MHTV
Exploring for Everyone.
ကျွန်တော် ဝန်ခံပါရစေ။ လူတွေက မှန်တယ် ညီလေးတို့.. မင်းလုပ်တာ မှန်တယ်တို့။ သတ္တိရှိတယ်တို့ ပြောရင် သိပ်ကြိုက်တာပါ။ ဒါပေမယ့် သိတဲ့အတိုင်းပါပဲ။ ဘာကျောထောနောက်ခံမှ လဲမရှိပါဘူး။ သာမန်လူလတ်တန်းစားလေး တစ်ယောက်ပါ။
ပြောခဲ့တဲ့စကားတစ်ချို့လဲ မတည်တဲ့ကောင်ပါ။ တရုတ် ဖုန်းဘာညာ။ အဲ့တော့ မိတ်ဆွေများကို တစ်ခုတောင်းဆိုချင်တာကတော့ ခုစျေးကျတဲ့ကိစ္စတွေက ဖြစ်ချင်လို့ကို ဖြစ်ပျက်သွားတာပါ။ ကျွန်တော့် ပယောဂ မပါပါဘူး။ အဲ့တော့ စွတ် မမြောက်ကြပါနဲ့။ မာန်မာနရဲ့ နောက်ကွယ်မှာ ပျက်ဆီးခြင်းပဲရှိတာ ကျွန်တော် တစ်ခါသေဖူးပျဥ်ဖိုးနားလည်လာလို့ပါ။
ကျွန်တော့် post လေးတွေကြောင့် လူအနည်းစုလေး စောင့်နေနိုင်ခဲ့တယ်။ ငွေပို မကုန်ဘူးဆိုရင်ပဲ ဒါ ကျွန်တော့်အတွက်အမြတ်ပါ။
Adios
iPhone official တွေ စျေးထွက်လာတဲ့အချိန် ကျွန်တော် post တစ်ခုခု တင်ပြီး ရွဲ့သလို စောင်းသလို လုပ်ချင်ပေမယ့် မလုပ်ပါဘူး။
တကယ်တမ်းစိတ်ပူတဲ့ မေးခွန်းက ဘာဖြစ်နေလဲဆိုတော့ စျေးကျသွားသည့်တိုင် end user တွေလက်ထဲ တကယ်ရောက်နေလား ဆိုတဲ့ မေးခွန်းပါ။
ငွေပြန်အမ်းပေးတဲ့ mDrive ကိုတော့ တကယ် Salute ပါ။
ဘာလို့ မင်းက ဖုန်းစျေးတက်တာ ထ ဂေါက်ကြောင် မန်းရှင်းနေတာလဲ ဆိုတာ ရှင်းပြမယ်။ ခုချိန် ဆီစျေးတက်တယ်နော်။ EV တွေဘက်ခြမ်းလဲ စျေးတတ်သွားတယ်။ EV content creator တွေအနေနဲ့ Panic Buying မလုပ်ကြဖို့ သတိပေးထားတဲ့ စာတွေရှိတယ်။ မကြာခင် နွေရာသီနော်။ Charging Station တွေ ကြည့်ဦးနော် စသည်ဖြင့်။ ဆန်တွေ စျေးတတ်လျက်သားနဲ့ စပါးစျေးအနှိမ်ခံရလို့ ဝမ်းနည်းပေါက်ကွဲနေတဲ့ Video တွေရှိတယ်။
ဆိုတော့ ဘာလို့ ဖုန်းလဲ။ အဖြေကရှင်းပါတယ်။ ကျွန်တော့်ကို ၇ နှစ် ထမင်းကြွေးခဲ့တဲ့ လိုင်း ဖြစ်နေလို့ပါ။ Social Responsiblity တစ်ခုလို့သဘောထားလို့ လုပ်နေတာပါ။
မင်းက အသာလေး official ကြော်ငြာပဲယူနေတဲ့ကောင်ပဲဆိုပြီး ဝိုင်းထောက်ပြစရာဖြစ်မှာစိုးလို့ CEIR စနစ်မငြိမ်ခင်ထိ First Impression Video Review Video ပိုက်ဆံမယူပါဘူးလို့လဲ အတိလင်းကြေငြာတာ ဒါနဲ့ဆို ၃ ခါမြောက်ပါ။
ဝယ်ရောင်းသမားအကုန်လုံးကို ထိသွားသလို ဖြစ်သွားတာတော့ စိတ်မကောင်းပါဘူး။ တကယ်ကောင်းတဲ့ ဝယ်ရောင်းတွေ အများကြီးရှိပါတယ်။ ဥပမာ ProAV ဆို ကျွန်တော် ပြန်ထုတ်တဲ့ အလုံးမှန်သမျှ စျေးမနှိမ်ပါဘူး။ သေသေချာချာ လုပ်ပေးပါတယ်။ ကျွန်တော် ညွှန်းသမျှ သူတိုင်းလဲ အဆင်ပြေကြပါတယ်။ ဒါဥပမာပေးတာပါ။ တခြား user ဘက်ကြည့်တဲ့ ဝယ်ရောင်းတွေလဲ အများကြီးပါ
အားလုံးအဆင်ပြေကြပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon