Pwe Kin Tha

Pwe Kin Tha

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pwe Kin Tha, Arts and entertainment, Yangon.

16/09/2019

မြန်မာ့အနုသုခမပညာကို တန်ဖိုးထားသူတိုင်းအတွက်
မြန်မာ့မူ မြန်မာ့ဟန်စစ်စစ်နဲ့ အက၊အလှ၊ အနုသုခုမတွေကို
တင်ဆက်ဖျော်ဖြေပေးမယ့် အစီအစဉ်။
ခေတ်ပေါ်ဂီတတွေ အကတွေကြား မပျောက်ပျက်သွားအောင်
မြန်မာနိုင်ငံသားတိုင်းထိန်းသိမ်းသင့်တဲ့အရာတစ်ခု။

ဒါကတော့ ပွဲခင်းသာအစီအစဉ်ပါ။
ပွဲခင်းသာဟာ သက်ဆိုင်ရာအနုပညာနယ်ပယ်များမှာ
ကျွမ်းကျင်တဲ့ မြန်မာ့အနုသုခုမပညာရှင်များရဲ့
ဘဝရှင်သန်ရပ်တည်မှု ပိုမိုအဆင်ပြေဖို့၊
မြန်မာ့အနုသုခုမပညာစစ်စစ်တွေ
မပျက်စီး မတိမ်ကောဘဲ
ဆက်လက်တည်တံ့နေစေဖို့ရည်ရွယ်ပြီး
အစဉ်အလာကြီးမားတဲ့
ဂီတမိတ်ဂီတသင်တန်းကျောင်းက
စီစဉ်လိုက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

မြန်မာ့အနုသုခုမပညာကိုမြတ်နိုးစွာ ခံစားလိုသူများ၊
"ဒါဟာ ငါတို့ရဲ့ကိုယ်ပိုင်အနုပညာ အက၊
အလှပညာတွေကွ" ဆိုပြီး နိုင်ငံခြားသားခရီးသွားများကို
ဂုဏ်ယူဝံ့ကြွားစွာပြသလိုသူများ၊
ခရီးသွားဝန်ဆောင်မှုများအနေနဲ့
ပွဲခင်းသာအစီအစဉ်ကို အခုပဲဆက်သွယ်လိုက်ပါ။

ပွဲခင်းသာအစီအစဉ်ကို အောက်ပါအတိုင်း
ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဂီတမိတ် ဂီတကျောင်း
အမှတ် (၂၁၉ ) ကာယသုခလမ်းသွယ်၊ ကံဘဲ့ဘူတာရုံလမ်း
သစ္စာလမ်းမကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၇၉ ၉ ၈၈၅၄၂၁၊ ၀၉ ၇၇၈၂၅၀၆၇၇၊ ၀၉ ၇၇၈၂၄၀၆၃၃

03/06/2019

" လက်ခုပ်သြဘာသံတွေ၊ အားပေးချီးမြှောက်သံတွေနဲ့ ဝေစည်သွားခဲ့တဲ့ ပွဲခင်းသာည "

ပွဲခင်းသာအစီအစဉ်ဟာ မြန်မာ့ဂီတသုခုမပညာကိုမြတ်နိုးသူတိုင်းနဲ့
တိုင်းတစ်ပါးသားတွေရဲ့ လက်ခုပ်သံတွေကို အပြည့်အဝသိမ်းပိုက်နိုင်စွမ်းရှိပါတယ်။

24.5.2019 (သောကြာနေ့)ညမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံ Yale University ကျောင်းသားများနဲ့ဖွဲ့စည်းထားတဲ့ Acapella အဖွဲ့ကို
ဂီတမိတ်သင်တန်းကျောင်းကနေ ပွဲခင်းသာရဲ့ မြန်မာ့အနုသုခုမအဆို၊ အက၊ အတီး
အလှအပများနဲ့ ဖျော်ဖြေဧည့်ခံခဲ့ပါတယ်။ ကျောင်းသားတွေအပါအဝင်
ပွဲကို လာရောက်ကြည့်ရှုသူတိုင်းက ပွဲခင်းသာရဲ့ တင်ဆက်မှုတိုင်းကို မှင်သက်ငေးမော
ကြည့်ရှုခဲ့ရပြီး အစီအစဉ်တစ်ခုပြီးတိုင်းမှာလည်း လက်ခုပ်သြဘာသံတွေ၊
တအံ့တသြ အားပေးချီးမြှောက်တဲ့ အာမေဋိတ်သံတွေနဲ့အတူ ပွဲခင်းသာအစီအစဉ်ကို
အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။

ပွဲခင်းသာဆိုတာ ဘာလဲ?

" ပွဲခင်းသာ " သည် မြန်မာ့ဂီတ အနုသုခုမ အဆို ၊အတီး၊အက ၊အလှ တို့ကို
ပြည်တွင်းပြည်ပမှ အနုပညာချစ်မြတ်နိုးသူများအတွက် ကမ္ဘာ့နိုင်ငံအသီးသီးသို့
သွားရောက်ဖျော်ဖြေခဲ့ကြသောဝါရင့် သမ္ဘာရင့် ရိုးရာ အနုသုခုမ ပညာရှင်များ ကိုယ်တိုင် တီးခတ် သီဆို တင်ဆက်ကြမည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်မှ
မြန်မာ့ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို စိတ်ကျေနပ်စွာ ခံစားကြည့်ရှု
သင်ယူလေ့လာနိုင်ရန်စီစဉ်ထားပါသည်။

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများနှင့် မြန်မာ့ရိုးရာ
အကအလှများကို သီးသန့်ခံစားကြည့်ရှုလေ့လာလိုသူများအနေဖြင့်
" ပွဲခင်းသာ" အစီအစဉ်အတွက် အောက်ပါအတိုင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဂီတမိတ် ဂီတကျောင်း
အမှတ် (၂၁၉ ) ကာယသုခလမ်းသွယ်၊ ကံဘဲ့ဘူတာရုံလမ်း
သစ္စာလမ်းမကြီး၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၇၉ ၉ ၈၈၅၄၂၁၊ ၀၉ ၇၇၈၂၅၀၆၇၇၊ ၀၉ ၇၇၈၂၄၀၆၃၃

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11081