NEA - National Engineering Academy
Address: No.(11/B), Kyaung Street, Near Dagon Center(2), San Chaung Tsp, Yangon.
29/01/2021
Earth Leakage Circuit Breaker အလုပ်လုပ်ပုံ
ELCB ( Earth leakage circuit breaker)အာ့လိကိတ်ဆားကစ်ဘရိတ်ကာ သည် မြေစိုက်ကြိုး(earth wire )အတွင်းလျှပ်စစ်(current) ယိုစိမ့်မှုကိုအာရုံခံ ပြီး လူနှင့်တိရိစ္ဆာန်တို့ကိုဓါတ်လိုက်ခြင်းမှကာကွယ်ပေးရန်အလိုလျှောက် ဖြုတ်ချပေးသော ပစ္စည်းဖြစ်ပါတယ်။
ဗို့(Voltage)ကိုအာရုံခံပြီးအလုပ်
လုပ်တဲ့ ELCB နဲ့လျှပ်စစ်စီးဆင်းမှု(Current) ကိုအာရုံခံပြီးအလုပ်လုပ်တဲ့ ELCB ဆိုပြီး၂ မျိုးရှိပါတယ်။
Voltage Operated ELCB( ဗို့ကိုအာရုံခံပြီးအလုပ်လုပ်တဲ့ ELCB )
မြေစိုက်ကြိုးထဲသို့ ယိုစိမ့်မှု(Earth leakage) ကိုသိရှိရန်အတွက် ဗို့အား(Voltage)ကိုအာရုံခံပြီး အလုပ်လုပ်သော ELCB အမျိုးအစားဖြစ်ပါတယ်။
ဆင်ဂယ်ဖေ့ ဗို့အာရုံခံ ELCB(single-phase voltage ELCB)တွင် ငုတ် ၆ ခု(6-terminal) ပါ၀င်ပါတယ်။
လိုင်း(L) အဝင်နှင့်အထွက်, နူထရွယ်(N) အဝင်နှင့်အထွက်,မြေစိုက်ကြိုးကိုဆက်ရန်(E) နှင့် သတ္ထုပစ္စည်းကိုယ်ထည်နှင့်ဆက်ရန်(F) တို့ပါဝင်ပါတယ်။ ပုံမှန်အလုပ်လုပ်တဲ့အချိန်မှာ ဖြုတ်ချကွိုင်(Trip Coil) ၌ဗို့အားသည် သုံညဗို့ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် သတ္ထုပစ္စည်းကိုယ်ထည်ဟာ လျှပ်စစ်စီးဆင်းမှုနဲ့ ထိစပ်မှုမရှိ သောကြောင့် ဖြစ်ပါတယ်။
အကယ်၍သတ္တုကိုယ်ထည်သို့ လိုင်းဝါယာကြိုးများမှ လျှပ်စစ်ယိုစိမ့်မှု ဖြစ်ပေါ်ပါက F (Fault) ငုတ်မှတဆင့် E(Earth) ငုတ်ဆီကို လျှပ်စစ်(Current) ဟာဖြတ်သန်းစီးဆင်း သွားပါလိမ့်မယ်။
ထိုအခါ ဖြုတ်ချကွိုင်(Trip Coil) အတွင်း လျှပ်စစ်(Current) စီးဆင်းမှုကြောင့် ဗို့အားဖြစ်ပေါ်လားပြီး ၎င်းမှ ဖြုတ်ချကွိုင်(Trip Coil) ကိုအလုပ်လုပ်စေကာ သက်ရှိနှင့်ပစ္စည်းများ အန္တရာယ်ကင်းစေရန်း ELCB ကိုဖြုတ်ချလိုက်ပါတယ်။
Current Operated ELCB(လျှပ်စစ်စီးဆင်းမှုကိုအာရုံခံပြီးအလုပ်လုပ်တဲ့ ELCB )
RCCB(Residual Current circuit breaker) သည်ယေဘုယျအားဖြင့် အသုံးပြုသော ELCB အမျိုးအစားတစ်ခုဖြစ်ပြီး၎င်းတွင် ပထမကွိုင်(Primary Winding) , ဒုတိယကွိုင် (Secondary Winding) နှင့်အာရုံခံကွိုင်(Sensing Coil) ဆိုပြီး ကွိုင်သုံးခုပါဝင်ပါတယ်။
လိုင်း(L) အဝင်နှင့်အထွက် နှင့် နူထရွယ်(N) အဝင်နှင့်အထွက်ဆိုပြီး ငုတ်၄ခုပါဝင်ပါတယ်။ ပုံမှန်အလုပ်လုပ်တဲ့အချိန်မှာ အာရုံခံကွိုင်(Sensing Coil) ၌လျှပ်စစ်စီးဆင်းမှုဟာ သုံည ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် လိုင်းဝိုင်ယာ (Line Wire)၌လျှပ်စစ်စီးဆင်းမှုကြောင့် ပထမကွိုင်(Primary Winding) တွင်ဖြစ်ပေါ် လာသော သံလိုက်ညို့အား(Flux)နှင့် နူထရွယ်ဝိုင်ယာ(Neutral Wire) ၌လျှပ်စစ်စီးဆင်း မှုကြောင့် ဒုတိယကွိုင် (Secondary Winding) တွင်ဖြစ်ပေါ်လာသော သံလိုက်ညို့အား(Flux) တို့သည် တူညီပြီး အချင်းချင်းခြေဖျက်လိုက်တဲ့အတွက်ကြောင့် အာရုံခံကွိုင် (Sensing Coil) သို့သက်ရောက်မှု မရှိတော့ပါ။
အကယ်ဤ အမှားအခြေအနေ (Fault) ၌ အနည်းငယ်သော လျှပ်စစ်သည် သတ္တုကိုယ်ထည် မှတဆင့် မြေစိုက်ကြိုး (Earth Wire)အတွင်းသို့စီးဆင်းသွားမည်ဆိုပါက ပထမကွိုင်(Primary Winding) နှင့် ဒုတိယကွိုင် (Secondary Winding) တို့တွင်စီးဆင်းသော လျှပ်စီးမှု(Current) ခြားနားသွားပြီး မတူညီသော သံလိုက်စက်ကွင်း (Magnetic Flux) ကိုဖြစ်ပေါ်စေကာ ၎င်းမှ အာရုံခံကွိုင်(Sensing Coil) အတွင်းလျှပ်စီးမှု(Current) ကိုဖြစ်ပေါ်စေပြီး ဖြုတ်ချကွိုင်(Trip Coil) ကိုအလုပ်လုပ်စေကာ သက်ရှိနှင့်ပစ္စည်းများအန္တရာယ်ကင်းစေရန်း RCCB ကိုဖြုတ်ချလိုက်ပါတယ်။
နောက်အဓိကတစ်ချက်အနေနဲ့ RCCB အလုပ်လုပ်မလုပ်,ကောင်းမကောင်းသိနိုင်ရန် စမ်းသပ်ခလုပ်(Test Button) ကိုအဝင်ပါဝါပေးထာချိန်၌နှိပ်ကြည့် ခြင်းအားဖြင့် သိနိုင်ပါတယ်။
RCCB သည်လျှပ်စစ်ယိုစိမ့်မှုကိုပဲအာရုံခံပြီး ရှော့ဆားကစ်(Short Circuit)နှင့် လျှပ်စစ်
အလွန်အကျွံ့စီးဆင်းမှု(Over Current) တို့ကိုမကာကွယ်ပေးနိုင်ပါဘူး။
ထို့ကြောင့်၎င်းကို MCB,MCCB,FUSE အစရှိသည်တို့နှင့် တွဲဘက်၍ အသုံးပြုရမှာဖြစ်ပါတယ်။နိဂုံချုပ်အနေနဲ့ မိတ်ဆွေတို့ရဲ့ ပါဝါဆားကစ်တွေမှာ အတက်နိုင်ဆုံး ELCB ကိုထည့်သွင်းအသုံးပြုကြဖို့တိုက်တွန်းလိုပါတယ်။
Crd #
28/01/2021
ACMV System
Cooling Tower တွေကို ACMV အတွက် အသုံးပြုကြတာတွေရှိသလို Factory တွေမှာလည်းသုံးကြပါတယ်
Chiller မှာ Air Cooled နဲ့ Water Cooled ဆိုပြီး ၂ မျိုးရှိပါတယ် Water Cooled Type တွေမှာဆိုရင် CT တွေလိုပါတယ်
Air Cooled Type တွေမှာဆိုရင် မလိုပါဘူး
ဘာလုပ်ဖို့လိုတာလည်းဆိုရင်တော့ Chiller ကြီးအေးအောင်လို့ပါ သူက Chilled Water အေးဖို့အလုပ်လုပ်နေရတဲ့အတွက် Heat တွေတက်လာပါလိမ့်မယ်အဲ့ဒီအပူကို လျှော့ချချင်လို့ CT ကရေတွေကိုဖြတ်စီးစေတဲ့နည်းနဲ့ အအေးခံလိုက်တဲ့သဘောပေါ့
အလားတူ Factory တွေမှာလည်း အဲ့လိုပါပဲ ဥပမာ Plastic စက်ရုံ Thermo Forming Machine တခု Mold တွေဟာ အလုပ်လုပ်ရတဲ့အတွက် Heat တွေတက်လာပါတယ် အဲ့ဒါကို အအေးခံဖို့ Cooling System အနေနဲ့ CT ကရေကို Circulate လုပ်စေပါတယ်
CT တွေဟာ Sensible Heat Transfer, Latent Heat Transfer, ဒါမှမဟုတ် အဲ့ဒီ၂မျိုးလုံးနဲ့လုံးနဲ့ လေထဲသို့ အပူတွေကို စွန့်ထုတ်ပေးကြပါတယ်
Sensible Heat Transfer - ရေပူကနေ ပန်ကာမှုတ်အား သို့မဟုတ် အပြင်လေကြောင့် အပူချိန်လျော့ကြပြီး ရေကိုအအေးခံတဲ့သဘောပေါ့
Latent Heat Transfer - ခုန ပူတဲ့ရေကနေ တချို့တဝက်က ရေငွေ့ပျံပြီး အေးသွားတဲ့သဘောပေါ့
Approach temperature = Leaving condenser water temperature- Entering air Wet Bulb temperature
Range = Entering condenser water temperature at Cooling Tower- Leaving condenser water
temperature at cooling tower
( Photo မှာကြည့်ပါ )
Cooling tower ၏ အပူဖယ်ထုတ်နိုင်စွမ်း(heat rejection capacity)ကို တွက်ရန် ရေလည်ပတ်နှုန်း(flowrate)၊ approach temperature နှင့် Wet Bulb Temperature တို့ကို သိရန် လိုအပ်ပါတယ်
Drift: ရေငွေ့ပျံခြင်း မဖြစ် ပဲနဲ့ fan ရဲ့ လေစုပ်အားကြောင့် cooling tower အပြင်ဘက်သို့ ရေစက်ငယ်များ ရောက်သွားခြင်းကို “Drift” လို့ခေါာ်ပါတယ်
Eliminator: Fan ကြောင့် cooling tower အပြင်ဘက်သို့ ရောက်ရှိသွားမည့်ရေစက်ငယ်များအား ပြန်လည်စုဆောင်းပေးသည့် ကိရိယာ
Cooling Tower ထဲကို ဝင်လာတဲ့ရေရဲ့ Temp - 35 Deg C (95 Deg F )
အထွက် Temp : 29 deg C ( 85 Deg F )
Condenser Water Velocity - 1.5 m/s to 3.6 m/s
Crd #
21/01/2021
Electrical Design အတန်းသစ်လေးဖွင့်ဖို့
ဘယ်နှရက်မှ မလိုတော့ပါဘူနော်......
Discountလေးတွေလည်းချပေးထားလို့
အမြန်ဆုံးလေး ဆက်သွယ်လိုက်ရအောင်😍😍😍
Certificate in Electrical Design
(လျှပ်စစ် ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်း)
ဘယ်သူတွေတက်ရောက်သင့်လဲ ?
- လျှပ်စစ် ဒီဇိုင်းပိုင်းဆိုင်ရာ ဦးစားပေး
သင်ကြားပေးသွားမှာဖြစ်ပြီး လျှပ်စစ်ပညာရပ်ကို စိတ်၀င်စားသူတိုင်း
တက်ရောက်နိုင်ပါတယ်ရှင့် 👈
လျှပ်စစ် Design ပိုင်း ၊ Concept ပိုင်း ၊ သေချာစွာ သိလိုတတ်လိုသူများ၊👈
Installation ပိုင်း ကျွမ်းကျင်စွာ လုပ်နိုင်သော်လည်း Design ပိုင်း အားနည်းသူများ👈
အတွက် ရည်ရွယ် ဖွင့်လှစ်သော အတန်းလေးဖြစ်ပါတယ်ရှင်
အထူးသဖြင့် အခြေခံပညာ အထက်တန်း
ဖြေဆို အောင်မြင်သူများ အတွက် အသက်မွေး၀မ်းကြောင်း ပညာရပ်တစ်ခုအနေနဲ့ တက်ရောက်ထားသင့်တဲ့ သင်တန်းလေး ဖြစ်တဲ့အပြင် ကျောင်းမပြီးသေးသော်လည်း လျှပ်စစ်ဒီဇိုင်းရေးဆွဲနည်းကို လေ့လာချင်သူတိုင်း တတ်ရောက်သင့်တဲ့ သင်တန်းလေး ဖြစ်ပါတယ်ရှင်။👈
ဘာတွေ သင်ကြားပေးမှာလဲ?
-Fundamental electrical engineering knowledge and theories.
( အခြေခံလျှပ်စစ်ပိုင်းဆိုင်ရာ သဘောတရားများ)
-Electricity Supply
👉 Generation Process
👉 Transmission Process
👉 Distribution Process
-Design Criteria
(ဒီဇိုင်းရေးဆွဲ ဆုံးဖြတ်ခြင်းများ)
👉Preliminary Design Estimation
👉Circuit breakers, Protection Devices
👉Design of Lighting and Ancillary
👉Design of Power and Ancillary
👉Design of Single Line Diagram
စသည့် သင်ခန်းစာများကို
သင်ကြားပေးမည့် ဆရာကတော့
စင်ကာပူနိုင်ငံမှ ချီးမြှင့်အပ်သော
⭐Bachelor of Engineering
(Nanyang Technological university)
⭐Diploma in Electrical Engineering
(Ngee Ann Polytechnic)
ဘွဲ့ အသီးသီးရရှိထားသည့်အပြင်
💼စင်ကာပူနိုင်ငံတွင် လျှပ်စစ်ပိုင်းဆိုင်ရာ
လုပ်သက် 8နှစ်ရှိထားသော
ဆရာဇော်ထက်အောင်မှ
သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်
ဘာ့ကြောင့် တက်သင့်တာလဲ ???
- အခြေခံကစပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့် စာမလိုက်နိုင်မှာ နားမလည်နိုင်မှာအတွက်လည်းစိတ်မပူရခြင်း၊
- ဈေးနှုန်းသက်သာစွာဖြင့် ထိရောက်စွာ လေ့လာနိုင်ခြင်းတို့ ရရှိမှာဖြစ်ပါတယ်
သင်တန်းကြေး-120,000
သင်တန်းကာလ- 1 လခွဲ
စတင်မည့်နေ့ရက် -23.1.2021 (9Am-12Pm) (Sat,Sun)
ပညာသင်စရိတ်အား အစိုးရမှချမှတ်ပေးထားသော သို့မဟုတ် ပုဂ္ဂလိက ချေးငွေများဖြစ်သော Educational Loan ဖြင့်လဲ တတ်ရောက်ခွင့်ရရှိနိုင်ရန် စီစဥ်ပေးထားပါတယ်ရှင့်
သင်တန်းနေရာ 🏛️🏛️-မြေနီကုန်း ကျောင်းလမ်း(ဒဂုံစင်တာ၂ဘေးလမ်း)စမ်းချောင်းမြို့နယ်။
သင်တန်းအကြောင်း အသေးစိတ်ကိုသိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းများသို့
ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။
Ph - 09775178727 / 09760754099
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
11/B, Kyaung Street, San Chaung Township
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |