Reality Dream - Advertising

Reality Dream - Advertising

Share

Reality Dream is a marketing and advertising company

Photos 23/02/2015

ဖုန်းယဉ်ကျေးမှု
----------------

ဆက်သွယ်ရေးဝန်ကြီးဌာန၏ အစီအမံကြောင့် မြန်မာပြည်သူများ လူတန်းစားမရွေး၊ လူမျိုးမရွေး၊ အချိန်မရွေးနေရာတိုင်းတွင် တယ်လီဖုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ လူမှုရေး ကိစ္စ၊ စီးပွားရေးကိစ္စများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ကြပါပြီ။ ယခုလက်ရှိ အနေအထားအရ မြန်မာ့ဆက်သွယ်ရေး ဖုန်းများသည်မည်သည့် နေရာကပြောနေသည်။ ပြောသူ၏ဥပဓိရုပ်ပုံသည် မည်သို့ရှိသည်ကို တိတိကျကျ ပုံဖော်နိုင်စွမ်းမရှိသေးပါ။ အသံဖြင့် အလုပ်လုပ်နေရသောအခါတွင် ပြောဆိုသူတို့၏ စကားအရာ ပါးနပ်မှု၊ ယဉ်ကျေးချိုသာမှုသည် အထူးအရေးကြီးလှပါသည်။

တစ်ယောက်စကား တစ်ယောက်နားမှာ

မခါးရအောင် သတိဆောင်၍ျ

မောင်တို့ဆိုလေ ပျားသကာသို့

ချိုလှစေ။ (ရှင်မဟာရဋ္ဌသာရ)

ကိုယ်တွေ့ အဖြစ်အပျက်တို့ကို တင်ပြလိုပါသည်။ ၂၀၀၆ ခုနှစ်၊ ကျွန်တော် ကျောင်းအုပ်ကြီးဘဝဖြင့် နယ်မြို့ကြီး၌ တာဝန်ထမ်းဆောင်နေစဉ် မကွေးတိုင်းပညာရေးမှူးရုံးမှ ဖုန်းဝင်လာရာ ဖုန်းလက်ခံသူ ဝန်ထမ်းငယ်၏ အပြောအဆို မယဉ်ကျေးမှုကြောင့် ဆရာကြီးခမျာ တော်တော်မျက်နှာပူခဲ့ရပါသည်။

နောက်အဖြစ်အပျက်တစ်ခုမှာ ကျောင်းရုံးခန်းနှင့် ဆရာကြီးအိမ်ခန်းကို လိုင်းခွဲဖြင့် ဆက်သွယ်ထားပါ သည်။ တစ်ခုသော ညနေ ၆ နာရီခန့်တွင် Phone Duty ဝန်ထမ်းအား ပြန်နားစေ၍ ဖုန်းဝင်လာပါက ဆရာကြီးလက်ခံပါသည်။ ထိုစဉ်ဝင်လာသော ဖုန်းမှာ . . . . . . “ဟုတ်ကဲ့အမိန့်ရှိပါ။ ဟုတ်ကဲ့ပါ အ.ထ.က (၂) ကပါ။ အခုဖုန်းကိုင်တာဘယ်သူလဲ။ ဟုတ်ကဲ့ ဘာအတွက်ပါလဲခင်ဗျာ၊ အေးငါကဘယ် သူကွ၊ သင်္ဃန်းကျွန်းကဆက်နေတာ ကျောင်းစောင့်အိမ်က တစ်ပေတက်နဲ့ စကားပြောချင်လို့ အခုခေါ် ပေးပါ။” အသံကအပေါ်စီးက မာရေကျောရောနဲ့ ကျွန်တော်လည်း တော်တော်တင်းသွားတယ်။ “ဟုတ် ကဲ့အခုဖုန်းကိုင်တာ ကျောင်းအုပ်ကြီးပါ။ ရုံးချိန်မဟုတ်တဲ့အတွက် အနားမှာခိုင်းစရာလူလည်းမရှိပါဘူး။ နောက်ဒီအချိန်ဆက်လည်း ခေါ်မပေးပါဘူး။ ရုံးချိန်ဆက်ရင်တော့ ဝန်ထမ်းတွေခေါ်ပေးကောင်းခေါ် ပေးပါလိမ့်မယ်” ဆိုပြီးဖုန်းချလိုက်တော့တယ်။ ကျောင်းစောင့်ကိုလည်း ခေါ်ပြီးသတိပေးလိုက်ရပါ တယ်။

အငြိမ်းစားယူပြီးနောက် ရန်ကုန်မှအဖြစ်အပျက်တစ်ခုကို တင်ပြလိုပါသည်။ ည ၉ နာရီခန့်မှာ သမီးဖုန်း သို့ဖုန်းအမှားတစ်ခုဝင်ပါသည်။ တစ်ဖက်ကပြောသော စကားကိုလုံးဝနားမထောင်၊ မူးနေသောအသံ ဖြင့် သူပြောချင်တာတွေ ဇွတ်ပြောနေသည်။ သမီးက ဖုန်းမှားနေပါတယ် ပြောရလည်းမရပါ။ နှစ်မိနစ်၊ သုံးမိနစ်ခြားတစ်ခါ သုံးကြိမ်လောက် ထပ်ဆက်နေပါသည်။ ကြားသော ဖအေလုပ်သူက မကြား ယောင်ပြု၍ မရတော့။ “ကဲ လူလေးမင်းကို ဖုန်းမှားနေတယ်လို့ပြောနေတာ၊ ဘာကြောင့်ခဏခဏ ထပ်ဆက်နေတာလဲ၊ ကဲမင်းကိုသတိပေးလိုက်မယ် ဒီဖုန်းပိုင်ရှင်ဘယ်သူလဲဆိုတာ ငါနာရီဝက်အတွင်း ရှာနိုင်တယ်။ မင်းဘယ်နေရာက ဆက်နေတယ်ဆိုတာ ၄၅ မိနစ်အတွင်းသိအောင်လုပ်နိုင်တယ်။ ဒီတစ်ခါ သည်းမခံတော့ဘူး” ဟု ပြောလိုက်မှ ဖုန်းသံတိတ်သွားပါသည်။

“နှုတ်ချို သျှိုတစ်ပါး” ဖြစ်ပါသည်။ ယဉ်ကျေးချိုသာစွာ ပြောဆိုခြင်းဖြင့် မိမိတွင်ဘာမျှ မနစ်နာနိုင်ပါ။ လူချစ်လူခင်ပေါများ၍ မိမိ၏အလုပ်အကိုင်များသာ ချောချောမွေ့မွေ့ ပြီးစီးနိုင်မည်သာ ဖြစ်ပါသည်။

‘နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ’ ပါသည်။ ‘အမိယုတ်က နှုတ်သရမ်း၏’ မိမိ၏မယဉ်ကျေးမှု ကြောင့် မွေးမိခင်ပါအစစ်ပါရတော့သည်။

အချို့ဖုန်းပြောသူတို့သည် နားထောင်ရသည်မှာ နားဝင်ချိုလှပေစွ။ တောင်းခံသည့် အကူအညီဖြစ်ပါက ချက်ခြင်းဆောင်ရွက် ပေးချင်စိတ်များပေါ်လာအောင် ‘နှုတ်မှုစွမ်းရည်’ ဖြင့် ပါးပါးနပ်နပ်ပြောဆိုနိုင်ကြ ပါသည်။

ယခုအခါ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး တောရောမြို့ပါ Hand Phone များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ နိုင်ငံကြီးသားပီပီ တရားတော်၏ အဆုံးအမတို့နှင့်အညီ ပီယဝါစာ ပြောဆိုကြမည်ဆိုပါလျှင် . . . .

ကြေးမုံသတင်းစာ

Photos 23/02/2015

Window 10 သည် လူတိုင်းအတွက် အခမဲ့ မဖြစ်နိုင်
-------------------------------------------------------

လွန်ခဲ့တဲ့လက window 7, window 8.1 နှင့် window phone 8.1 အသုံးပြု သူများ အနေဖြင့် window 10 OS ကို အခမဲ့ update ပြု လုပ်နိုင်မည်ဟု သတင်းတွေ ထွက်ခဲ့သဖြင့် Microsoft အသုံးပြုသူများအတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။
Blog တွေ မှာ ဘယ်လိုပင် ဖော်ပြပါရှိပါစေ ကုမ္ပဏီဘက်ကမူ လူတိုင်းကို အခမဲ့ပေးမှာ မဟုတ်ကြောင်း
ပြောကြားခဲ့ပါတယ်။ Window 7 Enterprise နှင့် Window 8/8.1 တွင်မူ အခမဲ့ upgrade လုပ်နိုင်မည် မဟုတ်ကြောင်း Microsoft မှ ပြောကြားခဲ့ပါတယ်။ Enterprise ဗားရှင်း OS များသည် သာမန် အသုံးပြု သူများအတွက် မဟုတ်ဘဲ အဖွဲ့အစည်းများအတွက် ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။ အာမခံရှိသော အသုံးပြု သူများအနေဖြင့် Window 10 enterprise ကို upgrade လုပ်ခွင့်ရှိမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ Microsoft ၏ ပြောကြားချက်အရ တစ်ကမ္ဘာလုံးရှိ အသုံးပြု သူ သန်းရာချီ ခန့်သည် အခမဲ့ upgrade လုပ်ခွင့်ရှိမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ ဒါဟာ Microsoft အနေဖြင့် ပထမဆုံးအကြိမ် အခမဲ့ upgrade ပေးခြင်းလည်း ဖြစ်ပါတယ်။

Credit - သစ်ထူးလွင်

Photos 23/02/2015

Apple က လျှပ်စစ်ကားကို ထိပ်တန်းလျှို့ ဝှက်ပြီး တီထွင်နေတာလား
-------------------------------------------------------------------------

iPhone နှင့် iPad တွေရဲ့နောက်ကွယ်မှာ Apple ကုမ္ပဏီက မီနီဗန်ကားလေး ကဲ့သို့သော လျှပ်စစ်ကားကို တီထွင်နေတဲ့လို့ သိရှိရပါတယ်။ ရရှိခဲ့သော သတင်းအရ Apple သည် လျှပ်စစ်ကားတွေ တီထွင်ရန် ဒီဇိုင်း ဆွဲနေပြီး တဖြည်းဖြည်းနဲ့ ယာဉ်တွေဘက်ကို ကူးပြောင်းနေပြီ ဖြစ်ပါတယ်။
Wall Street ဂျာနယ်၏ ပြောကြားချက်အရ မီနီဗန်လေးနဲ့တူတဲ့ လျှပ်စစ်ကားကို တီထွင်နေကြောင်းလည်း သိရပါတယ်။ ထုတ်လုပ်ရောင်းချတဲ့ အဆင့်ကိုရောက်ဖို့အတွက် ဆိုရင်တော့ နှစ်အနည်းငယ် ကြာ ဦး မှာ ဖြစ်ပါတယ်။ Ford က အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Apple ရဲ့ တာဝန်ရှိသူ Steve Zadesky က ယခု ပရောဂျက်ကို ဦးစီးနေတာ ဖြစ်ပါတယ်။
iPod နှင့် iPhone များကိုလည်း သူပဲ ဦးစီးဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။ Wall Street ဂျာနယ်၏ ထပ်မံပြောကြားချက် အရ Apple က ဝန်ထမ်းတွေဟာ Mercedes နှင့် BMW ကို ထုတ်လုပ်ခဲ့တဲ့သူတွေဆီ သွားရောက် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။
Silicon Valley က သုတေသန Lab ထဲမှာ လျှို့ ဝှက်လေ့လာမှု အသစ်ကို ပြုလုပ်ဖို့အတွက် မော်တော်ယာဉ် ပိုင်းဆိုင်ရာ နည်းပညာနှင့် ဒီဇိုင်း ကျွမ်းကျင်သူများကို ခန့်အပ်နေတယ် လို့လည်း ကြားသိရပါတယ်။

Credit : http://news.sky.com

Photos 23/02/2015

ချစ်သူရှာဖွေရေး ဝန်ဆောင်မှု app တစ်ခု ဖြစ်တဲ့ Coffee Meets Bagel
-----------------------------------------------------------------------------

Coffee Meets Bagel ဟု ခေါ်သော ချစ်သူရှာဖွေရေး ဝန်ဆောင်မှုသည် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၇.၈သန်း ခန့် ရရှိခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ၄င်း၏ app ကို ၂၀၁၂ ခုနှစ်တည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး နေ့စဉ် အသုံးပြု သူတွေထဲက Facebook မှာ သူငယ်ချင်းအဖြစ် ချိတ်ဆက်မှုရှိသူတွေကို တွဲဖက်ပေး ခဲ့တာ ဖြစ် ပါတယ်။
နှစ်ဦးနှစ်ဖက် စလုံးက ကျေနပ်တယ် ဆိုရင်တော့ ထိုစုံတွဲအတွက် ပထမဆုံး ချိန်းတွေ့ မှုမှာ သောက် ဖို့ ကော်ဖီ အအေး စတာတွေ အတွက် Discount ပေးပါတယ်။ အသုံးပြု သူတွေအနေဖြင့် ၂၄နာရီလုံး အသုံးပြုနိုင်မည် ဖြစ်ပြီး သတ်မှတ်ရက် မကျော်လွန်မီ တွဲဖက်ပေးမှုကိုလည်း တုံ့ပြန်ပေးနိုင်ကာ ချစ်ခြင်းမေတ္တာ နဲ့ပြည့်စုံနေတဲ့ နေ့သစ်တွေကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
အခြားသော ချစ်သူ ရှာဖွေရေး ဝန်ဆောင်မှုနှင့် ကွာခြားအောင် ဝန်ဆောင်ပေးထားပြီး ပိုမိုကောင်းမွန်စေရန် အတွက်လည်း Developer များ အင်ဂျင်နီယာများကို ထပ်မံ ခန့်ထားလျက်ရှိပါတယ်။ ယခုနှစ်အစမှာ Coffee Meets Bagel ၏ android ဗားရှင်း app ကို ထုတ်လုပ် လိုက်နိုင်ပြီး အသုံးပြု သူတွေလည်း ပိုမိုများပြာလာကာ website ဘက်သို့ဦးတည်နိုင် ရန် ကြိုးစားလျက်ရှိနေပါတယ်။

Credit : http://techcrunch.com

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 30-32, 10street, 4th Floor, Lanmadaw Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00