Relax Yoga

Relax Yoga

Share

Change Your Lifestyle with @Relax Yoga !

01/04/2026

💥Early bird 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧
𝟑𝟎% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 before 𝐀𝐩𝐫𝐢𝐥 𝟏𝟎𝐭𝐡💥

ခေတ်အနေအထားအရ ဆီခြွေတာ၊ စွမ်းအင်ခြွေတာဖို့ 𝐎𝐧𝐥𝐢𝐧𝐞 𝐘𝐨𝐠𝐚 𝐜𝐥𝐚𝐬𝐬 လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့်

Online ပေမယ့် 𝐙𝐨𝐨𝐦 𝐜𝐥𝐚𝐬𝐬 မို့ ဆရာမနဲ့ တိုက်ရိုက်သင်ခွင့်ရမှာပါ
🙅‍♀️(No Video class)

လက်ရှိဖွင့်ထားတာက ကျမတို့ ပုံမှန်သင်နေကျ အတန်းတွေ ဖြစ်ပြီး 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐭𝐨 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 Level အတန်းများ ဖြစ်ပါတယ်ရှင် ..
မနက်ပိုင်း 6:00 to 7:00 AM နဲ့ ညနေပိုင်း 7:00 to 8:00 PM အတန်း ၂ချိန် ရှိပါမယ် ..
{အသေးစိတ်ကို page messenger မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်}

**

Online မှာ ပထမဆုံး စ join ကာစမှာတော့ use to မဖြစ်တာကြောင့် အခက်အခဲ အနည်းငယ် ရှိနိုင်ပါတယ်
(ဥပမာ zoom ကို အခုမှ စသုံးတာ၊ ကိုယ် သုံးတဲ့ device ကြောင့် ဆရာမရဲ့ ရုပ်နဲ့အသံကို အနည်းငယ် အာရုံစိုက်ရတာအပြင်၊
အခုမှ စလေ့ကျင့်တာ ဆိုရင် ယောဂအကွက်တွေ နာမည်တွေနဲ့ မရင်းနှီးတာကြောင့် စစချင်းမှာ ဗျာများပါလိမ့်မယ် ..)
ဒါပေမယ့် ဒါကို ဇွဲရှိရှိနဲ့ ကျော်လွှားနိုင်ရင် အလေ့အကျင့်ကြောင့် နောက်ပိုင်းမှာ ဆရာမပြောတာကို အာရုံစိုက်စရာ မလိုပဲ သိလာမယ် ..
ခန္ဓာကိုယ်ကလည်း အလေ့အကျင့်ကြောင့် ယဉ်ပါးလာပြီး ယောဂလေ့ကျင့်မှု့မှာ အသားကျ ပျော်ရွှင်လာမယ်ဆိုတာ ပြောရဲပါတယ် နော် 🥰

💁🏻‍♀️ဘာကြောင့် ပြောရဲလဲဆိုရင် ကျမတို့သင်တန်းမှာ ရေရှည်စွဲမြဲစွာ နှစ်ချီ လေ့ကျင့်နေသူတွေ များလို့ပါပဲ .. 😇
ဒီလို ကိုယ့်လူတွေရဲ့ ကြိုးစားအားထုတ်မှု့ကို appreciate လုပ်တဲ့အနေနဲ့ သင်တန်းတက်ရောက်မှု့အကြိမ် ၇ကြိမ်မြောက်ကစပြီး 𝐥𝐢𝐟𝐞 𝐭𝐢𝐦𝐞 𝟐𝟓% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးထားတာလည်း ဖြစ်ပါတယ်
Video မဟုတ်ပဲ class room မှာ ဆရာမနဲ့ 𝐟𝐚𝐜𝐞 𝐭𝐨 𝐟𝐚𝐜𝐞 ရေရှည် လေ့ကျင့်နိုင်စေဖို့ ရည်ရွယ်ခြင်းလည်း ဖြစ်ပါတယ် ….

အစဉ်အလာကောင်းတဲ့ Relax Yoga မှာ ပိုမိုကြံ့ခိုင်တဲ့ ခန္ဓာနဲ့စိတ်ကို သင်ကိုယ်တိုင် ပြောင်းလဲနိုင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် 𝐡𝐞𝐥𝐥𝐨 လိုက်တော့နော် 🤗

Namaste 🙏

✨ Change Your Lifestyle With Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

Photos from Relax Yoga's post 24/03/2026

Long long ago ထဲက Relax မှာ join လာတဲ့ ချစ်ရတဲ့ golden old member လေးပါရှင့်

Congratulations so proud of you ညီမလေး Chaw Su Win 👏 👏👏😘

✨Change your lifestyle with Relax Yoga✨

20/03/2026

𝐘𝐨𝐠𝐚 လား?? 𝐆𝐲𝐦 လား??

ယနေ့ခေတ်မှာ လူအများစုက Gym သွားမလား၊ Yoga လုပ်မလား ဆိုပြီး ဝေခွဲမရ ဖြစ်တတ်ကြပါတယ်
နှစ်ခုစလုံးမှာ အကျိုးရှိပေမယ့် ထူးခြားချက်တွေကတော့ ကွဲပြားပါတယ်

အကယ်၍ ရွေးချယ်ဖို့ လိုလာပြီဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေကို ဆက်လက်လေ့လာနိုင်ပါတယ် 🥰

💁🏻‍♀️𝐆𝐲𝐦 ဆော့တာက ကြွက်သားတည်ဆောက်ခြင်းနဲ့ ခန္ဓာကိုယ်အားတိုးတက်စေခြင်း ကို အဓိကထားပါတယ်
ကြွက်သားအား တိုးလာစေတယ်
Body shape ပြောင်းလဲလာစေတယ်
Strength နဲ့ endurance တိုးလာစေပါတယ်
ရေတိုနည်းနဲ့ ဝိတ်ချချင်သူတွေ၊
Body beauty ဖြစ်ချင်သူတွေနဲ့
လှုပ်ရှားတက်ကြွမှု့ကို နှစ်သက်သူတွေအတွက် Gym က ပိုသင့်တော်မယ်လို့ ယူဆပါတယ်
(ပညာရပ်တွေက သူ့field နဲ့သူ အင်မတန်ကျယ်ပြန့်တာမို့ ကိုယ့်နယ်ပယ်မဟုတ်လို့ ဒီလောက်ပဲ ရေးသားပါရစေရှင် 🙏)

**

🧘‍♀️ 𝐘𝐨𝐠𝐚 လေ့ကျင့်ခြင်းကတော့

1️⃣ ကိုယ်ခန္ဓာ ပျော့ပြောင်းလာစေတယ်
Yoga Pose များက ကြွက်သားနဲ့ အဆစ်များကို ဖြည်းဖြည်းချင်း ဆန့်ပေးပြီး ကိုယ်ခန္ဓာ ပိုပြီး flexible ဖြစ်လာစေပါတယ်

2️⃣ စိတ်ဖိစီးမှု လျော့နည်းစေတယ်
Yoga မှာ အသက်ရှူနည်း (Breathing) နဲ့ Mindfulness ပါဝင်တဲ့အတွက် စိတ်ကို တည်ငြိမ်စေပြီး Stress လျော့နည်းစေပါတယ်။

3️⃣ ကိုယ်ခန္ဓာ + စိတ် Balance ဖြစ်စေတယ်
Yoga က လေ့ကျင့်ခန်းတခုတည်း မဟုတ်ပါဘူး
ခန္ဓာနဲ့ စိတ်ကို တသားတည်းဖြစ်အောင် Breathing နဲ့ ထိန်းညှိပေးလိုက်တဲ့ holistic practice ဖြစ်ပါတယ်

4️⃣ အသက်အရွယ်မရွေး လေ့ကျင့်နိုင်တယ်
Gym exercise တချို့က အားသန်မှုလိုအပ်ပေမယ့် Yoga ကတော့ Beginner မှ Senior အထိ အဆင့်လိုက် deeper ဖြစ်လာအောင် လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်

5️⃣ ခန္ဓာကိုယ်ကို အနားရစေတယ်
Yoga practice အပြီးမှာ ကိုယ်ခန္ဓာ ပေါ့ပါးသွားပြီး စိတ်ကိုလည်း relax ဖြစ်စေပါတယ်

✨ Yoga ရဲ့ အဓိကရည်ရွယ်ချက်က Body Shape တခုတည်း မဟုတ်ပါဘူး
(ကြွက်သားအဓိက တည်ဆောက်တာ မဟုတ်တာမို့ အချိန်တိုအတွင်း result မထွက်ပါဘူး
ယောဂက ကိုယ်တွင်း Organs တွေကို ကျစ်လစ်သန််မာ အားရှိစေတာ ဖြစ်ပါတယ်)

ယောဂမှာ ပါတဲ့ အခြေခံ (disciplines) ကျင့်ဝတ် စည်းမျဉ်းတွေက ယောဂလေ့ကျင့်နေတဲ့အချိန်ဖြစ်တဲ့ On the Mat မှာသာမကပဲ၊
daily life မှာပါ သင့်ရဲ့ ကိုယ်နဲ့စိတ်ကို အဆိပ်အတောက် ကင်းစေပြီး ဟန်ချက်ညီမှု့ ရှိဖို့ကို ဖော်ဆောင်ပေးတာကြောင့် Off the Mat မှာပါ ယောဂရဲ့အကျိူးကို ခံစားနိုင်မှာ ဖြစ်ပါတယ်

ယောဂရဲ့ အနှစ်သာရက ကိုယ်ခန္ဓာ ကျန်းမာမှု၊ စိတ်တည်ငြိမ်မှု နဲ့ Balance ရရှိဖို့ ဖြစ်ပါတယ်

အကောင်းဆုံးကတော့ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ လေ့ကျင့်မှုကို ရွေးချယ်ခြင်းသာ အကောင်းဆုံး ဖြစ်တာကြောင့် ဒီအချက်အလက်လေးတွေကို ယှဉ်ပြီး ရွေးချယ်နိုင်ပါတယ်နော် 😊

Yoga ကို Certified Yoga Instructor တွေနဲ့ စနစ်တကျ လေ့ကျင့်ပြီး Lifestyle တစ်ခုကိုချိန်းချင်တယ်ဆိုရင်တော့ ကျမတို့ Relax Yoga ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ရှင့်

✨ Change Your Lifestyle With Relax Yoga ✨

Namaste 🙏

✨ 💕 🌿 🧘‍♂️ 😌 🕉️

26/02/2026

Relax Yoga မှ ပုံမှန်ဖွင့်လှစ်ထားသော ရုံးချိန်လွတ်သင်တန်းများ 𝐌𝐚𝐫𝐜𝐡 လအတွက် စာရင်းပေး အပ်နှံနိုင်ပါပြီရှင် 🥰

Beginner မှ စတင်တက်ရောက်နိုင်ပြီး ဇွဲရှိရှိ ကြိုးစားမယ်ဆိုရင် ကိုယ်ရော စိတ်ပါ တိုးတက် ပြောင်းလဲပါမယ်နော် ..

တပတ် ၃ရက် မိမိကိုယ်ကို အချိန်ပေး မြှပ်နှံခြင်းက နှစ်ပေါင်းများစွာ အသုံးပြုမယ့် ဒီခန္ဓာနဲ့ စိတ် ကျန်းမာရေးကို ရေရှည်အကျိုးများစေမှာမို့ ရွေးချယ်မှု့ မမှားစေချင်ပါဘူး ☺️

Body Alignment မှန်ကန်စွာ လေ့ကျင့်နိုင်ဖို့ တီချယ်တွေက အတန်းတိုင်းမှာ ဂရုစိုက် သင်ကြားပေးတာမို့ ယောဂဖျာတချပ်ရှိရုံနဲ့ အိမ်မှာတင် 𝐎𝐧𝐥𝐢𝐧𝐞 (with 𝐙𝐨𝐨𝐦) မှ တဆင့် ထိရောက်စွာ လေ့ကျင့်နိုင်ပြီ ဖြစ်ပါတယ် ..

**
𝟐𝟎𝟐𝟔 မှာ တို့အားလုံး လှရမယ် နော် 😉

Change Your Lifestyle with 𝐑𝐞𝐥𝐚𝐱 𝐘𝐨𝐠𝐚

22/02/2026

ယောဂနှင့် နှလုံးကျန်းမာရေး

ဒီတပတ်မှာတော့ ရင်ဘတ်ထဲက တဒိတ်ဒိတ် မရပ်မနား ခုန်နေတဲ့ ကိုယ့်နှလုံးလေးကို ယောဂက ဘယ်လို အားဖြည့်ပေးနေတယ် ဆိုတာလေး လေ့လာကြည့်ကြရအောင်!!

ယောဂလေ့ကျင့်တဲ့အခါ
ကိုယ်နေဟန်ထားနဲ့အတူ အသက်ကို ပြည့်ဝစွာ ရှူသွင်း၊ ရှူထုတ်လုပ်ဖို့ ကိုယ့် Instructor က မပြတ်သတိပေးလေ့ရှိတာကြောင့် အဆုတ်က လုံလောက်တဲ့ အောက်ဆီဂျင်ပမာဏကို ရရှိစေပါတယ် ..

အလားတူ အဆုတ်က ရတဲ့ အောက်ဆီဂျင်ပမာဏ လုံလောက်မှု့ကြောင့် နှလုံးကနေ တကိုယ်လုံးကို သွားတဲ့ သွေးတွင်း အောက်ဆီဂျင်ပမာဏကိုလည်း များစွာ အထောက်အပံ့ဖြစ်စေတာမို့ နှလုံးရဲ့ဝန်ကို လျှော့ချပြီးသား ဖြစ်စေပါတယ် …

နေ့စဉ်ဘဝကနေ ရရှိတဲ့
𝐒𝐭𝐫𝐞𝐬𝐬
𝐇𝐢𝐠𝐡 𝐛𝐥𝐨𝐨𝐝 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞
𝐔𝐧𝐡𝐞𝐚𝐥𝐭𝐡𝐲 𝐥𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞
များကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ..

Yoga လေ့ကျင့်ခြင်းက ကျမတို့ရဲ့ နှလုံးကျန်းမာရေးအတွက် သဘာဝအတိုင်း ကာကွယ်နိုင်တဲ့နည်းလမ်း ဖြစ်တဲ့အပြင် အကျိုးကျေးဇူးလည်း များပါတယ်နော် 🥰

ယောဂကျင့်ခြင်းဖြင့်

1️⃣ Strengthens the heart – နှလုံးကို သန်မာစေပါတယ်
လုံလောက်တဲ့ oxygen နဲ့ nutrients တွေကို ခန္ဓာကိုယ်တခုလုံးကို ပို့ပေးပြီး သွေးလည်ပတ်မှုကောင်းစေခြင်း၊

2️⃣ Lower blood pressure – သွေးဖိအားကို သဘာဝအတိုင်း ထိန်းညှိပေးခြင်း၊

3️⃣ Reduce stress – စိတ်ဖိစီးမှု လျော့နည်းစေခြင်း၊

4️⃣ Support heart & lung function – နှလုံးနှင့် အဆုတ် လုပ်ဆောင်မှုကို အားပေးခြင်း၊

စတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပါတယ်

**

ဒါကြောင့်
“နှလုံးကျန်းမာ၊ လူကျန်းမာ” ဆိုတဲ့ စကားအတိုင်း ကျမတို့ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ နှလုံးကျန်းမာရေးကို ဂရုစိုက်နိုင်ဖို့အတွက် Yoga လေ့ကျင့်ကြဖို့ ချစ်ခင်စွာ တိုက်တွန်းလိုက်ပါတယ်နော် 🤗

•Namaste 🙏

✨ Change Your Lifestyle With Relax Yoga ✨


💕
🌿
🧘‍♂️
😌
🕉️

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Bo Moe Gyoe Street
Yangon
11421