May memories

May memories

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May memories, Digital creator, Yangon.

22/07/2023

အာရုံစိုက်ပါ
∆∆∆∆∆∆∆∆∆
တစ်ခုဆို တစ်ခု အာရုံစိုက်နိုင်အောင် ကြိုးစားပါ။

သတိနဲ့ အသိ ပေါင်းပြီး အလုပ် လုပ်ပါ။

အာရုံစိုက် လုပ်ကိုင်လာနိုင်ပြီဆိုရင် စွမ်းဆောင်ရည် မြင့်လာပါလိမ့်မယ်။

အရည်အသွေးမြင့် အလုပ်တွေ ဖန်တီးနိုင်ပြီး လုပ်ဆောင်ချက်တွေ မြန်ဆန်လာပါလိမ့်မယ်။

"ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပါ။"

ကိုယ့်အားနည်းချက်၊ ကိုယ့်အားသာချက်ကို သိအောင် လုပ်ပါ။

ကိုယ် တာဝန်ယူထားတဲ့ အလုပ်နဲ့ ကိုယ့်အားသာချက်နဲ့ ကိုက်ညီရဲ့လား သုံးသပ်ပါ။

တိုးတက်ဖို့ လိုမယ့် အရည်အချင်းတွေ ရှိရင်လည်း ထပ်မံ သင်ယူပါ၊ လေ့လာ လေ့ကျင့်ပါ။

အတိတ်က သိထား တတ်ထားတဲ့ ပညာတိုင်းဟာ ပစ္စုပ္ပန်မှာ ဆက်ပြီး အသုံးဝင်ဖို့ မသေချာပါ။

နိုင်ငံရေး၊ စီးပွားရေးနဲ့ နည်းပညာ ပြောင်းလဲမှုတွေပေါ် လိုက်ပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို မပြတ် မြှင့်တင်နေဖို့လိုပါတယ်။

"ဦးစားပေးရမယ့် အလုပ်ကို ဦးစားပေးပါ။"

ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ စဥ်းစားဉာဏ်တို့ စည်းချက်ညီပါစေ။

ကိုယ် လုပ်ချင်တာနဲ့ လုပ်သင့်တာ ချိန်ဆပါ။

လုပ်ချင်တာကို ဦးစားပေးရမယ့် အချိန် ရှိသလို လုပ်သင့်တာကို အရင် ပြီးမြောက်အောင် ဆောင်ရွက်ရမယ့် အချိန်လည်း ရှိပါတယ်။

ခံစားချက်ကြောင့် စဥ်းစားဉာဏ် မပျောက်သင့်သလို စဥ်းစားတွေးခေါ်မှု လွန်ကဲပြီး ခံစားချက်မဲ့တာမျိုးလည်း မဖြစ်သင့်ပါ။

အဓိကက ကိုယ် ဘာ လုပ်လုပ် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းဟာ ကိုယ့်ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ခြေလှမ်းတွေ ဖြစ်နေဖို့ပါပဲ။

24/04/2023

**** တန်ပြန်နိယာမ ****

" ကမ္ဘာမြေကြီးကို ရေချိုမကျွေးရင်...
ကမ္ဘာမြေကြီးကလည်း ရေချိုပြန်ပေးမှာ
မဟုတ်ဘူး။ "

" ကမ္ဘာကြီးကို အပူတွေပေးရင်တော့...
ကမ္ဘာကြီးကလည်း အပူတွေပြန်ပေးလိမ့်မယ်။ "

" လောကကြီးကို ဘာတွေကျွေးပြီး၊
ဘာတွေပေးနေသလဲ။ ? ကိုယ်ကျွေးတာ
ပြန်စားရမယ်။ ကိုယ်ပေးတာပြန်ရမယ်။ "

Credit toအညတြထေရ်အရှင်

24,4,2023( 7:28am )

23/04/2023

Critical Thinking
=============
ယနေ့ခေတ်မှာ တွင်တွင်ပြောလာကြတဲ့ Skill တစ်ခုပါ။
ထဲထဲဝင်ဝင်ခေါင်းထဲမရောက်လို့ မတွင်ကျယ်သေးတာလားတော့မသိ။

မြန်မာမှုတွေ အမျိုးမျိုးပြုကြပါတယ်။
အကောင်းဆုံးကတော့ အရေးပါတဲ့တွေးခေါ်ခြင်းဉာဏ်ပညာလို့ပဲမှတ်ထားလိုက်ပါ။ ကျိုးကြောင်းဆက်စပ်တွေးခေါ်ခြင်းဖြစ်ပါတယ်။

Definition ဖွင့်ရရင်တော့
(၄) ပိုင်းခွဲပြောချင်ပါတယ်။

(၁)အကြောင်းရင်းကို ထိရောက်စွာရှာဖွေတတ်ခြင်း
အခြေအနေ၊ အနေအထားနဲ့ သင့်တော်မယ့် နည်းလမ်းပေါင်းစုံ ( inductive , deductive စသဖြင့်) ကို အသုံးပြု၊ ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီး အဓိကအကြောင်းရင်းကိုရှာဖွေတာပါ။

(၂) စနစ်တကျတွေးခေါ်စဉ်းစားခြင်း
အစိတ်အပိုင်းတွေအများကြီးပါဝင်တဲ့စနစ်ကြီးတစ်ခုကနေ outcomes တွေထွက်လာဖို့ အဲ့ဒီစနစ်ထဲမှာပါတဲ့ အစိတ်အပိုင်းလေးတွေအချင်းချင်းဘယ်လို အပြန်အလှန်ဆက်သွယ်လုပ်ဆောင်ကြသလဲဆိုတာကို ပိုင်းခြားပြီးမြင်တတ် ဝေဖန်တတ်ခြင်းပါ။

(၃) ဆင်ခြင်အကဲဖြတ်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း
တစ်ခုခုကို Judge လုပ်ရမယ်၊ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင်
သက်သေအထောက်အထားတွေ၊ အကျိုးသင့်အကြောင်းသင့်ဆွေးနွေးချက်တွေ၊ အခိုင်အမာတင်ပြချက်တွေ၊ ထင်မြင်ချက်၊ယုံကြည်လက်ခံထားချက်တွေကို သေချာပိုင်းခြားဝေဖန်မယ်။

အဓိကကျတဲ့ မတူညီတဲ့ရှု့ထောင့်တွေကနေကြည့်မယ်။
ရထားတဲ့အချက်အလက်တွေကို စုစည်းကြည့်မယ်၊ ချိတ်ဆက်ကြည့်မယ်။

ပြီးရင် အကောင်းဆုံးစိစစ်တွေ့ရှိချက်ကနေ အဓိပ္ပါယ်ကောက်မယ်၊ ကောက်ချက်ဆွဲမယ်။
ပြီးရင် Judge လုပ်မယ်၊ Decision ချမယ်ပေါ့။

(၄) အခက်အခဲဖြေရှင်းတတ်ခြင်း
နည်းဟောင်းတွေနဲ့ရော၊ တီထွင်ဆန်းသစ်ထားတဲ့နည်းလမ်းတွေနဲ့ရော မကြုံဖူးတဲ့ အခက်အခဲမျိုးစုံကိုဖြေရှင်းနိုင်ခြင်းပါ။
အမျိုးမျိုးသောရှုထောင့်တွေကကြည့်မယ်။

အဲဒီလိုကြည့်တဲ့နေရာမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် လိုအပ်တဲ့မေးခွန်းတွေဖော်ထုတ်ပြီးမေးမယ်။ အဲဒိကမှ အကောင်းဆုံး ဖြေရှင်းနည်းထုတ်မယ်။
....

