Ayeyar Rice
We promise to bring the best quality rice from different regions of Myanmar to your table and home!
ထူးကဲရသာမှန် ဧရာဆန်!
02/03/2024
👩🌾👩🌾👩🌾 တောင်သူလယ်သမားနေ့ 🌾🌾🌾
ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင်
ကျရောက်သော တောင်သူလယ်သမားနေ့ကို
Ayeyar Rice မိသားစုမှ လေးစားစွာဖြင့်
ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် 🌾🌾🌾
တောင်သူဦးကြီးများ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားပါစေကြောင်း Ayeyar Rice မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏
'_Day
#တောင်သူလယ်သမားနေ့
Rice
19/12/2023
ဆန်ပိုး " အကြောင်း သိကောင်းစရာများနှင့် ဆန်ပိုးမကျရောက်အောင် သိုလှောင်ထိန်းသိမ်းနည်းများအား Ayeyar Riceမှ မျှဝေပေးလိုက်ပါတယ်ရှင့်
Rice weevil (Sitophilus Oryzae)
🔸ဆန်ပိုးကောင်များဟာဆိုရင် အရွယ်အစားအားဖြင့် သေးငယ်ပြီး အတောင်ပါတဲ့ အင်းဆက်ပိုးလေးများဖြစ်ပြီးလျှင် နီညိုရောင်မှ အမည်းရောင်ပြောင်းသွားလေ့ရှိပြီး နှာတံရှည်ရှည်ပါရှိသော ပိုးကောင်လေးများ ဖြစ်ပါတယ်။ ဆန်ပိုးကောင်၏ ပျမ်းမျှသက်တမ်းဟာ ၁ လမှ ၆ လလောက်အထိရှိတတ်ကြပါတယ်။ ဆန်ပိုး အမ တွေဟာဆိုရင် ပျမ်းမျှလျှင် အကောင်ရေ ဥပေါင်း ၃၀၀ ကျော်ထိကို ပေါက်ပွားနိုင်ကြပါတယ်။
🔸ဆန်ပိုးဟာ အသက်အန္တရာယ်ပေးနိုင်ခြင်းနှင့် လူကိုနာကျင်အောင် ကိုက်တတ်ခြင်းမျိုး မရှိကြပါဘူး။ သို့သော်လည်း ဆန်သိုလှောင်သောအခါမှာ ကျရောက်တာဖြစ်လို့ ဆန်ညစ်ညမ်းမှုကို ဖြစ်စေသလို အရည်အသွေးပိုင်းဆိုင်ရာမှာလည်း ထိခိုက်စေနိုင်ပြီး နောက်ဆုံးအဆင့်အနေဖြင့် ဆန်သားကြေမွသွားခြင်းမျိုးနှင့် အသုံးပြု၍ပင် မရတော့ခြင်းမျိုး ဖြစ်သွားနိုင်ပါတယ်။
🔸ဆန်ပိုးများကို ပြုပြင်ထုတ်ပိုးပြီးချိန်တွင်သာမက နောက်ဆုံး စားသုံးသူထံရောက်ရှိသွားသည့် အချိန်အထိ တွေ့ရတတ်ပါတယ်။ ဆန်သိုလှောင်တဲ့ကာလ ကြာရှည်ခြင်းနှင့် ဆန်သား၏အရည်အသွေးပေါ်မူတည်ပြီး ဆန်ပိုးကျရောက်မှု အခြေအနေလဲကွာခြားနိုင်ပါတယ်။
ဆန်သိုလှောင်ရာတွင် စိုထိုင်းဆမြင့်မားခြင်းဟာ ဆန်ပိုးပေါက်ပွားဖို့ အခြေအနေကို ဖြစ်ပေါ်စေတတ်ပါတယ်။ သို့ဖြစ်ပါ၍ အိမ်မှာ ဆန်ကို များများသိုလှောင်မည်ဆိုပါလျှင် သင့်တော်တဲ့ အစိုဓာတ်နှင့်သာ ထားရှိသင့်ပြီး အင်းဆက်ပိုးမွှား ကျရောက်မှုများအား ပုံမှန်စစ်ဆေးပေးရန် လိုအပ်ပါတယ်။ ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမည်ဆိုလျှင် ဆန်ပိုးမတက်ခင် အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတတ်ခြင်းဆိုသည်မှာ ဆန်က မဖွေးတော့ပဲ ညိုညစ်ညစ်ဖြစ်လာခြင်းမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဆန်ကို အိတ်အစား လေလုံသော ဆန်အိုး၊ ဆန်ပုံးတို့ဖြင့် သိုလှောင်သင့်ပါတယ်။
ထို့အပြင် ရိုးရာနည်းလမ်းများဖြင့်လည်း ဆန်ထည့်သည့် အိုး (သို့မဟုတ်) ပုံးထဲသို့
▪ ချင်းတက် ထည့်ခြင်း
▪ အောင်မဲညိုပန်း ထည့်ခြင်း
▪ မီးသွေး ထည့်ခြင်း
▪ ကရဝေးရွက် ထည့်ခြင်း
▪ ငရုတ်သီးခြောက် ထည့်ခြင်း
▪ ဩဇာရွက်ခြောက် ထည့်ခြင်း
▪ လောက်သေရွက် ထည့်ခြင်း
▪ ကြက်သွန်နီ ထည့်ခြင်း
▪ ကုက္ကိုရွက်ခြောက် ထည့်ခြင်း စသည့် လက်လှမ်းမှီသည့် နည်းလမ်းများကလည်း ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။
ထို့အပြင် ဆန်ပိုးမတက်အောင် နည်းမျိုးစုံဖြင့် ကာကွယ်နေတဲ့ကြားမှ ဆန်ပိုးတက်လာပြီဆိုလျှင်
ဆန်ကိုနေပူပူထဲမှာ ၁၅ မိနစ်လောက် ပြထားပြီး စကောဝိုင်းထဲသို့ထည့်ကာ ဆန်ပြာလိုက်လျှင် အလယ်တွင် ဆန်ပိုးတွေ စုလာပါလိမ့်မည်။
ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားခြင်းဖြင့်လည်း ဆန်ပိုးများအား နှိမ်နင်းနိုင်ပြီး။
ဆန်ထည့်ထားသော အိတ်၊ အိုး၊ ပုံးတို့ကို ဖွင့်ပြီးလျှင် ဆန်ပေါ်တွင် အဝတ်စအဖြူလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာလျှင် အဝတ်စပေါ်သို့ ဆန်ပိုးများ တက်လာပါလိ့မ်မည်။ အဝတ်အား ရေမစိုရန် သတိပြုဖို့ လိုအပ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Plot No. F(6/7/8/9) Anawrahta Industrial Zone
Yangon
11111
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |