MCA Network
Fostering Collaboration with Business and Arts to Empower Vulnerable Lives through Social Services I will share what I’ve learned in this group. Thank you all.
10/10/2025
TikTok က On this day post 📱 ကြည့်ပြီး ဇာတ်ညွှန်းရေးသား ✍️ ဖန်တီးတင်ဆက်လိုသူများ ဒီနေရာမှာ ဖတ်ရှုပြီး Google Form ဖြည့်စွက် လျှောက်ထားနိုင်ပါတယ်။ 👩💻
Nwaye Zar Che Soe
Independent Filmmaker, Social Worker, Podcaster,
Digital Storytelling Expert,
Founder of Myanmar CinemAbility Network
https://myanmarcinemabilitynetwork.wordpress.com/
"နောင်တစ်ချိန် ဖန်တီးမှုနယ်ပယ်မှာ နေရာတစ်ခုယူလိုပါသလား မိတ်ဆွေ၊ ဒါဆိုရင်တော့ သင့်ရဲ့ စိတ်ကူးနဲ့ဘဝ အတွေ့အကြုံကောင်းတွေကို စာရွက်ပေါ်က တစ်ဆင့် အရုပ်၊ အသံ၊ ဇာတ်လမ်းအဖြစ် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးမှာ ပုံဖော်ကြည့်လှည့်ပါ"
မသန်စွမ်းရေးရာနဲ့ ပတ်သက်တဲ့ ဗွီဒီယို နဲ့ ရေဒီယို ဇာတ်လမ်းတိုများကို ကိုယ်တိုင် ကြိုးစားဖန်တီးပြီး လက်စွမ်းပြတင်ဆက်ဖို့ စိတ်အား ထက်သန်ကြတဲ့ အနယ်နယ်အရပ်ရပ်က အသက် ၂၀ နှစ်နဲ့အထက် ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်းအောင်ပြီးသား မသန်စွမ်းလူငယ်တွေ၊ မသန်စွမ်းသူများရဲ့ မိသားစုဝင်တွေ၊ သန်စွမ်းသော်လည်း ဖန်တီးမှုရေးရာမှာ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေနဲ့ မသန်စွမ်းအဖွဲ့အစည်းများမှာ လုပ်အားပေး၊ အလုပ်သင် သို့မဟုတ် ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ လူငယ်များအတွက် အရုပ်၊ အသံတွေနဲ့ ဇာတ်လမ်းပြောခြင်း အနုပညာကို အခြေခံပိုင်ပိုင် ဆန်းသစ်တွေးခေါ် နည်းတွေနဲ့အတူ လက်တွေ့ ရေးသားဖန်တီးကြမယ့် သင်တန်းတစ်ခုထက်ပိုတဲ့ လေ့လာမှု၊ ဝေမျှမှု၊ လေ့ကျင့်မှု၊ စကားဝိုင်းတွေ အပြင် သုတေသနပြု ဆန်းစစ်ခြင်းတွေနဲ့အတူ မိမိအိမ်အတွင်းကနေ သင်တန်းရဲ့ ဖန်တီးမှု အကျိုးကျေးဇူးများကို လက်လှမ်းမီရယူရင်း အချိန်ကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ကြစေဖို့ ရည်ရွယ်လျှက် ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပင်တိုင်တင်ဆက်သူများ၊ ဝိုင်းတော်သားများနဲ့အတူတူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင် ထုတ်လွှင့်ကြရအောင် ဖိတ်ခေါ်လိုပါတယ်။
မိတ်ဆွေအနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် ဒီနေရာမှာ https://forms.gle/fYrXGt4EsGyL7jf39 ဖောင်ဖြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ စိတ်ကြိုက် ဖန်တီးမှု လက်ရာ တစ်ခုခု၊ မှတ်ပုံတင် ရှေ့၊နောက်နဲ့ မျက်နှာသိသာထင်ရှားတဲ့ အလှဓာတ်ပုံ တစ်ပုံကို [email protected] ကို အမြန်သာ ပေးပို့လိုက်ပါ။
"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"
👉 https://anchor.fm/mcanetwork
👉 https://myanmarcinemabilitynetwork.wordpress.com/
👉 https://www.youtube.com/channel/UCEU4gZmDyZCzAyyOC2JLxEA
👉https://open.spotify.com/show/5o6dMyCPBRMoejlzQL9haZ
👉 https://www.clubhouse.com/club/myanmar-cinemability-network
👉 https://t.me/mcanetwork
📧[email protected]
☎️ 09941559897, 09261256493
TikTok က On this day post ကြည့်ပြီး အသံနဲ့ကိုယ်တိုင်ပါဝင်တင်ဆက်ဖို့ စိတ်ဝင်စားကြသူတွေ ဒီမှာ အသေးစိတ် ရှင်းပြထားပါတယ်။ Voice Actor အသံသရုပ်ဆောင် သီးသန့်ခေါ်တာ မဟုတ်သလို Audio Book အတွက် စာဖတ်ဖို့လည်း မဟုတ်ပါဘူးရှင့်။ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ အကြောင်းအရာကို ကိုယ်တိုင် Host/Co-host အဖြစ်နဲ့ စီစဉ်တင်ဆက်တတ်ဖို့၊ ပင်ကိုယ် အသံစွမ်းရည်ကို အသုံးချပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရည် အမှတ်တံဆိပ် "Personal Brand" တည်ဆောက်ရင်း အလုပ်အကိုင် အခွင့်အလမ်း ရှာချင်သူတွေနဲ့ လက်ရှိ ကိုယ့်ရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေမှာ Podcast ကို အသုံးချတတ်စေဖို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို မိတ်ဆက်ပေးထားပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ သက်အရွယ်အရ နည်းပညာနဲ့ အလှမ်းမဝေးဘဲ သင်လွယ်၊ ပြင်လွယ်ပြီး စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ အသက် ၆၀ နှစ်အောက် စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်တွေပါ လျှောက်ထားနိုင်ပါတယ်ရှင့်။ တင်ဆက်ပုံနဲ့ နည်းပညာပိုင်းကို လိုအပ်သလို လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူတွေကို ဖိတ်ခေါ်ပါတယ်။ ယုံကြည်ချက်ဆိုတာ တစ်စုံတစ်ခုကို လိုလိုလားလား အစပြုဖို့ စိတ်အားထက်သန်မှုကို ဆိုလိုတာဖြစ်ပါတယ်။ မိတ်ဆွေတို့ဖက်ကသာ အကြောင်းအရာတွေ ကြွယ်၀ပါစေ၊ ကျွန်မတို့ဖက်က ပညာရပ်ပိုင်းဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ။
Nwaye Zar Che Soe
Independent Filmmaker, Social Worker, Podcaster,
Digital Storytelling Expert,
Founder of Myanmar CinemAbility Network
https://myanmarcinemabilitynetwork.wordpress.com/
02/06/2024
✨”👱♀️Her Path Forward: Post-Pandemic 👩🏻💻 Success Stories"✨
✍️ကိုယ်တိုင်ရေးအတ္ထုပတ္တိ 📝ဖန်တီးကြရအောင်။
စာရေးသားခြင်းကို ဝါသနာထုံပြီး ခက်ခဲကြပ်တည်းတဲ့ ကာလအတွင်းမှာ မိမိရဲ့ ဝင်ငွေရ စီးပွားရေးလုပ်ငန်းတစ်ခုကို ထူးထူးခြားခြား အစပြုနိုင်ခဲ့ကြတဲ့ သူရဲကောင်း အမျိုးသမီးတွေရဲ့ ရုန်းကန်စွန့်စားခဲ့ရပုံတွေကို ကိုယ်တိုင်လေ့လာ ရေးသားမှတ်တမ်းတင်ဖို့ ဆန္ဒပြင်းပြကြတဲ့ (၁) MSME လုပ်ငန်းရှင်များ၊ (၂) အသိပညာ၊ အတတ်ပညာ နယ်ပယ်စုံက ကျွမ်းကျင်ပညာရှင်များနဲ့ (၃) လုပ်ငန်းအပြောင်းအလဲတွေကြားက အသစ်သော စွန့်ဦးတီထွင်မှုတွေ လုပ်ဆောင်နိုင်ခဲ့သူ Entrepreneur များကို ၁၀ ပတ်တာ အတူတကွ လက်တွေ့လေ့လာ အကောင်အထည်ဖော် ဖန်တီးဖို့ ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်လိုပါတယ်။ စိတ်ပါဝင်စားသူ အသက် (၁၈) နှစ်နဲ့အထက် အမျိုးသမီးများ Chatbox ကနေ လာရောက်ဆက်သွယ် စာရင်းသွင်းနိုင်ပါတယ်။
👩💻https://myanmarcinemabilitynetwork.wordpress.com/
📧[email protected]
👩💻https://nwayezarchesoe.wordpress.com/
📧[email protected]
📱09450067352 (Viber, Telegram)
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |