Challenge Gym

Challenge Gym

Share

Challenge Gym is ready for your beautiful, healthy life & body call-09420021383

16/03/2026

နေအုံး တွက်ပြမယ် 😬😬

11/03/2026

ဝိတ်ချ (အဆီချ) နေသူတိုင်း သိထားရမဲ့
အခြေခံသဘောတရား (3)ချက်

#1 ဝဖူးတဲ့လူက_ပြန်ဝဖို့လွယ်တယ်

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အဆီအိတ်လေးတွေ ရှိတယ်။
နေ့စဉ်စားသောက်တာတွေဟာ ခန္ဓာကိုယ်က သုံးတာထက်
ပိုတဲ့အခါ အဆီအိတ်အသစ်လေးတွေ ခန္ဓာကိုယ်ထဲမှာ
ဖြစ်လာတယ်။

ဝိတ်တက်လာလေ၊ အဆီအိတ်အသစ်လေးတွေ
များလာလေ၊ ပိုဝလာလေပေါ့။

ဒါပေမယ့် လေ့ကျင့်ခန်းတွေလုပ်၊ Diet တွေလုပ်ပြီး
အဆီချဖို့ Lifestyle ပြောင်းလိုက်တဲ့အခါ
ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်တွေကို
အဆီအိတ်လေးတွေဆီကယူသုံးမယ်၊ ပြီးရင်
ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ပြောင်းပြစ်လိုက်တယ်။

ပြောရရင် အသက်ရှူထုတ်၊ ချွေးထွေအဖြစ်
ထုတ်လိုက်တာဖြစ်တယ်။
ဒါပေမယ့် ဒီနေရာမှာ သုံးလိုက်တဲ့ အဆီအိတ်လေးတွေက ပိန်ရှုံ့သွားတာပဲဖြစ်ပြီး ပျောက်သွားတာ မဟုတ်ဘူး၊
အိတ်အခွံအဖြစ်ကျန်ရှိနေအုန်းမယ်။

ဒါ့ကြောင့် အရင် ဝဖူးတဲ့လူတစ်ယောက်ဟာ အစား လိုတာထက်ပိုစားမိတဲ့အခါ အလွယ် Weight ပြန်တက်လာမှာမလို့ Weight ထိန်းတဲ့အခါ သာမန်လူတွေထက် ပိုသတိထားရတယ်။
____________

#2 အဆီကျတဲ့အခါ ဘယ်အစိတ်အပိုင်းတွေက အရင်ကျသလဲ ?

ဘယ်နေရာအရင်ကျသလဲ မပြောခင် ဘယ်နေရာကျဖို့ ခက်လဲဆိုရင်

➡️ ယောက်ျားလေးဆိုရင် ဗိုက်
➡️ မိန်းကလေးဆိုရင် တင်ပါး၊ ပေါင်

နေရာတွေဟာ အဆီကျဖို့ အရမ်းခက်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တူညီမှာတော့ မဟုတ်ပေမယ့် ဒီနေရာတွေဟာ အဆီချရခက်တဲ့၊ ခေါင်းမာတဲ့နေရာတွေပေါ့။

" ဒီနေရာပြီးသွားရင် ဒီနေရာကျမယ် "လို့

100% ပြောနိုင်တာမျိုး မရှိပေမယ့် နောင်အဖြေတစ်ခုက

#နောက်ဆုံးအဆီတက်တဲ့နေရာဟာအရင်ဆုံးအဆီပြန်ကျမယ့်နေရာ လို့ခန့်မှန်းနိုင်ပါတယ်။

ဥပမာ -
ဝတာတော့ ဝလာနေတာပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး မျက်နှာကြီး ဖောင်းလာတာ၊ လက်မောင်းကြီးတုတ်လာတာမျိုး ရှိခဲ့ရင် အဆီချတဲ့အခါ အဲမျက်နှာတို့၊ လက်မောင်းတို့က အရင်ကျပါလိမ့်မယ်။

•ဗိုက်ပူလာတယ်၊
•ပေါင်တွေတုတ်လာတယ်၊
•လက်မောင်းကြီးလာတယ်၊
•မျက်နှာဖောင်းလာတယ် ဆိုရင် အဆီချတဲ့အခါ

-မျက်နှာပြန်သွယ်လာမယ်
-လက်မောင်း နည်းနည်းပြန်စစ်လာမယ်
-ပေါင်တုတ်တာ ဘောင်းဘီထဲ ပြန်ချောင်လာမယ်
-ဗိုက်ဖြေးဖြေးချင်း ပြန်ကျလာမယ်

နေရာစုံက မျှပြီး တဖြေးဖြေးချင်း ကျမယ်။ နောက်ဆုံး Body fat

➡️ ယောက်ျားလေးဆို 12-14% ဝန်းကျင်
➡️ မိန်းကလေးဆို 18-22% ဝန်းကျင်

အထိ အဆီကျလာတဲ့အခါ ခန္ဓာကိုယ်က Lean ဖြစ်ပြီး နေရာစုံမှာ ကျစ်ကျစ်လျစ်လျစ်အဖြစ်ကို ရောက်ပြီ။

____________

#3 ဒါတွေသိထားတော့ ဘာထူးသွားသလဲ ?

အဆီရဲ့ သ​ဘော​တရား၊
အဆီကျတဲ့ နေရာတွေ၊
တဖြေးဖြေး ဘယ်လိုတွေကျမယ်၊

ကိုယ်က ဘာရလဒ် Result ကိုမျှော်မှန်းနိုင်မလဲ သိထားတဲ့အခါ လေ့ကျင့်ခန်း Workout လုပ်ရတာ ပိုအဓိပ္ပါယ်ရှိလာပါလိမ့်မယ်။

နေရာစုံကနေ မျှတပြီး အဆီကျပါလားသိထားတော့

" ဟာ၊ လက်မောင်းတွေလုပ်တာ လက်မောင်းအဆီကျမလာပါလား "

" ခါးလှည့်တာ ခါးလဲ သေးမလာဘူး "

" ဗိုက်ကိုလုပ်တာ ဗိုက်လဲရှပ်မလာဘူး "

ဆိုပြီး စိတ်ဓာတ်တွေ မကျတော့ဘူး။

" ဗိုက်ရှပ်ဖို့ဆိုတာ ကိုယ်မမြင်ရတဲ့ ပေါင်တွေ၊ ကျောတွေ၊ မျက်နှာတွေမှာ တဖြေးဖြေးကျဖို့ စောင့်ရအုန်းမှာပဲ။

ပေါင်ချိန်ကျနေသရွေ့၊ ပိုသန်မာလာသရွေ့ ကိုယ်ဟာ လမ်းကြောင်းပေါ်ရှိတယ်။ "

ဒီအသိမှန်မှန်နဲ့ စိတ်ရှည်ပြီး ဆက်ကြိုးစားမယ်။ ဒါမှလဲ တစ်ကယ် Fit တဲ့ထိ ပြောင်းလဲနိုင်မှာ။

မယုံမေးကြည့်၊ အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်က

"Workout ဘာလို့ဆက်မလုပ်တော့တာလဲ"

ဆိုရင် ကိုယ်မှန်းထားသလို ဗိုက်မရှပ်လာလို့၊ လက်တွေကျစ်မလာလို့ စိတ်ပျက်ပြီး မလုပ်ဖြစ်တာချည်းပဲ။

ဘာကို လက်တွေ့ကျကျ Expectation မျှော်မှန်းရမယ်မသိတာက တစ်ကယ့်တရားခံပေါ့။

အခု အဆီဘယ်လို တစ်ဆင့်ချင်းကျလဲသိပြီးပြီဆိုတော့ မလိုပဲ စိတ်မညစ်ရတော့ပါဘူး



________

28/02/2026

အိမ်မက်တွေပါမက်လို့😬😬😬🤣

11/02/2026

💥ဒိုက်ထိုးတဲ့ အမျိုးသားတွေမှာပဲ ရနိုင်တဲ့ အကျိုးကျေးဇူး💥

ဒိုက်ထိုးခြင်းရဲ့ ကောင်းကျိုးတွေ
• သက်လုံကောင်းစေတယ်
• ရင်အုပ်ကြွက်သားတွေကို သန်မာစေတယ်
• ပုခုံးကြွက်သားကို ကျယ်ပြန့်သွားစေတယ်
• အလေးအပင်တွေ မတဲ့အခါ သူများထက် ပိုပြီး အလေးထမ်းနိုင်တယ်
• တော်ရုံ အလုပ်လုပ်ရုံနဲ့ မမောတော့ဘူး
• အသက်ပုံမှန် ရှူရှိုက်နိုင်စေပြီး အဆုတ် အားကောင်းစေတယ်
• ခန္ဓာကိုယ်တွင်း သွေးလည်ပတ် စီးဆင်းနှုန်း မြန်စေတယ်
• ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်
• အဆီပိုတွေကို လောင်ကျွမ်းပေးတယ်
• ကြွက်သားထုကို ကျစ်လျစ်စေတယ်
• လိင်မှုကိစ္စမှာလည်း အမောခံနိုင်သလို ကာမသုခ အပြည့်အဝ ပေးစွမ်းနိုင်တယ်
• အဝတ်အစား ဝတ်တဲ့အခါမှာလည်း လူကို ကြည့်ကောင်းစေတယ်
• သွက်လက် ပေါ့ပါးစေပါတယ်

တစ်နေ့ကို ဒိုက်ဘယ်နှစ်ကြိမ် ထိုးသင့်လဲ။
ပထမဆုံး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ဘယ်သူမှ အကြိမ်ရေများများ ဒိုက်ထိုးနိုင်မှာ မဟုတ်ပါဘူး။ တစ်မိနစ်၊ တစ်ရက်အတွင်းမှာ ဘယ်နှစ်ကြိမ် ထိုးနိုင်လဲ၊ အချိန်ကြာလာတာနဲ့အမျှ အကြိမ်ရေ ဘယ်လောက်များများ ပိုထိုးလာနိုင်လဲဆိုတာကို လေ့လာလို့ ရပါတယ်။

စတင်ဒိုက်ထိုးကာစမှာတော့ နာကျင်မှုဝေဒနာ၊ ကိုယ်လက် ညောင်းကိုက်နေတာ ခံစားမိမှာပါ။ အစောပိုင်းမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်ကစားရာကနေ ၂လအတွင်း တစ်နေ့ကို အကြိမ် ၁၀၀ ထိ ပုံမှန်ကစားပေးနိုင်တဲ့အထိ ကိုယ်ခန္ဓာအပေါ်ပိုင်း သန်စွမ်းလာနိုင်ပါတယ်။

ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ။
လေ့ကျင့်ခန်း မပြုလုပ်ခင်၊ ပြုလုပ်ပြီး နာရီဝက်ခြားပြီးမှ အစာစားသင့်ပါတယ်။ မလုပ်ခင်မှာ ကြိုတင်ပြီး ရေများများသောက်ပါ။ ကိုယ်တတ်နိုင်သလောက် အကြိမ်ရေအတိုင်း လုပ်ကြည့်ပါ။ ပုံစံတစ်မျိုးတည်း မဟုတ်တဲ့ ဒိုက်ထိုးနည်းလမ်းတွေကို စမ်းသပ်လုပ်ကြည့်ပါ။

ပရိုတင်း၊ ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ပုံမှန်အတိုင်း ဒိုက်ထိုးရတာ အရမ်းပင်ပန်းတယ်လို့ ခံစားရရင် ဒူးထောက်ပြီးဖြစ်စေ၊ ခြေထောက်ကို နံရံဖြင့် ကပ်ထားပြီးဖြစ်စေ ထိုးပေးပါ။ နောက်တစ်ခေါက် လေ့ကျင့်ခန်းမလုပ်ခင်မှာ စက္ကန့် ၃၀ ကနေ တစ်မိနစ်ခန့် နားပြီး အမောဖြေပါ။

ဒိုက်ထိုးနေစဉ်မှာ မလိုအပ်တဲ့ ထိခိုက်မှုမျိုးတွေ ကင်းဝေးစေဖို့
၁။ ဘယ်လေ့ကျင့်ခန်းကိုမဆို နည်းစနစ်နဲ့ ကိုယ်ခန္ဓာ အနေအထား မှန်ကန်ဖို့ လိုအပ်ပါတယ်။

၂။ လေ့ကျင့်ကာစမှာ အားကစားအကြောင်း နားလည်တဲ့ လူကြီး သို့မဟုတ် အားကစားနည်းပြရဲ့ အကူအညီဖြင့် ကစားပေးပါ။

၃။ ကိုယ် ဆော့နိုင်တဲ့ အတိုင်းအတာထက် ပိုဆော့တာမျိုး မလုပ်ပါနဲ့။

၄။ လက်ကောက်ဝတ်၊ လက်အရိုးအဆစ်တွေ ထိခိုက်မိထားရင် ဒိုက်မထိုးပါနဲ့။

အစပိုင်းမှာ ကောင်းကောင်းဒိုက်မထိုးနိုင်လို့ စိတ်ပျက်တာမျိုး၊ လုံးဝရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဒိုက်ထိုးတာ ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓါအပေါ်ပိုင်းမှာ ရှိတဲ့ ကြွက်သားတွေ တောင့်တင်းသန်မာလာပြီး အကြိမ်ရေများများဖြင့် ပြင်းပြင်းထန်ထန် လုပ်လာနိုင်မှာပါ။ အားကစားခန်းမကို သွားဖို့ အချိန်မရှိတဲ့ အမျိုးသားတွေအတွက် အချိန်နည်းနည်းပေးပြီး ဒိုက်ထိုးပေးရုံနဲ့ ကျန်းမာပြီး ယောက်ျားပီသတဲ့ ခန္ဓါကိုယ်ကို ရရှိနိုင်ပါတယ်

Crd

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon

Opening Hours

Monday 06:30 - 20:30
Tuesday 06:30 - 20:30
Wednesday 06:30 - 20:30
Thursday 06:30 - 20:30
Friday 06:30 - 20:30
Saturday 06:30 - 20:30