Seagull Service

Seagull Service

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seagull Service, Service Apartments, Yangon.

Photos from Seagull Service's post 04/06/2026

🌊 Da Nang ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ Cham Island (Cù Lao Chàm) အကြောင်း မျှဝေပေးချင်ပါတယ်။

Hoi An လှေဆိပ်ကနေ Speed Boat စီးပြီး သွားရတဲ့ Cham Island ဟာ ပင်လယ်နဲ့ သဘာဝအလှကို ချစ်တဲ့သူတွေအတွက် မဖြစ်မနေ သွားသင့်တဲ့ နေရာလေးတစ်ခုပါ။ 💙

🚤 Speed Boat Round Trip Ticket – 450,000 VND ခန့်

🤿 Snorkeling – 200,000 မှ 300,000 VND ခန့်

Cham Island ရဲ့ အထင်ရှားဆုံးအရာကတော့ အလွန်ကြည်လင်တဲ့ ပင်လယ်ရေပြင်ပါ။ ရေငုပ်ပြီး သန္တာကျောက်တန်းတွေ၊ အရောင်အသွေးစုံလင်တဲ့ ငါးမျိုးစိတ်တွေကို ကိုယ်တိုင် မျက်မြင်တွေ့ရတာ တကယ်ကို အမှတ်တရဖြစ်စေပါတယ်။

ရေထဲမှာ လွတ်လပ်စွာ ကူးခတ်နေတဲ့ Jellyfish လေးတွေကိုလည်း တွေ့နိုင်ပြီး၊ အခြားနေရာတွေမှာ တွေ့ရခဲတဲ့ အပြာရောင် Starfish (ကြယ်ငါး) လေးတွေကိုပါ မြင်တွေ့နိုင်ပါတယ်။ ⭐️

ပင်လယ်လေညင်းကို ခံစားရင်း သဘာဝအလှတရားတွေကြားမှာ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်တော့ Cham Island ဟာ နိဗ္ဗာန်ဘုံလေးတစ်ခုလိုပါပဲ။ 🏝️

✨ Da Nang ကိုရောက်ခဲ့ရင် အချိန်တစ်ရက်လောက် ပေးပြီး Cham Island ကို သွားရောက်လည်ပတ်ကြည့်ဖို့ အထူးအကြံပြုချင်ပါတယ်။

Photos from Seagull Service's post 01/06/2026

✈️ June လမှာ ဘယ်နိုင်ငံကို သွားမလဲ? 🌏

ဇွန်လမှာ ခရီးထွက်ဖို့ စဉ်းစားနေသူတွေအတွက် ရန်ကုန် (YGN) ကနေ သွားရောက်နိုင်တဲ့ နာမည်ကြီး မြို့တွေထဲက အသက်သာဆုံး လေယာဉ်လက်မှတ်ဈေးနှုန်းတွေကို စုစည်းပေးလိုက်ပါတယ်။ 💙

💰 Budget Friendly Destinations From Yangon

🇹🇭 Bangkok – From US$91
🛍️ Shopping, Street Food နဲ့ Night Life ကြိုက်သူတွေအတွက်

🇰🇭 Phnom Penh – From US$125
🏛️ Culture နဲ့ Local Experience ကို လေ့လာချင်သူတွေအတွက်

🇲🇾 Kuala Lumpur – From US$135
🌆 Modern City View တွေ၊ Food Tour တွေနဲ့ City Break အတွက်

🇻🇳 Da Nang – From US$143
🏖️ Beach, Café Hopping နဲ့ Relax Trip အတွက်

🇸🇬 Singapore – From US$157
🌟 Family Trip ဖြစ်ဖြစ်၊ Short Getaway ဖြစ်ဖြစ် အဆင်ပြေတဲ့ Destination

🇻🇳 Hanoi – From US$161
☕ Old Quarter, Local Coffee Culture နဲ့ Historical Attractions တွေကို ခံစားနိုင်မယ့် မြို့

🇻🇳 Ho Chi Minh City – From US$163
🍜 Local Food နဲ့ Urban Lifestyle ကို ကြိုက်နှစ်သက်သူများအတွက်

🇮🇩 Bali – From US$243
🌴 Resort, Beach Club နဲ့ Instagram-worthy Spots တွေကို ရှာဖွေနေသူများအတွက်

📌 လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ခရီးသွားရက်စွဲ၊ လေကြောင်းလိုင်းနှင့် Seat Availability ပေါ်မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

💡 June လမှာ ဘယ်မြို့ကို အရင်သွားချင်ဆုံးလဲ?
Comment မှာ ပြောခဲ့ပေးပါ 👇

📩 Flight Ticket, Hotel Booking, Visa Service များအတွက် Seagull Service ကို ဆက်သွယ်နိုင်ပါတယ်။

📲 +95 9798338900
📲 +95 9400594959

26/05/2026

✈️ ထိုင်းက (၆၀) ရက် Visa-Free ကို ပြန်လျှော့တော့မယ်ဆိုတဲ့ သတင်းကြောင့် စိတ်ရှုပ်နေကြပြီလား? 🤔🇹🇭

လတ်တလော ခရီးသွားဂရုတွေထဲမှာ
“ထိုင်းနိုင်ငံက (၆၀) ရက် Visa-Free Stay ကို ပြန်လည်လျှော့ချပြီး (၃၀) ရက်ပဲ ခွင့်ပြုတော့မယ်” ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေကတော့ အစကတည်းက (၁၄) ရက် Visa-Free ပဲ ရရှိတာဖြစ်လို့
“ကိုယ်တွေနဲ့ မဆိုင်ပါဘူး” လို့ ထင်မိနိုင်ပါတယ်။

ဒါပေမယ့် အမှန်တကယ်မှာတော့ သတိထားဖို့ လိုလာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ထိုင်းအစိုးရက Stay Period ကို ပြန်လည်တင်းကျပ်လိုက်တာဟာ
တရားမဝင် နေထိုင်မှု (Overstay) တွေ၊ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ်ဖို့ ဖြစ်တဲ့အတွက်
ယခုကာလမှာ Immigration စစ်ဆေးမှုတွေက အရင်ထက် ပိုတင်းကျပ်လာနိုင်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတွေ (၁၄) ရက် Free Entry နဲ့ သွားမယ်ဆိုရင်တောင်
လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စာရွက်စာတမ်း စစ်ဆေးမှု ပိုများလာနိုင်ပါတယ်။

📌 Seagull Service ကနေ အရေးကြီးတဲ့ အကြံပြုချက်များ

✅ (၁) (၁၄) ရက်အတွင်း အလည်သွားမယ့်သူများ

အောက်ပါ စာရွက်စာတမ်းများကို အဆင်သင့် ပြင်ဆင်ထားဖို့ အရေးကြီးပါတယ် —

• အသွား / အပြန် လေယာဉ်လက်မှတ်
• Hotel Booking အပြည့်အစုံ
• Show Money
💵 ထိုင်းဘတ်ငွေ ၂၀,၀၀၀ (သို့) USD ၅၀၀ ခန့်

စာရွက်စာတမ်း မစုံခြင်း၊ Show Money မလုံလောက်ခြင်းတို့ ဖြစ်ပါက
Immigration မှ အဝင်မခံရခြင်း (Reject) ဖြစ်နိုင်ခြေ ပိုများလာနိုင်ပါတယ်။

✅ (၂) (၁၄) ရက်ထက် ပိုနေမယ့်သူများ / အလုပ်၊ ကျောင်း၊ ဆေးကုသရန် သွားမယ့်သူများ

“(၁၄) ရက် Free Entry နဲ့ အရင်ဝင်ပြီးမှ Visa ပြောင်းမယ်၊ Stay တိုးမယ်” ဆိုတဲ့ အစီအစဉ်မျိုးကို
ယခုကာလမှာ ရှောင်ကြဉ်သင့်ပါတယ်။

အဝင်ဂိတ်မှာတင် Reject ဖြစ်သွားနိုင်တာကြောင့်
အချိန်၊ ငွေကြေး၊ စိတ်ပင်ပန်းမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။

📌 အကောင်းဆုံးနည်းလမ်းကတော့ —

မြန်မာနိုင်ငံကနေ မထွက်ခင်ကတည်းက
ကိုယ်နဲ့ သင့်တော်တဲ့ Visa အမျိုးအစားကို ကြိုတင်လျှောက်ထားပြီးမှ သွားခြင်းပါပဲ။

ဥပမာ - Tourist Visa ဖြင့် သွားမယ်ဆိုရင် Stay Extension တိုးနိုင်ပြီး
ရက် (၉၀) အထိ နေထိုင်နိုင်ပါတယ်။

💼 Seagull Service မှ ဝန်ဆောင်မှုပေးနေသော Services များ

✅ International Visa Services
— Thailand Tourist Visa
— Work Visa
— Student Visa နှင့် အခြား Visa များ

✅ Passport Services
— Passport အသစ်ပြုလုပ်ခြင်း
— Passport သက်တမ်းတိုးခြင်း

✅ Full Travel Services
— Flight Ticket Booking
— Hotel Booking

✅ Bangkok Immigration Services
— ထိုင်းရောက် မြန်မာနိုင်ငံသားများအတွက် နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုများ

✈️ ခရီးသွားဖို့ စိတ်ကူးရရုံနဲ့ ကျန်တာတွေ ခေါင်းရှုပ်မခံပါနဲ့။
Visa၊ Passport၊ Flight Ticket၊ Hotel Booking အကုန်လုံးကို Seagull Service က ကူညီပေးဖို့ အသင့်ရှိနေပါတယ် 🤝

📩 သွားမယ့် ခရီးစဉ်အကြောင်းကို Comment မှာ ရေးခဲ့နိုင်ပါတယ်
(သို့) Chat Box ကနေ တိုက်ရိုက်လာရောက် တိုင်ပင်နိုင်ပါတယ်။

📞 Hotlines:
09 798 338 900
09 400 594 959

15/05/2026

🇻🇳 ဗီယက်နမ် ဒါနန်း (Da Nang) ကို အတူတူ သွားချင်တဲ့သူ ရှိလား? 🏖️

ကဲ... ပုံထဲကလို သူငယ်ချင်းနဲ့အတူတူ ကမ်းခြေမှာ အမိုက်စား ပုံတွေရိုက်၊ နာမည်ကြီး Golden Bridge (ရွှေရောင်တံတား) ကြီးပေါ်မှာ လမ်းလျှောက်၊ Cable Car စီးပြီး Ba Na Hills ရဲ့ အလှအပတွေကို ခံစားချင်တယ်ဆိုရင်တော့...

ခရီးသွားဖို့ အမြဲတမ်း ပလန်တွေဆွဲပြီး အကောင်အထည် မပေါ်သေးတဲ့ သင့်ရဲ့ Bestie ကိုသာ အခုချက်ချင်း ဒီ Post အောက်မှာ Mention ခေါ်လိုက်တော့နော်! 😎👇

ဒါနန်း (Da Nang) က ကမ်းခြေအလှအပတွေ၊ တောင်ပေါ်ရှုခင်းတွေ၊ အရသာရှိတဲ့ Seafood တွေနဲ့ ပြည့်နှက်နေတဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာလို့ အခုဆို မြန်မာတွေ အသွားအများဆုံးနဲ့ အကြိုက်ဆုံး ခရီးစဉ်တစ်ခု ဖြစ်နေပါပြီ။

သွားမယ်ဆိုတဲ့ စိတ်ကူးလေးပဲ လိုပါတယ်။ ကျန်တဲ့ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ သီးသန့် Tour Package (ကား၊ ဂိုက်) နဲ့ လေဆိပ်ဖြတ်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို Seagull Service ကနေ အစအဆုံး တာဝန်ယူ စီစဉ်ပေးနေပါတယ်ဗျာ။ ✈️💼

သူငယ်ချင်းကို Tag မယ်၊ ခရီးစဉ်အတွက် Seagull ကို Hello လုပ်မယ်... ဒါပဲလေ! 🤩

📞 Customer Service Hotlines: 09 798 338 900, 09 400 594 959

14/05/2026

တအားလှ May 30 ဆို ကြည့်ရပါတော့မယ် ။ 😁🙂‍↔️

Photos from Seagull Service's post 14/05/2026

🎉 ဒီရက်ပိုင်း ဗီဇာတွေ ဆက်တိုက်ကျပြီး လေဆိပ်ဖြတ်တာတွေပါ အိုကေနေလို့ ပျော်နေရပါပြီ 🎉

Seagull ကို ယုံကြည်ပြီး လာအပ်တဲ့သူတွေအတွက် သတင်းကောင်းတွေချည်းပါပဲဗျာ။ ထိုင်းကို ခဏအလည်သွားမယ့် Tourist ဗီဇာတွေ၊ ကျောင်းသွားတက်မယ့် Education ဗီဇာတွေနဲ့ အခုအရမ်းဟော့ဖြစ်နေတဲ့ Digital Nomad (DTV) ဗီဇာတွေ တောက်လျှောက်ကို Approved ဖြစ်နေတာပါ။ အထူးသဖြင့် ရန်ကုန်၊ စင်ကာပူ၊ ဒါနန်း (Da Nang) အစရှိတဲ့ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာ ရောက်နေနေ ကိုယ်တိုင်လာစရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ လှမ်းပြီး လျှောက်ထားလို့ ရနေပြီနော်။

အပျော်ဆုံးကတော့ လေဆိပ်လဝက (Immigration) ဖြတ်မယ့် Customer တွေလည်း ကျွန်တော်တို့ ပြင်ဆင်ပေးတဲ့ စာရွက်စာတမ်း (Document) အပြည့်အစုံနဲ့မို့ ဘာအခက်အခဲ၊ အမေးအမြန်းမှ သိပ်မရှိဘဲ အေးအေးဆေးဆေး ဖြတ်ကျော်သွားနိုင်ကြလို့ပါပဲဗျာ။

တချို့ဆို ခရီးသွားဖို့ စိတ်ကူးရှိပေမယ့် စာရွက်စာတမ်းတွေ၊ အစီအစဉ်တွေ တစ်ခုချင်းစီ လိုက်လုပ်ရမှာကို ပျင်းပြီး မသွားဖြစ်တာမျိုး ရှိတတ်ကြတယ်။ အဲ့ဒီလို ခေါင်းရှုပ်ခံစရာမလိုအောင် Seagull Service မှာ ခရီးစဉ်တစ်ခုစာအတွက် လိုအပ်တာမှန်သမျှကို တစ်နေရာတည်းမှာ (One-Stop Service) ရနိုင်အောင် အစအဆုံး စီစဉ်ပေးနေပါတယ်။

ကျွန်တော်တို့ဆီမှာ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ -

✈️ ဗီဇာ ဝန်ဆောင်မှုများ
ထိုင်း Tourist (TR), Education (ED) နဲ့ Digital Nomad (DTV) ဗီဇာ လျှောက်ထားခြင်းကိစ္စရပ်များ။

🏖️ ဗီယက်နမ် (Da Nang) Tour ဝန်ဆောင်မှု
အခုဆို ကျွန်တော်တို့ Seagull Service ကနေ ဗီယက်နမ်နိုင်ငံရဲ့ အလှဆုံးကမ်းခြေမြို့လေး ဒါနန်း (Da Nang) အတွက် သီးသန့် Tour Package တွေနဲ့ Private Tour တွေကိုပါ စီစဉ်ပေးနေပါပြီ။ လည်ပတ်မယ့်နေရာ၊ ဟိုတယ်၊ ကား အစအဆုံး စိတ်ကြိုက် တိုင်ပင်လို့ရပါတယ်။

🛂 ပတ်စ်ပို့ ဝန်ဆောင်မှုများ
Passport QR ယူပေးခြင်း၊ ပတ်စ်ပို့ပျောက် သတင်းစာထည့်ခြင်း ကိစ္စရပ်များ။

🎫 လေယာဉ်လက်မှတ်
ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံတကာ လေယာဉ်လက်မှတ်များကို အသက်သာဆုံး ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်တဲ့အပြင် Cash Back အစီအစဉ်တွေလည်း ရှိပါတယ်။

📑 လေဆိပ်လဝက (Immigration) ဖြတ်သန်းရန် စာရွက်စာတမ်းများ
လေဆိပ်မှာ အခက်အခဲမရှိ ဖြတ်နိုင်ဖို့ လိုအပ်တဲ့ Hotel Booking, TDAC, အသွား/အပြန် လေယာဉ်လက်မှတ် (Show Tickets), Travel Itinerary, နဲ့ Invitation Letter များကို သေချာ ပြင်ဆင်ပေးခြင်း။

ကိုယ်တိုင်ကတော့ ခရီးသွားဖို့ အိတ်သာ ကြိုပြင်ထားလိုက်တော့နော်။ ခေါင်းရှုပ်ခံရမယ့် ကိစ္စတွေကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ။

ကိုယ်သွားချင်တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်မလဲဆိုတာကို အခမဲ့ ဆွေးနွေးတိုင်ပင်ပေးနေတာမို့ သိချင်တာရှိရင် ဖုန်းလေးသာ အမြန်ဆက်လိုက်ပါဗျာ။

📞 Customer Service Hotlines: 09 798 338 900, 09 400 594 959

Photos from Seagull Service's post 12/05/2026

🎆 Da Nang ကို သွားဖို့ အကောင်းဆုံးအချိန် ရောက်လာပြီနော်!
(Da Nang International Fireworks Festival - DIFF 2026) 🎇

နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသွားတွေ အစည်ကားဆုံးနဲ့ အလှပဆုံးဖြစ်တဲ့ Da Nang နိုင်ငံတကာ မီးရှူးမီးပန်းပွဲတော်ကြီး (DIFF 2026) ကို လာမယ့် မေလ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ Han River (ဟန်မြစ်) တစ်လျှောက်မှာ ခမ်းခမ်းနားနား ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာက အကောင်းဆုံးအဖွဲ့တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ဒီပွဲတော်ကို အပတ်စဉ် စနေနေ့ည (၈ နာရီ ကနေ ၉ နာရီဝန်းကျင်) တွေမှာ ကျင်းပသွားမှာပါ။ ညစဉ် မိနစ် ၂၀ စာ မီးရှူးမီးပန်းအလှတွေအပြင် Music နဲ့ Drone Show တွေကိုပါ ၄၀ မိနစ်ကြာ အပြည့်အဝ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

🗓️ DIFF 2026 ပွဲစဉ်ဇယား (ဘယ်နေ့တွေမှာ ဘယ်နိုင်ငံတွေ ယှဉ်ပြိုင်ကြမလဲ?)
မေလ (၃၀) ရက် (Opening - Nature): 🇻🇳 Vietnam vs 🇨🇳 China
ဇွန်လ (၆) ရက် (Heritage): 🇫🇷 France vs 🇻🇳 Vietnam (Z121)
ဇွန်လ (၁၃) ရက် (Culture): 🇯🇵 Japan vs 🇮🇹 Italy
ဇွန်လ (၂၀) ရက် (Creativity): 🇩🇪 Germany vs 🇲🇴 Macau
ဇွန်လ (၂၇) ရက် (Vision): 🇦🇺 Australia vs 🇵🇹 Portugal
ဇူလိုင်လ (၁၁) ရက် (Finale): ဗိုလ်လုပွဲ (အကောင်းဆုံး Top 2 အဖွဲ့)

💡 Seagull Service ရဲ့ အကြံပြုချက် (Viewing Tips):
ဟန်မြစ် (Han River) ပေါ်က တံတားတွေနဲ့ သီးသန့်လုပ်ပေးထားတဲ့ ပွဲကြည့်စင် (Grandstands) တွေက အလှဆုံးမြင်ရမယ့် နေရာတွေပါ။ အခမဲ့ ကြည့်လို့ရတဲ့ နေရာတွေမှာဆိုရင် လူအရမ်းကျပ်တတ်လို့ အနည်းဆုံး ညနေ ၆:၃၀ လောက်ကတည်းက ကြိုပြီး နေရာယူထားဖို့ အကြံပေးချင်ပါတယ်။

ခရီးသွားရာသီ (Peak Season) ဖြစ်တဲ့အတွက် ဒီပွဲတော်ရက်တွေမှာ လေယာဉ်လက်မှတ်တွေနဲ့ ဟိုတယ်တွေက အရမ်းမြန်မြန် ပြည့်တတ်ပါတယ်။

ဒီလို အမိုက်စား ပွဲတော်ကြီးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခံစားချင်တယ်ဆိုရင်တော့ လေယာဉ်လက်မှတ်၊ ဗီဇာ၊ Hotel Booking နဲ့ လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စအဝဝ နဲ့ travel and tour ကိစ္စ အဝဝ ကို Seagull Service ထံ ယခုပဲ ကြိုတင်ဆက်သွယ် အပ်နှံထားဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ ✈️💼

📞 Customer Service Hotlines: 09 798 338 900, 09 400 594 959

Photos from Seagull Service's post 12/05/2026
Photos from Seagull Service's post 09/05/2026

ဒီနေ့ My Khe ကမ်းခြေရဲ့ ရာသီဥတုက သာယာပြီး ရေကလည်း ကြည်လင်တောက်ပနေတာပဲ။

တကယ့်ကို "no filter needed" အလှတရားပါ။

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Address


Yangon