Intel-Villa

Intel-Villa

Share

Digital Literacy, Computing, Coding and Intelligent Learning Hub

Photos from Intel-Villa's post 15/01/2024

ကလေးတို့အတွက် IT ဖတ်စာ
Computing ဘာသာရပ်
Age Scope - 10 years to 12 years
Coverage Grade - Primary 5, Year 6, Grade 5 + Grade 6 အတန်းများ
Referances - Oxford International Primary Computing, Cambridge Primary ICT, Switchedon Computing and etc.....
Chaper (1) နည်းပညာတို့ရဲ့သဘောသဘာဝ (ကွန်ပျူတာ ကွန်ရက်များ) Computer Networks
Session (1.1) - What is network? ကွန်ရက်ဆိုတာဘာလဲ?

ဒီ session မှာကလေးတို့ လေ့လာကြည့်ရမှာက

၁.ကွန်ရက်ဆိုတာဘာလဲ ?
၂. ကျောင်းမှာ အိမ်မှာ လုပ်ငန်းခွင်မှာ ကွန်ရက်တွေက ဘာကြောင့်အသုံးဝင်ပြီးဘယ်လိုအသုံးဝင်တာလဲ ?
ဒီတော့ ကွန်ရက်တွေက ဘာအတွက်လဲ?

ရုံးတွေ ကျောင်းတွေမှာဆိုရင် ကွန်ပျူတာတွေကို အများအားဖြင့် ကွန်ပျုတာကွန်ရက်ဖြစ်အောင် ချိတ်ဆက်ထားကြတယ်။ ပြီးတော့ကွန်ရက်စနစ်တစ်ခုဖြစ်လာဖို့ ပြုလုပ်ဆောင်ရွက်တယ်ဆိုတာတကယ်တမ်းက ရှုပ်ထွေးမှုလေးတွေရှိပါတယ်။
ကွန်ရက်ဆိုတာ ပြဿနာတွေကို ဖြေရှင်းဖို့သေသေသေချာချာ လေ့ကျင့်ထားတဲ့ ကျွမ်ကျင်ပညာရှင် အမြဲတမ်းလိုအပ်တာမို့လို့ စနစ်တစ်ခုလည်ပတ်ဖို့ဟာ စျေးကြီးတာပေါ့။
အဲ့ဒီလိုအခက်အခဲရှိပြီးစျေးကြီးတာမှန်ပေမယ့် ကွန်ရက်ရဲ့ အားသာချက်တွေကလည်းအရမ်းများတာမို့ အဖွဲ့အစည်းအများစုက ဒီကုန်ကျစားရိတ်ဟာ ထိုက်တန်တယ်လို့ သတ်မှတ်ကြပါတယ်တဲ့ဗျာ။

ကလေးတို့အနေနဲ့ ကွန်ရက်ရဲ အခြေခံ အားသာချက်တွေကိုလည်း သိထားရပါမယ်။ အဲ့ဒါတွေက -

၁. ဆက်သွယ်ခြင်း (COMMUNICATION) - တို့တွေဟာ ကွန်ရက်ကနေတစ်ဆင့် အချင်းချင်း message တွေ email တွေအပြန်အလှန် ပေးပို့နိုင်မယ်။
၂. မျှဝေခြင်း (sharing) - တို့တွေဟာ ဖိုင်တွေ ၊ ဒေတာတွေ အပြင် printer လို scanner လိုစက်ပစ္စည်းတွေကအစ ကွန်ရက်ပေါ် မှာ မျှဝေအသုံးပြုလို့ရပါတယ်။
၃. Saving Works - တို့တွေဟာ files တွေ data တွေကို network storage drives လို့ ခေါ် တဲ့ ကွန်ရက်သိုလှောင်မှုမှာသီးသန့်အသုံးပြုတဲ့ drive တွေပေါ်မှာ သွားရောက်သိမ်းဆည်းနိုင်တယ်။ ကွန်ရက်ထဲမှာရှိတဲ့ မည်သည့်ကွန်ပျူတာမဆိုကနေ ကလေးတို့ရဲ့ ဖိုင်တွေ data တွေကို လှမ်းယူအသုံးပြုနိုင်သွားတာပေါ့။ ကိုယ့်ရဲ့အလုပ်တွေ ဒေတာတွေကို ကွန်ရက်ထဲက တစ်ခြားသူတွေနဲ့ မျှဝေရတာ အလွန်လွယ်ကူသွားစေပါတယ်။
၄. Working Together - ဒါကလွယ်ပါတယ်။ ကွန်ရက်တွေဟာ တို့တွေ အတူတကွ အလုပ်တွေအများကြီး တစ်ပြိုင်တည်းလုပ်လို့ရအောင် ကောင်းကောင်းကူညီပေးနိုင်တာပေါ.
--------------------------
ကဲ ဆက်သွားမယ်နော် - ကွန်ရက်တစ်ခုကို ဘာတွေနဲ့ပြုလုပ်တည်ဆောက်ထားသလဲ?

ကွန်ရက်တစ်ခုတည်ဆောက်ဖို့အတွက် အချက် ၄ ချက်လိုပါတယ် ကလေးတို့
၁. ကွန်ပျူတာတွေကြားမှာ စာတွေ ဖိုင်တွေ ဒေတာတွေ ပေးပို့ဖို့နဲ့ Applications တွေ သိမ်းဆည်းဖို့အတွက် ကွန်ရက်ကိရိယာပစ္စည်းတွေရယ်
၂. စက်ပစ္စည်းတွေကို ချိတ်ဆက်ဖို့ ကြိုးတွေရယ်
၃. စက်ပစ္စည်းတွေကိုအတူတကွ အလုပ်လုပ်စေဖို့ ကွန်ရက် software တွေရယ်
၄. ကွန်ရက်တစ်ခုရဲ့ အစိတ်အပိုင်းအားလုံးကို အတူတကွ လုပ်ဆောင်နိုင်စေမယ့် စည်းမျဉ်းစည်းကမ်း (Rules)တွေရယ် လိုအပ်ပါတယ်။
----------------------
ကွန်ရက်မှာ အဓိက အမျိုးအစားကြီး ၂ မျိုးရှိပါတယ်။

Local Area Network (LAN) လိုခေါ်တဲ့ အမျိုးအစား နဲ့
Wide Area Network (WAN) လို့ခေါ်တဲ့ အမျိုးအစား ၂ မျိုးပါပဲ
LAN ဆိုတာ အဆောက်အအုံတစ်ခု အိမ်တစ်လုံး တိုက်ခန်း၁ခန်း ရုံးခန်းအတွင်း စတာတွေမှာကွန်ပျူတာတွေအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ရက်ကိုပြောတာပါ ကလေးတို့။
(ဥပမာအားဖြင့် ကျောင်းတစ်ကျောင်းအတွင်းမှာရှိတဲ့ ကွန်ရက်ကို LAN လို့သတ်မှတ်လို့ရပါတယ်။)

နောက်တစ်ခု WAN ဆိုတာက ဝေးကွာတဲ့နေရာတွေအချင်းချင်းချိတ်ဆက်ထားတဲ့ ကွန်ယက်ကိုပြောတာပါ။ မြို့တွေ မြို့နယ်တွေမတူ၊ နိုင်ငံပါမတူတဲ့ ဒေသတွေက devices တွေအချင်းချင်း ချိတ်ဆက်အသုံးပြုအလုပ်လုပ်ကြတာကို WAN လို့သတ်မှတ်နိုင်ပါတယ်။
(အထင်ရှားဆုံး ဥပမာကတော့ Internet ဆိုတာ ကမ္ဘာ့အကြီးဆုံး WAN ကွန်ရက်ကြီးပါပဲ။)
--------------------------
ဒီတော့ ကွန်ရက်ဆိုတာ invisible မမြင်နိုင်ဘူး လို့ပြောရမှာပေါ့။ The Invisible Network ပေါ့။ ..ဟုတ်ပါတယ်။
နေရာဌာနတစ်ခု (သို့) ကျောင်း တစ်ကျောင်းမှာ ကွန်ရက်ကြီးတစ်ခု တပ်ဆင်ထားပါတယ် ဆိုရင် ဒီကွန်ရက်ကြီးရှိကြောင်း ကလေးတို့ဘယ်လိုသိနိုင်မြင်နိုင်မလဲ ?
ချက်ချင်းကြီး လက်ဆုပ်လက်ကိုင်ပြလို့ရတာမျိုးမှာမဟုတ်တာနော်။

ဒီတော့ ကွန်ရက်တစ်ခုဆိုတာချက်ချင်းတွေ့နိုင်မြင်နိုင်တာမျိုးမဟုတ်ဘူးပေါ့။
ဥပမာ ကျောင်းတစ်ကျောင်းမှာပေါ့ ... Network Devices 30 ရှိတယ်ထားတော့ ၊ ကျောင်းပတ်ပတ်လည်မှာ 2 kilometer လောက်အရှည်ရှိတဲ့ cable ကြိုးတွေနဲ့ အဲ့ဒီ device 30 ကို သွယ်တန်းချိတ်ဆက်ထားတာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုကွန်ရက်ကြီးရှိနေတာကို အများစုဘယ်သူကမှသတိထားမိမှာမဟုတ်ပါဘူး။

