Ginnie Myanmar
Feel better, look better.. It is the page of Myanmar Sole Distributor (Beauty Paradise Mfg. & Ind. Co., Ltd.)
01/05/2025
ယနေ့ကျရောက်သော “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့”အား မြန်မာနိုင်ငံအရပ်ရပ်တွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ လုပ်သားပြည်သူများအားလုံး အောင်မြင်မှုများ ဆွတ်ခူးနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ကျွန်မတို့ Ginnie မှ ဆုမွန်ကောင်းတောင်းရင်း ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
16/04/2025
💦 သင်္ကြန်မှာ လူကြီးသူမတွေကို ခေါင်းလျှော်၊ ရေချိုးသန့်စင်ပေးပြီး မင်္ဂလာယူကြမယ် 🙏✨
သင်္ကြန်အချိန်ဆိုရင်…
👵 အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေကို ရေချိုးသန့်စင်ပေးပြီး မင်္ဂလာယူတဲ့ မြန်မာဓလေ့ ရှိကြတယ်မဟုတ်လား။
ဒီလို ပြုံးပျော်ရွှင်ကြတဲ့ ချစ်ခြင်းမေတ္တာအချိန်မှာ ဂျင်နီ ကျန်းမာရေးဆပ်ပြာရည်သာပါရင်…
🛡️ ပိုးမွှားတွေကို အရှင်းကင်းစင်ပြီး ကျန်းမာသန့်ရှင်းတဲ့အသားအရေကို ရယူနိုင်မှာဖြစ်ပါတယ်။
💕 ဒါ့ကြောင့် တစ်နှစ်မှတစ်ခါကျင်းပတဲ့ သင်္ကြန်အချိန်မှာ ဂျင်နီကျန်းမာရေးရေချိုးဆပ်ပြာရည်နဲ့ လူကြီးမိဘတွေကိုရေချိုးတိုင်းသန့်စင်ပေးပြီး ကုသိုလ်တစ်ခုပြုလိုက်ကြရအောင်နော်…
#ပိုးကင်းစိုပြည်ဂျင်နီကျန်းမာရေးဆပ်ပြာရည်
13/04/2025
ဂျင်နီကျန်းမာရေးရေချိုးဆပ်ပြာရည်က ပိုးမွှားတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်တယ်ဆိုတာ တကယ်ပဲလား ❓
ဒါ့ကြောင့်ဟုတ်မဟုတ်သိရအောင် ဝယ်သုံးကြည့်လိုက်တယ်လေ… ဂျင်နီကျန်းမာရေးရေချိုးဆပ်ပြာရည်က သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့အပြင် ရွေးချယ်စရာ အနံ့ (၄) မျိုးရှိပြီး အနံ့အားလုံးကလည်း မွှေးမွှေးလေးတွေဆိုတော့ သုံးကြည့်လိုက်တာပေါ့ 🥰
✨ သုံးကြည့်တော့မှ ဂျင်နီ ကျန်းမာရေးရေချိုးဆပ်ပြာရည်က ပိုးကင်းဖို့သီးသန့်မဟုတ်ဘဲ အသားအရေကိုပါ ပိုမိုစိုပြည်လာစေတယ်ဆိုတာ သိခဲ့ရပြီလေ၊
ကဲ 🥰 ဒါဆိုဘာကိုစောင့်နေဦးမှာလဲ နေ့ရက်တိုင်းမှာ ပိုးကင်းစိုပြည်နေစေဖို့ ဂျင်နီနဲ့ရေချိုးဖို့သာပြင်ထားလိုက်တော့နော် 😘
#ပိုးကင်းစိုပြည်ဂျင်နီကျန်းမာရေးဆပ်ပြာရည်
08/04/2025
💔၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် မြန်မာပြည်သူပြည်သားများ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးခဲ့ရသည့်အတွက် များစွာ ဝမ်းနည်းကြေကွဲရပါတယ်။
📍 ဂျင်နီမှ မန္တလေး၊ အမရပူရ၊ အင်းဝနှင့် တံတားဦးဒေသများရှိ ငလျင်ဘေးဒဏ်သင့်ခဲ့ရသော အိမ်ထောင်စုများအတွက် အရေးကြီးလိုအပ်နေသော အခြေခံလိုအပ်ချက်များဖြစ်သည့် သောက်သုံးရေ၊ ဖျာ၊ ခြင်ထောင်၊ အသင့်စားအစားအသောက်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများဖြစ်သည့် အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်အစရှိသော နေ့စဉ်သုံးအခြေခံလိုအပ်ချက်များကို သွားရောက်လှူဒါန်းဖြစ်ခဲ့ပြီး လိုအပ်နေသော ငလျင်ဘေးဒဏ်သင့်ဒေသများမှာလဲ ထပ်မံဖေးမကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်။
🙏 ငလျင်ဒဏ်ကြောင့် ထိတ်လန့်ကြောက်ရွံ့နေကြရသော ဒေသခံပြည်သူများအားလုံး စိတ်ငြိမ်းချမ်းမှုရရှိကြပါစေ။
🙏 ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ကြပြီး လိုအပ်သော အကူအညီများ အမြန်ဆုံးရောက်ရှိပါစေ။
🙏 တစ်ဦးအပေါ်တစ်ဦး ဖေးမကူညီရင်း အခက်အခဲများကို အတူတကွ ကျော်ဖြတ်နိုင်ကြပါစေကြောင်း ဂျင်နီမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |