HealthCare knowledge

HealthCare knowledge

Share

အ​ခြေခံ ကျန်းမာရေးဆိုင်ရာ အသိပညာများ၊ အတတ်ပညာများကို ​မဖြစ်မ​နေ သိရှိနားလည်
တတ်​မြောက်စေရန် ရည်ရွယ်သည်။

26/12/2022

အသင့်စားခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေးပြဿနာများ
🍜🍜🍜
အသင့်စားခေါက်ဆွဲခြောက်ကို ၁၉၅၈ ခုမှာ ဂျပန် နိုင်ငံသား အဖြစ်ခံယူထားတဲ့ ထိုင်ဝမ် လူမျိုး မစ္စတာ အန်ဒိုက စတင် တီထွင် ထုတ်လုပ်ခဲ့ပြီး အခု အခါမှာတော့ တကမ္ဘာလုံးမှာ လူကြိုက်များတဲ့ အစားအစာ တခု ဖြစ်လာပါပြီ ။
၂၀၂၀ စာရင်းအရ တကမ္ဘာလုံးစားသုံးမှုမှာ တနှစ်လျင် ခေါက်ဆွဲခြောက် အထုတ်ပေါင်း ၁၀၃.၆ ဘီလီယံ ရှိပြီး ခေါက်ဆွဲခြောက် စားသုံးမှု အများဆုံးနိုင်ငံ မှာ တရုတ်ပြည် ဖြစ်သည်။
🫖🫖🫖
ရေနွေးနဲ့ ၃ မိနစ်လောက် ဖျောလိုက်ရုံ နဲ့ ပူပူနွေးနွေး ခေါက်ဆွဲ တခွက် ရတယ် ဆိုတော့ အလွန် အဆင်ပြေပါတယ် ။ ဈေးလည်း သက်သာတယ် ။ စားလို့လည်း ကောင်းတယ် ။ ဒါပေမယ့် ကျန်းမာရေး ဆိုးကျိုးတွေ ရှိပါတယ် ။
🍲🍲🍲
ခေါက်ဆွဲခြောက်တွေက အာဟာရ တန်ဖိုး အလွန်နည်းပါတယ် ။ အဓိက ပါဝင်တာက ကစီဓာတ် ၊ စားသုံးဆီ ၊ ဆိုဒီယမ် ၊ အချိုမှုန့် နှင့် အရသာ အမှုန့်များ ၊ ဆိုးဆေး နှင့် ဓာတု ပစ္စည်းများ ၊ ပရိုတိန်း ဓာတ် အနည်းငယ် ပါဝင်ပါတယ် ။ အမျှင်ဓာတ် ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ပါတယ် ။
🍝🍝🍝
ခေါက်ဆွဲခြောက်ကို တလလျှင် တစ်ကြိမ် ခန့်သာ စားသုံးသင့်ပါတယ် ။ ခရီသွားသူများ ၊ တောထဲတွင် စခန်းချသူများ အတွက် သင့်လျှော်သော်လည်း ပုံမှန်စားသုံးရန် မသင့်လျှော်ပါ ။
၂၀၁၄ ခု Harvard School of Public Health သုတေသန ပြုချက်အရ ခေါက်ဆွဲခြောက်ကို တပတ်လျှင် ၂ ကြိမ် ထက် ပိုစားသော အမျိုးသမီးများ၏ ၆၈% တွင် သွေးတိုး ၊ ဆီးချို ၊ အဝလွန်ခြင်းနှင့် သွေးတွင်း အဆီဓာတ်များခြင်း ရောဂါများ ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။
🫄👫
ခေါက်ဆွဲခြောက်ကို လုံးဝ မစားသင့်သူများကတော့ ကိုယ်ဝန်ဆောင် နဲ့ ကလေးငယ်များ ဖြစ်ပါတယ် ။ ခေါက်ဆွဲခြောက်ကို တာရှည်ခံအောင်လုပ်တဲ့ ဆေး TBHQ preservatives က ကလေး လူငယ်တွေကို "အာရုံစူးစိုက်မှုအားနည်းပါးပြီး ဂနာမငြိမ်သောရောဂါ " ADHD (注意力不足過動症)လက္ခဏာများ ဖြစ်စေပါတယ် ။ ရေရှည်စားပါက ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ် ။
😨😨👁👁
ခေါက်ဆွဲခြောက်မှာ ပါဝင်တဲ့ ဓာတုဆေးဝါးတွေက ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊ အမြင်အာရုံ ဝေဝါးခြင်းတို့ ဖြစ်စေ နိုင်ပါတယ် ။
🍜🍜🍜
ခေါက်ဆွဲခြောက်တွေက အစာချေဖို့ အလွန်ခက်ပါတယ်။ တခြား ခေါက်ဆွဲ အစိုတွေက အစာအိမ်ထဲမှာ ၂ နာရီလောက်ဆိုရင် လုံးဝ ကျေပျက် သွားပါပြီ ။ ခေါက်ဆွဲခြောက်တွေက အစာအိမ် ထဲမှာ နာရီပေါင်းများစွာ ကြာမှ ကျေပျက်ပါတယ် ။ အဲဒီတော့ အဆာခံ ပါတယ် ။ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဝန်ထုတ် ဝန်ပိုး ဖြစ်စေပါတယ် ။
✏️✏️
လွန်ခဲ့တဲ့ ၆-၇ နှစ်ခန့်က အိန္ဒိယမှာ ထုတ်တဲ့ ခေါက်ဆွဲခြောက်တွေမှာ ခဲ ပါဝင် မှုရှိပြီး ခဲ အဆိပ်သင့်မှု Lead poisoning ဖြစ်နိုင်တာကြောင့် ဈေးကွက် ကနေ ဖယ်ရှား ခဲ့ရပါတယ်။
👨‍💼👨‍💼📝
၂၀၁၆ တွင် ထိုင်ဝမ် ကျောင်းသား တစ်ဦးသည် ခေါက်ဆွဲခြောက်ကို အလယ်တန်း ကျောင်းသား ဘဝ မှစ၍ နေ့တိုင်း နည်းပါးစားခဲ့သည် ။ အသက် ၁၈ နှစ် တက္ကသိုလ် ပထမနှစ် တွင် ဗိုက်နာခြင်း ၊ အော့အန် ခြင်း စတဲ့ လက္ခဏာတွေကြောင့် ဆရာဝန် သွားပြပြီး ကျန်းမာရေး စစ်ဆေးရာ အစာအိမ် ကင်ဆာ အဆင့် ၄ ဖြစ်ကြောင်း တွေ့ရှိရသည် ။ တနှစ်အကြာတွင် ဆုံးပါးသွားသည် ။
ခေါက်ဆွဲခြောက်ကို ၄ နှစ် ဆက်တိုက်စား ပြီး တက္ကသ်ိုလ် ကျောင်းသား တစ်ယောက် အစာအိမ် ကင်ဆာ ဖြင့် ဆုံးပါးသွားတယ် .. စသည်ဖြင့် ထိုင်ဝမ် သတင်းစာ ၊ ရုပ်မြင်သံကြား ၊ သတင်း ဌာနများက ဖော်ပြကြရာ ဟိုးလေး တကြော် ဖြစ်ခဲ့ဖူးပါတယ် ။
ဆရာဝန်များက ရှင်းပြရာတွင် ... ခေါက်ဆွဲခြောက် ကြောင့် အစာအိမ် ကင်ဆာ ဖြစ်ကြောင်း သုတေသန အထောက်အထားများ မရှိပါ ။ ခေါက်ဆွဲခြောက် တွင်ပါဝင်သော ဆိုဒီယမ် ၊ အချိုမှုန့် ၊ အငန်ဓာတ် လွန်ကဲခြင်း ၊ ဆိုးဆေး ၊ ဓာတု ဆေးတွေက အစာအိမ် ကင်ဆာ ဖြစ်စေနိုင် တယ်လို့ ပြောကြားပါတယ် ။
🧬🩻🔬
ခေါက်ဆွဲခြောက်မှာ ပါတဲ့ ဆိုဒီယမ်၊ အချိုမှုန့် ၊ အငန်ဓာတ် လွန်ကဲခြင်း တွေက အစာအိမ် ကင်ဆာ ဖြစ်ရုံသာမက သွေးတိုးရောဂါ နှင့် နောက်ဆက်တွဲရောဂါများ - နှလုံး သွေးကြောပိတ်ရောဂါ ၊ ဦးနှောက် သွေးကြောပေါက်ခြင်း ၊ နှလုံး အားနည်းခြင်း Heart failure ၊ ကျောက်ကပ် ပျက်စီးခြင်း များ ဖြစ်နိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးပြီ ဆိုရင်တော့ ကျောက်ကပ်ဆေး မလား ၊ ကျောက်ကပ် အစားထိုးမလား ကိစ္စ ရပ်တွေကို ရင်ဆိုင်ရပါမယ် ။
🍲🍜🍖🥚🥬🥦🌽
ခေါက်ဆွဲခြောက် တွေကို ကျန်းမာရေး နဲ့ ညီညွတ် အောင်ချက်မယ် ဆိုရင် သူ့ထဲမှာ ပါတဲ့ အရသာအထုတ်ကို မသုံးဘဲ ကြက်ဥ၊ သားငါး ၊ ပဲပြား ၊ဟင်းသီး ဟင်းရွက် ... စသည်တို့ ထည့်ချက် ပြီး ခေါက်ဆွဲပြုတ်ရည်ကိုလည်း ပထမ တရေ ကို သွန်ပစ်ရပါမယ် ။ အဲဒါဆို လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းရာ ရောက်ပြီး ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဓာတု ဆေးတွေကိုလည်း အတော်အသင့် ဖယ်ရှား နိုင်ပါလိမ့်မယ်။
📝
ဒေါက်တာကိုမျိုး
၂၆ ဒီဇင်ဘာ ၂၀၂၂

19/12/2022

🅾️ ​အောက်ဆီဂျင်​ပေးရာတွင် လိုက်နာရမည့် အချက်များ...

◽️အောက်​ဆီဂျင်သည် ​လောင်ကျွမ်း​စေနိုင်​သော ဓါတ်​​ငွေ့ဖြစ်​သော​ကြောင့် မီးခြစ် ခြစ်ခြင်း၊ ဖ​ယောင်းတိုင်ထွန်းခြင်း၊ အရက်ပျံ သုံးခြင်း၊ သိုး​မွှေး​စောင်သုံးခြင်းတို့ မပြုလုပ်ရန် လူနာမိသားစုဝင်​တွေကို ​ပြောပြရမည်။

◽️​အောက်​ဆီဂျင်အိုး​ပေါ်တွင် ဆီများ မသုတ်လိမ်းရပါ။ ပူ​သော​​နေရာများတွင် မထားရပါ။

◽️​အောက်​ဆီဂျင် ကုန်​သော အိုးများကို ကုန်​ကြောင်းစာကပ်ထားရမည်။

◽️​မွေးစက​လေးများကို ​အောက်​ဆီဂျင် အလွန်အကျွံ​ပေးလျှင် မျက်စိကွယ်တတ်သည်။

◽️​အောက်ဆီဂျင်​​ပေးလျှင် ​ရေကိုဖြတ်ပြီးမှ ​ပေးပါ။

◽️နှာ​ခေါင်းပိုက်ကို ၈ နာရီခြားတစ်ခါ လဲ​ပေးရမည်။ (သို့) ၁၂ နာရီခြား (သို့) ၂ ရက်တစ်ခါ လဲ​ပေးရမည်။

◽️​အောက်ဆီဂျင်​ပေး​သော ပိုက်သည် လိမ်ခြင်း၊ တွန့်ခြင်း၊ ​ခေါက်ခြင်း မရှိ​စေရ။

◽️​အောက်​ဆီဂျင်​ပေး​​ထား​သော နှာ​ခေါင်းတွင် အ​ရေပြား ပွန်းပဲ့ခြင်း မရှိ​စေရန် အမြဲဂရုစိုက်ရမည်။

◽️​အောက်ဆီဂျင်​ပေး​သော လူနာ၏ လက်သည်း၊​ခြေသည်း၊ နှုတ်ခမ်းတို့ ပြာ​နေခြင်း ရှိမရှိစစ်​ဆေးရမည်။

◽️​အောက်​ဆီဂျင်​ပေး​သော လူနာသည် အာ​ခေါင်​ခြောက်တတ်သဖြင့် မကြာခဏ ခံတွင်း သန့်ရှင်း ​ပေးရမည်။

◽️​အောက်ဆီဂျင် ဆလင်ဒါကို အပိုတစ်ခုအမြဲထားရမည်။

⚕️⚕️⚕️⚕️⚕️



🤍🤍🤍🤍🤍

Why should you take Vitamins? | The Fixies | Cartoons for Kids 12/12/2022

Why should you take Vitamins? | The Fixies | Cartoons for Kids Tom Thomas has been trying unsuccessfully to memorize the multiplication table. The Fixies think that his problems with memory are a result of a vitamin defi...

08/12/2022

⚡️ဝမ်းကိုက်​ရောဂါအတွက် အသုံးပြု​သော ​ဆေးများမှ (Metroidazole) ၏ ​ဘေးထွက်ဆိုးကျိုးများ...

▪️ပါးစပ် ခါးခြင်း

▪️ဆီးအ​ရောင်​နောက်ခြင်း (သို့) နီညို​ရောင် ဖြစ်ခြင်း

▪️အစာ စားချင်စိတ် မရှိခြင်း

▪️​ခေါင်းကိုက်ခြင်း

▪️မူး​ဝေခြင်း

⚡️သတိပြု သုံးစွဲသင့်သူများ...

▪️အသည်း မ​ကောင်းသူများ

▪️ကိုယ်ဝန်​​​ဆောင်နှင့် နို့တိုက် မိခင်များ



🤍🤍🤍🤍🤍

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yuzana Road, Ward-41, North Dagon Township
Yangon
11421