Mega Max Power
Electronics Entertainment & arts. Electronic Product and Design. Electronics hobbist. DIY electronics.
07/06/2026
အားလုံးပဲ မင်္ဂလာပါ။
ဒီ video မှာတော့ ကျွန်တော့်ရဲ့ နောက်ဆုံး ဒီဇိုင်းသစ်တစ်ခုဖြစ်တဲ့ Isolated Flyback SMPS module လေးကို မိတ်ဆက်ပေးချင်ပါတယ်။
EP-13 core ကို အသုံးပြုထားပြီး Input (30V-60V) ကနေ 12V Output ကို ရရှိမှာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကိုလည်း အလွန်သေးငယ်အောင် တည်ဆောက်ထားပြီး၊ စိတ်ချယုံကြည်ရတဲ့ အရည်အသွေးမြင့်မားမှုရရှိစေဖို့အတွက် တရားဝင် Application notes တွေအတိုင်း တိကျစွာ ဒီဇိုင်းထုတ်ထားပါတယ်။
သတိပေးချက် (Disclaimer):
ဤ module သည် ဝါသနာရှင်များ၊ ပညာရေးနှင့် စမ်းသပ်မှုဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ ဖြစ်ပါသည်။ Power electronics ပစ္စည်းများနှင့် အလုပ်လုပ်ရာတွင် အထူးသတိပြု၍ ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။
Input Voltage: 30V – 60V DC
Output Voltage: 12V DC
Power Output: 13W (ပုံမှန် - ပန်ကာမလိုပါ) / အများဆုံး 25W (cooling fan လိုအပ်ပါသည်)
Dimensions: 2"W x 1"L
Transformer Core: EP-13
အသုံးပြုနိုင်သည့်နေရာများ
Telecom ၊ CCTV ၊ Audio ၊ Wi-Fi Router များနှင့် ကိုယ်ပိုင် Hardware တီထွင်ဖန်တီးမှုများတွင် အသုံးပြုရန် အလွန်သင့်လျော်ပါသည်။
100% MMP ဒီဇိုင်းမူရင်းဖြစ်ပြီး KiCad project files (Schematic + PCB layout အစုံ) ကို ရောင်းချပေးပါတယ်။
သင်၏ နောက်ထပ်ပရောဂျက်များတွင် အသုံးပြုလိုပါက ချက်ဘောက်မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
MXPSU 3012 (Dual Out)
Isolated Flyback converter module for audio supply.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon