Primacy Myanmar Property Management Co.,ltd

Primacy Myanmar Property Management Co.,ltd

Share

Real Estate Service & Rentals

Property Management & Cousultant

Single Residential Estate Projects

13/02/2026

🏢အဆောက်အဦးတစ်ခုတရား၀င်ဆောက်လုပ်ရန်လိုအပ်သော စာရွက်စာတမ်းများ 🏠

အဆောက်အဦးတစ်ခု တရား၀င်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှချမှတ်ထားသောစည်းကမ်းအချို့ကိုမျှဝေ ပါရ​စေ

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင်

၁။ ဌာနမှသတ်မှတ်လျှောက်လွှာ

၂။ သတ်ဆိုင်ရာ ဌာနမှ ၃ နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇ၀င်မူရင်း

၃။ဂရန်မိထ္တူ ( သို့ ) နယ်နိမိတ်တိုင်းတာမှတ်သားထားသည့်မြေပုံ ( မူရင်း နှင့်တိုင်ဆိုင်စစ်ဆေးရန် )

၄။မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်အကြွေးအကျန်ကင်းရှင်းကြောင်းထောက်ခံချက်

၅။လျှောက်ထားသူ၏မှတ်ပုံတင်မိထ္တူ

၆။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၇။ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၈။အိမ်ငှားမရှိလျှင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်
ဆင့်ထောက်ခံချက် နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် အပြင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၉။လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ

၁၀။ ၃ထပ်နှင့်အထက်အဆောက်အဦများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံ (၂) စုံ

ကိုယ်ပိုင်လုံးချင်းအဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်မြေကျန်များ

၄၀ x ၆၀ ကျယ်၀န်းသည့်မြေကွက်ပေါ်တွင် ၃ထပ်နှင့်အောက်ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ )၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

၄၀ x ၆၀ အောက်ငယ်သည့်မြေကွက်ပေါ်တွင် ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ)၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၁ ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် အနည်းဆုံးထားရှိရမည့်အခန်းအမြင့်များမှာ မြေညီ ၁၀ ပေ၊ကျန်အထပ်များ ၉ ပေဆီထားရှိရမည်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်အားပြောင်းလဲလိုပါကခိုင်လုံသောအကြောင်းပြချက်ဖြင့်သီးခြားခွင့်ပြုချက်ရယူဆောင်ရွက်ရပါမည်။

အထက်ပါအစည်းမျည်းစည်းကမ်းများအတိုင်းတည်ဆောက်ပြီးစီးသွားသောအခါ သက်သေခံလက်မှတ်( B.C.C ) လျှောက်ထားရာတွင်

၁။ B.C.C လျှောက်လွှာ

၂။လျှောက်ထားသူ/ ပိုင်ရှင် ၏မှတ်ပုံတင်မိထ္တူ

၃။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၄။ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ

၅။ဆောက်လုပ်ခွင့်ပုံစံ Drawing မိတ္တူ ၁ စုံ

၆။ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခငွေသွင်းချလံမိတ္တူ

၇။အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနှင့်

၈။စစ်ဆေးရေးအင်ဂျင်နီယာ၏ မှတ်ချက်ပါရှိသော log-book

၉။သန့်ရှင်းရေးဌာန၏အမှိုက်ပုံး၀ယ်ပြီးကြောင်း ထောက်ခံချက်

၁၀။ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တို့လိုအပ်ပါသည်။

Photos from Amazing Architecture's post 13/02/2026
13/02/2026

မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် 2️⃣3️⃣ ချက်

၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊

၂။ မြေကွက်အမျိုးအစား၊

၃။ မြေကွက်တန်ဖိုးဈေးနှုန်း
(ဆိုဈေးနဲ့ အလျှော့အတင်းအခြေ အနေ)

၄။ မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာသတ် မှတ်တဲ့ မြေပုံနဲ့
တို.က်ဆိုင်စစ်ဆေး ပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်
ရောင်းချခြင်း ဟုတ်မဟုတ်၊

၆။ ပိုင်ဆိုင်မှုအဆင့် ဆင့်နဲ့ သက်ဆိုင်တဲ့
စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ၊

၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်
ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊

၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက
လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ

၉။ လိုအပ်ရင်ဝယ်ယူမယ့်အ ကြောင်းကို
သတင်းစာမှာ ကြော်ငြာ တာတွေ လက်ခံ၊
လက်မခံ၊

၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်
လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ
တို့ကို သိထားသင့်ပါတယ်

၁၁။မြေကွက်အမှတ်၊ အိမ်အမှတ်၊

၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊

၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့
ကားဝင်နိုင်မှုအ ခြေအနေ

၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း၊

၁၅။ သ ဘာဝဘေးအန္တရာယ်ကြောင့်
ပေါ် ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ ( မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ် ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊

၁၆။ လျှပ်စစ်မီးရှိမရှိ၊

၁၇။ ရေရှိမှုအခြေ အနေ၊

၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊

၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊

၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊

၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊

၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊

၂၃။ ပြန် ရောင်းရန် အလွယ်တကူပြန် ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါ တယ်။

Credit : Kumudra

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00