Yangon Health

Yangon Health

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yangon Health, Medical supply store, No. 137, Upper Pansoedan Road, Kandawgyi Yeik Mon Housing, Mingalar Taung Nyunt Township, Yangon.

23/11/2021

လိုအပ်မယ်ထင်တဲ့သူများအတွက်

Covid အတွက် နိင်ငံခြားခရီးစဉ်-

Covid vaccine ထိုးထားတဲ့ စာရွက်ကို MOFA တုံးထုတဲ့ အကြောင်းလေး sharing လုပ်ချင်ပါတယ်ရှင့်

- Vaccine ထိုးထားတဲ့ စာရွက်ကို အရင်ဆုံး Notary ပြန်ရပါတယ် ၅၀၀၀ ပေးရပါတယ်

- ပြီးရင် လသာလမ်းနဲ့ ကမ်းနားလမ်းဒေါင့်က စီးပွားရေး ဘဏ် (၅) မှာ ငွေ ၅၀၀ သွားသွင်းရပါတယ်
အဲ့က ဘဏ် ချလန်ယူလာ

- ပြီးရင် Mofa ရုံးသွား
Mofa ရုံးက တော်ဝင်စင်တာဘေး လမ်းမှာရှိတယ်
တနင်္လာ ဗုဒ္ဓဟူး နဲ့ သောကြာ မနက် ၁၀ နာရီ ကနေ ၁၂ ထိ ဖွင့်ပါတယ်

- မနက် ၉ လောက်သွား တန်းစီထားလည်းရတယ် ၁၁ လောက်မှ သွားလည်းရတယ် လူတော့စောင့်ရတယ် အတန်းအရှည်ကြီး

- mofa ရုံးကို ဘဏ်ချလံ မူရင်း Notary မူရင်း , မိတ္တူ, မှတ်ပုံတင် မူရင်း, မိတ္တူ, သန်ခေါင်းစာရင်း ( ယူခိုင်းပေမဲ့ မတောင်းကြည့်) အဲ့ဒါတွေယူသွားရပါတယ်

- ပထမဆုံးဝင်ပေါက်မှာ နံမည် ဘာညာဖြည့် အထဲဝင်
-အထဲရောက်ရင် အရင်ဆုံး တန်းမစီပဲ ဖောင် ၁ စောင် ၁ ထောင်နဲ့ ( တန်းစီနေတဲ့ လူတွေ ဘေးနား မှာပဲ ဝယ်လို့ရပါတယ်
-ပြီးရင် တနါးစီနေရင်း အချက်အလတ်တွေဖြည့်

-ကိုယ့် အလှည့်ရောက်ရင် စာရွက်တွေပေး
( ညနေ ၃ နာရီနဲ့ ၅ နာရီကြား စာရွက်ပြန်လာယူခိုင်းတယ်)

-တခါတည်း အမြန်လိုချင်ရင် ၅၀၀၀ တန် တရွက်ကို စာရွက်တွေနဲ့ရော ထည့်ပေးလိုက်
တခါတည်း စောင့်ယူသွားမယ် အမြန်လုပ်ပေးပါ ဘာညာ ကပ်ပြော
အဲ့ဒါဆို ခဏ စောင့်လို့ပြောမယ်
စောင့်ချိန် နာရီဝက်လောက် တော့ကြာတယ်

-ပြီးရင် နံမည်ခေါ်တယ်
-တံဆိပ်တုံး ထုထားတဲ့ စာရွက်တွေ ရပါပြီ

to original uploader

03/11/2021

#ကာကွယ်ဆေး_၂_ကြိမ်ထိုးပြီးပြီ
#ဖျားနေတယ်_ချောင်းဆိုးတယ်_လည်ချောင်းနာတယ်

#ရိုးရိုးတုပ်ကွေးပဲလား ⁉️

- ဖျားတယ် (အဖျားကြီးတယ် ၁၀၁ အထက်မှာပဲ)
- ချမ်းတုန်တယ်
- ချောင်းဆိုးတယ်၊ သလိပ်ထွက်တယ်
- လည်ချောင်းနာတယ်
- ခေါင်းကိုက်တယ်၊ ကိုယ်တွေလက်တွေနာတယ်
- အဆစ်တွေကိုက်တယ်
❇️❇️❇️
- အနံ့မပျောက်ဘူး
- အရသာမပျောက်ဘူး
- ကာကွယ်ဆေးတွေ ထိုးထားကြတယ် (May လ လောက်ထဲက (၂) ကြိမ်လုံးထိုးပြီးပြီ)

👉 ကိုဗစ်မဟုတ်ဘူးဆရာ
👉 ရိုးရိုးဖျားတာ
👉 အပူရှပ်တာပဲ/အအေးပတ်တာပဲ၊
👉 မိုးမိလို့ဖြစ်တာပဲ
_________
ကိုဗစ်ဟုတ်မဟုတ်က Nasal/Throat Swab (နှာခေါင်း/အာခေါင် တို့ဖတ်) စစ်ဆေးပြီးမှ ပြောနိုင်တာပါ

အရေအသွေးပြည့်/မပြည့် မသိရတဲ့ စျေးကွက်ထဲအလွယ်တ​ကူရနိုင်တဲ့ Third Wave တုန်းက တစ်ခုကို ၂ သောင်း ဝန်းကျင်ပေးခဲ့ရတဲ့ (အခု ၂ ထောင်တန် Test kit) တွေ နဲ့ စစ်ပြီး Negative ထွက်တာကို စိတ် အေးမနေကြပါနဲ့

RT-PCR ဆိုတဲ့ Test လည်း အလွယ် စစ်လို့ရနေပါပြီ။ ( နှစ်သိန်းလောက်တော့ရှိပါတယ်)
​အဲ့ဒါ Negative ဆိုရင်တော့ ကိုဗစ်မဟုတ်ဖို့ တော်တော်များပါတယ်။
________
#ကိုဗစ်_ပြန်ဖြစ်နေပါပြီလို့ ပြောတာ ***မဟုတ်ပါဘူး

ရာသီဥတုဖောက်ပြန်နေတဲ့အတွက်
အပူအအေးမမျှပဲ မိုးတွေလေတွေမိကြတော့ နေမကောင်းဖြစ်ကြပါတယ်

အနံ့ပျောက်တာ အရသာပျက်တာ အဖျားရက်ရှည်တာ ကလွဲရင် ကျန်တဲ့ လက္ခဏာတွေက
တုပ်ကွေး ၊ ရာသီဖျား၊ အဆုတ်ရောင်ရောဂါတွေက ❇️ ကိုဗစ် နဲ့ တူတူပါပဲ

SpO2 ကျတာက ကိုဗစ်မှ မဟုတ်ပါဘူး Pneumonia ဖြစ်ပြီး ဆိုးတဲ့ အခါမှာလည်း ကျတတ်ပါတယ်။
SpO2 ကျတာခြင်း တူပေမယ့် ကွာတာက ကိုဗစ်မှာ (SpO2 ကျတာဟာ သိကြတဲ့အတိုင်း silent hypoxia 👉 SpO2 ကျနေပေမယ့် အရမ်းမောမနေပါဘူး)
ဆိုလိုတာက တခြားရောဂါတွေမှာ Oxygen ကျရင် အရမ်းမောပါတယ်
_________
လက္ခဏာတွေက တူတူပဲဟာ #ကိုဗစ်_ကပြန်ဖြစ်နေပြီလား ဆရာ ⁉️

ကိုဗစ်ဖြစ်ဖြစ် မဖြစ်ဖြစ် ရောဂါတွေကဖြစ်နေတာပါပဲ

ကျွန်တော်ပြောနေကြသလိုပေါ့ဗျာ
#ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပေါ့

✳️ မလိုအပ်ပဲ အိမ်ပြင်မထွက်ဘူးဗျာ
(စားသောက်ဆိုင်တွေ၊ Bar, Club, အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ လူပြန်စည်ကားနေပါပြီ)
✳️ လူထူထပ်နိုင်မယ့်နေရာတွေ ရှောင်ကြမယ်ဗျာ
✳️ မလွှဲသာလို့ ထွက်ရရင်လဲ Mask, Faceshield တပ်ကြမယ်ဗျာ
(Mask မပါတဲ့သူတွေ များလာနေပါတယ်)
✳️ လက်ကို ခဏ ခဏ ဆေးကြမယ်ဗျာ
✳️ အစာကောင်းကောင်းစား
✳️ အိပ်ရေးဝ ဝ အိပ်ကြမယ်ဗျာ
✳️ ရောဂါအခံတွေကို ဆေးသေသေချာချာ ကုမယ်

ရောဂါဖြစ်လာရင်လည်း ဟိုဟာမဟုတ်နိုင်ဘူး ဒီဟာမဟုတ်နိုင်ဘူး #ငြင်းနေမယ့်အစားဖျားလာတာနဲ့
- အလုပ်မှနားပါ
- အိမ်မှာလည်း သီးသန့်နေပါ

စတုတ္ထလှိုင်းဆိုတာကြီး မဖြစ်ရအောင် ကာကွယ်ကြရအောင်ဗျာ
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit to : Dr. ဘုန်းစည်သူလွင်

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 137, Upper Pansoedan Road, Kandawgyi Yeik Mon Housing, Mingalar Taung Nyunt Township
Yangon
11171