Mo Mo Finance

Mo Mo Finance

Share

Mo Mo Ventures Finance Co., Ltd. provides consumer financing services in Myanmar. Online Booking Form

https://forms.gle/HWCQC2vfFUExSMuX6

17/04/2026

မြန်မာရိုးရာနှစ်သစ်ကူးအချိန်အခါ မှစ၍ Mo Mo Financeရဲ့ မိတ်ဆွေသင်္ဂဟများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေ။ ဘေးဘယဝေးကွာ၍ ကံကောင်းခြင်းများရရှိနိုင်ကြပါစေကြောင်း Mo Mo Financeမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ #သင်္ကြန်

Photos from Mo Mo Finance's post 26/03/2026

ဒီနေ့ကစပြီးငွေစုမယ် ဆိုပြီး မစုဖြစ်ပဲဖြစ်နေတုန်းလား❓
“ဒီနေ့ကစပြီးငွေစုမယ်” နဲ့ ငွေမစုဖြစ်တဲ့ အဓိကအမှား ၃ချက်❗️

“ဒီနေ့ကစပြီးငွေစုမယ်” "သေချာစာရင်းမှတ်မယ်" ဆိုပြီးငွေစုတဲ့ဆီကို ဘယ်တော့မှရောက်မသွားတာမျိုးဖြစ်ဖူးကြလား။
တကယ်တော့ ငွေမစုရခြင်းရဲ့ အကြောင်းအရင်း အများဆုံး ၃မျိုးရှိပါတယ်။ ဒီသုံးခုကို သိထားပြီး သတိထားလုပ်ဆောင်ရင် ငွေကိုစီမံခန့်ခွဲရတာ လွယ်ကူပြီး ပိုမိုအောင်မြင်စွာ စုဆောင်းနိုင်မှာပါ။

1️⃣“နောက်လမှ စုတော့မယ်” (Procrastination)
အခုလမှာအသုံးစရိတ်များလို့ နောက်လမှ စစုမယ်လို့ တွေးတတ်တာဟာ အမှားတစ်ခုပါ။
“နောက်လမှ စုမယ်” ဆိုတာက တကယ်တော့ မရောက်နိုင်တဲ့ နေ့တစ်နေ့ပါ။
“လစာထုတ်ရက်ကျော်တာနဲ့နောက်လစတင်မယ်” လို့ တွေးထားတတ်ကြပါတယ်။
ဒါပေမယ့် နောက်လရောက်ရင်လည်း အကြောင်းအသစ်တွေ ပေါ်လာပြီး စုငွေစစုရန်အတွက် ထပ်ပြီး ပျက်ကွက်နေစေပါတယ်။
ဥပမာ— ကုန်စျေးနှုန်းတက်ခြင်း၊ အိမ်မှာ အရေးပေါ်ကုန်ကျစရိတ်ပေါ်လာခြင်း၊မျှော်လင့်ထားတဲ့ ပစ္စည်းအသစ်ထွက်လာခြင်းတို့ကြောင့်အရင်ဆုံး ငွေစုတတ်တဲ့ အလေ့အကျင့်ရရန်အတွက် အချိန်ကြန့်ကြာစေတတ်ပါတယ်။

💡 Tip: လစာထုတ်ရက်ရောက်တဲ့အချိန်မှာပဲစုငွေကို အရင်ထည့်ပါ၊ ကျန်တာကို အချိုးကျစီမံခန့်ခွဲပြီး အသုံးပြုပါ။စုငွေကို အရင်ထားပြီး စုထားလိုက်တာနဲ့ အချိန်နဲ့လိုအပ်ချက်အလိုက် ငွေကိုသေချာစွာစီစစ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။
________________________________________
2️⃣ဝင်ငွေတိုးတာနဲ့ အသုံးတိုးခြင်း (Lifestyle Creep)
လစာတိုးလာရင်စုငွေတိုးမယ့်အစား ပိုကောင်းတဲ့ဖုန်း ဝယ်ချင်တာ၊ ပိုကောင်းတဲ့ဆိုင်မှာစားချင်တာ၊အဝတ်အစားအမှတ်တံဆိပ်ကောင်းတွေကို ဝယ်ချင်လာတာ၊ ပိုကောင်းတဲ့အသုံးအဆောင် ပစ္စည်းတွေကို အသုံးပြုချင်လာတာ စတဲ့အသုံးစရိတ်များအလိုလို တိုးပွားသွားတတ်ပါတယ်။
Lifestyle Creep ဟာ လူအများစု သတိမထားပဲဖြစ်တတ်ပြီး၊ ဝင်ငွေတိုးလာတာနဲ့ အလိုလို အသုံးစရိတ်တိုးသွားတာက စုငွေမတိုးဖြစ်ခြင်းရဲ့ အဓိကအကြောင်းတစ်ခုပါ။

💡 Tip: ဝင်ငွေတိုးတိုင်း Lifestyle မတိုးဘဲ အရင်ဆုံး စုငွေကို အရင်တိုးပါ။ စုငွေတိုးပြီး ကျန်တာကို အသုံးပြုရင် ဘဝရဲ့နေထိုင်မှုအဆင့်အတန်းကိုပါတိုးနိုင်ပါတယ်။
________________________________________
3️⃣မလိုအပ်ဘဲ ဝယ်မိခြင်း (Impulse Buying)
Online မှာလျှော့စျေးတွေ့တာနဲ့ “မရှိမဖြစ်” လိုအပ်ချက်အတွက်မဟုတ်ဘဲ ဝယ်မိတာက စုငွေကို အဓိက လျော့နည်းစေပါတယ်။
လူအများစုက မလိုအပ်တဲ့အရာတွေကိုဝယ်လိုက်ခြင်းတွေကြောင့်ကိုယ့်မှာလက်ရှိ ရှိထားတဲ့ငွေကို စုဆောင်းနိုင်မှုနည်းပါးသွားတတ်ပါတယ်။
ဥပမာ— Facebook, Instagram, TikTok, Viber, Kpay စတဲ့ platform တွေမှာ လျှော့စျေးတွေကြုံတိုင်း ကိုယ့်အတွက် အမှန်တကယ်မလိုအပ်ဘဲ “ဝယ်မယ်” ဆိုတဲ့ click အလိုလို click လုပ်မိတတ်ကြပါ တယ်။ ထိုသို့ လုပ်ဆောင်တတ်ခြင်းဟာစုငွေမတိုးရခြင်းအကြောင်းအရင်းတစ်ခုပါ။

💡 Tip:
• Online shopping စတင်မဝယ်ခင် “လတ်တလောလိုအပ်မှုရှိလား” လို့ ကိုယ့်ကိုယ်ကိုဦးစွာမေးပါ။
• Wishlist ထားပြီး အချိန်ကြာပြီးမှ ဝယ်ပါ။
• လိုအပ်ချက်မရှိဘဲ ဝယ်တာကို ရှောင်ပါ။

💰ငွေစုတာက သင့်ဘဝ Upgrade လုပ်ဖို့ အဓိကဖြစ်ပါတယ်။ ငွေမစုပဲ invest လုပ်ဖို့ပြောကြပေမဲ့ invest လုပ်ဖို့အတွက် သင့်တင့်တဲ့ငွေပမာဏလိုပါတယ်။ လခစားဝန်ထမ်းတွေအတွက်က invest လုပ်ဖို့အတွက် ငွေဖြည်းဖြည်းချင်းဆီ စုမှရမှာမို့ ငွေစုဖို့ကို အပေါ်ကအချက် ၃ချက်ကိုသတိထားလိုက်နာဖို့လိုပါတယ်။ ဘဝမှာအောင်မြင်တဲ့သူတွေဟာဝင်ငွေတိုးတိုင်း စုငွေကို အရင်တိုးပြီး Lifestyle မတိုးဘဲ ငွေကိုစီမံခန့်ခွဲပြီး အသုံးပြုကြပါတယ်။ သင့်နေထိုင်မှုဘဝကို Upgrade လုပ်ချင်ရင် Lifestyle တိုင်းခြင်းမလုပ်ပဲ Savings ကို Upgrade အရင်လုပ်မှသာလျှင် ဘဝအောင်မြင်မှုအဆင့်အတန်းကိုပါ မြင့်မားတိုးတက်လာမှာဖြစ်ပါတယ်။

#ငွေစုခြင်း

12/03/2026

🎊 TikTok Page ဖွင့်ပွဲ အထူး Lucky Draw အစီအစဉ် 🎊
မင်္ဂလာပါ Mo Mo Finance ရဲ့ Official TikTok Page လေးကို အခုပဲ စတင်ဖွင့်လှစ်လိုက်ပါပြီ။ 🥳
Page အသစ်လေးမှာစိတ်ဝင်စားစရာ Content အသစ်တွေ၊ Promotion အစီအစဉ်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ Follow လုပ်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခု Page ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ Lucky Draw အစီအစဉ်လေးကိုလည်းပြုလုပ်ပေးထားပါတယ်နော်။✨
✅ ပါဝင်ကံစမ်းရန် အဆင့် (၃) ဆင့်:
၁။ကျွန်တော်တို့ရဲ့ TikTok Page ကို Follow လုပ်၍ screenshot ရိုက်ပါ။
👉 https://www.tiktok.com/
၂။ TikTok ထဲက ဗီဒီယိုတစ်ခုခုကို Like ပေးပါ။
၃။Follow လုပ်ထားသော screenshotအား TikTok Comment တွင်မန့်ပေးရုံပါပဲ။

🎁 ဆုလက်ဆောင်: ကံထူးရှင် (၅) ဦးကို ရွေးချယ်ပြီးတစ်ဦးလျှင် ၅,၀၀၀ ကျပ် စီ လက်ဆောင်ပေးသွားမှာပါ။

Page အသစ်လေးမို့ Follower နည်းသေးတော့ကံထူးဖို့ အခွင့်အရေး ပိုများတာပေါ့😉
အခုပဲအမြန်ဆုံး Follow လုပ်ပြီး ကံစမ်းလိုက်ရအောင်!

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Strand Road, Pabedan Tsp
Yangon
11141

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00