BIF Property

BIF Property

Share

စိတ်ချသေချာတဲ့ကြိုပွိုင့်တိုက်ခန်းများအရောင်း/အဝယ်လုပ်ပေးပါတယ်!!!

14/02/2026

#တိုက်ခန်းအရောင်း #ဗဟန်း

Photos from BIF Property's post 10/02/2026

#မြေကွက်အရောင်း

မြောက်ဒဂုံမြို့နယ် ၄၉ရပ်ကွက်

👉ကြိုးတံတားအနီး
👉 မှတ်တိုင်အနီး
👉၄၉စျေးအနီး
👉ဘုရားအနီး
👉ဆေးရုံအနီး
👉ဘဏ်တွေအနီးတွင်ရှိသော….

✔️ ၂၀*၆၀
✔️ သိန်း ၃၅၀၀ (ညှိနှိုင်း)

မိမိစိတ်ကြိုက် 🏠အိမ်ပုံစံလေးဆောက်လုပ်နေထိုင်ချင်သော Client ချစ်ကိုကို/မမ🥰 များအတွက် လမ်းသန့်/ရပ်ကွက်သန့်လေးပါရှင့်!!!!

ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်။

☎️09-787 842 138 / 09-793 162 600

🔥လမ်းကြုံကြည့်ခြင်းသည်းခံပါ မြေကွက်ကြည့်မယ်ဆို ၁နာရီကြိုပြောပေးပါရှင့်🔥

#မြောက်ဒဂုံ
#မြေကွက်

Photos from BIF Property's post 10/02/2026

#တိုက်ခန်းအရောင်း
ဗဟန်းမြို့ ၊ ကျိုက္ကဆံရပ်ကွက် မှာရှိပြီး
မြလမ်းမှတ်တိုင်အနီး

👉စျေးအနီး (လမ်းကျယ်၂လမ်းသာခြား)
👉ကျောင်းအနီး
👉ဆေးရုံအနီး
👉Shopping center အနီး
👉မှတ်တိုင်အနီး

သွားလာရလွယ်ကူပြီး အချက်အခြာကျ ၊ ရပ်ကွက်သန့် နေထိုင်ချင်သူများအတွက် တိုက်ခန်းလေး

၁၅ပေ x ၄၀ပေ (၅လွှာ)
သိန်း၁၄၅၀ (အလျော့အတင်းရှိ)
၁၀ နှစ်အောက်သက်တမ်း

ပိုင်တိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်။

☎️09-787 842 138 / 09-793 162 600

🔥လမ်းကြုံကြည့်ခြင်းသည်းခံပါ တိုက်ခန်းကြည့်မယ်ဆို ၁နာရီကြိုပြောပေးပါရှင့်🔥





#တိုက်ခန်း

22/09/2025

အလုပ်ခေါ်စာလေးပါ!!!

"MDY Site အတွက်အလုပ်ခေါ်စာ”

1. Junior Site Engineer - 1post (F/M)

2. Senior Site Engineer - 1post ( F/M)

Description
No(1)position - B.Tech / BE (Civil) ဘွဲ့တစ်ခုခုရပြီးသူဖြစ်ရပါမည်။
Exp မလိုအပ်ပါ။
သင်ပေးသမျှကို နာခံသင်ယူနိုင်သူဖြစ်ရပါမည်။
Salary - Nego

No(2)position - B.Tech / BE(Civil) ဘွဲ့တစ်ခုခုရပြီးသူဖြစ်ရပါမည်။
Exp -2 (or) 3years ရှိရပါမည်။
Salary - Nego

လုပ်ချင်တဲ့ Positionနဲ့ကိုက်ညီပြီး စိတ်ဝင်စားပါက CV/Resume ကို
Viber 09-683 479 190

(သို့မဟုတ်)

[email protected] ပို့ပေးလို့ရပါတယ်ရှင့်

Photos from BIF Property's post 01/09/2025

#အရမ်းတန်ပြီး
မရောင်းပဲသိမ်းထားတဲ့အခန်းလေးရောင်းပေးပါမယ်ရှင့်!!!

လက်ရှိဆောက်လုပ်နေဆဲ နောက်(၅)လဆိုပြီးတော့မှာမို့ အရင်စျေးနှုန်းလေးကိုပဲ မပြောင်းလဲပဲရောင်းပေးမှာမို!!!

Payment အနေနဲ့ကလဲ down payment-၅၀% သွင်းပြီး (၁၂လ)အရစ်ကျနဲ့ရဦးမှာမို့!!!🤔

မြန်မြန်လာဝယ်မှစိတ်ချရမယ်နော်!!!😲

#ကြိုပွိုင့်တိုက်ခန်း

Photos from BIF Property's post 21/04/2025

Sold Out
#မြေကွက်အရောင်း
#သုဓမ္မာလမ်းမအနီး

မြောက်ဥက္ကလာပမြို့နယ် ၂ရပ်ကွက် သုဓမ္မာ(၅)လမ်း

👉လမ်းဝ/နဝဒေးတံတားအဆင်း အချက်အချာကျ
👉 မှတ်တိုင်အနီး
👉၂စျေးအနီး
👉ဘုရားအနီး
👉ရွှေလမင်းဆေးရုံအနီး
👉ဘဏ်တွေအနီးတွင်ရှိသော….

✔️ မြေပုံကူးပြီး
✔️ ၂၀*၆၀
✔️ သိန်း ၃၈၀၀ (ညှိနှိုင်း)

မိမိစိတ်ကြိုက် 🏠အိမ်ပုံစံလေးဆောက်လုပ်နေထိုင်ချင်သော Client ချစ်ကိုကို/မမ🥰 များအတွက် လမ်းသန့်/ရပ်ကွက်သန့်လေးပါရှင့်!!!!

ပိုင်ရှင်တိုက်ရိုက်ညှိနှိုင်းနိုင်ပါသည်။

☎️09-787 842 138 / 09-793 162 600

🔥လမ်းကြုံကြည့်ခြင်းသည်းခံပါ မြေကွက်ကြည့်မယ်ဆို ၁နာရီကြိုပြောပေးပါရှင့်🔥

#မြောက်ဥက္ကလာ
#မြေကွက်
#နဝဒေးတံတားနီး

18/06/2024

☪️ အစ္စလာမ် သာသနာဝင်များ၏ မွန်မြတ်သော ကုရ်ဘာနီ အီးဒ် နေ့ထူးနေ့မြတ် မှစလို့

မိတ်ဆွေဟောင်း မိတ်ဆွေသစ်များအားလုံး စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်း Build It Fit Engineering Construction မှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်.....

#ကုရ်ဘာနီအီးဒ်နေ့ #2024

👉မကြာခင်မှာဆောက်လုပ်တော့မယ့်…ကြိုပွိုင့်တိုက်ခန်းလေး‼️ #builditfitconstruction #bifconstruction #build_it_fit_engineering_construction #construction #building #လောက်ကိုင် #Yangon 17/06/2024

‼️ငွေစျေးကျနေတဲ့အချိန်မှာ
👉gold လဲမဝယ်ချင်
👉dollar လဲမဝယ်ချင်
ဆိုသော customer များအတွက်
ကြိုပွိုင့်တိုက်ခန်းလေးသာဝယ်ထားသင့်ပီနော်
ပြန်ရောင်းမလား❓
အိမ်ငှါးတင်မလား❓
ဘာမှအရှုံးမရှိဘူးနော်


#ကြိုပွင့်တိုက်ခန်း

#အရှုပ်အရှင်းမဖြစ်လာစေရန်

👉မကြာခင်မှာဆောက်လုပ်တော့မယ့်…ကြိုပွိုင့်တိုက်ခန်းလေး‼️ #builditfitconstruction #bifconstruction #build_it_fit_engineering_construction #construction #building #လောက်ကိုင် #Yangon

16/06/2024

✨ 𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 ✨

အဖေ့ရဲ့ချစ်ခြင်းမေတ္တာတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ ပေးဆပ်ကာကွယ်မှုတွေနဲ့ အလုံခြုံဆုံးခိုနားရာအဖြစ် အမြဲရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်

မကြင်နာပြတတ်ပေမယ့် နာကျင်စရာတွေကိုတော့ တစ်ယောက်ထဲ ခံစားတတ်တဲ့ အဖေ့ကို

အဖေများနေ့မှာ "ချစ်တယ်"လို့ ထုတ်ပြောဖို့ ကြိုးစားကြည့်ရအောင် . . .

#အဖေများနေ့

09/06/2024

Like and share လေးလုပ်ပေးကြပါဦးရှင့်!!!

- Construction နဲ့ပက်သက်ပီးအထွေထွေ ဗဟုသုတနဲ့ လေ့လာစရာများကို အမြဲ sharing လုပ်ပေးသွားမှာဖြစ်လို့….

- ကျွန်တော်တို့ Build It Fit Engineering Construction ရဲ့ channel အသစ်လေးတွေကို follow လေးလုပ်ပေးကြပါဦးဗျ!!

- အခု post လေးကို Like,share and mention ၃ယောက်ခေါ်ပေးကြပါဦးဗျ!!!
အောက်က comment လေးမှာ like and share လုပ်ထားတဲ့ screenshot လေးမန့်ပေးပီး ဖုန်းဘေလေးလက်ဆောင်လာယူပါနော်😍

YouTube - https://www.youtube.com/.

Telegram Channel - https://t.me/builditfit






#လောက်ကိုင်

23/05/2024

အခုမှ အိမ်ခြံ မြေ စဝယ်မဲ့သူတွေ သိရမဲ့ အဓိက အချက် (၅) ချက်

သိန်းရာချီ ပေးဝယ်နေရတဲ့ အိမ်ခြံမြေ ဟာ စာရွက်စာတမ်း တစ်ခုကြောင့် ဆုံးရှုံးနစ်နာ မှုတွေ ရှိဖူးသလို၊ နေရာ မှားဝယ်မိတဲ့ အခါမျိုးတွေမှာလည်း နစ်နာ ဆုံးရှုံးမှု တွေဟာလည်း ဖြစ်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ အိမ်ခြံမြေ တစ်ခုကို စဝယ်တဲ့ သူတွေအနေနဲ့ မဖြစ်မနေ သိရမဲ့ အချက် (၅) ချက်ကို အဓိက ပြောပြပေးသွားပါမယ်။ နောက်ဆုံးအချက်က အရေးကြီးဆုံးပါပဲ။

(၁) ပိုင်ဆိုင်မှု သေချာပါစေ

အိမ်ခြံမြေ ဆိုတာဟာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါတယ်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်း တွေ ဝယ်တဲ့အခါ မှတ်ပုံတင်စာချုပ်ကြီး ချုပ်နိုင်မှ အရောင်းအဝယ် တရားဝင်လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အရပ်စာချုပ်တွေ နဲ့ ဘာကြောင့် သိန်း ထောင်ချီ ပေးဝယ်နေတဲ့ နေရာတွေ ရှိနေသလဲ ဆိုတဲ့ မေးခွန်းက ရှိလို့နေပြန်ပါတယ်။

မှန်ပါတယ်။ တစ်ချို့သူတွေဟာ ပိုင်ဆိုင်မှု အရပ်စာချုပ်တွေ ကို ရင်းနှီးမြှုပ်နှံ သလို၊ သိန်းထောင်ချီပေးပြီးတော့ လည်း ပေးဝယ်လေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင် အရှုပ်ရှင်း ကင်းတဲ့ မြေဖြစ်နေလို့ပါ။ ပိုင်ဆိုင်မှု ခိုင်မာတာနဲ့ အရှုပ်ရှင်း ကင်းတာက တူသယောင် မတူပါဘူး။

စာအုပ်ကြီးတိုင်း သွားမယ်ဆိုရင်တော့ လူနေထိုင်ဖို့ဆိုရင် စာရွက်စာတမ်း ဂရန်၊ ဘိုးဘပိုင် ကိုပဲ အဓိကကြည့်ဝယ်ရမှာ ဖြစ်ပါတယ်။ ထို ဂရန်၊ ဘိုးဘပိုင် လိုနေရာမျိုးတွေက သိန်းရာချီရှိနေတာ၊ ထောင်ချီရှိနေတာမျိုးတွေဆို သာမန်လူတန်းစားတစ်ရပ်အနေနဲ့ လိုက်လို့ မှီမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ တစ်ချို့ တွေအတွက် ပိုင်ဆိုင်မှု ခိုင်မာမှုထက် အရှုပ်ရှင်းကင်းတဲ့ မြေကို ဝယ်လေ့ရှိကြတာဖြစ်ပါတယ်။

ဒါကြောင့် ပိုင်ဆိုင်မှု သေချာတာကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

(၂) တည်နေရာ မှန်ကန်ပါစေ

အိမ်ခြံမြေတစ်ခုမှာ အဓိက အရေးကြီးတာက တည်နေရာ ဖြစ်ပါတယ်။ နေဖို့အတွက်ပဲ ဝယ်ဝယ်၊ ရင်းနှီးမြှုပ်နှံဖို့အတွက်ပဲ ဝယ်ဝယ်၊ စီးပွားရေးလုပ်ငန်းအတွက်ပဲ ဝယ်ဝယ် တည်နေရာမရွေးချယ်တတ်ရင် မိတ်ဆွေ အတွက် နစ်နာ စရာတွေ ဖြစ်လာနိုင်ပါတယ်။

တည်နေရာ ကောင်းတယ်ဆိုတာက လမ်း၊ ကျောင်း၊ ဈေး၊ ဆေးရုံ နှင့် အခြား အခြေခံလို အပ်ချက် တွေရှိနေတဲ့ နေရာမျိုးတွေက တည်နေရာ ကောင်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တည်နေရာကောင်း ဖို့အတွက် မိတ်ဆွေ ကြိုးစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

