CBC Ballroom

CBC Ballroom

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CBC Ballroom, Sayar San Palaza, Yangon.

20/02/2020

"PEST Analysis“ B2B အခမဲ့စကားဝိုင်း အား CBC Ballroom တွင်ကျင်းပမှာဖြစ်လို့ ကြွရောက်ချီးမြင့်ဖို့ဖိတ်ခေါ်ပါရစေရှင်...

🏛Address- Cooperative Business Center (၅)လွှာ၊ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ဗဟန်း ရန်ကုန်
📞- 09 445566036, 01. 401480-87 Ext:3022

PEST Analysis - B2B မှကျင်းပတဲ့ အခမဲ့ စကားဝိုင်း
-----------------------------------------------

Business Plan တစ်ခုရေးဆွဲတဲ့အခါ၊ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါ ဆန်းစစ်ချက် (Analysis) တွေလုပ်ရပါတယ်။ ဖြစ်လာနိုင်တဲ့အခြေအနေတွေကို သုံးသပ်တဲ့အခါ စီးပွားရေးလုပ်လို့ဆိုပြီး စီးပွားရေးအခြေအနေတစ်ခုတည်းကို သုံးသပ်လို့မရပါဘူး။ နိုင်ငံရေးဆိုင်ရာအခြေအနေတွေ (Politic‌al Factors)၊ စီးပွားရေးဆိုင်ရာအခြေအနေတွေ (Economic Factors)၊ လူမှုရေးဆိုင်ရာအခြေအနေတွေ (Social Factors)၊ နည်းပညာဆိုင်ရာအခြေအနေတွေ (Technological Factors) စတဲ့ ဘက်စုံထောင့်စုံကနေ သုံးသပ်ဖို့လိုပါတယ်။ ဒီလိုဆန်းစစ်ချက်ကို အတိုကောက်အနေနဲ့ PEST Analysis လို့ခေါ်ပါတယ်။ ဒီ Analysis ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ဘာကြောင့်အရေးကြီးတာလဲ။

(1) Political Factors - နိုင်ငံရေးအခြေအနေတွေဟာ စီးပွားရေးအပေါ် သက်ရောက်မှုကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်မှု၊ အစိုးရရဲ့မျှော်မှန်းချက်တွေ၊ အခွန်ဥပဒေ၊ အလုပ်သမားဥပဒေ စတဲ့ ဥပဒေ၊ မူဝါဒအပြောင်းအလဲတွေက စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုများစွာရှိပါတယ်။

(2) Economic Factors - မေခရိုစီးပွားရေးဆိုင်ရာအခြေအနေတွေဖြစ်တဲ့ စီးပွားရေးတိုးတက်နှုန်း၊ Exchange Rate၊ ငွေ‌ကြေးဖောင်းပွမှုနှုန်း၊ အလုပ်လက်မဲ့နှုန်း စတာတွေကလည်း စီးပွားရေးလုပ်ငန်းတွေ တိုးတက်ခြင်း၊ ကျရှုံးခြင်းအတွက် အကြောင်းရင်းခံတွေဖြစ်ပါတယ်။

(3) Social Factors - လူဦးရေးတိုးတက်မှုနှုန်း၊ ဝင်ငွေအခြေအနေ၊ ပျမ်းမျှအသက်၊ ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေ၊ လူနေမှုပုံစံနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ စတာတွေကလည်း စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ Product တွေ၊ Service တွေ ရောင်းချရာမှာ အလေးထားထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါ။

(4) Technological Factors - နည်းပညာအပြောင်းအလဲကလည်း Business တွေအတွက် သက်ရောက်မှုကြီးပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ်လိုအချိန်မျိုးမှာ နည်းပညာအပြောင်းအလဲက ပိုမြန်ဆန်လာပါတယ်။ ကိုယ်က နည်းပညာကို ကောင်းကောင်းအသုံးချနိုင်ရင် ရှေ့မြန်မြန်ရောက်နိုင်သလို နည်းပညာအပြောင်းအလဲနောက် မလိုက်နိုင်ရင် ကိုယ့်လုပ်ငန်းက သေသွားနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။

ဒါကြောင့် လုပ်ငန်းတစ်ခု ၊ project တစ်ခု လုပ်ရတော့မယ်ဆိုရင် ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အကုန်ကြည့်ပြီး ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှသာလျှင် ကောင်းမွန်တဲ့ Result ရလာနိုင်မှာဖြစ်ပါတယ်။

************************************
ပွဲဖြစ်မြောက်အောင် Gold Sponsor များအဖြစ် ကူညီပံ့ပိုးပေးပါသော
British University College
CB Life Insurance ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

*************************************
တက်ရောက်သင့်တဲ့သူများကတော့
- စီးပွားရေး လုပ်ငန်းရှင်များ
- Project Leader များ
- Project Base လုပ်ဆောင်နေသောသူများ
- Advertising Agency များ
- Marketing သမားများ
- ကျောင်းသား၊ ကျောင်းသူများ - ဟောပြောပွဲအား စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် နားထောင်နိုင်ပါတယ်။

**************************************
ပွဲတက်ရောက်မည်ဆိုလျင် အောက်ပါ အချက်များအတိုင်း Register လုပ်နိုင်ပါသည်။

>>> Online Register - https://www.eventbrite.com/e/92168154431


>>> SMS Register - (ဟောပြောပွဲခေါင်းစဉ်၊ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီနာမည်နဲ့ Email လိပ်စာတွေကို 09 968 557 560 နှင့် 09 785 60 60 60 သို့ SMS ပေးပို့ပြီး အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။)

App Register >>> မိမိ ဖုန်းထဲတွင် Download လုပ်ထားပြီးသော B2B application ကို ပွဲနေ့တွင်တာဝန်ရှိသူများအား ပြသပြီး ဝင်ရောက်နိုင်ပါတယ်။

>>> B2B Myanmar App Download Link - http://onelink.to/b2bmm

အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ် 09 968 557 560 နှင့်
09 785 60 60 60 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Photos from CBC Ballroom's post 10/02/2020

Congratulations!!!! မစိုးစန္ဒာထွန်း အတွက်

"City FM 2019 မြန်မာသံ အမျိုးသမီးသီဆိုသူဆု“

စိုးစန္ဒာထွန်း - နှလုံးသားရဲ့ ဧကရီတေးအယ်ဘမ် အတွက်ဂုဏ်ပြုညစာစားပွဲအား ဆရာစံလမ်းရှိ CBC Ballroom တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခွင့်ရခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်......

မြန်မာသံတေးသံရှင်မစိုးစန္ဒာထွန်း ဒီထက်မက မြန်မာသံစဥ် ဂီတလော အနှပညာတွင် ဆထက်တစ်ပိုး အောင်မြင်ပါစေကြောင်း

သာသနာအကျိုးကိုလည်း အကောင်းဆုံးဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ထူးဖြစ်ပါစေကြောင်းCBC Ballroom မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်....

လိပ်စာလေးကတော့
Cooperative Business Center (ဗဟိုသမဝါယမအဆောက်အဦး ယခင်ဆရာစံပလာဇာ ၅လွှာ၊ ဆရာစံလမ်းနှင့်တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ဗဟန်းမြို့နယ် ရန်ကုန်

Want your business to be the top-listed Event Planning Service in Yangon?
Click here to claim your Sponsored Listing.

Address


Sayar San Palaza
Yangon
095