Cherry Soe
ကိုယ်နှစ်သက်တဲ့ ဓမ္မစာစုလေးတွေ သိမ်းထားရင်း ရင်ဘက်ခြင်းတူသူတို့ထံ မျှဝေချင်ယံုပါ..🌹🙏🙏🙏🌹
29/07/2024
မိမိရဲ့ စိတ်ကို နေလို၊ လလို ကျင့်ကြံပါတဲ့။
ကျွန်မကို ဆရာမတစ်ယောက် ဆုံးမဖူးတဲ့ စကားလေးပါ။ နေမင်းဟာ ဘယ်သူ့ကိုတော့ ပူပါစေ၊ ဘယ်သူ့ကိုတော့ မပူပါစေနဲ့ ဆိုပြီး မရှိသလို လမင်းဟာလည်း ဘယ်သူတော့ အေးပါစေ၊ ဘယ်သူတော့ မအေးပါစေနဲ့ဆိုပြီး မရှိဘဲ နွေးထွေးမှု၊ အေးမြမှုတို့ကို အားလုံးတန်းတူ ပေးစွမ်းကြပါတယ်။
ထို့အတူပဲ မိမိရဲ့ ကောင်းသော စိတ်ကလေး၊ မေတ္တာစိတ်လေးကိုလည်း လူတိုင်းအပေါ် တန်းတူထားနိုင်အောင် ကြိုးစားကြရပါမယ်တဲ့။
ကျွန်မတို့က ပုထုဇဉ်တွေ ဖြစ်ကြတော့ လူတိုင်းအပေါ် မေတ္တာ တန်းတူ ထားပေးနိုင်ဖို့က မလွယ်ကြဘူး။ ကိုယ်ချစ်တဲ့သူဆိုရင် ဘာပဲလုပ်နေလုပ်နေ အပြစ်မမြင်ကြဘူး။ ကိုယ်ကြည့်မရတဲ့သူကိုဆိုရင်တော့ ကောင်းတာတွေ လုပ်နေရင်တောင်မှ မုဒိတာပွါး ဝမ်းသာမပေးနိုင်ကြဘူး။ ကိုယ်ကြည့်မရတဲ့သူများ မကောင်းတာ တစ်ခုခုဖြစ်ခဲ့ရင် မသိစိတ်က ထိုင်တောင် ဝမ်းသာတတ်ကြတာ သဘာဝပါ။
ဒါကြောင့်မိုလို့ပဲ ကျွန်မတို့ရဲ့ စိတ်ကလေးကို နေလို၊ လလို ကျင့်ကြံကြဖို့ လိုအပ်တာပါ။ မေတ္တာစိတ်ကို ဘက်မလိုက်မိဖို့ သတိထားရမယ်။ ချစ်တဲ့သူကို မေတ္တာထားသလိုပဲ၊ မုန်းနေတဲ့ လူတွေအပေါ် မေတ္တာထားပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။
ကိုယ့်အပေါ်မကောင်းတဲ့ လူတွေ၊ ကိုယ်မုန်းနေတဲ့ လူတွေကိုလည်း မေတ္တာထားပေးပါ။ "ဪ မကောင်းတဲ့ အလုပ်တွေကို သတိမထားမိဘဲ ဆက်တိုက် ကျူးလွန်နေတာပဲ၊ ကြွေးအသစ်တွေ ယူနေတာပဲ" လို့ မေတ္တာလေးထားပေးလိုက်ပါ။ ဒါဆိုရင် သူတစ်ပါးကို ခွင့်လွှတ်ပေးရင်း မိမိကိုယ်တိုင်ပါ လွတ်မြောက်မှုကို ခံစားရစေပါတယ်။
ကျွန်မ ပတ်ဝန်းကျင်မှာ ခဏခဏ ကြားရတဲ့ စကားတစ်ခုရှိတယ်။ "လူတိုင်းက မေတ္တာထားပေးလို့ တန်တာမဟုတ်ဘူး။ လူတိုင်းကို မေတ္တာသုတ် ရွတ်ပြနေလို့ မရဘူးဆိုတဲ့ စကားပါ"။
မေတ္တာတရားဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။ စစ်မှန်တဲ့ မေတ္တာနဲ့သာ ဆက်ဆံကြည့်ပါ။ ကိုယ့်ရှေ့လာပြီး ဆဲဆို ရိုင်းပြနေတဲ့သူတောင် အနည်းနဲ့အများတော့ ဒေါသတရားတွေ ပြေလျော့သွားတာပါပဲ။ ကျွန်မ ဘဝတစ်လျှောက်လုံးမှာ ဘယ်လို ဆိုးရွားတဲ့ နေ့ရက်တွေမှာ ဖြစ်ဖြစ် သင်ယူခဲ့ရတဲ့ တူညီတဲ့ အရာတစ်ခုဟာ
"မေတ္တာသည်သာ အောင်နိုင်ရာ" ဆိုတာပါပဲ။
မိမိကိုယ်မိမိလည်း မေတ္တာထား။
အခြားသူတွေ အပေါ်လည်း မေတ္တာထားပါ။
မေတ္တာတရားကို သံသယကင်းကင်းနဲ့ ယုံကြည်ပါ။
ကိုယ်က ပေးသမျှ မေတ္တာတိုင်းဟာ ကိုယ့်ဆီကို မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ရောင်ပြန်ဟပ်စေမှာပါ။
#စူးရှမေ
#ဝိမုတ္တိယုဂခေတ်
28/07/2024
လောကမှာ စိတ်ဓာတ်အကျဆုံးအချိန်က ဘယ်အချိန်တုန်းဆိုရင် မကျန်းမမာဖြစ်တဲ့အချိန်ပဲဖြစ်တယ်။
အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ စဉ်းစား ရ မယ်။စိတ်ဓာတ်ကျနေတာ အဖြေလားလို့ ?? အဖြေ မဟုတ်ဘူး။
စိတ်ဓာတ် ကျနေရမယ့် အစား လုပ်သင့်တာ လုပ်ဖို့က ပိုအရေးကြီးတယ်။
လောကကြီးမှာ အဆိုးဆုံး ကြုံတွေ့တဲ့ အခါ အကောင်းဆုံး ဖြစ်အောင် ကြိုးစားအားထုတ် ရမယ်။
မြတ်စွာဘုရား "ဂိလာနသုတ္တန် " မှာ ဟောထားတာ ကို နာယူ မှတ်သားကြည့်ပါ။
လောက လူသား တွေဟာ ကျန်းမာတဲ့အခါ ရှိသလို မကျန်းမာတဲ့အခါ ရှိတယ်။
ကျန်းမာနေတဲ့ အခါမှာ လူတွေဟာ ပျော်ရွှင်နေ တော့ ဘာလုပ်လုပ် အဆင်ပြေနေကြတယ်။
အဆင်ပြေနေပြီဆိုရင် ပျော်စရာတွေက လွှမ်းမိုး နေတာမို့ အားကိုးရာ သိပ်မရှာကြဘူး။
မကျန်းမမာ ဖြစ်လာပြီဆိုရင်တော့ စိတ်ဓာတ် ကျလာကြတယ်။
အားကိုးရာ ရှာလာကြတယ်။
ကိုယ်ရော သူရော အတူတူပဲ ဖြစ်တယ်။
မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုလည်း နာယူ မှတ်သားခြင်းဖြင့် အကျိုးရှိအောင် လုပ်ရမယ်။
ရောဂါဆိုတာ လူတိုင်းမှာ ရှိတာ ရောဂါဝေဒနာတွေဟာ ရှိနေတာပဲ မရှိဘူးမဟုတ်ဘူး။
လူကြားထဲ သွားတာပဲဖြစ်စေ၊ကိုယ့်ဟာကိုယ် နေရင်း ထိုင်ရင်းဖြစ်စေ ကိုယ့်ကိုယ်ကို ထိန်းပြီး နေ ရ တဲ့
ပင်ပန်းတဲ့ ဆင်းရဲဒုက္ခ ဟာ သေးတာ မဟုတ် ဘူး။
ဘာပဲဖြစ်ဖြစ် ဒါတွေကို မေ့ထားနိုင်ဖို့ အတွက် အကျိုး ရှိတဲ့ အလုပ်တစ်ခုကို လုပ်နေဖို့ အရေး ကြီး တယ်။
မြတ်စွာဘုရား ဟောကြားတဲ့ ဒီသုတ္တန်ဟာ မှတ် သား နာယူဖို့ အလွန်ကောင်းတဲ့ သုတ္တန်ဖြစ်တယ်။ ဂိလာနသုတ်လို့ခေါ်တယ်။
ဂိလာနဆိုတာ မကျန်းမာ သူလို့ အဓိပ္ပာယ်ရတယ်။
လူတိုင်းလူတိုင်းဟာ အမြဲတမ်း ကျန်းမာ နေတာမဟုတ်ဘူး မကျန်းမာတဲ့အခါ ရှိတယ်။
အသက်အရွယ် ကြီးလာရင်လည်း ကျန်းမာမှု ဆိုတာ လျော့နည်းလာတတ်တယ်။
မကျန်းမမာ ဖြစ် လာ တတ်တယ်။
လူတိုင်းလူတိုင်းမှာ အမေအို၊အဖေအို၊အဖိုးအဖွား အိုမင်း မစွမ်း ပုဂ္ဂိုလ်တွေ ရှိလာတတ်တယ်။
မိဘ ဘိုးဘွားတွေ မကျန်းမမာလို့ ပြုစု နေရတဲ့ အခါ၊မိမိကိုယ်တိုင် မကျန်းမမာဖြစ်နေတဲ့အခါ ဘဝ မှာ lonelyဖြစ်လာတတ်တယ်။
အဲဒီအခါ ဘာနှလုံးသွင်းသင့်သလဲ။ဘာနဲ့ နေမလဲ ဆိုတာဟာ အရေးကြီးတယ်။
ဒါကြောင့်မို့ -
“မကျန်းမာ သူများ အတွက် အထူး နှလုံးသွင်းတရား” ကို မြတ်စွာဘုရား ဟောကြားခဲ့ တာ ဖြစ်တယ်။
လောကမှာ လူတိုင်းလူတိုင်းဟာ ထာဝရ ကျန်းမာနေကြမှာ မဟုတ်ဘူး။
မကျန်းမာဘူးဆိုရင် “ဘာလုပ်မလဲ” မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာ ယူထားကြရမှာ ဖြစ်တယ်။
မြတ်စွာဘုရားက “ချစ်သားရဟန်းတို့၊ဒီလိုမကျန်းမမာဖြစ်ပြီး အလွန့် ကို အားနည်းနေတဲ့ ဂိလာန ရဟန်း မျိုးကို ဒီနှလုံးသွင်းတရား ငါးမျိုးက စွန့်ခွါ မသွားဘူးဆိုရင် မကြာမီ အာသဝကင်းကွာ ရဟန္တာ ဖြစ် ဖို့မျှော်လင့်နိုင်တယ်”။
ဆိုလိုတာက ဒီနှလုံးသွင်းတရား ငါးမျိုးဟာမကျန်း မမာဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ရှိနေမယ် ဆို လို့ ရှိရင် ကြီးမားတဲ့ အကျိုးကျေးဇူးတစ်ခုကို ရ နိုင် တယ်။
“သူ့ သန္တာန်မှာရှိတဲ့ ကိလေသာ အာသဝတွေကို ကင်းကွာပြီးတော့ ရဟန္တာအဖြစ်ထိအောင် ရောက်နိုင်တယ်”။
ရဟန္တာဖြစ်နိုင်တဲ့ ဒီ နှလုံးသွင်းတရားတွေကို နှလုံး သွင်းဖို့ လိုအပ်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။
ကိုယ် ချစ်ခင်သူ ရဲ့ သေဆုံးခြင်းကြောင့် သောကဖြစ်သွားမယ် ဆိုလို့ရှိရင်လည်း လမ်းချော်သွား ခြင်း သာဖြစ်တယ်။
ကိုယ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်၊မတည့်တဲ့ ပုဂ္ဂိုလ်ရဲ့ သေ ခြင်း ကို ကြည့်ပြီး ဝမ်းသာမှုဖြစ်ရင်လည်း လမ်း ချော်ခြင်းပဲဖြစ်တယ်။
ကိုယ်နဲ့လုံးဝမသိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သေ ဆုံး ခြင်း ကို ကြည့်ရင်လည်း သံဝေဂမဖြစ်ဘူးတဲ့။
ဒါကြောင့်မို့လို့ သေဆုံးခြင်းနဲ့ ပတ်သက် လာလို့ ရှိရင် သံဝေဂဖြစ်ရမယ်။
အသိဉာဏ်ဖြစ်ရမယ်လို့ ဒီလို ဆိုလိုတယ်။
မသေခင်ကြိုတင်ပြီး လုပ်ရမယ့် ကိစ္စတွေကို ကြိုတင် ပြင်ဆင်ပြီး လုပ်လေ့လုပ်ထရှိခြင်းဟာ အင်မတန်မှ စိတ်နှလုံးအေးချမ်းမှုကို ဖြစ်ပေါ် စေ တယ် လို့ ဒီလိုဆိုတယ်။
ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
ပြန်လည်ဓမ္မဒါနပြုပါသည်
မနောမြေ ဘိက္ခုဇဝန
#ပါချုပ်ဆရာတော်ဘုရားကြီး
Khaing Zin Win
12/06/2024
ဘဝမှာ အောက်တန်းကျတဲ့အမျိုးတွေ၊
ဆင်းရဲတဲ့အမျိုးတွေမှာ
မစ္ဆရိယကြီးမားတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်တယ်တဲ့။
ဆိုပါစို့၊ လူ့ဘဝရောက်လာပြီဆိုရင်
မွေးကတည်းက တဲစုတ်နဲ့အိမ်မှာ သွားမွေးတယ်
သို့မဟုတ် နေစရာမရှိတဲ့ မိသားစုထဲ သွားမွေးတယ်။
မစ္ဆရိယနည်းပြီးတော့ ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ကမွေးကတည်းက တိုက်အိမ်မှာ သွားမွေးတယ်။သူဋ္ဌေးအိမ်မှာ သွားမွေးတယ်။
#ဒါကြောင့် ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရမှာ။
ငါ နောင်ဘဝကျရင် တဲစုတ်ထဲသွားမွေးမလား၊
သူဋ္ဌေးအိမ် သွားမွေးမလား။
သူဋ္ဌေးအိမ် မွေးချင်ရင် ကုသိုလ်ကောင်းမှုတော့
လုပ်နေရမှာပဲ။ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ မစ္ဆရိယကို
တော်လှန်ဖို့အရေးကြီးတာ။
မစ္ဆရိယကလည်း တော်တော်ကို လူ့စိတ်ကို
လွှမ်းမိုးထားနိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့။
#မစ္ဆရိယကင်းတဲ့ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ
အဆင်ပြေတဲ့နေရာမျိုးကို ရောက်တယ်တဲ့။မစ္ဆရိယတွေကင်းလို့ ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာ ချမ်းသာတဲ့အမျိုးမြင့်မြတ်တဲ့အမျိုး၊ မိသားစုထဲမှာ မတောင့်မတမကြောင့်မကြ စားရတဲ့အမျိုးထဲမှာ လာပြီးတော့လူဖြစ်တယ်တဲ့။လူဖြစ်ပြီးတော့ သူ့ဘဝမှာ အမြဲတမ်း ပြီးပြည့်စုံတဲ့ဘဝမျိုးကို ရောက်တယ်တဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
Click here to claim your Sponsored Listing.
Category
Website
Address
Yangon