ပြီးတော့ကွန်ရက်နဲ့ အဓိက သက်ဆိုင်တဲ့ပစ္စည်းတွေကို သေသေချာချာ လုံခြုံအောင်သိမ်းဆည်းထားကြတာကိုး။
ဒါပေမယ့် ဒီနေရာ ဒီကျောင်း ဒီရုံးမှာ ကွန်ရက်တပ်ဆင်ထားတယ်ဆိုတာကို သိနိုင်တဲ့ သဲလွန်စလေးတွေရှိတယ်။
အဲ့ဒီသဲလွန်စလေးတွေကို ကလေးတို့မြင်တတ်ရှာတတ်မယ်ဆိုရင် ကွန်ရက်ကြီးကိုလည်းမြင်ပြီပေါ့။

နောက်လာမယ့် session တွေဆက်လေ့လာပြီးရင် အဲ့ဒီအကြောင်းအရာတွေအများကြီး ထပ်သိရမယ်ကလေးတို့ရေ...
-------------------------------------
ဒီ​ session မှာတော့ ကလေးတို့အတွက် challenge တစ်ခုလောက် လုပ်စရာပေးကြည့်မယ်၊ အခြေအနေ ပေးရင်လုပ်ကြည့်ကြပေါ့။

ကလေးတို့ ကျောင်းမှာဖြစ်ဖြစ် ဖေဖေ မေမေ တို့ရဲ့ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ကွန်ရက်တစ်ခုလောက်ရှိနေမယ်ထင်လား?
အကယ်၍ ရှိခဲ့မယ်ဆိုရင် အဲ့ဒီကွန်ရက်က ဘယ်မှာလဲ?
ဘယ်လိုတပ်ဆင်ထားသလဲ?
အဲ့ဒီကွန်ရက်မှာ အလုပ်တွေရောလုပ်ကြသလား ?
ပြီးတော့ ကွန်ရက်နဲ့ပက်သတ်တဲ့ပစ္စည်းတွေကိုရော ဘယ်နေရာမှာထားထားလဲ? .................. စတာတွေကို စဉ်းစားသုံးသပ်ကြည့်ပြီး ကြိုးစားကြည့်နော်။
ဒီအတွက် Clue တစ်ခုပေးမယ် - အင်တာနက် Wi-Fi သုံးတဲ့ အိမ် ၁ အိမ်မှာ ကွန်ရက်တစ်ခုရှိကိုရှိပါတယ်....
---------------------
ပုံ ၂ ပုံမှာ ပထမ ပုံက Local Area Network နဲ့အလုပ်လုပ်နေကြတဲ့ အခန်း
ဒုတိယပုံက ကွန်ရက်ချိတ်ဆက်မှုတွေကို ထိန်းချုပ်ထားတဲ့ အခန်း၁ခန်းပါ

ကဲ ဒီ session ကတော့ ဒီလောက်ပါပဲ ခင်ဗျာ...
Next Session မှာ ဆက်တွေ့ကြမယ်
--------------------------------------
ဤpost ပါစာသားများအား အားလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ မည်သည့်နည်းနှင့်မျှ ကူးယူခြင်းကို ခွင့်မပြုပါခင်ဗျာ ။
Aung Myo Ko (MENTOR)
Intel-Villa

14/05/2019

Digital Advertising & CMS Blogger Course ကို ...........

ပညာတကယ်လိုလားပြီး ငွေကြေးအခက်အခဲ ရှိတဲ့ လူငယ်တွေအတွက် Free of Charges သင်ပေးဖို့ စဉ်းစားထားတယ်။
(ကိုယ့်မှတ်ပုံတင်နဲ့ကိုယ် visa master လေးလုပ်ထားပြီး ဒေါ်လာ ၃၀ ကိုယ့်ဘာသာကိုယ်ထည့်ထားပေးရမယ့် စားရိတ်ပဲကုန်မယ်။)

(ဒါတောင် talent ကိုကြည့်ပြီး အဲ့ဒီကုန်ကျစားရိတ်ပါကျခံပေးပြီး သင်ပေးမယ်)

စိတ်ကြိုက် training လုပ်မယ် .. ပြီးရင် ၃ လ တိတိ ကျွန်တော့်ရဲ့ Digital Advertising Project တွေမှာ အလုပ်ဝင်လုပ်ပေးရမယ်။
(ထိုက်တန်တဲ့ salary လည်းပေးမယ်)

အဲ့ဒါအဆင်ပြေမလားတော့မသိ..

အခုတော့မဟုတ်သေးဘူးပေါ့.. လူတစ်ယောက်ခြင်းစီ အကဲဖြတ်ပြီးမှ သင်ခွင့်ပေးမှာပါ။

ကိုယ်လည်းချမ်းသာနေတာမဟုတ်တော့လေ။

ဒါပေမယ့် သိပ်မကြာခင် လုပ်ဖြစ်အောင်လုပ်ဦးမယ်
...........................................................

ပညာနဲ့ပက်သတ်ရင် ဗီဇကနေလို့ကိုမရဘူး
တကယ်တော့ သင်တန်းကြေးဆိုတာ အချိန်ရဲ့ တန်ကြေးကိုတောင်းတာပါ။ကုန်သွားတဲ့အချိန်က တကယ်ကိုအလကားမရဘူးလေ ဟုတ်

ပညာဆိုတာ ရဖို့မလွယ်ပေမယ့် အဲ့ဒီပညာသည် life တစ်ခုဖြစ်တဲ့အတွက် ရာသက်ပန် Free Sharing ပဲ။
(ဒါ ပညာနဲ့ပက်သတ်တဲ့ ကျွန်တော့်ရဲ့ conviction နဲ့ passion ပဲ)

အဲ့ဒီလိုပဲ အပြန်အလှန် passionate ဖြစ်တဲ့
လူငယ်မျိုးတွေပဲလိုအပ်တယ်။

18/02/2019

လုပ်ငန်းတွေအတွက် Website မဖြစ်မနေရှိထားသင့်တဲ့ အချက် (၆)ချက်

ယနေ့ Online Marketing တွေ ခေတ်စားနေပြီဖြစ်တဲ့ မြန်မာပြည်က မိတ်ဆွေလုပ်ငန်းအနေနဲ့ Website ကောင်းကောင်းလေး တစ်ခုတော့ လိုအပ်လာပါပြီ။

Facebook ရှိနေတာပဲ မလိုပါဘူးဆိုပြီး မထင်သင့်ပါ။

Facebook ဆိုတာ သူများခြံဌားပြီး အိမ်ဆောက်ထားရသလိုပါပဲ။ ဒီ Platform က မိတ်ဆွေရဲ့အပိုင်မဟုတ်တဲ့အတွက် စိတ်ကြိုက်မလုပ်နိုင်သလို အချိန်မရွေးလဲ တည်ဆောက်ထားတာတွေ ပျက်စီးသွားနိုင်ပါတယ်။

Website က မိတ်ဆွေလုပ်ငန်းရဲ့ Online ကိုယ်စားလှယ်ပါ။ Social Media ကတော့ Marketing Tool တစ်ခုပါပဲ။

ကိုယ်ပိုင် Website ရှိထားရင် လုပ်ငန်းအတွက် အချက်အချာအနေနဲ့ အသုံးပြုနိုင်သလို ၁၀၀% စိတ်ကြိုက်ထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ တစ်ခါတည်ဆောက်ထားပြီးတာနဲ့ မိတ်ဆွေက Platform တစ်ခုကို ပိုင်သွားပါပြီ။

မိတ်ဆွေစိတ်ကြိုက် အသုံးချလို့ရမှာပါ။

ဘာကြောင့် Website ရှိထားသင့်တယ်ဆိုတဲ့ အချက် (၆)ချက်ကိုလဲ ပြောပြပေးလိုက်ပါတယ်။

၁) မိတ်ဆွေရဲ့ Product/Service တွေကို စိတ်ကြိုက် ခင်းကျင်းပြသထားလို့ရတယ်။
၂) ၀န်ထမ်းတွေ လိုအပ်လာရင် ၀င်ကြည့်နိုင်မယ့် သီးသန့် Online Resource Center လုပ်ထားနိုင်မယ်။
၃) ပြိုင်ဖက်လုပ်ငန်းတွေမှာလဲ Website တွေရှိနေနိုင်လို့ နောက်မကျန်ခဲ့အောင် လုပ်ထားသင့်ပါတယ်။
၎) မိတ်ဆွေရဲ့ လုပ်ငန်းကို ယုံကြည်မှု ပိုမိုခိုင်မာစေမယ်။
၅) Google Ads တွေ လုပ်ဆောင်လာနိုင်မှာဖြစ်တဲ့အတွက်
၆) B2B လုပ်ငန်းတွေဆို မဖြစ်မနေလုပ်ထားဖို့ လိုပါတယ်။

မိတ်ဆွေရဲ့လုပ်ငန်းအတွက် Website လုပ်ထားသင့်တဲ့ အချက်လေးတွေ သိသွားလောက်ပါပြီ။

မိတ်ဆွေရဲ့ လုပ်ငန်းအတွက် Ph/Computer (၂)မျိုးလုံးအတွက် အဆင်ပြေမယ့် Website တွေကို Promax Computing & Technology က အကောင်းဆုံး ကူညီဖန်တီးပေးနေပါတယ်။

မိတ်ဆွေအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတွေကိုလဲ ကူညီအကြံပေးနေလို့ အခုပဲ ဆက်သွယ်ပြီး စိတ်ကြိုက် မေးမြန်းလိုက်ပါတော့လား...

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No (987), Third Floor , Innwa 9 Street, Ward 6, South Okkalapa TSP
Yangon
959

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00