Little Coding School

Little Coding School

Share

🖲️IT, 👾Games & 🤖Robotics coding, STEM courses for Future Ready Young Learners 🌎

13/01/2024

သင်တန်းမေးနေကြတဲ့ ဖေဖေမေမေတို့ရေ ...✨✨

Little Coding School လေးကလောလောဆယ် Coding နဲ့ STEM ဗဟုသုတလေးတွေပဲအရင်ဝေမျှပေးနေမှာမို့ သင်တန်းလေးတွေစဖြစ်ရင် Page မှာတင်ပေးပါ့မယ်နော် ✨

ကျေးဇူးအထူးပါ 🙏

13/01/2024

Hello! Little Genius လေးတို့ရေ! ✨✨

Coding တွေရေးရင်း Minecraft ကနေပေးတဲ့ ကိုယ့်နာမည်လေးနဲ့ အရမ်းအရမ်းမိုက်တဲ့ Certificate လေးတွေမလိုချင်ဘူးလားနော်?

နောက်မကြာခင်အချိန်အတွင်းမှာ Little Coding Schoolကနေ သင်ကြားပေးမဲ့သင်တန်းလေးတွေနဲ့အတူ ဒီအခွင့်အရေးကိုအရယူသင့်ပါတယ်နော်

သားသားမီးမီးတို့ Coding သင်ယူရင်အကျိုးကျေးဇူးတွေအများကြီးရှိတယ်နော် ....

👉 စဉ်းစားတွေးခေါ်မှုတိုးတက်လာမယ်
👉 ဆုံးဖြတ်ချက်တွေမြန်လာမယ်
👉 နည်းပညာတွေနဲ့ရင်းနှီးလာမယ်
👉 Future Ready ပိုပိုပြီးဖြစ်လာမယ်နော့်!!!

ဆရာကလည်း သင်ခန်းစာတစ်ခုတိုင်းကိုသေချာလေး Guide လုပ်ပေးမှာမို့ ကိုယ့်သားသားမီးမီးတွေကိုပိုပိုပြီးတိုးတက်စေချင်တဲ့ဖေဖေမေမေတို့အတွက် Little Coding School လေးကို Like, Follow လေးနဲ့ စောင့်ကြည့်ထားလိုက်တော့နော်!

Stay Tuned !

🤖 by MyanEdu

13/01/2024

" Coding ဆိုတာ မြင်ဖူးတာတော့ ကိန်းဂဏာန်းတွေစာသားတွေနဲ့အရမ်းကိုရှုပ်ထွေးတယ်နော် ကလေးကိုကွန်ပျူတာ IT ပိုင်းလဲသင်ပေးချင်တယ်... စာလိုက်မမှီရင်ဒုက္ခပါပဲ ..."

စိတ်မပူပါနဲ့‌နော် ဖေဖေမေမေတို့ ... ✨

Little Coding School ကနေ coding လေ့လာချင်တဲ့သားသားမီးမီးတွေအတွက် အရမ်းလွယ်ကူတဲ့ Block based Programming နည်းလမ်းလေးရှိနေတယ်ဆိုတာကို ပြောပြပေးမလို့ပါ..

🌈Block based Programming ဆိုတာဘာလဲနော်?

Block ဆိုတာ ဆက်လို့ရတဲ့အတုံးလေးတွေလို့ယူဆလို့ရပါတယ်။ Lego လို အတုံးလေးတွေဆက်ရတာမျိုးပေါ့။ (👇ဒီပို့စ်ရဲ့ ပုံလေးမှာလည်းပါတယ်နော် )

ဒီလို Coding Block လေးတွေကို အစီအစဥ်တကျ တစ်ခုနဲ့တစ်ခုဆက်ပြီး Program တစ်ခု ဒါမှမဟုတ် ဂိမ်းတစ်ခုကိုဖန်တီးယူရတာမျိုးပါ။

အမြင်လေးလဲလှတော့ ကလေးတွေအတွက် သိသာမြင်သာလေးနဲ့ coding တစ်ခုရဲ့ ရလဒ်ကိုမြင်ရတာမို့ အရမ်းလဲပျော်၊ အတော်လေးလည်းစိတ်၀င်စားကြတာကိုတွေ့ပါတယ်နော...

Block အတုံးလေးတွေဆက်ရတာမို့ အထင်တော့မသေးလိုက်ပါနဲ့နော။ ဒီအတုံးလေးတွေတစ်ခုချင်းစီက တကယ့် Computer Programming Code တွေကို ကိုယ်စားပြုပါတယ်။ တစ်ခါတည်း တကယ့် program code ကိုပါကြည့်လို့ရတော့ ကလေးတွေရဲ့ ရေရှည်ပညာရေးအတွက်အဆင်ပြေတာပေါ့ ။

ဒီတော့ ပြောပြချင်တာက သားသားမီးမီးတို့ ငယ်ငယ်ကတည်းကနေ coding ပိုင်းဆိုင်ရာကိုလေ့လာထားမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရမ်းတော်တဲ့ပညာရှင်ကြီးတွေ ဖြစ်လာမှာ ၁၀၀%သေချာပါတယ် ဖေဖေမေမေတို့ရေ!

ကဲ! ဒီနေ့ကတော့ ဖေဖေမေမေတို့အတွက် Block Based Programming အကြောင်းကို ဗဟုသုတလေးဝေမျှပေးတာဖြစ်ပြီး နောက်ထပ်ဗဟုသုတလေးတွေထပ်တင်ပေးမှာမို့ Like, Share, Follow လေးလုပ်ခဲ့ပေးဖို့မမေ့နဲ့နော် !

Future-Ready Kids တွေဖြစ်ဖို့ ...
မှာသင်ယူစို့!

Photos from Little Coding School's post 13/01/2024

ခုခေတ်မှာသားသားမီးမီးတို့အနေနဲ့ စက်ရုပ်တွေကိုဖန်တီးထိန်းချုပ်ရတာမခက်ခဲတော့ပါဘူး။
အဓိက က coding ကျွမ်းကျင်ထားဖို့ပဲလိုပါတယ်။

Coding for kids ထဲမှာ ဂိမ်းတွေဖန်တီးတာ Mobile App တွေဖန်တီးတာအပြင် Robotics လေးတွေကိုကိုယ်တိုင်ဖန်တီးပြီးဆော့ကစားတာမျိုးအပါအ၀င်လဲဖြစ်ပါတယ်။

ဒီနေ့တော့ ဗဟုသုတအနေနဲ့ Coding School နဲ့ STEM School တွေမှာမပါမဖြစ်တဲ့ Robot (၅) မျိုးအကြောင်းကို ဒီနေ့ပြောပြပေးသွားမယ်နော်!

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

🌈 (၁) MakeBlock Mbot

Makeblock ကနေထုတ်ထားတဲ့ Mbot လေးကို Block Programming နဲ့အသုံးပြုပြီးခိုင်းစေလို့ရပြီး သူတို့ကိုယ်ပိုင် make ဆော့ဝဲလ်ကလည်းအလွယ်တကူအသုံးပြုနိုင်တာမို့ နိုင်ငံတကာက STEM School တွေတက်နေကြတဲ့ ကလေး‌အတော်များများအရမ်းကြိုက်ကြပါတယ်။ အသက် ၇ နှစ်ကနေအထက်ကို fully recommended လုပ်ပါတယ်နော်!

