း အမြန်ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။ ထို့ကြောင့် ယခုသင်တန်းအတွက် စာရင်းပေးသွင်းခြင်းမမီလိုက်သည့် အသင်းဝင်များအနေဖြင့် အဆိုပါ ဒုတိယမြောက်သင်တန်းတွင် တက်ရောက်ရန် စာရင်းပေးသွင်းထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အသင်းဝင်များအနေဖြင့် အဆိုပါ ဒုတိယမြောက် သင်တန်းကို မစောင့်လိုဘဲ ရွက်လှေစီး သင်ကြားလိုပါက မိမိတို့ ရွက်လှေအသင်း ဖွင့်လှစ်သည့် အချိန်များအတွင်း ( တနင်္လာနေ့များမှအပ ) နံနက် ၀၉း၀၀ မှ ညနေ ၄း၀၀ အတွင်း ကြားရက်များဖြစ်ကြသည့် အင်္ဂါနေ့မှ သောကြာနေ့များတွင်လည်း ရွက်လှေစီးသင်ကြားလိုပါက တစ်ဦးချင်းသင်တန်းများကိုလည်း မိမိတို့အသင်းတွင်ရှိနေသည့် သင်တန်းနည်းပြများဖြင့် စီစဉ်သင်ကြား ပေးမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် အသင်းဝင်များက မိမိတို့အသင်းအပေါ်နားလည်ပေးသည့်အတွက် အထူး ကျေးဇူးတင်ကြောင်းနှင့် နောင်တွင်ဆက်လက်ဆောင်ရွက်မည့် ရွက်လှေအသင်းလှုပ်ရှားမှုများတွင် ပူးပေါင်း ဆောင်ရွက်ပေးပါရန် ဖိတ်ခေါ်လိုက်ပါသည်။

ကော်မတီ
ရန်ကုန်ရွက်လှေအသင်း

17/05/2021

Junior Sailing Clinic
================
YSC Members only
Training Fees - 60,000 MMK
Weekends Class (10 Max)
***************************
22, 23 / 29, 30 May
10:00 AM - 3:00 PM
Weekdays Class (10 Max)
**************************
25, 26, 27, 28 May
10:00 AM - 3:00 PM

21/04/2021

ရန်ကုန်ရွက်လှေအသင်း ပြန်လည်ဖွင့်လှစ်ကြောင်း အသိပေးခြင်း
====================================
၂၀၁၂ ခုနှစ်၊ ဧပြီလ (၂၁) ရက်။

ချစ်ခင်လေးစားအပ်ပါသော ရန်ကုန်ရွက်လှေအသင်းဝင်များ ခင်ဗျား -

COVID-19 ရောဂါကူးစက်မှုကာကွယ်ရေးစံနှုန်း / နည်းလမ်းများနှင့်အညီ ရန်ကုန်ရွက်လှေအသင်းအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ( ၂၄ ) ရက်နေ့ ( စနေနေ့ ) မှစ၍၊ တနင်္လာနေ့များမှအပ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် အသင်းကြီးအား ရန်ကုန်ရွက်လှေ အသင်းဝင်များ သီးသန့် ( Members Only ) အတွက်သာ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး Temporary Day Membership ကိုမူ ခေတ္တ ဆက်လက် ဆိုင်းငံ့ထားမည်ဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် နှစ်သစ်ကူးအခါကာလတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။

အသင်းဝင်များနှင့် ပြန်လည်ဆုံဆည်းရန် နွေးထွေးစွာ စောင့်ကြိုနေပါသည်။

ကော်မတီ
ရန်ကုန်ရွက်လှေအသင်း

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


132, Inya Road
Yangon
1104

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00