R E B O R N

R E B O R N

Share

If you need skin care, believe us as your soul

20/04/2019

Skin care ​တော့မယ်​ဆို sheet mask က မပါ မဖြစ်​ပါ​နော်​ 😍

🌿Sheet Masks တွေအကြောင်း🌿

Sheet Masks တွေနဲ့ပတ်သက်ပြီး မေးကြတာတွေများလာတာရယ် အားလုံးလည်းသေသေချာချာသိရအောင် စာလေးရေးဖို့ဆုံးဖြတ်လိုက်ပါတယ်

မေးကြတဲ့ မေးခွန်းတွေကို တစ်ခုချင်းမဖြေတော့ပဲ အားလုံးကို ခြုံပြီးရေးပေးပါ့မယ်..

🌟Sheet Masks ဆိုတာဘာလည်း?

Sheet Mask ဆိုတာ မျက်နှာပုံသဏ္ဌာန်ညပ်ထားတဲ့အလွှာပါးလေးပါ.. ဒီအလွှာပါးလေးကိုတော့ အမျိုးအစားမျိုးစုံနဲ့တွေ့နိုင်ပါတယ်.. တစ်ချို့က paper, gel နဲ့ fibre အသားပေါ့..
Sheet Masks တွေနဲ့ Facial Masks တွေကမတူပါဘူး.. Facial Masks တွေက မျက်နှာပေါ် လိမ်းပြီး ရေပြန်ဆေးချရတာတွေပါ.. နောက် Sleeping Masks တွေကလည်း လိမ်းရတယ် သူတို့ကတော့ ညအိပ်ခါနီးလိမ်းရတာမို့ ရေပြန်မဆေးချရဘူး.. Sheet Masks တွေကို serum တွေ essence တွေရဲ့ အဆီအနှစ်တွေနဲ့ သိပ်ထားတာမို့ မျက်နှာပေါ် ကပ်ပြီးရင် ရေပြန်ဆေးချစရာမလိုပါဘူး
ပုံမှန် Sheet Masks တွေက တစ်ခါသုံးပါ.. လွယ်ကူတယ် အချိန်အခါမရွေးသုံးနိုင်တာမို့ convenient အရမ်းဖြစ်ပါတယ်

🌟Sheet Masks တွေကိုဘယ်လိုအသုံးပြုမလည်း

အရင်ဆုံး Sheet Masks တွေကိုမသုံးခင် မျက်နှာကိုသန့်စင်အောင်ဆေးကြောရပါမယ်.. မိတ်ကပ်တွေပြောင်အောင်ဖျက်ရပါမယ်.. သန့်စင်နေပြီဖြစ်တဲ့မျက်နှာကို toner လေးသုံးရပါမယ်.. ပြီးရင် ကိုယ်အဓိက သုံးနေတဲ့ Treatment ရှိရင်အရင်သုံးပါ.. မဟုတ်ရင် Sheet Masks ကို တန်းကပ်လို့ရပါတယ်.. Sheet Masks နဲ့ ညမအိပ်ရပါဘူး
သတ်မှတ်ထားတဲ့ အချိန်ပြည့်ရင် ခွာရပါမယ်..နှမျောပြီး ခြောက်သွားတဲ့အထိမထားသင့်ပါဘူး..
ခြောက်သွားရင် မျက်နှာပေါ်ကအစိုဓာတ်ကိုပါစုပ်ယူသွားနိုင်တဲ့ effective ဖြစ်မှုနည်းတတ်ပါတယ်..

ဒီမှာစုလုပ်တတ်တဲ့ နည်းလေးပြောပြမယ်နော်

- အထုပ်ထဲက essence တွေကိုလက်နဲ့ယူပြီးမျက်နှာပေါ်အရင်လိမ်းပြီးမှ mask ကပ်ပါတယ်
- ကပ်ပြီးရင်လည်း အထုပ်ထဲအရည်တွေကို mask ပေါ်လက်နဲ့အသာလေးထပ်ဖြည့်ပေးပါတယ်..
- ပိုတာကို လည်ပင်းနဲ့လက်တွေမှာလိမ်းပေးတယ်

Sheet Maks တွေ မျက်နှာတိုင်းအတွက် customize မလာပဲ တစ်ဆိုဒ်တည်းလာတတ်တာမို့ အဆင်ပြေသလို ညှိကပ်ရပါတယ်.. အကောင်းဆုံးနည်းက နဖူးကစကပ်ပြီး မေးစေ့အထိအသာလေးကပ်ပေးပါ..

တစ်ချို့Sheet Masks တွေက မျက်နှာအပြည့်မဟုတ်ပဲ တပိုင်းစီလာတတ်ပါတယ်..

🌟Sheet Masks တွေရဲ့ ရာဇဝင်

Beauty Industory မှာနေရာအများကြီးယူလာတဲ့ တောင်ကိုရီးယားကစပါတယ်.. အခုဆို ကမ္ဘာကျော် brand ကြီးတွေကပါ Korean beauty နည်းလမ်းတွေကို ယူနေတာတွေ့ရပါတယ်... Sheet Masks တွေကို Asia ဖက်မှာ beauty routine မှာ မပါမဖြစ်ထည့်လာကြပါတယ်... တကယ်လည်း အကျိုးသက်ရောက်မှုကောင်းတာမို့ လူကြိုက်များပါတယ်

🌟Sheet Masks ကို ဘယ်လိုရွေးရမလည်း

Skincare products တွေလိုပဲ Sheet masks တွေရွေးရင် Quality ကောင်းတာရွေးသင့်ပါတယ်.. quality ညံ့တဲ့ sheet masks တွေက ပါဝင်တဲ့ serum တွေ essence တွေကို သေချာ store မလုပ်နိုင်ပါဘူး..မျက်နှာပေါ် သက်တောင့်သက်သာမဖြစ်တတ်ပါဘူး..
Sheet Masks တွေ brand မျိုးစုံကရွေးသုံး ရောသုံးလို့ရပါတယ်
Sheet masksတွေမှာ skin problem, special treatment တိုင်းအတွက် ထုတ်လုပ်ထားတာမို့ ရွေးသုံးရုံပါပဲ
ဥပမာ: Hydrating, Brightening, Soothing, Lifting, Firming, Anti Aging အစသဖြင့် အမျိုးအစားအများကြီးရှိပါတယ်..
ပါဝင်တဲ့ ingredients တွေကိုကြည့်ပြီးလည်းရွေးနိုင်တယ်
Vitamin C, Hyaluronic Acid, Aloe Vera, Shea Butter, Honey, Ginseng အပြင် Lime, Cucumber, Rose, စသဖြင့် natural ingredientd တွေလည်းပါတာတွေ့နိုင်ပါတယ်.. ကိုယ့်အသားအရည်နဲ့အဆင်ပြေတာ လိုအပ်တာကိုရွေးသုံးရုံပါပဲ
အခုနောက်ပိုင်းခေတ်စားနေတဲ့ Royal Jelly, Bird Nest, Collagen, Snail, Pearl စပြီးလည်းတွေ့ရမှာပါ.. စုကတော့ ကိုယ်နဲ့တည့်မတည့်မသိတဲ့အတွက် အဲ့ဒါတွေမသုံးပါဘူး..
ကပ်ထားတုန်းယားလာတာမျိုးရှိရင် ချက်ချင်းခွာလိုက်ပါ.. လုံးဝမနှမျောပါနဲ့နော်

🌟Sheet Masks တွေကပေးတဲ့အကျိုးကျေးဇူး

ပထမဆုံးအချက်ကတော့ Facial spa တွေသွားစရာမလိုပဲ ကိုယ့်အိမ်မှာကိုယ် ဇိမ်ယူနိုင်တယ်
အလုပ်မရှုပ်ဘူး
Sheet Masks တွေမှာပါဝင်တဲ့ serum တွေ essence တွေက vitamins တွေ Minerals တွေနဲ့ပြည့်ဝနေတာမို့ facial masks တွေလို ခြောက်သွားတာမဖြစ်ပဲ skin ကိုအစိုဓာတ်အပြည့်အဝပေးပါတယ်
ပင်ပန်းနေတဲ့အခါမျိုး နေလောင်တာများတဲ့နေ့မျိုး.. အသားအရေညစ်နေတယ်ထင်တဲ့အခါမျိုး sheet mask လေးကပ်ကြည့်ပါ.. effect ကိုသိသိသာသာခံစားရပါတယ်

Sheet Masks တွေမလုပ်ပေးနိုင်တဲ့ အချက်တွေ

Sheet Masks တွေက မျက်နှာ ချွေးပေါက်တွေထဲက အညစ်အကြေးတွေ ဖုန်တွေ ကို မသန့်စင်ပေးနိုင်ပါဘူး.. သူကအသားအရည်ကို nourish လုပ်ပေးတဲ့ စွမ်းရည်ပဲရှိပါတယ်..

🌟Sheet Masks တွေကို ဘယ်လိုပြုလုပ်ထားတာလည်း

Sheet Masks တွေရဲ့အထိဖြစ်တဲ့ Sheet တွေကို အမျိုးအစားအစုံတွေ့ရနိုင်ပါတယ်
- Fibre
- Cotton
- Hydrogel
- Bio Cellulose
အဲ့ဒိအထဲမှာ Hydrogel နဲ့ Bio Cellulose က serum တွေ essence ကို ပို effective ဖြစ်ဖြစ် skin မှာ absorb လုပ်နိုင်ပြီး ဈေးပိုကြီးပါတယ်.. မျက်နှာပေါ်ကိုလည်း တိတိကျကျကပ်နေစေပါတယ်..
စုအရမ်းသဘောကျတဲ့ type မျိုးပါ

Favourite Sheet Masks တွေအကြောင်းခဏခဏရေးနေကျမို့ ဒီမှာအထူးတလည်မရေးတော့ပါဘူး

Sheet Masks သည် မျက်နှာပေါ်တိုက်ရိုက်သုံးရတာဖြစ်တဲ့အတွက် quality ကောင်းတဲ့ စစ်မှန်တဲ့ ယုံကြည်ရတဲ့ brand တွေကိုရွေးဝယ်စေချင်ပါတယ်

Tony Moly, Etude House, Nature Republic, The Saem, Holika Holika, The FaceShop, Dr. Wu တွေမှာ quality မိုက်တဲ့ Sheet Masks အစုံရတာမို့ Official Counter ရှိတဲ့ Brand မျိုးကိုပဲရွေးသုံးစေချင်ပါတယ်..

ကျေးဇူးတင်ပါတယ်❤️❤️❤️

Reference:
-->https://www.orgaid.com/blogs

05/04/2019

Skin Care လိမ်းနည်း။
———————————————-
ဒေါက်တာအေးမင်းထူး

(မနက်ပိုင်းအတွက်)
_________
(၁) Cleanser
(၂) Toner/Mist
(၃) Serum
(၄) moisturizer (Lotion or emulsion )
(၅) Cream (နွေရာသီမှာရှောင်ပါ)
(၆) Skincare finisher
(၇) Sunblock
(၈) Makeup

(ညပိုင်း အတွက်)
_______
(၁) Makeup remover (oil, water base or gel)
(၂) Cleanser
(၃) Booster (ပုံမှန်အားဖြင့် toner သုံးပြီးမှသာ လိမ်းရတယ်)
(၄) Toner/Mist
(၅) Ampoule
(၆) Serum (essence ထက်ပိုပျစ်ရင်နောက်မှသုံးပါ)
(၇) Essence
(၈) Sheet mask or gel mask (အေးတဲ့ရာသီမှာနေ့စဉ်သုံးပါ)
(၉) moisturizer(Lotion or Emulsion)
(၁၀) Night pack or sleeping mask

မှတ်ချက် - (Skin Careများကို အသက်(၁၆)နှစ်ကျော်မှသာ စတင်သုံးစွဲသင့်သည်...။)

skin care ဥပဒေသအရ
မနက်ပိုင်းကို
prevention stage လို့ ခေါ်တယ်။
နေလောင်တာ၊ အသားအရေပျက်ဆီးတာကာကွယ်ဖို့ဖြစ်တယ်။
ညပိုင်းကို
repairing stage ခေါ်ပါမယ်။
အရေပြားကို ပြန်လည်ပြုပြင်ဖို့ဖြစ်တယ်။
ဒါ့ကြောင့် ညပိုင်းက step ပိုများသွားတာပါ..

တကြိမ်မှာskin careအဆင့်၂လိမ်းပြီး သုံးရတဲ့ brandတွေ စုံသွားတော့ skin careတမျိုးနဲတမျိုး ပေါင်းသွားပြီး မတည့်တာမျိုးတွေမဖြစ်နိုင်ဘူးလားလို့မေးတတ်သူတွေအတွက်တော့

Skin care တခုနဲ့တခုကြား ၅ မိနစ်ခြားဆိုတဲ့ ဥပဒေသ အမှန်ရှိတယ်။ တချို့က မသိကြတာ။ တချို့က မလိုက်နာနိုင်တာ။ တကယ်တော့ ရောစရာအကြောင်း မရှိဘူး။ အာနိသင်ချင်းမှ မတူတာမို့ပါ လို့ ပြောရပါမယ်။

hydrator = moisturizer (sensitive )မှာ hydrator ကို သုံးတယ်။

finisher ဆိုတာ ရှေ့က သုံးထားတဲ့ skin care နဲ့ နောက်မှာဆက်သုံးမယ့် cosmetic ကြားမှာ အလွှာပါးတခု အနေနဲ့ ခြားပေးတဲ့ ပစ္စည်းပါ။

sunblock ပြီးမှ primer >foundation> concealer အဆင့်ဆင့်သုံးလို့ ရပါတယ်။

05/04/2019

Amore Pecific Kit Set 💞

ကိုရီးယား မှာ လူကြိုက်​များ​နေတဲ့ set ​လေးဆိုလဲ မမှားပါဘူး​နော်

ဒီလောက် နာမည်ကြီးတဲ့ Set လေးမှာ ဘာတွေပါမလဲဆိုတော့...

Amore Pacific Kit ( 6 Items )

1.Primula Pleeling 15ml
2.Hanyul Mild Cleansing Foam 15 ml
3.Hera Sun Mate 15 ml (Spf 50+)
4.Sulhwasoo essence (activated serum ex) 15 ml
5.Lope Super Vital Cream Rich 7ml
6.Laneige Water Sleeping Mask 15 ml

စမ်းသုံးကြည့်​ချင်​တဲ့ သူ​တွေ အတွက်​ ဒီ set ​​လေးအရမ်းကို အဆင်​​ပြေပါတယ်​ ​နော်​ 😍

ပုံမှန် Ful size ဆို ဈေးတွေ သောင်းချီပေးရလို့ အခု Kit set လေးက ပစ္စည်းလည်း အစုံပါတဲ့အပြင် Laneige Water Sleeping Mask 15ml လေးဆို 8500 လောက်ရှိတာ မလို့ သူပါတာနဲ့တောင် ဈေးနှုန်းကတန်နေပါပီ ဘေဘီတို့ရေ💙

နောက်ပီး Item ကလည်း အစုံပါတာမလို့ ခရီးသွားဘဲဖြစ်ဖြစ် Beginner မလို့ ခုမှ စပီး Try ချင်တာဘဲ ဖြစ်ဖြစ် အရမ်းအဆင်ပြေတယ်💚

Kit Set ဆိုပေမယ့် 15ml တွေဘဲ အများစုပါတာမလို့ ဒီ Set လေးကတော့ Must Try လေးနော်💛

Price ~~15000

Sale price နဲ့ instock လေးဝယ်ထားတာမလို့ ဒီ​ဈေး​လေးရတာပါ​နော်..တန်တုန်းဝယ်ထားပါလို့..
မင်မင်စီမှာလည်း အများကြီးရှိတာဟုတ်ဘူး..ကုန်သွားမှ လိုချင်လို့ရဘူးနော်😢

100% Authentic from korea official counter

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 08:00 - 12:00
Tuesday 08:00 - 12:00
Wednesday 08:00 - 12:00
Thursday 08:00 - 12:00
Friday 08:00 - 12:00
Saturday 08:00 - 12:00
Sunday 08:00 - 12:00