ဒီအပိုင်း (၄) ပိုင်းဟာ Critical Thinking လို့ဆိုပါတယ်။ အဲဒီတော့ Critical thinking ဆိုရင် အကြောင်းရင်းကိုရှာဖွေတတ်ရမယ်။ အကျိုးအကြောင်းဆက်စပ်တတ်ရမယ်။ ပိုင်းခြားဝေဖန်တတ်ရမယ်။ အကဲဖြတ်သုံးသပ်တတ်ရမယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတတ်ရမယ်။ ပြဿနာအခက်အခဲတွေကို ဖြေရှင်းတတ်ရမယ်ပေါ့။

------
Critical Thinking ဟာ society ထဲမှာ တကယ့်ကိုတန်ဖိုးရှိတဲ့ skills တစ်ခုဖြစ်နေတာကြာခဲ့ပါပြီ။

အရင်က ထူးချွန်တဲ့ကျောင်းသားတွေအတွက်သာဖြစ်ခဲ့ပေမယ့် ဒီခေတ်မှာ ကျောင်းသားအားလုံးအတွက်အလွန်အရေးပါတဲ့ Domain တစ်ခုဖြစ်နေပါပြီ။
ကောင်းကောင်းမတွေးတတ်ရင် ကောင်းကောင်းမသင်ယူနိုင်ပါဘူး။

ပိုင်းခြားဝေဖန်ခြင်း၊ အဓိပ္ပါယ်ကောက်ခြင်း၊ အသေးစိတ်ခြင်း၊ တိကျမှန်ကန်ခြင်း၊ ပြသနာဖြေရှင်းခြင်းစသဖြင့် အဲ့ဒိလိုတွေးခေါ်တတ်အလေအကျင့်တွေဟာ ကျောင်းသားတွေရဲ့ အောင်မြင်မှုကိုပြဌာန်းတဲ့နေရာမှာ စာအုပ်ထဲပါတဲ့စာတွေထက် ပိုအရေးကြီးလာပါပြီ။

Critical thinking ကို ကျောင်းတွေမှာသင်ပေးဖို့လိုကိုလိုအပ်ပါတယ်။ ဒါကိုသင်ပေးထားရင် အခြားသော skills တွေမှာ ဖွံ့ဖြိုးတိုးတက်လာမယ်။

ဒီနေ့ခေတ်မှာ နိုင်ငံသားတိုင်း Critical Thinkers တွေဖြစ်ဖို့လိုပါတယ်။

Evidence တွေ နှိုင်းယှဉ်သုံးသပ်ရမယ်၊ ယှဉ်ပြိုင်မှုတွေ၊ Claims တွေကို ချင့်ချိန်အကဲဖြတ်တတ်ရမယ်။ မှန်ကန်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ရမယ်။

၂၁ ရာစုခေတ်မှာ အိမ်ထောင်စုတိုင်းဟာ ငွေကြေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ နီတိဆိုင်ရာ၊ အပန်းဖြေမှုဆိုင်ရာတွေကို ချင့်ချိန်တွက်ဆလုပ်ကိုင်ရပါတယ်။

ကမ္ဘာကြီးပူနွေးလာတာမျိုး အပြည်ပြည်ဆိုင်ရာပြသနာတွေဟာ အဆင့်မြင့်မြင့် critical thinking နဲ့ problem solving skills တွေ လိုအပ်လာပါတယ်။

ဝန်ထမ်းတွေဆိုရင် ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့၊ ပိုကောင်းတဲ့ product တွေထုတ်နိုင်ဖို့၊ အမြဲပြောင်းလဲနေတဲ့ ကမ္ဘာ့စီးပွားရေးထဲမှာ ကိုယ့်အရည်အသွေးတွေစဉ်ဆက်မပြတ်တိုးတက်နေဖို့ critical thinking ကို မွေးမြူရပါမယ်။

Employee development အတွက်၊ talent management အတွက် succession planning အတွက် Critical thinking ဟာ ဦးစားပေးရမယ့် skill တစ်ခုဖြစ်ပါတယ်။
ဒီလောက်ဆို Critical Thinking အကြောင်း သိလောက်ပြီထင်ပါတယ်။
အောင်မြင်ကြပါစေ. . .

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon