Tututat

Tututat

Share

Read Love Play

22/05/2026

ဒီနေ့ဒီအချိန် စာတော်တဲ့ကလေးအချို့ရဲ့ အောင်မြင်မှုတွေကို မိဘတွေမြင်ရပေမယ့် တကယ်ဘာမှန်းမသိဖြစ်နေကြတဲ့ကလေးများစွာတို့ရဲ့ လမ်းပျောက်မှုကိုဘယ်သူမှမမြင်နိုင်ပါဘူး။ မိဘများစွာ၊ ကလေးများစွာက အမှောင်ထဲမှာ ဟိုသွားဒီသွား၊ ဟိုကျောင်းပြောင်း ဒီကျောင်းပြောင်း၊ ဟိုသင်တန်းပို့ ဒီသင်တန်းပို့ နဲ့ သောကတွေက သိသိသာသာတမျိုး မသိမသာတမျိုးနဲ့ အင်မတန်ဆိုးလှပါတယ်။
ဘယ်ကျောင်းပြောင်းပြောင်းအင်မတန်ပြင်ရခက်တဲ့ ပြသနာဖြစ်လို့များသောအားဖြင့် ကတော့ ငါ့ကလေးပဲ ဒီလိုလား။ ခုခေတ်က ဒီလိုလား။ ဒီလိုနဲ့ လုပ်ပေးနေပေမယ့် သဲထဲရေသွန်လိုခံစားလာရတတ်ပါတယ်။ ပြီးတော့ ကလေးကျတော့လည်း သူလည်း ပြင်နိုင်စွမ်းမရှိတဲ့ သင်ယူမှု လေဟာနယ် ကို ဟိုကသင်၊ ဒီကသင် နဲ့ အသစ်အသစ်သော အရာတွေကို အပေါ် စိတ်ဖိစီးမှု ဖြစ်ပြီး နောက်ဆက်တွဲ ပြသနာတွေပါရလာပါတယ်။

ကျွန်တော်/ကျွန်မ ကလေး စာတော်သလား။ စာတတ်သလား။ ဒါက မိဘတိုင်းသိချင်တဲ့မေးခွန်းလို့ထင်ပါတယ်။ ဒီမေးခွန်းကရိုးရှင်းပေမယ့် ဖြေရတာ တော်တော်ခက်တဲ့မေးခွန်းဖြစ်ပါတယ်။ ဒီနေ့ မိဘတွေနဲ့ ကျွန်မနဲ့ ဒီစာကိုဖတ်ပြီး ဒီ မေးခွန်းကိုဖြေဖို့ အတူတူ ကြိုးစားကြပါမယ်။ ဒီစာကိုလူတိုင်းနားလည်အောင် အရိုးရှင်းဆုံးလေး ရေးထားပါတယ်။

ကလေးတစ်ယောက် စာတကယ်တတ်မတတ်ကို သူတို့စာစသင်တဲ့ Year 1 , Year 2 တွေမှာ တကယ် မသိနိုင်ပါဘူး။ ကလေးတစ်ယောက် တကယ်စာတတ်မတတ် ကို ယေဘုယျ Year 6/ Grade 5 မှာ သိပါတယ်။
ဒါကြောင့် Cambridge check point တို့ PSLE တို့ကို ဒီအသက်အရွယ်/အတန်း ကာလလောက်မှာ လုပ်ကြတာပါ။

ဘာလို့လဲ..... ဘာကွာသလဲပေါ့။

Year 1 ကနေ 4 လောက်ထိက လေ တကယ်ဆိုစာသင်ဖို့ကို သင်နေတဲ့အရွယ်လို့ ခေါ်ပါတယ်။ စာသင်တယ်ဆိုတာလေ ဒါရေး၊ ဒါဖတ် မဟုတ်ပါဘူး။ စာတတ် ပုဂ္ဂိုလ်ဆိုတာ စာဖတ်တတ်၊ စာရေးတတ် တဲ့သူ
ကိုပြောတာမဟုတ်ပါဘူး။ စာအုပ်တစ်အုပ်ကိုဖတ်ရင် ဒီအပေါ်မှာကိုယ်ပိုင်အမြင်၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ ဆင့်ကဲလေ့လာနိုင်စွမ်း အစရှိသဖြင့်ရှိတဲ့သူကို ပြောတာလို့အလွယ်ရှင်းပြလို့ရပါတယ်။

ဒီလိုစလုပ်ရတာက year 5 လောက်မှာပါ။ ဝတ္ထုစာအုပ်တစ်အုပ်ကိုဖတ်ရင် … ဒီစာအုပ်အပေါ် ကိုယ့်ထင်မြင်ချက်ကိုရေး... ဒီ ဇာတ်ကောင် ကိုနင်ဘယ်လိုသုံးသပ်သလဲ... အဲ့လိုပေါ့။ ဒီမတိုင်ခင်က အဲ့ဆိုဘာတွေ
အဓီက လုပ်လဲဆိုရင် အဲ့လိုလုပ်ဖို့ စာ ကို ဖတ်တတ်၊ ရေးတတ် အောင် သင်တာပါ။ တွေးတတ် အောင် သင်တာ။ အလွယ်ပြောရရင် သင်ယူဖို့ကို သင်ယူရတာ။

ဒီတော့ စာဖတ်သူတွေ အလွယ်မြင်အောင် ရေးရရင်
၀-၅ - မူကြိုပညာရေး က ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်စိတ် ကိုတည်ဆောက်တဲ့ကာလ.... ဒီကာလက အားလုံးရဲ့အခြေခံပါပဲ။ ဘဝရဲ့ အုတ်မြစ်ချတဲ့ကာလ။
၅-၁၀ - သင်ယူဖို့ကိုသင်ယူတဲ့ကာလ။ ပညာရေးရဲ့ အခြေခံကာလ။ အဓိက စာတတ်မြောက်ရေး နဲ့ ကလေးတွေရဲ့ သင်ကြားမှု အမူအကျင့်တွေ၊ခံယူချက်တွေကိုတည်ဆောက်တဲ့ကာလ။
၁၀ - ၁၅/၁၇ - ကလေးတွေ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ အမြင်တွေ၊ ဝေဖန်းဆန်းစစ်မှုတွေ ပြုလုပ်တဲ့ကာလ။ ပညာရေးအခြေခံပညာရပ် တွေကို လေ့လာပြီး မိမိ ဝါသနာပါရာ၊ စိတ်ဝင်စားရာ၊ ထူးချွန်ရာကိုရှာဖွေဖို့ လေ့လာကြတဲ့ ကာလ။ မိမိ ကိုယ်မိမိ ရှာဖွေလေ့လာ တဲ့ကာလ ။ စူးစမ်းတဲ့ကာလ။

ဒီလို အလွယ်ကလေး အားလုံးနားလည်အောင် အကြမ်းဖျဥ်းယူဆလို့ရပါတယ်။ ၁၈ အထက်ကတော့ ခုထည့်မပြောသေးပါဘူး။

ဒီတော့ မိဘ အနေနဲ့ ကလေး ကို ဥပမာ စာမှာ ထူးချွန်မှာလား ဆိုရင် နည်းနည်း စပြီးယုတ္တိရှိရှိ အကဲခတ်လို့ရတာက year 5 နဲ့အထက်မှာဖြစ်ပါတယ်။ စာတကယ်တတ်သလား မတတ်ဘူးလား ဆိုတာကိုလည်း ပြတ်ပြတ်သားသားမြင်ရတာက ဒီအသက်အရွယ်ဖြစ်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ကျောင်းပညာရေး ပြသနာ အတော်များများ က စာတတ်မြောက်မှုနဲ့ချိတ်ဆက်နေတယ်လို့ ကျွန်မ ရေးခဲ့ဖူးပါတယ်။ ဒီနေ့ အသက် ၁၀ ဝန်းကျင်စဖြစ်တဲ့ကလေးတွေရဲ့ ကျောင်းပြသနာ
တော်တော်များများက စာတကယ်မတတ်တဲ့ပြသနာဖြစ်ပါတယ်။ စာတကယ်တတ်အောင် သင်ရမယ့်အချိန် ၊ စဥ်းစားမျှဝေရမယ့်အချိန် ဒီလိုအချိန်တွေမှာ တကယ်သင်ခွင့်မရ တဲ့အခါ တွေမှာ ကလေးရဲ့ ပညာရေးအဆင့်မြင့်လာလေလေ ကွာလာလေလေပဲဖြစ်ပါတယ်။

ကြာလာတော့မိဘရော၊ ကလေးရော ၊ မိသားစု ရောပါ မပြောပြနိုင်တဲ့ ဘယ်သူ့အပြစ်မှမဟုတ်ဘဲနဲ့ အချင်းချင်း ခံစားချက်တွေဖြစ်လာကြပါတယ်။ ကိုယ့်ကလေးကိုစိတ်တိုလည်း ကိုယ်ဘဲဝမ်းနည်းရပါတယ်။ ဒီကိစ္စက နာတာရှည်ရောဂါပါ။ တကယ်တမ်း အပင်ပန်းဆုံးက ဝေဒနာရှင်ဖြစ်တဲ့ကလေးပါပဲ။ သူသည် ဒီ သင်ယူမှု ဝေဒနာ နဲ့ ရုန်းကန်ရသူ ဖြစ်ပြီး မိဘ တွေက တော့ ကလေးပင်ပန်းရင် ကိုယ်ပင်ပန်းသလို ပင်ပန်းရတဲ့သူတွေပါ။ တကယ်သနားစရာကောင်းတာက ကလေးတွေဖြစ်ပါတယ်။ ဒီလို ကလေးကလေ တကယ် ကို ပိုပိုပြီး အများကြီးဖြစ်လာပါတယ်။ အထူးသဖြင့် Covid ကာလ မှာ ကျောင်းစတက်ရတဲ့ ၂၀၂၁ မှာ ၅ နှစ်ကလေးတွေက အခု ၁၀ နှစ်ဝန်းကျင်ရောက်လာတဲ့အခါ ဒီ Great Big Leap လို့ခေါ်တဲ့ သင်ကြားရေး ခုန်ကျော်မှုကြီးကို မလုပ်နိုင် ဖြစ်လာကြတာ ပိုသိသာလာတာပါ။

မြို့ပြကျောင်းများစွာမှာဖြစ်နေတာဖြစ်လို့ ( ကျွန်မမှာ နယ် information မရှိပါ) ဘယ်ကျောင်းဘာညာ ဘာမှမဆိုလိုပါ။ ဒါက စျေးကွက်ပညာရေးစနစ်ရဲ့ ပြသနာဖြစ်ပါတယ်။ စျေးကွက်အရ ပိုက်ဆံပေးဝယ်တဲ့ အခါ ပိုရောင်းပန်းလှတဲ့အရာတွေ ကို
ရှေ့တန်းတင်လိုက်တဲ့အခါ မိဘတွေသိပ်စိတ်မဝင်စားတဲ့ အခြေခံကျတဲ့သင်ကြားမှုတွေက နောက်ရောက်၊ မှေးမှိန် မရှိကြတော့လို့ ဖြစ်ကြတဲ့ပြသနာဖြစ်ပါတယ်။ ခုဆိုဘယ်သူမှကိုစာမသင်ဘဲ KG တောင် စာမေးပွဲတွေမေးတဲ့ ၊ မူကြိုပညာရေး ပျောက်ဆုံး၊ မူလတန်း စာသင်ကြားရေးရဲ့ အလှတရား ပျောက်ဆုံး တဲ့အထိပါပဲ။ ဒါကြောင့် ခုပြသနာက နောင်ကိုပိုဆိုးဖို့ပဲရှိပါတယ်။

တကယ်စာတတ်လားဆိုတာကို Grade 4/5 ကစ တရေးရေး အဖြေပေါ်နိုင်ပါတယ်။ အဖြေပေါ်တဲ့အခါ ကုသရတာ မလွယ်လှပါဘူး။ ဒါကြောင့်စောစီးစွာသိဖို့နဲ့ ဒါကို စိတ်မပျက်ဘဲ အင်တိုက်အားတိုက်အဖြေရှာ ကြဖို့
ရည်ရွယ်ပြီးဒီစာကိုရေးလိုက်ပါတယ်။ စောစောစီးစီး သတိထားပြီး စောစောစီးစီး အဖြေရှာဖို့က အရမ်းအရေးကြီးပါတယ်။

( ဘယ်လိုလေ့လာအဖြေရှာမလဲ comment မှာကြည့်ပါ။)

ပညာရေးသည် မာရသွန်ဖြစ်ပါတယ်။ ပညာရေးမှာဖြတ်လမ်းမရှိပါ။ ပညာရေး စနစ်ကို သက်လုံကောင်းအောင် တဆင့်ချင်း တည်ဆောက်မှရပါမယ်။ ပညာရေး မာရသွန်မှာ လားရာ ပန်းတိုင်လည်းမတူကြပါ။ ကိုယ့်ပညာရေးကို တည်ဆောက်သလို
ကိုယ့်ကိုယ်ကိုယ်လည်း ရှာဖွေတည်ဆောက်ရင်း၊ ကိုယ့်လမ်းကြောင်းကို ရှာရင်း နဲ့သာ ကိုယ့်ပန်းတိုင်ကို သက်လုံကောင်းကောင်းနဲ့ဝင်နိုင်မှာဖြစ်ပါတယ်။ မိဘတွေ ဖြစ်ချင်ဇောနဲ့ တာထွက်မှာ တွန်းလိုက်ရင် Grade 4/5 မှောက်လျှက်လဲနိုင်ပါတယ်။ ကိုယ့်ရဲ့ ပံ့ပိုးမှုသည် စနစ်ကျတဲ့၊ အချိန်ယူရတဲ့၊ လှပစွာ ရှင်သန်ခွင့်ပေးတဲ့ ပံ့ပိုးမှုနဲ့ Process ကိုလက်ခံမှ ချိုမြိန်တဲ့ အသီးအပွင့် ကို ကလေးရော မိသားစုပါ ခံစားရမှာပါ။ ဒီလိုဆန်းစစ်ပြီး ကောင်းမွန်တဲ့ရလဒ်တွေရကြပါစေ၊ စာတကယ် တတ်တဲ့ကလေးတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။ စာအရှည်ကြီးဖတ်ပေးတာလည်းကျေးဇူးတင်ပါတယ်။

14/05/2026

လှပတဲ့ မူကြိုနဲ့မူလတန်း ပညာရေး က မြန်မာနိုင်ငံမှာတော့ ရှင်သန်ဖို့ ရုန်းကန်နေရတဲ့အနေအထားပါ။

ဒါကို အားလုံး ဝိုင်းဝန်းကာကွယ်ဖို့က ကျွန်မတို့ ပညာရေးလောကသားအားလုံးရဲ့ တာဝန်လို့ခံယူပါတယ်။

ကျွန်မတို့ရဲ့ကလေးတွေက ကောင်းမွန်တဲ့ပညာရေးနဲ့ထိုက်တန်သူတွေဖြစ်ကြပါတယ်။


ဒါ

Reggio, Kate con i bimbi nella natura al nido Allende: "Vorrei che tutte le scuole del mondo fossero così" https://www.24emilia.com/reggio-emilia-kate-nella-natura-nido-allende-vorrei-tutte-scuole-mondo-fossero-cosi/

08/05/2026

မင်္ဂလာဆောင်ခါနီးလေလေ စိတ်ထဲဝေခွဲမရဖြစ်လေလေ၊​ စကားတွေထစ်ခနဲဆိုများရလေလေ ၊ အားနည်းချက်တွေပိုတွေးလာမိလေလေ ဖြစ်တတ်ကြပါတယ်။

ဘဝ မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ၊ အထူးသဖြင့် ကာလတစ်ခုအတွက် ကတိကဝတ် ပြုရတာတွေလုပ်တဲ့အခါ ဒီလိုဖြစ်ရတာက သဘာဝကျလူသားဆန်တဲ့ တုန့်ပြန်မှုဖြစ်ပါတယ်။ ဒီလိုပဲ သေချာရွေးထားပေမယ့် ကျောင်းအပ်ခါနီးအချိန်မှာ မိဘတွေအနေနဲ့ တူညီတဲ့ခံစားချက်မျိုးဖြစ်တတ်ပါတယ်။ ကျောင်းရွေးတာကမင်္ဂလာဆောင်ခါနီးခံစားချက်နဲ့ နည်းနည်းဆင်တူပါတယ်။

ဘာလို့ဒီလိုခံစားရလဲဆိုတော့
- ကြိုတွေးပြီးစိတ်ပူတဲ့ anticipatory anxiety ကြောင့် နံပါတ် (၁) ပါ။ မူကြို ကျောင်းစတက်တဲ့ ကလေးတွေထက်တချို့မိဘတွေကပိုခံစားရတာကလည်း အဲ့ဒါကြောင့်ပါပဲ။ လူကြီးက ပိုသိ၊​ပိုတွေး၊ ပိုခံစား တော့ ပိုပူရတဲ့သဘောပါ။ “ဟိုလိုသာဖြစ်ရင်” ဆိုပြီးတွေးပြီး စိတ်ပူတတ်ကြတာပုံမှန်ပါပဲ။

- (၂) နောက်တစ်ချက်က မိဘတွေခုချိန် ပိုစိတ်ခံစားချက်ရှိတတ်တာက မိဘတွေရဲ့သားသမီးနဲ့ပတ်သက်တဲ့နိုးကြားစိတ်ပါ။ Parental vigilance ဆိုတာလေးရှိပါတယ်။ ကလေးတွေရဲ့လိုအပ်ချက်ကို ကလေးထက်မိဘကပိုသိပြီး ဒီအချက်တွေနဲ့ပတ်သက်ပြီး ကလေးထက်မိဘက ပိုပြီး တက်ကြွနိုးကြားတတ်ပါတယ်။ ကလေးကိုယ်စား ကိုယ်က သူတို့အနာဂတ်အတွက် ရွေးချယ်မှု၊ ဆုံးဖြတ်မှုတွေကိုပြုလုပ်ရတဲ့အခါ ဒီလို ကာလမှာ သူတို့ရဲ့ ဦးနှောက်နဲ့စိတ်ခံစားချက်မှာရော ၂ ခုလုံးမှာ sensitive ပိုဖြစ်ပြီးပိုပြီးပူလောင်ရပါတယ်။ ရာသီဥတုကလည်း ပူ၊ စိတ်ကလည်းပူနဲ့ စိတ်ပူတတ်တဲ့မိဘနေရာကနေဆို ဝင်ခံစားကြည့်ပါ။

- (၃) ပြောင်းလဲမှုနဲ့မသေချာမှုတွေကိုကြုံရတဲ့အခါ လူတွေရဲ့စိတ်မှာ ပူပင်ကြတာသဘာဝဖြစ်ပါတယ်။ ကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်တာတောင် ဥပမာ ရာထူးတက်တာ မျိုးတောင် ကိုယ့်စိတ်ကို စိတ်လှုပ်ရှားမှုဖြစ်စေပါတယ်။ အပြောင်းအလဲတွေနဲ့မသေချာမှုကာလတွေမှာ သေးငယ်တဲ့အရာတွေ၊ အဖြစ်အပျက်တွေကိုတောင် စိတ်က ပိုပူပြီးပင်ပန်းတတ်ပါတယ်။ ဒါကသဘာဝပါ။ ကျောင်းတွေပြောင်း၊ အတန်းတွေပြောင်း ဒီလိုကာလ က အားလုံးအတွက် ပိုပြီးစိတ်ပိုင်းဆိုင်ရာ sensitive ဖြစ်တဲ့ ကာလဖြစ်ပါတယ်။
နှစ်စဥ်ဒီလိုကာလကို ကျွန်မတို့ဖြတ်သန်းရပါတယ်။ မိဘတိုင်းလို့မဆိုလိုပါဘူး။ ကိုယ့်မှာဒီလိုခံစားရလို့လည်းကိုယ်ကပိုညံ့၊ပိုနုတာမျိုးလည်းမဟုတ်ပါဘူး။​ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူတာဘဲဖြစ်ပါတယ်။ ဒါကဘယ်ကျောင်းကမိဘမဆိုဖြစ်လေ့ရှိတဲ့အရာလေးပါ။ ဒီလိုဖြစ်မှ ကလေးအပေါ်ဂရုစိုက်တတ်တာမဟုတ်ပေမယ့် ဒီလိုခံစားရတဲ့မိဘအားလုံးကတော့ ကလေးအပေါ်ဂရုစိတ်တတ်၊စိတ်ပူတတ်တဲ့မိဘတွေ ပါ။ ဒီတော့ အများကြီးခက်ခဲမယ်ဆိုတာနားလည်ခံစားမိပါတယ်။

ဒီလိုခံစားချက်ကို လျော့ကျစေဖို့ဆိုရင်

(၁) ကျောင်းနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အတွေ့အကြုံကိုဆန်းစစ်ပါ။ ဒါကအကောင်းဆုံးဖြစ်ပါတယ်။ ကျောင်းတစ်ကျောာင်းက ကလေးတိုင်းအတွက် ကောင်းနိုင်ချင်မှာကောင်းနိုင်ပါမယ်။ ကိုယ့်အတွက် ကိုယ့်အတွေ့အကြုံနဲ့ချိန်ဆပြီး ဆုံးဖြတ်ချက်တွေကိုပြုလုပ်နိုင်ပါတယ်။

(၂) အထင်အမြင်တွေထက် အချက်အလက်တွေကို ကြည့်ပါ။ စိတ်ပူတာရှိရင် Facts တွေကိုရှာကြည့်ပါ။ လက်တွေ့ကျကျတွေးပါ။ ထားလို့ဘာကောင်းကျိုးရမလဲ။ ဘာတွေ တိုးတက်သွားစေမလဲ။ ထားလို့ ဘာဆိုးကျိုးရှိနိုင်လဲ။ ဘာတွေဆုံးရှုံးနိုင်မလဲ။ ဒီလိုဆုံးရှုံးမှုတွေက ပြန်ကုစားဖို့ဘယ်လောက်ခက်ခဲမလဲ။ ဘယ်လို Facts တွေလိုချင်လဲ ကျောင်းကိုမေးမြန်းပါ။

(၃) ဒီအချိန်မှာယတိပြတ်ဆုံးဖြတ်ပါ။ မတွေဝေပါနဲ့။ မိဘစိတ်ခံစားချက်က ကလေးရဲ့စိတ်ခံစားချက်ရဲ့ဖောင်ဒေးရှင်းအုတ်မြစ်ပါပဲ။ မကြာခင် အပြောင်းအလဲတွေနဲ့စာသင်နှစ်အသစ်စရမယ့် အချိန် ပျော်ရွှင်တက်ကြွနေရမယ့်အစားတွေဝေကြောက်ရွံ့လာတတ်ပါတယ်။ မိမိနဲ့ကျောင်းရွေးချယ်ရေးလိုအပ်ချက်စံနှုန်းနဲ့ကိုက်ညီတဲ့ကျောင်းထဲက ရွေးချယ်ထားတာရှိရင် ဒီလိုအချိန်မှာ မတွေဝေပါနဲ့။ ဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားချပြီး ကိုယ့်စိတ်လှုပ်ရှားမှုကိုအသိအမှတ်ပြုပြီး အသိ၊သတိ နဲ့နေခြင်းနဲ့ ကလေးကို စိတ်လုံခြုံမှုပေးနိုင်ပါတယ်။

(၄) exit plan ထားပါ။ ကျောင်းက အိမ်ထောင်လိုတစ်သက်တာ ကတိကဝတ်ပြုတာမျိုးတော့မဟုတ်ပါဘူး။ ဒီတော့ ကောင်းမွန်တဲ့ exit plan ထားခြင်းက မိမိရဲ့စိတ်ကိုလုံခြုံမှုပေးစေပါတယ်။
ကိုယ်ကတွေဝေတယ်ဆိုရင် တစ်လချင်းပေးလို့ရတဲ့ကျောင်းလား ။ တကယ်လို့ထွက်ရင် back up plan ကဘာလဲ။ ဒီလိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အမြဲအပြတ်ကိုယ့်စိတ်တိုင်းကျဖြစ်လားမဖြစ်လားအပေါ်မူတည်ပြီး လိုအပ်တဲ့ဆုံးဖြတ်ချက်ကိုပြုလုပ်သင့်ပါတယ်။

ဆိုတော့ စာသင်နှစ်သစ်ချဥ်းကပ်လာတာနဲ့အတူ မိဘနဲ့ကလေးတွေမှာ ဖြစ်တတ်တဲ့ စိတ်ခံစားချက်များနဲ့ အဲ့ဒီစိတ်ခံစားချက်တွေကို အောင်မြင်အောင်ဖြတ်သန်းနိုင်တဲ့ အကြံဥာဏ်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။ ကျောင်းအနေနဲ့လည်း မိဘတွေကျောင်းကို ဒီအချိန်မှာ ကျောင်းကိုချဥ်းကပ်မေးမြန်းမှုတွေကို အမြဲတမ်းအချိန်ပေးဖြစ်သလို ပြင်ဆင်မှုတွေ၊ အချက်အလက်တွေ နဲ့ easy exit plan တွေထားပြီး အမြဲတမ်း မိဘတွေနဲ့ ကလေးတွေအတွက်အလွယ်ကူဆုံးဖြစ်အောင်ဦးစားပေးဆောင်ရွက်ပေးထားပါတယ်။ ကျောင်းအားလုံးကလည်းအလားတူဆောင်ရွက်နေမယ်လို့ထင်ပါတယ်။​ မိဘတိုင်းလည်း ကလေးတွေနဲ့အတူစိတ်လှုပ်ရှားရင်ခုန်ခြင်းနဲ့အတူအကောင်းဆုံးပြင်ဆင်ကြပါမယ်။

ဒီတော့ အောင်မြင် ပျော်ရွှင်တဲ့စာသင်နှစ်ဖြစ်ပါစေလို့ ကလေးတိုင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


88, Set Mhu 4th Street, Myittarnyunt, Tamwe
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00