Burma Sport Reporter

Burma Sport Reporter

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Sport Reporter, Arts and entertainment, Yangon.

03/12/2019

ရေပန်းစားနေတဲ့အတိုင်း ဗန်ဒိုက်ခ်ကို ကျော်ဖြတ်ပြီး Ballon d'Or ဆုကို ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တဲ့ မက်ဆီ

=======================================

ပြင်သစ်နိုင်ငံမှာ ကျင်းပပေးအပ်တဲ့ Ballon d'Or ဆုပေးပွဲမှာတော့ အစောပိုင်းမှာ သတင်းတွေအခိုင်အမာထွက်ခဲ့တဲ့အတိုင်း ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဗန်ဒိုက်ခ်ကို ကျော်ဖြတ်ပြီး သူ့ရဲ့ ၆ ကြိမ်မြောက်အဖြစ် Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုလို ရရှိတဲ့အတွက် မက်ဆီဟာ ဒီဆုကို ၆ ကြိမ်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်ဝင်ခဲ့သလို ရော်နယ်ဒိုကိုလည်း တစ်ကြိမ်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီအတွက်တော့ ဒီဆုကို ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ဒီနှစ်ရဲ့အဓိကပြိုင်ဘက် ဗန်ဒိုက်ခ်ကို နောက်ကောက်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

FIFA Men Award ကို ဆွတ်ခူးထားနိုင်တဲ့ မက်ဆီအတွက်တော့ Ballon d'Or ဆုဟာ ပြီးပြည့်စုံမှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်မှာ ကလပ်နဲ့ နိုင်ငံတကာသွင်းဂိုး ၅၄ ဂိုးအထိ ရရှိခဲ့သူပါ။ ဒါ့အပြင် သူဟာ ရွှေဖိနပ်ဆုတွေကို သိမ်းကြုံးဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆုပေးပွဲမှာတော့ အစဉ်လိုက်အဖြစ် မက်ဆီက ပထမ ၊ ဗန်ဒိုက်ခ်က ဒုတိယ ၊ ရော်နယ်ဒိုက တတိယ ၊ မာနေးက စတုတ္ထနဲ့ ဆာလက်က ပဉ္စမဆိုပြီး အသီးသီးရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။

မက်ဆီနည်းတူ အခြားသောဆုရရှိမှုတွေအဖြစ် အမေရိကန်အသင်းခေါင်းဆောင် မီဂန်ရာပီနိုးက တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆု ၊ လီဗာပူးဂိုးသမား အလီဆွန်ဘက်ကာက တစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု ၊ ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်က အသက် ၂၁ နှစ်အောက် အကောင်းဆုံး လူငယ်ကစားသမားဆုတို့ကို အသီးသီးရရှိခဲ့ကြတာပဲဖြစ်ပါတယ်။

အခုတော့ မက်ဆီဟာ Ballon d'Or မှာ ၆ ကြိမ်မြောက်ရရှိမှုနဲ့အတူ ၂၀၁၉ ကို အကောင်းဆုံးပိတ်သိမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၂ နှစ်ရှိနေပေမယ့် ဒီကစားသမားကြီးဟာ အခုထိ မှော်ဆန်မှုတွေကို ပြသနေပြီး စံချိန်များစွာကို ချိုးဖျက်နေဆဲဖြစ်ပါတယ်။

တကယ့် ဂုဏ်ယူစရာပါပဲ … ။ မက်ဆီအတွက် ဂုဏ်ပြုစကားလေးတွေလည်း ပြောခဲ့ကြပါဦး …။

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon