Assumption Publications

Assumption Publications

Share

To publish the books only written by Myanmar Catholic Writers.

12/10/2025

🎯ရရှိနိုင်သော နေရာများ🎯

📌RVA Mission Store (ရွှေနှလုံးတော်ကက်သီဒြယ်၊မန္တလေး)

📌 OSC Pathein
https://www.facebook.com/share/14KmaASfEAt/?mibextid=wwXIfr

📌 St.Joseph's National Catholic Major Seminary (Library)

📌CBCM ဘာသာရေးပစ္စည်းအရောင်းဆိုင်

📌စိန်ဂျိုးဇက်ဘုရားကျောင်း(ကြည့်မြင်တိုင်)
https://www.facebook.com/share/1BE9RCWVoD/?mibextid=wwXIfr

📌Augustine Floral & Religious Articles
https://www.facebook.com/share/17B6gveJ1V/?mibextid=wwXIfr

📌Matthias Religious Articles Store
https://www.facebook.com/share/1FzKMqLxbL/?mibextid=wwXIfr

📌Z-Kae Books and Learning Hub
https://www.facebook.com/share/1CLeF379AM/?mibextid=wwXIfr

📌Rev.Richard လှမင်းဦး
☎️ 09450054587

📌Assumption Publications
☎️ 09792225595
Viber : 09795845517

16/03/2022

🍀✝️🍀 "မိမိရဲ့ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုလှပသာယာလာအောင် ဆောင်ရွက်တဲ့အခါမှာလည်း လူတိုင်းက အုတ်တစ်ချပ်၊သဲတစ်ပွင့်အနေဖြင့် ပါဝင်လုပ်ဆောင်ကြရမှာဖြစ်တာကြောင့် မိမိရဲ့ပါဝင်လုပ်ဆောင်မှုကို မပြောပလောက်အောင် သေးငယ်နေပါလားဆိုပြီး စိတ်အားငယ်နေစရာမလိုပါဘူး။ စစ်မှန်တဲ့ပေးဆပ်အနစ်နာခံမှုကသာလျှင် အဓိကဖြစ်နေတာပါ။"🍀✝️🍀 (လွတ်လပ်မှုနှင့်လက်ဝါးကပ်တိုင် Pg - ၉၆)



🍀✝️🍀
အခုလက်ရှိကာလက တစ်နေ့တစ်နေ့ မရိုးနိုင်တဲ့လက်ဝါးကပ်တိုင်အမျိုးမျိုးကို တစ်ယောက်ချင်းစီအနေနဲ့၊ မိသားစုတစ်ခုချင်းစီအနေနဲ့၊ မြို့ရွာဒေသတစ်ခုချင်းစီအနေနဲ့ဖြစ်စေ၊ သူများနဲ့ပူးပေါင်းပြီးဖြစ်စေ၊အများနဲ့အတူဖြစ်စေ၊ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ဖြစ်စေ ထမ်းသယ်လျှောက်လှမ်းနေရတဲ့အချိန်။

အဲဒီလက်ဝါးကပ်တိုင်တွေထဲမှာမှ တစ်တိုင်းပြည်လုံး အတူတူခံထမ်းနေရတဲ့ လက်ဝါးကပ်တိုင်က အလေးလံဆုံး၊ အကြမ်းတမ်းဆုံးဖြစ်ပါလိမ့်မယ်။

🍀✝️🍀
လွတ်လပ်မှုတွေကိုလည်း privately, publicly, nationally လက်လွှတ်ဆုံးရှုံးနေရတဲ့အချိန်မှာ လွတ်လပ်မှုနဲ့ပတ်သက်ပြီး၊ လက်ဝါးကပ်တိုင်နဲ့ပတ်သက်ပြီး "လွတ်လပ်မှုနှင့်လက်ဝါးကပ်တိုင်"ဆိုတဲ့ စာအုပ်လေးတစ်အုပ် ထွက်ရှိလာပါတယ်။

ကိုယ်စီခံထမ်းနေရတဲ့ လက်ဝါးကပ်တိုင်ရဲ့ လေးလံဖိစီးမှုအောက်မှာ အကြိမ်ကြိမ်လဲကျ၊ပြန်ထနေရတဲ့အချိန်မှာ၊
သယ်ထမ်းနေရတဲ့လက်ဝါးကပ်တိုင်ကို ဘယ်အချိန်ထိ ဆက်လက်သယ်ထမ်းနေရဦးမလဲဆိုတာကို မသိနိုင်ကြသေးတဲ့အခါမှာ၊
လက်ဝါးကပ်တိုင်ထမ်းရခြင်းကို ဘယ်အချိန်အထိ၊ ဘယ်အခြေအနေရောက်တဲ့အထိ ဘုရားရှင်က စီမံထားသလဲဆိုတာကို မသိနိုင်တော့တဲ့အချိန်မှာ
ဒီစာအုပ်လေးထဲမှာ ခွန်အားတချို့၊ အဖြေတချို့ကို ရှာတွေ့ရယူနိုင်ပါလိမ့်မယ်။

🍀✝️🍀
"အမှန်တရားအတွက်၊ သမ္မာတရားအတွက် ကြိုးစားရုန်းကန်နေပေမယ့်လည်း အကူအညီမဲ့နေတဲ့ဘဝပါပဲဆိုပြီး စိတ်ဓာတ်ကျ၊အားငယ်နေသူတွေအတွက်တော့ ခရစ်တော်ယေဇူးနဲ့လက်ဝါးကပ်တိုင်ကို မျှော်ကြည့်ထောက်ရှုခြင်းအားဖြင့် ခွန်အားရနိုင်ပါတယ်။ (Pg-၂၁)

လက်ရှိကာလမှာ ဘုရားသခင်ကို ပြန်ပြီးမေးခွန်းထုတ်နေကြတဲ့အချိန်၊
ဖြစ်နိုင်ရင် ခံထမ်းသယ်ဆောင်နေကြရတဲ့ လက်ဝါးကပ်တိုင်ကို အမြန်ဆုံးဖယ်ရှားလွှင့်ပစ်လိုက်ချင်တဲ့အချိန်၊
အချိန်တစ်ခုအတိုင်းအတာထိ ကြာမြင့်လာပြီဖြစ်တော့ နေ့စဥ်မြင်၊ကြား၊ရှူသွင်းနေရတဲ့ အကြမ်းဖက်၊တရားမဲ့လုပ်ရပ်တွေ၊(နေ့တိုင်း၊အချိန်တိုင်းမီးပျက်နေလို့) မြင်ရတဲ့အမှောင်၊ မမြင်ရတဲ့အမှောင်တွေ​အပေါ် နားမလည်နိုင်တော့ခြင်းတွေကိုပဲ ခါးသည်းစွာ ပွေ့ပိုက်ထားနေရတဲ့အချိန်မှာ ဒီစာအုပ်လေးကနေ ရရှိမယ့်ခွန်အားတွေ၊ အဖြေတွေကြောင့်

"အိုအဖ၊ ကိုယ်တော်အလိုတော်ရှိပါလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွဲဖယ်တော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏ အလိုအတိုင်းသာဖြစ်ပါစေသော်" လို့ပဲ ဆုတောင်းတတ်လာပါလိမ့်မယ်။

🍀✝️🍀
လက်ဝါးကပ်တိုင်ရဲ့အဓိပ္ပာယ်နဲ့တန်ဖိုး၊ လက်ဝါးကပ်တိုင်ကိုခံထမ်းရခြင်းရဲ့ အဓိပ္ပာယ်နဲ့ ဆုလာဘ်တွေအကြောင်းကို သေသေချာချာ ရှင်းပြထားတဲ့ ဒီစာအုပ်လေးကြောင့် ကိုယ်စီရဲ့နေ့စဥ်ခံထမ်းသယ်ဆောင်နေရတဲ့ လက်ဝါးကပ်တိုင်အမျိုးမျိုးကို ကြည်ဖြူစွာ၊ပေါ့ပါးသွက်လက်စွာ လိုလိုလားလား ခံထမ်းသယ်ဆောင်တတ်လာပါလိမ့်မယ်။

Where there is love, there is no labour.

🍀✝️🍀
တကယ်တော့ အစစအရာရာ စျေးတက်လာတဲ့၊ရှားပါးခက်ခဲကြပ်တည်းလာတဲ့၊လူတိုင်းရဲ့ စီးပွားရေးအခြေအနေတွေက ကျဆင်း၊အားပျော့လာတဲ့အချိန်မှာ(ဒါကလည်း လက်ဝါးကပ်တိုင်တစ်မျိုး) စာအုပ်အသစ်တစ်အုပ်ထွက်လာဖို့ဆိုလည်း လွယ်တဲ့ကိစ္စတော့မဟုတ်လှပေဘူး။

အစစ အရာရာ ထည့်တွက်ရတယ်၊ ငဲ့ညှာရတယ်။

လူတိုင်းဖတ်သင့်တဲ့စာအုပ်၊ လူတိုင်းဖတ်ဖို့လိုအပ်တဲ့စာအုပ်ဆိုပြီး မျက်စိမှိတ်ပြီး၊ရေး/ထုတ်ပေမယ့် ပိုက်ဆံပေး ဝယ်ဖတ်မယ့်သူတွေကိုလည်း အားနာရပြန်ရော။

ဒါပေမယ့်လည်း ဝိညာဥ်ရေးစာပေဆိုတာ လူတိုင်းအတွက် ဝိညာဥ်ရေးအောက်ဆီဂျင်ဖြစ်တဲ့အတွက် ဘုရားရှင်ရဲ့ဘုန်းတော်ဂုဏ်တော်တိုးပွားဖို့ကို ရည်စူးပြီး ဒီလိုပဲ အားတင်းပြီး ရအောင် ရေးရ၊ထုတ်ဝေရတော့တာပါပဲ။

🍀✝️🍀
"ဒီလွတ်လပ်မှုနှင့်လက်ဝါးကပ်တိုင်" ဆိုတဲ့စာအုပ်လေးက ကက်သလစ်ခရစ်ယာန်များအတွက်သာ သီးသန့်ဖတ်ဖို့ ရေးထားတာမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်လက်ခံတဲ့ ခရစ်ယာန်တိုင်း ဖတ်ရှုလို့ရတဲ့ စာအုပ်လေးပါ။
ခရစ်တော်နဲ့လက်ဝါးကပ်တိုင်ဆိုတာကလည်း ခွဲခြားထားလို့မရဘူးလေ။

ခရစ်ယာန်တိုင်းဖတ်ရှုနှလုံးသွင်း၊ကျင့်ကြံဆောက်တည်လို့ရတဲ့ ဒီစာအုပ်လေးကို ရေးပေး၊ထုတ်ဝေပေးတဲ့ ဘုန်းဘုန်း Titus Tin Maung SJကိုလည်း ဂုဏ်ယူပါတယ်၊ အထူး ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း။

Catholicဆိုတဲ့ အဓိပ္ပာယ်ကိုက Universalဖြစ်တဲ့အတွက် နောက်ထပ် လူတိုင်းဖတ်လို့ရမယ့်၊ Universalဖြစ်မယ့်စာအုပ်တွေကိုလည်း ရေးပေး၊ထုတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ ဘုန်းဘုန်း။

🍀✝️🍀
ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ အမှောင်ထုဖုံးလွှမ်း၊ အကြမ်းဖက်မှုတွေ ပြည့်သိပ်၊ နေ့နေ့ညည အိပ်ကောင်းခြင်းမအိပ်ရတဲ့ လက်ရှိကာလမှာ ကာလ်ဝါရီလမ်းကြမ်းကြမ်းကို ပင်ပန်းခက်ခဲလေးလံစွာ လျှောက်နေရသူများအတွက်တော့ ဒီ"လွတ်လပ်မှုနှင့်လက်ဝါးကပ်တိုင်"ဆိုတဲ့စာအုပ်လေးက ကာလ်ဝါရီလမ်းမှာ ခရစ်တော်ယေဇူးဘုရားရှင်ကို ဝေရော်နီကား ကမ်းလှမ်းဆက်သခဲ့ဖူးတဲ့ မျက်နှာသုတ်ပုဝါတစ်ထည်လေးလို အသုံးတည့်မှာပါလေ။ ။ 🍀✝️🍀


#လွတ်လပ်မှုနှင့်လက်ဝါးကပ်တိုင်

06/03/2022

🪁 #လူငယ်များနှင့်အတူရှင်သန်ခြင်း ရဲ့ Writer၊ ဒီညရဲ့ Speakerက လူငယ်များရဲ့ဝိညာဥ်ရေးကို ရွှင်လန်းစေဖို့အတွက် ဒီည 7:30အချိန်၊ ဒီProgramလေးမှာ ကြိုဆိုနေပါလိမ့်မယ်။
📣တကယ်လို့များ ဒီည 7:30 p.m.မှာ မီးလည်းလာတယ်၊ WiFiလည်းကောင်းတယ်၊ Mobile dataလည်း ရှိသေးတယ်၊ အချိန်လည်းပေးနိုင်တယ်၊ စိတ်လည်းဝင်စားတယ်ဆိုရင်တော့ ဒီProgramလေးမှာ ပါဝင်တက်ရောက်ကြပေးဖို့ ချစ်ခင်လေးစားရပါသော လူငယ်မောင်မယ်အပေါင်းအား အသိပေးဖိတ်ခေါ်အပ်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။
ကက်သလစ် လူငယ်များရဲ့အသိပညာ၊ ဗဟုသုတများ ကြွယ်၀လာဖို့ အတွက် ရည်ရွယ်ပြီး အထူးအစီအစဉ်တွေကို Salesian Youth Movement, RC Youth နဲ့ Magis Myanmar အဖွဲ့တို့မှ ဦးဆောင်ပြီး တနင်္ဂနွေနေ့ ညနေတိုင်း ပြုလုပ်လေ့ရှိပါတယ်။

ဒါကြောင့် ၂၀၂၂ခုနှစ် မတ်လ (၆) တနင်္ဂနွေနေ့မှာ "သမ္မာကျမ်းစာထဲက ဆယ်လီများ" ခေါင်းစဉ်နဲ့ ဆလေးရှင်းအသင်းဂိုဏ်းမှ ဘုန်းတော်ကြီး Fr. Raymond To Mon Than, SDB ကနေ ဝေမျှပေးမှာ ဖြစ်ပါတယ်။

#အောက်ကလင့်ကိုနှိပ်ပြီး ဝင်ရောက်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

Zoom: Myanmar Catholic Youth Meeting
Time: March 6, 2022 07:30 PM Rangoon

Join Zoom Meeting
https://us02web.zoom.us/j/87953158718...
Meeting ID: 879 5315 8718
Passcode: 266628

Credit to Salesian of Don Bosco - Myanmar

Photos from Assumption Publications's post 03/03/2022

🙏❣️ဆုတောင်းခြင်းကို လက်ဆင့်ကမ်းရန်ပျက်ကွက်ခြင်းသည် မျိုးဆက်သစ်များအား ချည့်နဲ့၊ပျက်သုဥ်း၊ပျောက်ကွယ်သွားစေရန် စီမံကိန်းတစ်ခုကို စတင်အကောင်အထည်ဖော်နေခြင်းပင်ဖြစ်သည်။
ယုံကြည်ခြင်းအမွေ၊ဆုတောင်းတတ်ခြင်းအမွေကိုပေးလိုက်ခြင်းသည် အခြားသောအမွေများ၏ အခြေခံအုတ်မြစ်ဖြစ်သည်ကို မမေ့သင့်ပါ။ (Pg-၂၇)❣️🙏



🙏🖤
အခုအချိန်ကာလက လူတိုင်း၊လူတိုင်း ကိုယ်စီခံထမ်းဖြတ်သန်း၊ခံစားရင်ဆိုင်၊ခံပြင်းညည်းတွားနေရတဲ့၊ ခက်ခဲကြမ်းတမ်းမှုပေါင်းစုံကြောင့် "အခုချိန်မှာ ဘုရားဘယ်ရောက်နေလဲ"လို့ ဘုရားကို ပိုပြီးရှာဖွေနေရချိန်၊ "အခုချိန်ထိ တိုင်းပြည်အတွက် ဆုတောင်းခြင်းတွေကို နားမညောင်းသေးဘူးလား"လို့ သံသယဒီရေတွေ မြင့်တက်လာလို့ ယုံကြည်ခြင်းတွေ မယိုင်လဲသွားဖို့ အတင်းဆုပ်ကိုင်ထိန်းမတ်နေရတဲ့အချိန်၊ ဆုတောင်းခြင်းတွေအားလျော့အားပျော့လာလို့ စိတ်မာန်တင်းပြီး ဘောလုံးလေထိုးသလို အတင်းအားဖြည့်လေထိုးနေရတဲ့အချိန်ရယ်ပါ။

🙏💔
မတရားမှု၊အကြမ်းဖက်မှုတွေနဲ့ ကြီးစိုးထားတဲ့ အမှောင်ထုတစ်ခုဖုံးလွှမ်းမှုအောက်မှာ ကိုယ်တို့အားလုံး အတူတူကျရောက်ခေါင်းငုံ့ခံနေကြရတာဖြစ်လို့ ဒီကာလဆိုးကြီး မြန်မြန် ပြီးဆုံးရုတ်သိမ်းပါစေတော့လို့ တူညီသောဆုတောင်းတွေကို အမျိုးမျိုးသောနည်းတွေနဲ့ နေ့စဥ်နဲ့အမျှ ဆုတောင်းနေကြရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်နှစ်​ကျော်ကြာလာတဲ့အထိတိုင် အခုချိန်ထိ ဘုံဆုတောင်းခြင်းတွေ မပြည့်လာသေးတဲ့အခါ၊ မအောင်မြင်လာသေးတဲ့အခါ၊ မျှော်လင့်ခြင်းအလင်းရောင်ခြည်တွေကို ရေးရေးလေးမှ မမြင်လာရသေးတဲ့အခါ ဆုတောင်းခြင်းမှာ လမ်းပျောက်တဲ့သူက ပျောက်၊ ဆုတောင်းခြင်းကို စွန့်လွှတ်တဲ့သူက စွန့်လွှတ်၊ ဆုတောင်းခြင်းမီးစာကို ဂိတ်ဆုံးအထိ တင်တဲ့သူက တင်နဲ့ ကိုယ်စီရဲ့ဆုတောင်းခြင်းအပေါ်မှာ အမျိုးမျိုးတုံ့ပြန်ကြပါတယ်။

🙏💙
ဒါပေမယ့်လည်း တိုင်းပြည်အတွက်ပဲဖြစ်ဖြစ်၊ဝိညာဥ်ရေး၊ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး၊ငွေရေးကြေးရေး၊သားရေး၊သမီးရေး၊ရှိသမျှအရေးကိစ္စတွေအတွက် ဆုတောင်းခြင်းဆိုတာ နေ့စဥ် မဖြစ်မနေ ဖက်တွယ်အားကိုးရမယ့် အရာတစ်ခု၊တာဝန်တစ်ခု၊Routineတစ်ခု ဖြစ်နေလေတော့ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဒီ့ထက်ပိုပြီး ကျေညက်ဖို့၊အကျွမ်းတဝင်ဖြစ်ဖို့၊ စနစ်ကျဖို့လိုအပ်လာပါတယ်။

🙏💚
Rev.Fr.Florenceအောင်ကျော်ဦး ရေးသားထုတ်ဝေလိုက်တဲ့ ဒီ "ဆုတောင်းခြင်း"(မြတ်သောအယူဝါဒကိုချဥ်းကပ်ခြင်း)ဆိုတဲ့ စာအုပ်လေးက ရိုးရှင်းတဲ့စာအုပ်နာမည်မှာတင် ပြီးပြည့်စုံမှုတွေ လုံလောက်စွာပါဝင်နေပြီးဖြစ်တဲ့အတွက် ဒီစာအုပ်လေးဟာ ဘယ်လိုအကြောင်းအရာတွေနဲ့ ပါဝင်ဖွဲ့စည်းထားလဲဆိုတာကို ထွေထွေထူးထူး၊ ချဲ့ကားပြောပြနေစရာ မလိုအပ်ပါဘူးလေ။

🙏💛
ဒီစာအုပ်လေးရဲ့ Nihil Obstatဖြစ်တဲ့၊( မကြာသေးခင်ကမှ ခန့်အပ်တော်မူခြင်းခံရတဲ့၊ ဆရာတော်အသစ်စက်စက်တစ်ပါးဖြစ်တဲ့) Msgr.Morrisညွန့်ဝေရဲ့ ဒီစာအုပ်လေးအတွက် အမှာစာထဲမှာတော့...

♥️လေးနက်သောဆုတောင်းမေတ္တာဘဝအသက်တာကို တည်ဆောက်လိုသူများအတွက် ဤစာအုပ်သည် လက်စွဲစာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း သက်သေခံပါသည်။

♥️ဝိညာဥ်ရေးရာ ပြုပြင်ပုံသွင်းသည့်နေရာများ(Formation Houses)၊ အခြေခံရဟန်းဖြစ်သင်ကျောင်းများ(Minor Seminaries)၊ ဓမ္မသင်တန်းကျောင်းများ(Catechist Training Schools)အတွက် ဖတ်စာအုပ်တစ်အုပ်အဖြစ် အသုံးပြုလျှင် လွန်စွာအကျိုးရှိမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။"
လို့ အမှာစာထဲမှာ အကြံပြု၊တိုက်တွန်းရေးသားထားပေးပါတယ်။

🙏🧡
ဒီလိုရွေးပြော၊ကွက်ပြောထားလို့ Lay peopleတွေအတွက် ဒီ"ဆုတောင်းခြင်း"စာအုပ်က သိပ်ပြီးအဓိကမကျ၊မလိုအပ်လှဘူးလားလို့ မေးခွန်းထုတ်ချင်ရင်တော့ Religiousတွေအတွက် ဒီစာအုပ်ကို Text bookလို အသုံးပြုသင့်တယ်ဆိုရင် Lay peopleတွေအတွက်ကျတော့ ဒီစာအုပ်လေးက နေ့စဥ်ဆုတောင်းခြင်းအတွက် Guide book အနေနဲ့ ပိုပြီးတော့တောင်မှ အသုံးပြုရမှာဖြစ်ပါတယ်။

🙏❤️
စာအုပ်ရှေ့ပိုင်းမှာပါဝင်တဲ့ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့ နက်နဲတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ရှင်းပြကိုးကားချက်တွေကို အသေးစိတ်ဖတ်ရှုရတာ Lay peopleတွေအတွက် လေးပင်လွန်းလှတယ်လို့ ခံစားမိရင်တော့ ဒီစာအုပ်ကို အလွယ်ကူဆုံး ချဥ်းကပ်လေ့လာဖို့၊ အရိုးရှင်းဆုံး အသုံးချနိုင်ဖို့အတွက် "ဆုတောင်းခြင်းနှင့် နေ့စဥ်ဘဝအသက်တာ" ဆိုတဲ့ အခန်း(၆)ကနေ အရင်ဆုံး စတင်ဖတ်ရှုလေ့လာကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။

အဲဒီနောက်မှ သူနဲ့ဆက်စပ်လိုက်ပါလာတဲ့
✅အခန်း(၇)
"သခင်ယေဇူးစီရင်ထားတော်မူသောမေတ္တာ"
နဲ့၊
✅အခန်း(၈) "ဆုတောင်းခြင်းနှင့် ဘဝအသက်တာ
ဆို"တဲ့ အခန်းတွေကို ဆက်လက်ဖတ်ရှုလေ့လာလိုက်ရင်ကို Lay peopleတွေအတွက် တော်တော်ကြီး အကျိုးရပါလိမ့်မယ်။

ဥပမာ...
🌈"အမှန်တကယ်ဆုတောင်းခြင်းပြုလာပြီဆိုလျှင် ဆုတောင်းခြင်းနှင့် ဆုတောင်းသူ၏အသက်တာမှာ ခွဲခြား၍မရတော့ဘဲ ပေါင်းစည်းသွားတော့သည်။ ဆုတောင်းခြင်းသည် သူ၌ဘဝဖြစ်လာသည်။ သူ၏ဘဝသည်လည်းဆုတောင်းခြင်းဖြစ်သွားရတော့သည်။" (Pg-၁၆၈)

🌈"အချို့က ဆုတောင်းခြင်းကို ကုန်ထုတ်လုပ်ငန်းတစ်ခုအသွင်ဖြင့် အကျိုးအမြတ်ထုတ်ယူရန်အတွက်လောက်သာ နားလည်ထားကြသည်။ သူတို့၏တောင်းလျှောက်ချက်များ မပြည့်ဝသောအခါ အသုံးမဝင်သောအရာတစ်ခုအဖြစ် နားလည်ထားကြကာ ဘေးဖယ်လိုက်တော့သည်။ (Pg-၁၇၈)

🌈"ဆုတောင်းခြင်းကို ဘဝဖြစ်တည်မှုတစ်ခုလုံးအတွက် ထောက်ပံ့ပေးသည့် အခြေခံအုတ်မြစ်အဖြစ်ထားရှိနိုင်လေလေ ဘဝ၌ငြိမ်သက်ခြင်းရရှိလေလေဖြစ်သည်။ ဆုတောင်းနေသူများသည် ဘဝ၏ဒုက္ခအခက်အခဲများကြား၌ပင် အတွင်းသက်၏ငြိမ်သက်ခြင်းကို ပိုင်ဆိုင်နေကြသူများဖြစ်ပါသည်။" (Pg-၁၈၅)

🙏🍀
ဘဝမှာတွေ့ကြုံလာရတတ်တဲ့ နောက်ကျောကို ဒါးနဲ့ထိုးခြင်းမျိုး ခံရတဲ့အခါ၊ နိုင့်ထက်စီးနင်း အကြမ်းဖက်လုယက်သိမ်းပိုက်ခြင်းကြောင့် စီးပွားဥစ္စာ၊လူ့ဂုဏ်သိက္ခာ၊လူ့အခွင့်အရေးတို့ ဆုံးရှုံးခြင်းများအလယ်မှာ၊ အကြောင်းကြောင်းကြောင့် မိသားစုဝင်တွေ၊ ချစ်ရခင်ရသူတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါမှာ "စမ်းသပ်ခံရခြင်း"နှင့် "နှောက်ယှက်ခံရခြင်း"ဆိုတဲ့ ခေါင်းစဥ်အောက်က (Pg-၂၅၉)က

🍇🍷"ကောင်းမွန်သော ဝိုင်တစ်ခုဖြစ်လာစေရန် စပျစ်သီးများသည် ညှစ်ခြေဖိနှိပ်ခြင်းနှင့်အတူ ကစော်ဖောက်ခြင်းခံရသကဲ့သို့ လူသားများသည်လည်း ပြောင်းလဲဖို့ရန်အတွက် စင်ကြယ်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်သည်။"
ဆိုတဲ့ တရားသဘောလေးကို အတော်အတန် နှလုံးသွင်းလိုက်နိုင်ခဲ့ရင်တောင်မှ တစ်စုံတစ်ရာ ခွန်အားရ၊ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

🙏🌹
အထူးသဖြင့် နေ့စဥ်နေ့တိုင်းဆိုနေကြတဲ့ ကောင်းကင်ဘုံမေတ္တာအကြောင်းကို အခန်း(၇)မှာ အကျယ်တဝင့် လေ့လာရမှာဖြစ်တဲ့အတွက် "ကျွန်ုပ်တို့ကိုထိခိုက်ကျူးလွန်သောသူတို့အား ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့....." ဆိုတဲ့စာသားတွေက သွေးစိမ်းရှင်ရှင် ဒဏ်ရာအထပ်ထပ်နဲ့ အသားမာတက်နေတဲ့ ကိုယ်တွေရဲ့နှလုံးသားတွေနဲ့ ဒီမေတ္တာကို နှလုံးသားမှနေ ဘယ်လိုရွတ်ဆိုဆုတောင်းနိုင်ပါ့မလဲလို့ အကြီးအကျယ်စိန်ခေါ်ခြင်းခံနေရတာဖြစ်တဲ့အတွက် ဒီစိန်ခေါ်ခြင်းအတွက်အဖြေတစ်ခုခုကို ဒီ"ဆုတောင်းခြင်း" စာအုပ်ထဲကနေ ရှာတွေ့နိုင်ပါလိမ့်မယ်။

🙏❤️
"ဦးနှောက်ကောင်းပြီး ဥာဏ်ရည်မြင့်မားသော်လည်း နှလုံးရည်၊စိတ်ဓာတ်မကောင်းလျှင် လူ့ဘောင်ကို ပို၍ဖျက်ဆီးနိုင်သူများပေါ်ထွက်လာမည်။
ထို့ကြောင့် ဆုတောင်းခြင်းအသက်တာတွင် အရင်ဆုံးပုံသွင်းရမည့်အရာမှာ နှလုံးသားဖြစ်သည်"။ ။❤️❤️❤️
(ဖလောရင်းစ်အောင်ကျော်ဦး - ဆုတောင်းခြင်း - Pg-၁၃)

ယုံကြည်သူသားသမီး၊တပည့်များအတွက် "ဆုတောင်းခြင်း(မြတ်သောအယူဝါဒကိုချဥ်းကပ်ခြင်း)" စာအုပ်ကို ရေးသားထုတ်ဝေပေးတော်မူတဲ့ ဘုန်းဘုန်း Rev.Fr.Florenceအောင်ကျော်ဦးကိုလည်း ဘုရားရှင် သာ၍ ကောင်းချီးပေး၊အသုံးပြုတော်မူပါစေ။🙏💐🙏

🍀🍀ဒီစာအုပ်လေးကို စိတ်ဝင်စားလို့ ဖတ်ရှုလေ့လာချင်ပါက...
🎯 OSC Pathein
🎯CBCM ဘာသာရေးပစ္စည်းအရောင်းဆိုင်
🎯Assumption Publications - 09792225595

#ဆုတောင်းခြင်း
.FlorenceAungKyawOo


https://www.facebook.com/101821241778792/posts/375802364380677/

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00