Wisdom House Publishing
Books published by our Publishing House. It's contents and excerpts from the books.
08/07/2026
တံခါးကို သော့ခလောက်ဖြင့် သာမန်ခတ်ရုံသာ ခတ်ခဲ့လျှင် မှတ်မိရန် ခဲ့ယဉ်းပေသည်။ သော့ခလောက်ကို အကြိမ်ကြိမ်ဆွဲလှုပ်ပြီးမှ တံခါးနှင့်ရိုက်၍ထားလိုက်သောအခါ မိမိသော့ခတ်ကြောင်းကို ပိုမိုခိုင်မြဲစေသည်။ သော့ခလောက်ကိုဆွဲ၍လှုပ်ခြင်းသည် သာမန်အားဖြင့် သော့ကလေးကိုလှည့်၍ခတ်ရုံထက် လှုပ်ရှားမှုပါသည်။ ကိုယ်တိုင်အားစိုက်မှုပါသည်။ ယုံကြည်ခြင်း၊ ကျေနပ်ခြင်းကို ဖြစ်စေသည်။ မိမိလုပ်လိုက်သောအလုပ် အောင်မြင်သည်ဟုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်စေသည်။ တစ်ခါတစ်ရံ သော့ခလောက်အပေါက်တွင်းသို့ သော့ကိုသွင်း၍လှည့်လိုက်ပါသော်လည်း သော့ခလောက်တိုင်းမှာ ခတ်ပြီးသားမဖြစ်တတ်ချေ။ ဤသို့ဆွဲကြည့်မှသာ သော့တကယ်ခတ်မိ၊ မခတ်မိကို သိနိုင်ပေသည်။ ထို့ကြောင့် ဤနည်းသည် သေချာမှုကိုလည်း လက်တွေ့ပြသပေးသေးသည်။
#မမေ့အောင်_ကြံဆောင်နည်း မှ
#မှတ်ဉာဏ်ထက်သန်စေလိုသော် စာအုပ်ကို #ဆရာကြီးဦးသာညွန့်က မှတ်ဉာဏ်ပါရဂူကြီးတွေ၊ မှတ်ဉာဏ်ပညာရှင်ကြီးတွေ ကျင့်သုံးလေ့ရှိတဲ့ နည်းနာနိဿယတွေကိုသုံးပြီး မြန်မာတွေနဲ့ အနီးစပ်ဆုံး၊ အကိုက်ညီဆုံးဖြစ်အောင် ရေးသားပေးထားတာမို့ မှတ်ဉာဏ်ထက်သန်စေဖို့ အတွက် ကျောင်းသားကျောင်းသူအရွယ်တွေကစလို့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း အရွယ်တွေထိ လူတိုင်းဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ကို Wisdom House စာအုပ်တိုက်က ၂၀၁၀ ပြည့်နှစ်မှာ တတိယအကြိမ် ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ထဲက နည်းနာတွေကို လက်တွေ့လေ့လာကျင့်သုံးနိုင်မယ်ဆိုရင် သာမန်ထက်ပိုတဲ့ မှတ်ဉာဏ်ဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ပြီး နေ့စဉ်ဘဝမှာ လက်တွေ့မျက်တွေ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
07/07/2026
စိတ်ကျေနပ်သွားတဲ့ဝယ်သူက ရောင်းဖို့ညွှန်းပေးလိုက်တာဟာ မျက်နှာစိမ်းတစ်ယောက်ကို စတင်ရောင်းချဖို့ ဖုန်းဆက်ပြောရတာထက် ဆယ့်ငါးဆ ပိုမိုလွယ်ကူပါတယ်။ ရောင်းဖို့ညွှန်းလိုက်သူတစ်ဦးကို ရောင်းဖို့ အချိန်၊ ကုန်ကျစရိတ်၊ ဖြစ်မြောက်အောင်ကြိုးစားအားထုတ်မှုတို့ဟာ မျက်နှာစိမ်းကို ရောင်းချတာထက် ဆယ့်ငါးပုံတစ်ပုံလောက်ကိုသာ အသုံးပြုရပါတယ်။ အမှန်ပြောရရင် ကိုယ့်အတွက်ရောင်းဖို့ ညွှန်းပေးသူတစ်ဦးရှိပြီဆိုရင် ကိုယ်က ဘာမှ စမလုပ်ခင်ကတည်းက အရောင်းလုပ်ငန်းစဉ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်း ပြီးပြီးသား ဖြစ်နေပါပြီ။
#ဝယ်သူဖောက်သည်တွေ_တစ်သက်တာမြဲပါစေ မှ
မူရင်းစာရေးသူ Brian Tracyရေးသားတဲ့ Sales Succes ကို #ဆရာကြည်ရွှန်း ဘာသာပြန်ထားတဲ့
#အရောင်းအောင်မြင်မှုပညာ စာအုပ်ဟာ အရောင်းသမားတွေအတွက် ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် အရောင်းအောင်မြင်ဖို့အတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တဲ့ အကြောင်းအရာတွေနဲ့အတူ အခန်းတစ်ခန်းပြီးတိုင်း "လက်တွေ့လုပ်ရန် လေ့ကျင့်ခန်းများ"ကိုပါ ထည့်သွင်းထားပါတယ်။ Wisdom House စာအုပ်တိုက် နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ယခုလမှာပဲ ထုတ်ဝေဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
03/07/2026
အလုပ်လက်မဲ့ဖြစ်နေလို့၊ ဒါမှမဟုတ် လက်ရှိအခြေအနေမှာ စိတ်ညစ်အားငယ်နေရလို့ အချိန်တွေကို အလဟဿ ကုန်ဆုံးနေပြီလား...။
________________
အဲဒီ အားငယ်နေတဲ့ အချိန်တွေအတွက်၊ ရှေ့ဆက်ဖို့ အားအင်ကုန်ခမ်းနေတဲ့ သူတွေအတွက်၊ မိတ်ဆွေဘဝအတွက် အလှည့်အပြောင်းတစ်ခုဖြစ်စေမဲ့ "စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur)" တစ်ယောက်ဖြစ်လာစေဖို့ အခွင့်အရေးအဖြစ် ပြောင်းလဲလိုက်ပါ။
စာရေးဆရာ ဆရာကိုသန့်(Wheel-turning) ရေးသားပြီး Wisdom House ကနေ ထုတ်ဝေလိုက်တဲ့ "အလုပ်လက်မဲ့မှသည် စွန့်ဦးတီထွင်လုပ်ငန်းရှင်သို့" စာအုပ်ဟာ မိတ်ဆွေကို စိတ်ဓာတ်ခွန်အားပေးရုံသက်သက်တင် မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုလက်တွေ့ စတင်ရမလဲဆိုတာ စနစ်တကျ လမ်းပြပေးမဲ့ စာအုပ်ကောင်းတစ်အုပ်လဲ ဖြစ်ပါတယ်။
ဒီစာအုပ်ကို အပိုင်း (၄) ပိုင်း၊ အခန်းပေါင်း (၁၈) ခန်းနဲ့ စနစ်တကျ ဖွဲ့စည်းထားပြီး...
1️⃣ ပြိုလဲမှုကို လက်ခံခြင်းနှင့် စိတ်ဓာတ်ပြန်လည်တည်ဆောက်ခြင်း၊
2️⃣ စီးပွားရေး အကြံဉာဏ်များ ရှာဖွေခြင်း၊
3️⃣ လက်တွေ့ စတင်ခြင်းနှင့် ဗျူဟာများ၊
4️⃣ ရေရှည်တည်တံ့မှုနှင့် တိုးတက်မှု
စတဲ့ လက်တွေ့အသုံးချနည်းလမ်းတွေကို ဝေဝေဆာဆာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
-----
📖 စာအုပ်အချက်အလက်များ
• စာရေးသူ - ကိုသန့်(Wheel-turning)
• စာမျက်နှာ - ၂၃၀
• စက္ကူ။ - ဝူဖရီး ၆၀ ဂရမ်
• စာအုပ်ဆိုဒ် - ၁၃.၅ × ၂၀.၅ စင်တီ
• စျေးနှုန်း - ကျပ် ၁၈,၀၀၀
#ဝယ်ယူရရှိနိုင်မဲ့နေရာတွေ
📍 မြန်မာတစ်နိုင်ငံလုံးရှိ City Mart ဆိုင်တိုင်းနဲ့ ရန်ကုန်မြို့တွင်း စာအုပ်ဆိုင် အတော်များများမှာ ဝယ်ယူရရှိနိုင်ပါပြီ။
📍စာအုပ်တွေကို ကျွန်တော်တို့ Wisdom House page ရဲ့ message box ကနေလဲ တိုက်ရိုက်ဆက်သွယ် မှာယူနိုင်သလို၊ ဖုန်းနံပါတ် ၀၉၂၅၄၁၄၈၅၆၈ သို့ တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်။
🏠 Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 56, Room/002 , Ground Floor, Awaiyar Street, Myitta Nyunt Ward, Tamwe Tsp, Mobile 09254148568, 09955058533
Yangon
11211
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |