ROM Robotics
Training & Education ( Robotics, AI, Embedded ), Research & Deployment Company 09259288229
18/05/2026
ကိုယ်တိုင် Code ရေးရင်း၊ ဒါမှမဟုတ် စနစ်တစ်ခုကို တည်ဆောက်ရင်း Error တက်လာလို့ Google ခေါက်၊ StackOverflow မွှေ၊ ChatGPT ကို အထပ်ထပ်မေးပြီး (၃) ရက်လောက် ခေါင်းစားသွားရတဲ့ ပြဿနာမျိုး ကြုံဖူးလား?
ဒါပေမဲ့... အဲဒီပြဿနာကိုပဲ ကိုယ့်ထက် အတွေ့အကြုံများတဲ့ Mentor ဒါမှမဟုတ် လုပ်ငန်းခွင်က Senior တစ်ယောက်ကို လှမ်းမေးလိုက်တဲ့အခါ ၅ မိနစ်တည်းနဲ့ "အော်... အဲဒါ ဒီနေရာလေးက Config လွဲနေတာ၊ ဒီလိုပြင်လိုက်" ဆိုပြီး ချက်ချင်း အဖြေထွက်သွားတတ်ပါတယ်။
ဒါက ဘာကိုပြနေတာလဲဆိုတော့ IT လောကမှာ "ကိုယ် ဘာသိလဲ (Skill)" ဆိုတာအပြင် "ကိုယ် ဘယ်သူ့ကို သိလဲ (Network & Mentorship)" ဆိုတာက တကယ့်လက်တွေ့မှာ အများကြီး ပိုအရေးပါနေလို့ပါပဲ။
အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ ဝင်ငွေကြမ်းတဲ့ Freelance Project တွေဆိုတာ များသောအားဖြင့် CV Form တွေကနေတစ်ဆင့် လာတာထက် ကိုယ်ယုံကြည်ရတဲ့ အချိတ်အဆက်တွေ (Connections) ကနေတစ်ဆင့် Referral အနေနဲ့ လာကြတာချည်းပါပဲ။
ဒါဆို အစ်ကိုတို့ Network တွေ၊ အကူအညီတောင်းလို့ရမယ့် Connection တွေကို ဘယ်ကနေ စတည်ဆောက်ကြမလဲ?
အဓိကကတော့ အခန်းထဲမှာချည်းပဲ ပိတ်ပြီး Code ထိုင်ရေးမနေဖို့ပါပဲ။ အပြင်က Tech Event တွေ၊ Workshop တွေ၊ ဒါမှမဟုတ် Online က IT Group တွေ၊ Discord Channel တွေမှာ ဝင်ပြီး လူတွေနဲ့ စကားပြောပါ။ "Network တည်ဆောက်တယ်" လို့ ခေါင်းထဲ ကြီးကြီးမားမား တွေးမနေဘဲ ကိုယ်နဲ့ ဝါသနာတူတဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေ ရှာတယ်လို့ပဲ သဘောထားလိုက်ပါ။
ပြီးတော့ Senior တွေကို သွားမေးတဲ့အခါ သတိထားရမယ့် အချက်လေးတစ်ခု ရှိတယ်။ "အစ်ကို... ဒီမှာ Error ကြီး တက်နေလို့ ဘယ်လိုလုပ်ရမလဲ" ဆိုပြီး Error Screenshot ကြီး ပို့ပစ်လိုက်တာမျိုးက သိပ်မမိုက်ဘူး။ Senior တွေကလည်း အလုပ်များတဲ့သူတွေဆိုတော့ အဲ့လို "ခွံ့ကျွေးပါ" ဆိုတဲ့ပုံစံမျိုးဆို သိပ်မဖြေချင်ကြဘူးလေ။
ဒီတော့ ကိုယ့်ဘက်ကနေ "အစ်ကိုရေ... ကျွန်တော် Google ခေါက်ပြီး ဒီနည်းလမ်းလေးတွေတော့ စမ်းကြည့်သေးတယ်၊ အဆင်မပြေလို့ ဘယ်နားလေး လွဲနေလဲ သိရင် လမ်းညွှန်ပေးပါဦး" ဆိုပြီး မေးကြည့်ပါ။ ကိုယ့်ဘက်က အရင်ကြိုးစားထားတယ်ဆိုတာ မြင်ရင် ဘယ် Senior မဆို သေချာပေါက် ကူညီပေးချင်ကြပါတယ်။
နောက်ဆုံးတစ်ခုက... အမြဲတမ်း "ယူ" နေတဲ့သူချည်းပဲ မဖြစ်ပါစေနဲ့။ Community တွေထဲမှာ ကိုယ်တိုင် ပြန် Share ပေးလို့ရတာတွေ အများကြီးပါ။ ကိုယ်ဖြေရှင်းလိုက်နိုင်တဲ့ Error သေးသေးမွှားမွှားလေးတွေကအစ ပြန်လည်မျှဝေပေးပါ။ အပြန်အလှန်ပေါ့။ ဒါဆိုရင် ရေရှည်မှာ "ဒီကောင်လေးကတော့ ကြိုးစားတယ်၊ ကူညီတတ်တယ်" ဆိုပြီး လူသိများလာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေက သူ့အလိုလို ရောက်လာပါလိမ့်မယ်။
တကယ်တော့ အခုလိုမျိုး ခိုင်မာတဲ့ Network တစ်ခုရဖို့ဆိုတာ အပြင်မှာ လိုက်ရှာနေဖို့တောင် မလိုပါဘူး။
အစ်ကိုတို့ ROM Robotics မှာဆိုရင် သင်တန်းသားတွေကို စာသင်ရုံသက်သက် လွှတ်မထားပါဘူး။ အချင်းချင်း Network တွေ ချိတ်ဆက်မိသွားအောင် "တစ်လတစ်ခါ Seminar Discussion" လေးတွေ သီးသန့် လုပ်ပေးပါတယ်။
အဲ့ဒီလို Discussion တွေမှာဆိုရင် လုပ်ငန်းခွင်က Senior တွေ၊ Instructor တွေနဲ့ သင်တန်းသားတွေက အခက်အခဲတွေကို အတူတူ ဆွေးနွေးကြ၊ အကြံဉာဏ်တွေ ဖလှယ်ကြရင်းနဲ့ အရမ်းကို ရင်းနှီးသွားကြတာပါ။ တချို့ဆိုရင် အဲ့ဒီ Seminar တွေကနေတစ်ဆင့် အချိတ်အဆက်တွေရပြီး အပြင်မှာ Project တွေ အတူတူ တွဲလုပ်နေကြတဲ့အထိ အောင်မြင်နေတဲ့ ညီအစ်ကိုတွေ အများကြီးပါပဲ။
ဒီတော့ IT လောကထဲကို ခြေလှမ်းစတင်နေတဲ့ ညီငယ်၊ ညီမငယ်တို့အနေနဲ့ Skill တွေကို ကြိုးစားဖြည့်တင်းနေသလိုပဲ၊ တစ်ဖက်ကလည်း အခက်အခဲကြုံလာတဲ့အခါ တိုင်ပင်လို့ရမယ့် ကိုယ်ပိုင် Professional Network လေးတွေကိုပါ မဖြစ်မနေ သေချာတည်ဆောက်ထားဖို့ အကြံပြုချင်ပါတယ်။
အကယ်၍ အဲဒီလို ကိုယ့်ရဲ့ Skill ကိုရော၊ အနာဂတ်အတွက် အဖိုးမဖြတ်နိုင်တဲ့ Connection တွေကိုပါ တစ်ပါတည်း အခိုင်အမာ တည်ဆောက်ချင်တယ်ဆိုရင်တော့...
ROM ရဲ့ Tech Community ကြီးထဲကို လာရောက်ပူးပေါင်းဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။
08/05/2026
ဒီနေ့ခေတ်မှာ AI တွေက ပေးထားတဲ့ Instruction အတိုင်း Code တွေကို အမြန်ဆုံး ရေးပေးနိုင်နေပါပြီ။
ဒါပေမဲ့ System Architect တစ်ယောက်ရဲ့ အခန်းကဏ္ဍက Code ရေးတာထက် ပိုမိုနက်ရှိုင်းပါတယ်။ Architect တစ်ယောက်ဟာ System တစ်ခုရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ်လို Infrastructure မျိုး သုံးမလဲ၊ Security ကို ဘယ်လို တည်ဆောက်မလဲနဲ့ နောင်တစ်ချိန်မှာ User သန်းနဲ့ချီလာရင် စနစ်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ Strategy တွေကို ချမှတ်ရတာပါ။
AI မှာ ဒီလို High-level Thinking နဲ့ Context-aware Decision Making တွေရှိပေမယ့်လည်း system architect ကပဲ အတွေ့အကြုံတွေပေါင်းစပ်ပြီး Decision ချမှတ်ပေးရတဲ့အတွက် Architect တွေရဲ့ နေရာက အစားထိုးဖို့ ပိုလို့တောင် ခက်ခဲလာတာပါ။
System Architect နယ်ပယ်ဟာ ကမ္ဘာမှာ အကျယ်ပြန့်ဆုံးနဲ့ လစာအကောင်းဆုံး Field တစ်ခုဖြစ်ရတဲ့ အကြောင်းရင်းကတော့ System တိုင်းမှာ Architecture လိုအပ်လို့ပါပဲ။
ရိုးရိုး Web Application တစ်ခုကနေစလို့ ရှုပ်ထွေးလွန်းတဲ့ Robotics System တွေ၊ AI Infrastructure တွေနဲ့ Cloud Computing တွေအထိ အားလုံးဟာ ခိုင်မာတဲ့ System Design မရှိဘဲ အလုပ်မလုပ်နိုင်ပါဘူး။
ဒါကြောင့် Architect တစ်ယောက်ဖြစ်သွားပြီဆိုရင် သင့်ရဲ့ Career လမ်းကြောင်းက Robotics, FinTech, Autonomous Systems နဲ့ Aerospace လိုမျိုး နည်းပညာမြင့် နယ်ပယ်အားလုံးအထိ ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းသွားမှာ ဖြစ်ပါတယ်။
ROM ရဲ့ Full-Stack System Architect Class မှာတော့ ဒီလို အစားထိုးမရတဲ့ ပညာရှင်တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ အနှစ်ချုပ်တွေကို Module ၄ ခုနဲ့ သင်ကြားပေးသွားမှာပါ။
Enterprise Linux Security ကနေစလို့ Cloud Infrastructure, DevOps Automation နဲ့ Robotics နယ်ပယ်ရဲ့ အဓိကသော့ချက်ဖြစ်တဲ့ Embedded Kernel Design အထိ စနစ်တကျ လေ့လာရမှာ ဖြစ်ပါတယ်။
ဒါက သာမန်နည်းပညာသင်တန်းတစ်ခု မဟုတ်ဘဲ သင့်ကို AI ခေတ်ရဲ့ အလယ်မှာ အစားထိုးမရတဲ့သူ ဖြစ်လာစေမယ့် Career Transformation တစ်ခု ဖြစ်ပါတယ်။
၂၀၂၆ ရဲ့ ဒုတိယနှစ်ဝက်မှာ အချိန်ကို အကျိုးရှိရှိအသုံးချပြီး နည်းပညာလောကရဲ့ ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ဖို့ ROM မှာ အခုပဲ Register လုပ်လိုက်ပါ👋
Class Information
Class Type: Hybrid (Lifetime Recording Course +တစ်လ၂ကြိမ် Zoom Discussion )
Duration: ၂ လ (၈ ပတ်)
Fees: 400,000 MMK
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(215/2) Zewasoe Street, (14/2) Ward, Okkalapa (South) Township
Yangon
11091