Student Like
Bookstore, Publisher, Book Distributor
#ပန့်_နော်ဇယ်_ဂါဗာနာ
စာရေးသူ ➡ ဦးအုန်းမြင့်(ဒီဇယ်)
အမျိုးအစား ➡ အင်ဂျင်နီယာဆိုင်ရာနည်းပညာ
တန်ဖိုး ➡ ၈,၅၀၀ကျပ်
ထုတ်ဝေမှုအကြိမ် ➡ ဒုတိယအကြိမ်
စာမျက်နှာ ➡ ၃၂၀
စာအုပ်ဆိုဒ် ➡ ၁၈.၂ cm x ၂၅.၅ cm
🚴♀️ မှာယူလိုပါက 🚴♀️
🔴 page 🔴နှင့်
📳 0976 5155373 📳
သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
🇲🇲 မြန်မာတစ်နိုင်ငံလုံးသို့ ပို့ဆောင်ပေးပါသည်။
ဤစာအုပ်တွင်
🛑 ဒီဇယ်အင်ဂျင်တစ်လုံးတွင် ပါ၀င်တည်ဆောက်ထားသော စနစ်များအနက် အရေးအပါဆုံးနှင့် အဓိကအကျဆုံး စနစ်တစ်ခုမှာ ဒီဇယ်ဆီပို့စနစ် (Fuel Injection System) ပင်ဖြစ်သည်။ ၄င်းစနစ် ကောင်းမွန်ပါက အင်ဂျင် သက်တမ်းကြာရှည်ပြီး အင်ဂျင်စွမ်းအားပြည့်ထုတ်လုပ်သုံးစွဲနိုင်သည်။ ၄င်းစနစ်ညံ့ဖျင်းပါက အင်ဂျင်သက်တမ်း တိုစေပါသည်။ ထို့ကြောင့် အင်ဂျင်ထုတ်လုပ်သူများမှာ ဒီဇယ်ဆီပို့စနစ်ကို ကောင်းမွန်သည်ထက် ပိုမိုကောင်းမွန်စေရန် အထူးကြိုးစားပြီး ထုတ်လုပ်ကြပါသည်။
🛑 ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ချိန်တွင် ဂျာမဏီနိုင်ငံ Bosch ကုမ္ပဏီမှ အဆိုပါ Fuel Injection System ၏ အစိတ်အပိုင်းများဖြစ်သော Injection Pump နှင့် Pipe Line များကို ထုတ်လုပ်ခဲ့ကြသည်။ နောက်ပိုင်း၌ အမေရိကန်တွင် American Bosch၊ အင်္ဂလန်တွင် CAVSIMMS စသော ကုမ္ပဏီများမှ ဖော်ပြပါအစိတ်အပိုင်း များကို ထုတ်လုပ်ခဲ့ကြသည်။ ထို့အတူ အင်ဂျင်ထုတ်လုပ်သော Detroit, Cummins နှင့် Caterpillar စသော ကုမ္ပဏီများမှ မိမိတို့အင်ဂျင်များအတွက် ကိုယ်ပိုင် Fuel Injection System များကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ဂျပန်ကုမ္ပဏီ နှစ်ခုဖြစ်သော Diesel KI KI နှင့် Nippon Denso ကုမ္ပဏီများသည် Bosch ကုမ္ပဏီမှ လိုင်စင်ရယူပြီး Fuel Injection System အစိတ်အပိုင်းများကို ထုတ်လုပ်ခဲ့ကြသည်။ ထိုကဲ့သို့ နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ထုတ်လုပ်ကြသော Fuel Injection System များမှာ ဒီဇိုင်းအမျိုးမျိုးနှင့် ပုံစံ အမျိုးမျိုး တည်ရှိကြသည်။
🛑 American Bosch, Robert Bosch, CAV-SIMMS, Cummins, Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သော ပန့်များ၊ နော်ဇယ်များနှင့် Governor များအကြောင်းကို ပြည့်စုံစွာ ဖော်ပြထားပါ သည်။ ပါ၀င်သောအစိတ်အပိုင်းများ၊ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ချိန်ညှိခြင်း၊ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် အပြစ်ရှာဖွေခြင်းတို့ကို အသေးစိတ်ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် ဒီဇယ်အင်ဂျင်အသုံးပြုသူများ၊ ဒီဇယ်အင်ဂျင်ပြုပြင်သူများ၊ ပန့်ဆိုင်များ၊ ကုမ္ပဏီများ၊ ဒီဇယ်အင်ဂျင်အကြောင်း လေ့လာလိုသူများ၊ အင်ဂျင်နီယာ ကျောင်းသား /သူများအတွက် အထူးသင့်လျော်ပါသည်။ အထူးသဖြင့် ဒီဇယ်အင်ဂျင်အတွက် အခက်အခဲတွေ့နေကြသော အင်ဂျင်နီယာများ အတွက် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိပါသည်။
ဦးအုန်းမြင့်(ဒီဇယ်)
🏬
အမှတ်-၁၇၀ ဒုတိယထပ်၊
၃၇ လမ်း (အလယ်ဘလောက်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
☎ 0976 5155373
12/04/2022
Click here to claim your Sponsored Listing.
Category
Website
Address
ဒုတိယထပ်၊ ၃၈ လမ်းစျေးပလာဇာ၊ ဆိပ်ကမ်းသာလမ်း (အထက်)၊ ကျောက်တံတားမြို့နယ်
Yangon