🌈 (၂) Lego Wedo 2.0

Lego ကထုတ်ထားတဲ့ Wedo 2.0 လေးကတော့ ကိုယ်တိုင်စက်ရုပ်ဒီဇိုင်းအမျိုးမျိုးကိုဆက်လို့ရပြီး သူ့မှာပါတဲ့ controller လေးတွေကလည်း Tilt Sensor, Motion Sensor အတော်စုံစုံစုံလင်လင်ပါပါတယ်။ ကွန်ပျူတာနဲ့ချိတ်ပြီး Block based coding လေးနဲ့အသုံးပြုနိုင်တာမို့ Idea တွေအရမ်းကောင်းဖို့နဲ့ နည်းပညာကျွမ်းကျင်တဲ့ သားသားမီးမီးတွေဖြစ်ဖို့ Wedo series လေးနဲ့သင်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။

🌈 (၃) Lego Boost

သားသားမီးမီးတွေကို Robotics ပိုင်း၊ Coding ပိုင်းနဲ့ Creativity ပိုင်းကိုတိုးတက်စေတဲ့ Lego Education set လေးထဲကမှ Lego Boost လေးဟာ ရွေးချယ်သင့်တဲ့တကယ်ကောင်းတဲ့ Set လေးတစ်ခုဖြစ်ပါတယ်။ သူကတော့ စက်ရုပ်ပုံစံလေးပိုပီပြင်ပြီး
ပုံစံ ၅ မျိုးဆက်လို့ရတာကြောင့် သားသားမီးမီးတွေအရမ်းသဘောကျကြတာဖြစ်ပါတယ်။အထူးသဖြင့် Coding နဲ့ လှမ်းထိန်းချုပ်ပြီး ဆော့ကစားတာမျိုးအရမ်းကြိုက်ကြပါတယ်။

🌈 (၄) Lego Mindstorms EV3

EV3 Series လေးကတော့ ပိုပြီးအဆင့်မြင့်တဲ့နည်းပညာပိုင်းကိုပိုအသားပေးထားပြီး သားသားမီးမီးတွေဘေးကနေဆရာဆရာမအကူအညီပိုယူရတာမျိုးရှိိနိုင်ပါတယ်။ တကယ့် STEM School ကြီးတွေမှာ 🤺EV3 ကိုအသုံးပြုပြီး Project တွေလုပ်ခိုင်းတာမျိုးရှိပါတယ်။ Coding ပိုင်းနဲ့Engineering, Creativity ပိုင်းတို့ကိုပိုမိုကျွမ်းကျင်စေတာမို့ EV3 Series လေးက အကောင်းဆုံးရွေးချယ်စရာတစ်ခုအဖြစ်နိုင်ငံတကာကျောင်းတွေကညွှန်း‌ပေးထားကြတာဖြစ်ပါတယ်။

🌈 (၅) Arduino Robotics

Arduino Robotics ပိုင်းကတော့ တကယ့်အဆင့်မြင့်မြင့်ပိုင်းမှာသင်ကြားပေးကြတာဖြစ်ပြီး Arduino IDE နဲ့ Coding အသုံးပြုပြီးထိန်းချုပ်ရတာဖြစ်ပါတယ်။ သားသားမီးမီးတို့အတွက် Robotics for Young Learner အပြင် တကယ့်အပြင်လောကက Adult Robotic Project တွေမှာပါထည့်သွင်းအသုံးပြုကြပါတယ်။ Arduino Projects တွေက Unlimited Creativity ကိုဦးစားပေးထားတာမို့ Robotics ပိုင်းကိုထဲထဲ၀င်၀င် လေ့လာဖို့ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ကဲ! ဒါဆိုရင်တော့ Robotics Coding မှာအသုံးပြုတဲ့ Robot မော်ဒယ်လေးတွေအကြောင်းကိုသိသွားပြီလို့ထင်ပါတယ်။

တိုးတက်နေတဲ့ခေတ်ကြီးမှာသားသားမီးမီးတို့ကို နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်စေဖို့ Coding & Robotics , STEM Courses တွေကို ရွေးချယ်ဖို့ ဖေဖေမေမေတို့ကို အကြံပြုလိုပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဒီဗဟုသုတအကြောင်းအရာလေးကို မှ ရေးသားဝေမျှပေးထားပါတယ်။ Like, Share, Follow လေးလုပ်ပြီး နောက်လာမဲ့အကြောင်းအရာလေးတွေကိုဖတ်ဖို့ မမေ့နဲ့နော်!

08/01/2024

Hello! Hello!
Let's meet soon! 👾

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11111