(၃) ပတ်ဝန်းကျင် သန့်ပါစေ

ပတ်ဝန်းကျင် သန့်မသန့် ဟာ မိတ်ဆွေအတွက် ရေရှည် တွေးတဲ့ သူတွေ အတွက် အများကြီး အထောက်အကူ ပြူစေမှာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်တစ်ခုမှာ အနံ့အသက်မကောင်းတဲ့ လုပ်ငန်းတွေ၊ နားငြီးနိုင်တဲ့ နေရာမျိုးတွေ၊ လမ်းမသာတဲ့ နေရာမျိုးတွေ၊ ပြုပြင်လို့ လုံးဝ မရတဲ့ ပတ်ဝန်းကျင်တစ်ခုကနေ ဝေးဝေးကနေ နေနိုင်အောင် ရှောင်ရှားသင့်ပါတယ်။

ပတ်ဝန်းကျင် သန့်ဆိုတာက နေဖို့အတွက်ဆိုရင် ဆိတ်ငြိမ်ပြီး ကိုယ့်မိသားစု သူ့ မိသားစု မစပ်စုတတ်တဲ့ နေရာမျိုးဖြစ်ပါတယ်။ လိုအပ်ချက်အရ မိတ်ဆွေက သစ်ပင်စိုက်ရတာကြိုက်တဲ့သူလား? မြေကျယ်ကျယ်နဲ့ နေရာတာကြိုက်တဲ့သူလား? စတဲ့ အချက်တွေကလည်း မိတ်ဆွေအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခုကို ဖန်တီးစေမှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ရဲ့ ငွေနဲ့ချိန်တတ်ပါစေ

တော်တော်များများ အဝယ်တွေက ကိုယ်လိုချင်တာကို ပဲ တွေးလေ့ရှိကြပြီးတော့ ကိုလိုချင်တာနဲ့ ငွေ လိုက်နာလားဆိုတဲ့ အချက်ကို တွေးဖို့ ခက်ခဲ နေလေ့ ရှိပါတယ်။ ကိုယ်မနိုင်တဲ့ နေရာတွေ လိုက်ကြည့်မိတဲ့အခါမှာလည်း အချိန်ကုန်ခမ်းစေနိုင်ပါတယ်။ လိုအပ်ရင် ငွေထပ်စုဖို့ လိုအပ်ရင် ထပ်စုသင့်ပြီး အချိန်ကောင်းတစ်ခုကို စောင့်သင့်ပါတယ်။

ကိုယ်လိုချင်တာနဲ့ ကိုယ်ရနိုင်တဲ့ နေရာတစ်ခုကို သိဖို့ဆိုရင် မိတ်ဆွေအနေနဲ့ကျွမ်းကျင်တဲ့ အိမ်ခြံမြေ ဈေးတွက် ချက်ပေးနိုင်တဲ့သူ ရှာပေးနိုင်တဲ့ သူလိုအပ်ပါတယ်။

ဒီအတွက် လိုအပ်ပါက ကျွန်တော် အောင်သူရကျော် ရှိပါတယ်ဗျာ။

(၅) ဈေးနှုန်းတန်မတန် သိရပါမယ်

အိမ်ခြံမြေ ဈေးနှုန်းတစ်ခုကို တွက်ချက်တဲ့အခါမှာ အဓိက သိရမဲ့ အချက် (၃) ချက်ရှိပါတယ်။
၁။ အရောင်းတင်ထားသည့် ဈေးနှုန်း
၂။ အရောင်း အဝယ် ဖြစ်သွားသည့် ဈေးနှုန်း
၃။ အရောင်းကြာ နေတဲ့ ဈေးနှုန်း တွေကို သိရပါမယ်။

ဒီအချက်တွေကို သိဖို့ဆိုရင် မိတ်ဆွေအနေနဲ့ ဒေတာ အချက်အလက်တွေကို စုစည်းတတ်ဖို့ လိုအပ်သလို၊ ဒေတာအချက်အလက်တွေကို တွက်ချက်တက်ဖို့လိုပါတယ်။

ဒီအတွက် ဒေတာတွေကို လွယ်လွယ်ကူကူနဲ့ တိုင်ပင်ဖို့ ဆိုရင်တော့ တတ်ကျွမ်းတဲ့ အိမ်ခြံမြေ ကျွမ်းကျင်မျးနဲ့ တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

ဒီအချက် (၅) ချက်လေးကို မိတ်ဆွေ အနေနဲ့ သိပြီဆိုရင် ရှေ့ဆက်လုပ်ငန်းစဉ်တွေ အတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

#အိမ်ခြံမြေ_ဝယ်ပြီဆိုရင် တတ်သိနားလည် သူများနဲ့ တိုင်ပင်ဖို့ ဘယ်တော့မှ မနှောင်းနှေးပါနဲ့နော်



#ကြိုပွင့်တိုက်ခန်း


#အရှုပ်အရှင်းမဖြစ်လာစေရန်
#အိမ်ခြံမြေအကျိုးဆောင်ဆိုတာ

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No-16, Aww Bar Street, Taw Win Myanmar Mini Condo, Tamwe
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00