Design By Aung Co

Design By Aung Co

Share

Just Do What You Love.

Photos from Design By Aung Co's post 25/05/2023

တန်ဖိုးရှိတဲ့ အရာတွေက လွယ်လွယ် အစားထိုးလို့ မဖြစ်နိုင်ဘူး ဆိုတာကို I ♥️ NY အမှတ်တံဆိပ်က သက်သေပြနေပါတယ်…

ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုထားတဲ့ အနီရောင် အသည်းပုံနဲ့အတူ ပေါ့ပါးတဲ့ စာလုံးပုံစံနဲ့ I ♥️ NY အမှတ်တံဆိပ်က New York မြို့သူ မြို့သားတွေရဲ့ အသံကို ကိုယ်စားပြုနေတယ်လို့ ပြောလို့ရသလို ကူးယူသုံးစွဲခွင့်ကို အထူးတင်းကျပ်ထားတဲ့ အမှတ်တံဆိပ်တစ်ခုလဲ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ ဒီလို ပြည့်စုံတဲ့ အမှတ်တံဆိပ်တစ်ခုကို အဆင်မပြေဖြစ်စေခဲ့တဲ့ အကြောင်းအရင်းတွေက မကြာသေးခင်ကပဲ ဖြစ်ပျက်ခဲ့ပါသေးတယ်။ ဒီအမှတ်တံဆိပ်ရဲ့ ဇတ်လမ်းလေးက ပြဿနာများသလို နည်းနည်းလေးလည်း ရှည်တာဖြစ်လို့ စိတ်ရှည်ရှည်လေးနဲ့သာ ဖတ်ကြဖို့ ပြောရင်းနဲ့ အခုပဲ စလိုက်ရအောင်…

I Love New York လို့ ဆိုတဲ့အတိုင်းပဲ New York မြို့ကနေ စသွားမှပဲ ဇာတ်ရည်က လည်တော့မှာပါ။ ဒီမြို့ကြီးက လူနေထိုင်မှု များသလို အချက်အချာကျတဲ့ မြို့တစ်မြို့လဲ ဖြစ်တာကြောင့် မြို့ရဲ့ 1970 ဝန်းကျင် ကာလတွေဟာ ဒုစိုက်မှုတွေ၊ မူးယစ်ဆေးမှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒီပြဿနာက နိုင်ငံခြား ဧည့်သည်တွေ လာရောက်လည်ပတ်မှုကို လျော့ကျစေပြီးအာဏာပိုင် အစိုးရအတွက်တော့ အတော်လေး ခေါင်းခဲစရာပါ။

ဒီပြသနာကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ အစိုးရဟာ Wells Rich Greene လို့အမည်ရတဲ့ Agency ကို ငှါးရမ်းခဲ့ပြီး I Love New York အမည်ရတဲ့ Campaign ကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလိုနဲ့ အမှတ်တံဆိပ်တစ်ခု လိုအပ်လာတာကြောင့် Agency ရဲ့ မိတ်ဆွေတစ်ဖြစ်လဲ အလွတ်တမ်း Graphic Designer တစ်ယောက်ဖြစ်တဲ့ Milton Glaser ကို ခေါ်ယူဖို့ ဖြစ်လာပြီးတော့

Milton Glaser ဟာ Taxi ကားရဲ့ နောက်ခန်းကနေ လိုက်လာရင်းနဲ့ပဲ အမှတ်တံဆိပ်ပုံကြမ်းကို ရေးဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုံကြမ်းမှာ I ရယ် အသည်းပုံရယ် NY ရယ် ပါဝင်ပြီးတော့ မှင်အနီနဲ့ ရေးသားထားကာ မူရင်း ပုံကြမ်းစာရွက်ကိုတော့ လက်ရှိ New York မြို့တော်ရဲ့ အနုပညာပြခန်းမှာ ပြသထားတယ်လို့လည်း သိရပါတယ်။

1997 ခုနှစ်မှာ Campaign ကို စတင်နိုင်ခဲ့ပြီးတော့ I ♥️ NY အမှတ်တံဆိပ်ရိုက်နှိပ်ထားတဲ့ T-Shirt တွေ၊ ခွက်တွေ၊ အမှတ်တရပစ္စည်းတွေကနေ Fun ငွေအများအပြား ရရှိခြင်းအပြင်ကို မြို့တော်အတွင်း နိုင်ငံခြားဧည့်သည် လာရောက်လည်ပတ်ရေးမှာလဲ တိုးတက်ခဲ့ကာ ကမ္ဘာတဝှမ်းထိ အောင်မြင်ခဲ့ပုံက I ♥️ NY ကို ကျွန်တော်တို့နဲ့အတူ ရင်းနှီးစေခဲ့တဲ့ အထိပါပဲ။ အစိုးရရဲ့ ရည်ရွယ်ချက်ထက် ပိုပြီးတော့ အထမြောက်ခဲ့တယ်လို့တောင် ပြောရမှာပါ။

Campaign ကို New York တစ်မြို့ထဲအတွက် ရည်ရွယ်ထားခဲ့တာ မဟုတ်ပဲ New York State တစ်ခုလုံးကို ရည်ရွယ်ထားခဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့်လဲ အမှတ်တံဆိပ်ဒီဇိုင်းမှာ NYC(New York City) လို့ မသုံးပဲ NY(New York) လို့ပဲ သုံးခဲ့တာ ဖြစ်မှာပါ။

နောက်ပိုင်း 2001 ခုနှစ် September လရဲ့မမျှော်လင့်ထားခဲ့တဲ့ World Trade Center ပြိုလဲမှုကြောင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အမှတ်တံဆိပ်ရဲ့ အသည်းပုံ ဘယ်ဘက်အောက်ခြေမှာ အမဲအစွန်းလေးကို ချယ်ထားခဲ့ပြီး အမှတ်တံဆိပ်ကို I ❤️ NY MORE THAN EVER လို့ ထပ်မံပြောင်းလဲခဲ့ပါတယ်။

စိတ်မကောင်းစရာတစ်ခုအနေနဲ့ I ❤️ NY ရဲ့ ဖခင်ကြီးဖြစ်တဲ့ Milton Glaser ဟာ မကြာသေးခဲ့တဲ့ 2020 ခုနှစ် June 26 ရက်နေ့က အသက် 91 နှစ်နဲ့ ကွယ်လွန်ခဲ့ပြီးပြီဖြစ်ပြီးတော့…

သူထားခဲ့တဲ့ အနုပညာပံပိုးမှုတွေဟာ နှစ် 70 ကျော်ကြာတဲ့အထိ အလုပ်ဖြစ်ခဲ့ပြီး ယခုအချိန်ထိ သမိုင်းတစ်ခုအဖြစ် ကျန်ရှိနေဆဲပဲဖြစ်ပါတယ်။

Milton Glaser ကွယ်လွန်ပြီးနောက် မကြာသေးခဲ့တဲ့ 2023 ခုနှစ် May 21 မှာ New York မြို့ရဲ့ မြို့တော်ဝန် အသစ်ဖြစ်တဲ့ Eric Adams သည် Campaign ကို I Love NY မှ We Love NYC လို့ပြောင်းလဲစေခဲ့ပြီး မြို့တွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်မှူနဲ့ ရာဇဝတ်မှု လျှော့ချဖို့အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ မူရင်း အမှတ်တံဆိပ်ဖြစ်တဲ့ I ❤️ NY အမှတ်တံဆိပ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။

I Love New York ကနေ I နေရာမှာ We လို့ အစားထိုးစေခဲ့ပြီးတော့ NY ရဲ့အစား NYC အဖြစ်၊ ယခင် 2D ပုံစံ အသည်းပုံကနေ အရောင်ပြေးပါဝင်တဲ့ 3D ပုံစံ အဖြစ် ပြောင်းလဲရေးဆွဲထားပြီးတော့ စာလုံးပုံစံကိုလဲ ယခင် ကွေးညွတ်တဲ့ ဟန်ကနေ San-Serif စာလုံး အမျိုးအစားဖြစ်တဲ့ မျဉ်းဖြောင့်ဟန်ကို ပြောင်းလဲ အသုံးပြုထားတာကြောင့် New York မြို့ကို ကိုယ်စားပြုနိုင်တဲ့ အမှတ်တံဆိပ်နဲ့ မတူပဲ Bank တစ်ခုရဲ့ အမှတ်တံဆိပ် (သို့မဟုတ်) ကျန်းမာရေး စောင့်ရှောက်မှု အသင်းတစ်ခုနဲ့ ဆင်တူတယ်ဆိုတဲ့ ရှုံချသံတွေနဲ့အတူ ပြည့်စုံနေတဲ့ မူရင်းအမှတ်တံဆိပ်ကို မပြောင်းလဲသင့်ဘူးဆိုတဲ့ မှတ်ချက်တွေလဲ ထွက်ပေါ်ခဲ့ပါတယ်။

ပြောင်းလဲခဲ့တဲ့ အမှတ်တံဆိပ် ပုံစံအသစ်ကို ယခု Post ရဲ့ ပုံမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဆိုပါ Campaign ပြောင်းလဲမှုအတွက် တစ်နှစ်ကျော် အချိန်ယူခဲ့ရတယ်လို့ သိရပြီးတော့ Amazon, Google, Macy's, Madison Square Garden Entertainment, TikTok စတဲ့ နာမည်ကြီး Company တွေကနေ ဒေါ်လာ ၂၀ မီလီယမ်ကျော် အလှူငွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာလေး တစ်ခုကတော့ Milton Glaser ဟာ I ❤️ NY အမှတ်တံဆိပ်တစ်ခုတည်းကို ရေးဆွဲခဲ့တာမဟုတ်ပဲနဲ့ New York မြို့ရဲ့ အခြားသော Campaign တွေမှာလဲ အများအပြားပါဝင် အားဖြည့်ခဲ့သလို ထူးခြားတဲ့ လက်ရာတွေနဲ့အတူ နာမည်ကျော်တဲ့ Graphic Designer တစ်ယောက်ဖြစ်ပါတယ်လို့ ပြောရင်းနဲ့

အသစ်ပြောင်းလဲလိုက်တဲ့ အမှတ်တံဆိပ်က Milton Glaser ပုံဖော်ခဲ့တဲ့ မူရင်း အမှတ်တံဆိပ်ရဲ့ နေရာကို အစားထိုးနိုင်မှာလားဆိုတဲ့ မေးခွန်းကိုလဲ မေးခဲ့ချင်ပါတယ်။

အဆုံးထိဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ နောက်ရက်တွေမှာလဲ ဒီလိုမျိုး Fun ဖြစ်တဲ့ အကြောင်းအရာမျိုးလေးတွေ တင်သွားပေးအုန်းမှာမို့ ကြိုက်နှစ်သက်ကြတယ်ဆိုရင်လဲ Like and Share လေးနဲ့ Support ပေးသွားကြဖို့ တောင်းဆိုရင်းနဲ့ နောက်နေ့တွေမှာလဲ ပြန်တွေ့ကြပါမယ်။

Photos from Design By Aung Co's post 15/12/2022

လုပ်ငန်းလုပ်ကိုင်နေသူတိုင်းအတွက် လုပ်ငန်းကဒ်တစ်ခုမှာ ထည့်ထားသင့်တဲ့ အရေးကြီးအချက်အလက်များ

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon